< မဿဲ 25 >

1 ``ထို​ကာ​လ​၌​ကောင်း​ကင်​နိုင်​ငံ​တော်​သည်​မီး​ခွက် များ​ကို​ယူ​၍ မင်္ဂ​လာ​ဆောင်​သ​တို့​သား​ကို​ကြို​ဆို ရန်​ထွက်​သွား​သည့်​အ​ပျို​ရံ​ဆယ်​ယောက်​တို့​တွေ့ ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​လိမ့်​မည်။-
یا دَشَ کَنْیاح پْرَدِیپانْ گرِہْلَتْیو وَرَں ساکْشاتْ کَرْتُّں بَہِرِتاح، تابھِسْتَدا سْوَرْگِییَراجْیَسْیَ سادرِشْیَں بھَوِشْیَتِ۔
2 သူ​တို့​အ​နက်​ငါး​ယောက်​သည်​ပ​ညာ​သ​တိ ရှိ​၏။ ငါး​ယောက်​မူ​ကား​ပ​ညာ​သ​တိ​မ​ရှိ။-
تاساں کَنْیاناں مَدھْیے پَنْچَ سُدھِیَح پَنْچَ دُرْدھِیَ آسَنْ۔
3 ပ​ညာ​သ​တိ​မ​ရှိ​သူ​တို့​သည်​မိ​မိ​တို့​၏ မီး​ခွက်​များ​ကို​ယူ​ခဲ့​သော်​လည်း​ဆီ​ပို​ကို မူ​မ​ယူ​ခဲ့​ကြ။-
یا دُرْدھِیَسْتاح پْرَدِیپانْ سَنْگے گرِہِیتْوا تَیلَں نَ جَگرِہُح،
4 ပ​ညာ​သ​တိ​ရှိ​သူ​များ​မူ​ကား​မိ​မိ​တို့​၏ မီး​ခွက်​များ​သာ​မ​က​ဆီ​ပို​ကို​လည်း​ဘူး တွင်​ထည့်​၍​ယူ​ခဲ့​ကြ​၏။-
کِنْتُ سُدھِیَح پْرَدِیپانْ پاتْرینَ تَیلَنْچَ جَگرِہُح۔
5 မင်္ဂ​လာ​ဆောင်​သ​တို့​သား​သည်​ရောက်​လာ​ရန် ကြန့်​ကြာ​၍​နေ​သ​ဖြင့်​သူ​တို့​အား​လုံး​ငိုက် မျဉ်း​အိပ်​ပျော်​ကုန်​ကြ​၏။
اَنَنْتَرَں وَرے وِلَمْبِتے تاح سَرْوّا نِدْراوِشْٹا نِدْراں جَگْمُح۔
6 ``သန်း​ခေါင်​ယံ​၌`မင်္ဂ​လာ​ဆောင်​သ​တို့​သား​ရောက် လာ​ပြီ။ သွား​၍​ကြို​ဆို​ကြ​လော့' ဟူ​သော​ကြွေး ကြော်​သံ​ကို​ကြား​ရ​ကြ​၏။-
اَنَنْتَرَمْ اَرْدّھَراتْرے پَشْیَتَ وَرَ آگَچّھَتِ، تَں ساکْشاتْ کَرْتُّں بَہِرْیاتیتِ جَنَرَواتْ
7 ထို​အ​ခါ​အ​ပျို​ရံ​အား​လုံး​တို့​သည်​ထ​၍​မိ​မိ ၏​မီး​ခွက်​များ​ကို​အ​သင့်​ပြင်​ကြ​၏။-
تاح سَرْوّاح کَنْیا اُتّھایَ پْرَدِیپانْ آسادَیِتُں آرَبھَنْتَ۔
8 ပ​ညာ​သ​တိ​မ​ရှိ​သူ​များ​က `ငါ​တို့​မီး​ငြိမ်း တော့​မည်​ဖြစ်​၍​ငါ​တို့​ကို​ဆီ​အ​နည်း​ငယ်​ပေး ပါ' ဟု​ပ​ညာ​သ​တိ​ရှိ​သူ​တို့​ထံ​တောင်း​ကြ​၏။-
تَتو دُرْدھِیَح سُدھِیَ اُوچُح، کِنْچِتْ تَیلَں دَتَّ، پْرَدِیپا اَسْماکَں نِرْوّاناح۔
9 ပညာ​သ​တိ​ရှိ​သူ​များ​က `သင်​တို့​အ​ဖို့​နှင့်​ငါ​တို့ အ​ဖို့​ပါ​ဆို​လျှင်​ဆီ​လောက်​မည်​မ​ဟုတ်​သ​ဖြင့် ဆီ​ရောင်း​သူ​ထံ​သို့​သွား​၍​သင်​တို့​အ​တွက် ဝယ်​ယူ​ကြ​ပါ' ဟု​ပြန်​ပြော​ကြ​၏။-
کِنْتُ سُدھِیَح پْرَتْیَوَدَنْ، دَتّے یُشْمانَسْماںشْچَ پْرَتِ تَیلَں نْیُونِیبھَویتْ، تَسْمادْ وِکْریترِناں سَمِیپَں گَتْوا سْوارْتھَں تَیلَں کْرِینِیتَ۔
10 ၁၀ ပ​ညာ​သ​တိ​မ​ရှိ​သူ​တို့​ဆီ​ဝယ်​ရန်​ထွက်​သွား နေ​ခိုက်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​သည်​ရောက် လာ​၏။ အ​သင့်​ရှိ​နေ​ကြ​သော​အ​ပျို​ရံ​တို့ သည်​လည်း​သူ​နှင့်​အ​တူ​မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ဝင်​ပြီး​လျှင်​တံ​ခါး​ကို​ပိတ်​ထား​လိုက်​၏။
تَدا تاسُ کْریتُں گَتاسُ وَرَ آجَگامَ، تَتو یاح سَجِّتا آسَنْ، تاسْتینَ ساکَں وِواہِییَں ویشْمَ پْرَوِوِشُح۔
11 ၁၁ ``ပ​ညာ​သ​တိ​မ​ရှိ​သော​အ​ပျို​ရံ​များ​သည် လည်း​ပြန်​ရောက်​လာ​၍ `အ​ရှင်၊ အ​ရှင်၊ ကျွန်​မ​တို့ အား​တံ​ခါး​ဖွင့်​ပေး​ပါ' ဟု​ဆို​ကြ​၏။-
اَنَنْتَرَں دْوارے رُدّھے اَپَراح کَنْیا آگَتْیَ جَگَدُح، ہے پْرَبھو، ہے پْرَبھو، اَسْمانْ پْرَتِ دْوارَں موچَیَ۔
12 ၁၂ သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​က `မ​ဖွင့် ပေး​နိုင်​ပါ။ သင်​တို့​ကို​ငါ​မ​သိ' ဟု​ပြန်​ပြော​၏။
کِنْتُ سَ اُکْتَوانْ، تَتھْیَں وَدامِ، یُشْمانَہَں نَ ویدْمِ۔
13 ၁၃ ``သို့​ဖြစ်​၍​သင်​တို့​သည်​လည်း​ထို​နေ့​ထို​အ​ချိန် ကို​မ​သိ​ကြ​သ​ဖြင့်​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။
اَتو جاگْرَتَح سَنْتَسْتِشْٹھَتَ، مَنُجَسُتَح کَسْمِنْ دِنے کَسْمِنْ دَنْڈے واگَمِشْیَتِ، تَدْ یُشْمابھِ رْنَ جْنایَتے۔
14 ၁၄ ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ခ​ရီး​ပြု​ရန် မိ​မိ​အိမ် မှ​ထွက်​မည့်​ဆဲ​ဆဲ​ရှိ​သူ လူ​တစ်​ယောက်​ကြုံ​တွေ့​ရ သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​လိမ့်​မည်။ သူ​သည်​မိ​မိ ၏​ကျွန်​များ​ကို​ခေါ်​၍​ဥစ္စာ​ပစ္စည်း​များ​ကို​အပ်​၏။-
اَپَرَں سَ ایتادرِشَح کَسْیَچِتْ پُںسَسْتُلْیَح، یو دُورَدیشَں پْرَتِ یاتْراکالے نِجَداسانْ آہُویَ تیشاں سْوَسْوَسامَرْتھْیانُرُوپَمْ
15 ၁၅ တစ်​ယောက်​ကို​ရွှေ​ငါး​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို နှစ်​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို​ရွှေ​တစ်​ပိ​ဿာ​စ​သည် ဖြင့်​ထို​သူ​တို့​၏​အ​ရည်​အ​ချင်း​အ​လိုက်​ပေး​အပ်​၏။ ထို​နောက်​နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​ခွာ​သွား​လေ​သည်။-
ایکَسْمِنْ مُدْراناں پَنْچَ پوٹَلِکاح اَنْیَسْمِںشْچَ دْوے پوٹَلِکے اَپَرَسْمِںشْچَ پوٹَلِکَیکامْ اِتّھَں پْرَتِجَنَں سَمَرْپْیَ سْوَیَں پْرَواسَں گَتَوانْ۔
16 ၁၆ ရွှေ​ငါး​ပိ​ဿာ​ရ​သူ​သည်​ချက်​ချင်း​ပင်​ကူး​သန်း ရောင်း​ဝယ်​မှု​ကို​ပြု​သ​ဖြင့်​အ​မြတ်​ရွှေ​ငါး​ပိ​ဿာ ကို​ရ​၏။-
اَنَنْتَرَں یو داسَح پَنْچَ پوٹَلِکاح لَبْدھَوانْ، سَ گَتْوا وانِجْیَں وِدھایَ تا دْوِگُنِیچَکارَ۔
17 ၁၇ ထို​နည်း​တူ​ပင်​ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း အ​မြတ်​ရွှေ​နှစ်​ပိ​ဿာ​ကို​ရ​၏။-
یَشْچَ داسو دْوے پوٹَلِکے اَلَبھَتَ، سوپِ تا مُدْرا دْوِگُنِیچَکارَ۔
18 ၁၈ ရွှေ​တစ်​ပိဿာ​ရ​သူ​မူ​ကား​နေ​ရာ​တစ်​ခု​သို့​သွား ၍​မိ​မိ​သ​ခင်​၏​ရွှေ​ကို​မြေ​တွင်​မြှုပ်​ထား​လေ​၏။
کِنْتُ یو داسَ ایکاں پوٹَلِکاں لَبْدھَوانْ، سَ گَتْوا بھُومِں کھَنِتْوا تَنْمَدھْیے نِجَپْرَبھوسْتا مُدْرا گوپَیانْچَکارَ۔
19 ၁၉ ``ကာ​လ​အ​တော်​ကြာ​သော်​ထို​ကျွန်​တို့​၏​အ​ရှင် သည်​ပြန်​လာ​၍​သူ​တို့​နှင့်​စာ​ရင်း​ရှင်း​၏။-
تَدَنَنْتَرَں بَہُتِتھے کالے گَتے تیشاں داساناں پْرَبھُراگَتْیَ تَیرْداسَیح سَمَں گَنَیانْچَکارَ۔
20 ၂၀ ရွှေ​ငါး​ပိ​ဿာ​ရ​သူ​သည်​အ​ပို​ရွှေ​ငါး​ပိ​ဿာ​ကို​ယူ ဆောင်​လာ​ပြီး​လျှင်`အ​ရှင်၊ အ​ကျွန်ုပ်​အား​အ​ရှင်​ရွှေ ငါး​ပိ​ဿာ​ပေး​အပ်​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ကျွန်ုပ် သည်​ရွှေ​ငါး​ပိ​ဿာ​အ​မြတ်​ရ​ပါ​ပြီ' ဟု​လျှောက်​၏။-
تَدانِیں یَح پَنْچَ پوٹَلِکاح پْراپْتَوانْ سَ تا دْوِگُنِیکرِتَمُدْرا آنِییَ جَگادَ؛ ہے پْرَبھو، بھَوَتا مَیِ پَنْچَ پوٹَلِکاح سَمَرْپِتاح، پَشْیَتُ، تا مَیا دْوِگُنِیکرِتاح۔
21 ၂၁ သ​ခင်​က​လည်း `ကောင်း​လေ​စွ၊ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့် အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။
تَدانِیں تَسْیَ پْرَبھُسْتَمُواچَ، ہے اُتَّمَ وِشْواسْیَ داسَ، تْوَں دھَنْیوسِ، سْتوکینَ وِشْواسْیو جاتَح، تَسْماتْ تْواں بَہُوِتّادھِپَں کَرومِ، تْوَں سْوَپْرَبھوح سُکھَسْیَ بھاگِی بھَوَ۔
22 ၂၂ ``ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း​လာ​၍`အ​ရှင်၊ အ​ကျွန်ုပ် အား အ​ရှင်​ရွှေ​နှစ်​ပိ​ဿာ​ပေး​အပ်​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ကျွန်ုပ်​သည် ရွှေ​နှစ်​ပိ​ဿာ​အ​မြတ်​ရ​ပါ​ပြီ' ဟု လျှောက်​ထား​၏။-
تَتو یینَ دْوے پوٹَلِکے لَبْدھے سوپْیاگَتْیَ جَگادَ، ہے پْرَبھو، بھَوَتا مَیِ دْوے پوٹَلِکے سَمَرْپِتے، پَشْیَتُ تے مَیا دْوِگُنِیکرِتے۔
23 ၂၃ သ​ခင်​က`ကောင်း​လေ​စွ။ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး​သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့်​အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။
تینَ تَسْیَ پْرَبھُسْتَمَووچَتْ، ہے اُتَّمَ وِشْواسْیَ داسَ، تْوَں دھَنْیوسِ، سْتوکینَ وِشْواسْیو جاتَح، تَسْماتْ تْواں بَہُدْرَوِنادھِپَں کَرومِ، تْوَں نِجَپْرَبھوح سُکھَسْیَ بھاگِی بھَوَ۔
24 ၂၄ ``သို့​ရာ​တွင်​ရွှေ​တစ်​ပိ​ဿာ​ရ​သူ​သည်​လာ​၍ `အ​ရှင်၊ အ​ကျွန်ုပ်​သည်​အ​ရှင့်​အ​ကြောင်း​ကို​သိ​ပါ​၏။ အ​ရှင် သည်​ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​စိုက်​မ​ပျိုး​သည့် အ​ရပ်​တွင်​ရိတ်​သိမ်း​တတ်​ပါ​၏။ မ​ကြဲ​ဖြန့်​သည့် အ​ရပ်​တွင်​စု​သိမ်း​တတ်​ပါ​၏။-
اَنَنْتَرَں یَ ایکاں پوٹَلِکاں لَبْدھَوانْ، سَ ایتْیَ کَتھِتَوانْ، ہے پْرَبھو، تْواں کَٹھِنَنَرَں جْناتَوانْ، تْوَیا یَتْرَ نوپْتَں، تَتْرَیوَ کرِتْیَتے، یَتْرَ چَ نَ کِیرْنَں، تَتْرَیوَ سَںگرِہْیَتے۔
25 ၂၅ အ​ကျွန်ုပ်​သည်​ကြောက်​ရွံ့​သ​ဖြင့်​အ​ရှင်​၏​ရွှေ​ကို မြေ​တွင်​မြှုပ်​ထား​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ရှင်​၏​ပစ္စည်း ဤ​မှာ​ရှိ​ပါ​၏' ဟု​လျှောက်​၏။''
اَتوہَں سَشَنْکَح سَنْ گَتْوا تَوَ مُدْرا بھُومَدھْیے سَںگوپْیَ سْتھاپِتَوانْ، پَشْیَ، تَوَ یَتْ تَدیوَ گرِہانَ۔
26 ၂၆ ``သ​ခင်​က​လည်း `အ​ချင်း​ဆိုး​ညစ်​သည့်​ကျွန်​ပျင်း၊ ငါ​သည်​မိ​မိ​မ​စိုက်​မ​ပျိုး​သည့်​အ​ရပ်​တွင်​ရိတ်​သိမ်း ၍​မ​ကြဲ​မ​ဖြန့်​သည့်​အ​ရပ်​တွင်​စု​သိမ်း​တတ်​သည် ကို​သင်​သိ​သည်​မှန်​လျှင်၊-
تَدا تَسْیَ پْرَبھُح پْرَتْیَوَدَتْ رے دُشْٹالَسَ داسَ، یَتْراہَں نَ وَپامِ، تَتْرَ چھِنَدْمِ، یَتْرَ چَ نَ کِرامِ، تَتْریوَ سَںگرِہْلامِیتِ چیدَجاناسْتَرْہِ
27 ၂၇ ငါ​၏​ရွှေ​ကို​ဘဏ်​တွင်​အပ်​ထား​သင့်​၏။ သို့​မှ​သာ လျှင်​ငါ​ပြန်​လာ​ချိန်​၌​အ​တိုး​နှင့်​အ​တူ​ပြန် လည်​ရ​ရှိ​နိုင်​၏။-
وَنِکْشُ مَمَ وِتّارْپَنَں تَووچِتَماسِیتْ، ییناہَماگَتْیَ ورِدْوْیا ساکَں مُولَمُدْراح پْراپْسْیَمْ۔
28 ၂၈ ထို​သူ​၏​ထံ​မှ​ရွှေ​တစ်​ပိဿာ​ကို​ယူ​၍​ဆယ်​ပိ​ဿာ ရှိ​သူ​အား​ပေး​ကြ။-
اَتوسْماتْ تاں پوٹَلِکامْ آدایَ یَسْیَ دَشَ پوٹَلِکاح سَنْتِ تَسْمِنَّرْپَیَتَ۔
29 ၂၉ ကြွယ်​ဝ​ချမ်း​သာ​သော​သူ​သည်​ထပ်​၍​ရ​ရှိ​သ​ဖြင့် သူ​၌​ပို​လျှံ​၍​နေ​လိမ့်​မည်။ သို့​ရာ​တွင်​ဆင်း​ရဲ သော​သူ​ထံ​မှ​ရှိ​သ​မျှ​ကို​ပင်​နုတ်​လိမ့်​မည်။-
یینَ وَرْدْوْیَتے تَسْمِنَّیوارْپِشْیَتے، تَسْیَیوَ چَ باہُلْیَں بھَوِشْیَتِ، کِنْتُ یینَ نَ وَرْدْوْیَتے، تَسْیانْتِکے یَتْ کِنْچَنَ تِشْٹھَتِ، تَدَپِ پُنَرْنیشْیَتے۔
30 ၃၀ အ​သုံး​မ​ကျ​သည့်​ဤ​ကျွန်​ကို​အ​ပြင်​အ​မှောင်​ထဲ သို့​ထုတ်​လိုက်​ကြ။ သူ​သည်​ထို​အ​ရပ်​တွင်​ငို​ကြွေး မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက်​နေ​ရ​လိမ့် မည်' ဟု​ဆို​၏။''
اَپَرَں یُویَں تَمَکَرْمَّنْیَں داسَں نِیتْوا یَتْرَ سْتھانے کْرَنْدَنَں دَنْتَگھَرْشَنَنْچَ وِدْییتے، تَسْمِنْ بَہِرْبھُوتَتَمَسِ نِکْشِپَتَ۔
31 ၃၁ ``လူ​သား​သည်​ကောင်း​ကင်​တ​မန်​အ​ပေါင်း​ခြံ​ရံ လျက်​ဘု​ရင်​အ​ဖြစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ ပလ္လင်​ပေါ်​၌​ထိုင်​တော်​မူ​လိမ့်​မည်။-
یَدا مَنُجَسُتَح پَوِتْرَدُوتانْ سَنْگِنَح کرِتْوا نِجَپْرَبھاویناگَتْیَ نِجَتیجومَیے سِںہاسَنے نِویکْشْیَتِ،
32 ၃၂ ထို​အ​ခါ​လူ​မျိုး​အ​ပေါင်း​တို့​သည်​ရှေ့​တော်​တွင် စု​ရုံး​ရ​ကြ​လိမ့်​မည်။ သိုး​ထိန်း​သည်​သိုး​နှင့်​ဆိတ် တို့​ကို​တ​ခြား​စီ​ခွဲ​ထုတ်​သ​ကဲ့​သို့​လူ​သား​သည် လည်း​လူ​တို့​အား​နှစ်​စု​ခွဲ​ထုတ်​တော်​မူ​ပြီး​လျှင်၊-
تَدا تَتْسَمُّکھے سَرْوَّجاتِییا جَنا سَںمیلِشْیَنْتِ۔ تَتو میشَپالَکو یَتھا چھاگیبھْیووِینْ پرِتھَکْ کَروتِ تَتھا سوپْییکَسْمادَنْیَمْ اِتّھَں تانْ پرِتھَکَ کرِتْواوِینْ
33 ၃၃ သူ​တော်​ကောင်း​များ​ကို​လက်​ယာ​တော်​ဘက်၊ သူ​ယုတ်​မာ​များ​ကို​လက်​ဝဲ​တော်​ဘက်​တွင် ထား​တော်​မူ​လိမ့်​မည်။-
دَکْشِنے چھاگاںشْچَ وامے سْتھاپَیِشْیَتِ۔
34 ၃၄ ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ယာ​တော်​ဘက် တွင်​ရှိ​သော​သူ​တို့​အား `ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သူ​တို့၊ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ စ​၍​သင်​တို့​အ​တွက်​ပြင်​ဆင်​ထား​တော်​မူ​သည့် နိုင်​ငံ​တော်​ကို​ခံ​ယူ​ကြ​လော့။-
تَتَح پَرَں راجا دَکْشِنَسْتھِتانْ مانَوانْ وَدِشْیَتِ، آگَچّھَتَ مَتّاتَسْیانُگْرَہَبھاجَنانِ، یُشْمَتْکرِتَ آ جَگَدارَمْبھَتْ یَدْ راجْیَمْ آسادِتَں تَدَدھِکُرُتَ۔
35 ၃၅ သင်​တို့​သည်​ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က ငါ့​ကို​ကျွေး​မွေး​ကြ​၏။ ငါ​ရေ​ငတ်​စဉ်​အ​ခါ​က သောက်​ရေ​ကို​ပေး​ကြ​၏။ ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ် အ​ခါ​က​ဧည့်​ဝတ်​ကို​ပြု​ကြ​၏။-
یَتو بُبھُکْشِتایَ مَہْیَں بھوجْیَمْ اَدَتَّ، پِپاسِتایَ پییَمَدَتَّ، وِدیشِنَں ماں سْوَسْتھانَمَنَیَتَ،
36 ၃၆ ငါ​သည်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​စဉ်​အ​ခါ​က အ​ဝတ်​ကို​ဝတ်​ဆင်​ပေး​ကြ​၏။ ငါ​ဖျား​နာ​စဉ် အ​ခါ​က​ပြု​စု​ကြ​၏။ ငါ​ထောင်​ကျ​စဉ်​အ​ခါ က​ငါ့​ထံ​လာ​ရောက်​ကြ​၏' ဟု​မိန့်​တော်​မူ​၏။''
وَسْتْرَہِینَں ماں وَسَنَں پَرْیَّدھاپَیَتَ، پِیڈِیتَں ماں دْرَشْٹُماگَچّھَتَ، کاراسْتھَنْچَ ماں وِیکْشِتُمَ آگَچّھَتَ۔
37 ၃၇ ထို​အ​ခါ​သူ​တော်​ကောင်း​တို့​က `အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ​၌​မြင်​၍​အ​ကျွန်ုပ်​တို့​ကျွေး​မွေး ပါ​သ​နည်း။ ရေ​ငတ်​တော်​မူ​သည်​ကို​အ​ဘယ် အ​ခါ​၌​မြင်​၍​သောက်​ရေ​ကို​ပေး​ပါ​သ​နည်း။-
تَدا دھارْمِّکاح پْرَتِوَدِشْیَنْتِ، ہے پْرَبھو، کَدا تْواں کْشُدھِتَں وِیکْشْیَ وَیَمَبھوجَیامَ؟ وا پِپاسِتَں وِیکْشْیَ اَپایَیامَ؟
38 ၃၈ ဧည့်​သည်​ဖြစ်​တော်​မူ​သည်​ကို​အ​ဘယ်​အ​ခါ​၌ မြင်​၍​အ​ကျွန်ုပ်​တို့​ဧည့်​သည်​ဝတ်​ကို​ပြု​ပါ​သ​နည်း။ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​တော်​မူ​သည်​ကို​အ​ဘယ် အ​ခါ​၌​မြင်​၍​အ​ဝတ်​ဝတ်​ဆင်​ပေး​ပါ​သ​နည်း။-
کَدا وا تْواں وِدیشِنَں وِلوکْیَ سْوَسْتھانَمَنَیامَ؟ کَدا وا تْواں نَگْنَں وِیکْشْیَ وَسَنَں پَرْیَّدھاپَیامَ؟
39 ၃၉ ဖျား​နာ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထောင်​ကျ တော်​မူ​သည်​ကို​လည်း​ကောင်း​အ​ဘယ်​အ​ခါ​၌ အ​ကျွန်ုပ်​တို့​မြင်​၍​အ​ထံ​တော်​သို့​လာ​ကြ​ပါ သ​နည်း' ဟု​ပြန်​၍​လျှောက်​ထား​ကြ​၏။-
کَدا وا تْواں پِیڈِتَں کاراسْتھَنْچَ وِیکْشْیَ تْوَدَنْتِکَمَگَچّھامَ؟
40 ၄၀ ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန်​သင် တို့​အား​ငါ​ဆို​သည်​ကား၊ ဤ​ငါ​၏​ညီ​များ​အ​နက် အ​သိမ်​ငယ်​ဆုံး​ဖြစ်​သူ​တစ်​စုံ​တစ်​ယောက်​အား သင်​တို့​ပြု​စု​ခဲ့​သ​မျှ​သည်​ငါ့​အား​ပြု​စု​ခြင်း ပင်​မည်​၏' ဟု​မိန့်​တော်​မူ​လိမ့်​မည်။
تَدانِیں راجا تانْ پْرَتِوَدِشْیَتِ، یُشْمانَہَں سَتْیَں وَدامِ، مَمَیتیشاں بھْراترِناں مَدھْیے کَنْچَنَیکَں کْشُدْرَتَمَں پْرَتِ یَدْ اَکُرُتَ، تَنْماں پْرَتْیَکُرُتَ۔
41 ၄၁ ``ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ဝဲ​တော်​ဘက် ၌​ရှိ​သော​သူ​တို့​အား `အ​မင်္ဂ​လာ​ရှိ​သူ​တို့၊ ငါ့​ထံ မှ​ထွက်​သွား​ကြ​လော့။ မာရ်​နတ်​နှင့်​သူ့​စေ​တ​မန် များ​အ​တွက်​ပြင်​ဆင်​ထား​သည့်​ထာ​ဝ​ရ​မီး ထဲ​သို့​သက်​ဆင်း​ကြ​လော့။- (aiōnios g166)
پَشْچاتْ سَ وامَسْتھِتانْ جَنانْ وَدِشْیَتِ، رے شاپَگْرَسْتاح سَرْوّے، شَیتانے تَسْیَ دُوتیبھْیَشْچَ یونَنْتَوَہْنِراسادِتَ آسْتے، یُویَں مَدَنْتِکاتْ تَمَگْنِں گَچّھَتَ۔ (aiōnios g166)
42 ၄၂ ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က​သင်​တို့​သည် ငါ့​ကို​မ​ကျွေး​မ​မွေး​ကြ။ ငါ​ရေ​ငတ်​စဉ်​အ​ခါ က​သောက်​ရေ​ကို​မ​ပေး​ကြ။-
یَتو کْشُدھِتایَ مَہْیَماہارَں نادَتَّ، پِپاسِتایَ مَہْیَں پییَں نادَتَّ،
43 ၄၃ ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ်​အ​ခါ​က​ဧည့်​သည်​ဝတ် ကို​မ​ပြု​ကြ။ ငါ​သည်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ် စဉ်​အ​ခါ​က​အ​ဝတ်​ဝတ်​ဆင်​မ​ပေး​ကြ။ ငါ​ဖျား နာ​စဉ်​အ​ခါ​က​လည်း​ကောင်း၊ ထောင်​ကျ​စဉ်​အ​ခါ က​လည်း​ကောင်း​သင်​တို့​သည်​ငါ့​ထံ​ကို​မ​လာ​ကြ' ဟု​မိန့်​တော်​မူ​၏။
وِدیشِنَں ماں سْوَسْتھانَں نانَیَتَ، وَسَنَہِینَں ماں وَسَنَں نَ پَرْیَّدھاپَیَتَ، پِیڈِتَں کاراسْتھَنْچَ ماں وِیکْشِتُں ناگَچّھَتَ۔
44 ၄၄ ``ထို​သူ​တို့​က `အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ဆာ​လောင် မွတ်​သိပ်​တော်​မူ​ခြင်း၊ ရေ​ငတ်​တော်​မူ​ခြင်း၊ ဧည့်​သည် ဖြစ်​တော်​မူ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​တော် မူ​ခြင်း၊ ဖျား​နာ​တော်​မူ​ခြင်း၊ ထောင်​ကျ​တော်​မူ​ခြင်း တို့​ကို​အ​ဘယ်​အ​ခါ​၌​အ​ကျွန်ုပ်​တို့​မြင်​ရ​ပါ​လျက် ကိုယ်​တော်​အား​မ​ပြု​စု​မ​လုပ်​ကျွေး​ဘဲ​နေ​ခဲ့​ပါ သ​နည်း' ဟု​လျှောက်​ထား​ကြ​ပေ​အံ့။-
تَدا تے پْرَتِوَدِشْیَنْتِ، ہے پْرَبھو، کَدا تْواں کْشُدھِتَں وا پِپاسِتَں وا وِدیشِنَں وا نَگْنَں وا پِیڈِتَں وا کاراسْتھَں وِیکْشْیَ تْواں ناسیوامَہِ؟
45 ၄၅ ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သိမ်​ငယ်​သည့် ဤ​သူ​များ​အ​နက်​က​တစ်​စုံ​တစ်​ယောက်​သော သူ​ကို​သင်​တို့​မ​ပြု​မ​စု​ဘဲ​နေ​ခဲ့​သ​မျှ​သည် ငါ့​ကို​မ​ပြု​မ​စု​ဘဲ​နေ​ခဲ့​ခြင်း​ပင်​မည်​၏' ဟု မိန့်​တော်​မူ​လိမ့်​မည်။-
تَدا سَ تانْ وَدِشْیَتِ، تَتھْیَمَہَں یُشْمانْ بْرَوِیمِ، یُشْمابھِریشاں کَنْچَنَ کْشودِشْٹھَں پْرَتِ یَنّاکارِ، تَنْماں پْرَتْییوَ ناکارِ۔
46 ၄၆ ထို့​ကြောင့်​ထို​သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​မူ​ကား​ထာ​ဝ​ရ ချမ်း​သာ​သို့​ဝင်​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ (aiōnios g166)
پَشْچادَمْیَنَنْتَشاسْتِں کِنْتُ دھارْمِّکا اَنَنْتایُشَں بھوکْتُں یاسْیَنْتِ۔ (aiōnios g166)

< မဿဲ 25 >