< မဿဲ 25 >
1 ၁ ``ထိုကာလ၌ကောင်းကင်နိုင်ငံတော်သည်မီးခွက် များကိုယူ၍ မင်္ဂလာဆောင်သတို့သားကိုကြိုဆို ရန်ထွက်သွားသည့်အပျိုရံဆယ်ယောက်တို့တွေ့ ကြုံရသည့်အဖြစ်အပျက်နှင့်တူလိမ့်မည်။-
2 ၂ သူတို့အနက်ငါးယောက်သည်ပညာသတိ ရှိ၏။ ငါးယောက်မူကားပညာသတိမရှိ။-
3 ၃ ပညာသတိမရှိသူတို့သည်မိမိတို့၏ မီးခွက်များကိုယူခဲ့သော်လည်းဆီပိုကို မူမယူခဲ့ကြ။-
4 ၄ ပညာသတိရှိသူများမူကားမိမိတို့၏ မီးခွက်များသာမကဆီပိုကိုလည်းဘူး တွင်ထည့်၍ယူခဲ့ကြ၏။-
5 ၅ မင်္ဂလာဆောင်သတို့သားသည်ရောက်လာရန် ကြန့်ကြာ၍နေသဖြင့်သူတို့အားလုံးငိုက် မျဉ်းအိပ်ပျော်ကုန်ကြ၏။
6 ၆ ``သန်းခေါင်ယံ၌`မင်္ဂလာဆောင်သတို့သားရောက် လာပြီ။ သွား၍ကြိုဆိုကြလော့' ဟူသောကြွေး ကြော်သံကိုကြားရကြ၏။-
7 ၇ ထိုအခါအပျိုရံအားလုံးတို့သည်ထ၍မိမိ ၏မီးခွက်များကိုအသင့်ပြင်ကြ၏။-
8 ၈ ပညာသတိမရှိသူများက `ငါတို့မီးငြိမ်း တော့မည်ဖြစ်၍ငါတို့ကိုဆီအနည်းငယ်ပေး ပါ' ဟုပညာသတိရှိသူတို့ထံတောင်းကြ၏။-
9 ၉ ပညာသတိရှိသူများက `သင်တို့အဖို့နှင့်ငါတို့ အဖို့ပါဆိုလျှင်ဆီလောက်မည်မဟုတ်သဖြင့် ဆီရောင်းသူထံသို့သွား၍သင်တို့အတွက် ဝယ်ယူကြပါ' ဟုပြန်ပြောကြ၏။-
10 ၁၀ ပညာသတိမရှိသူတို့ဆီဝယ်ရန်ထွက်သွား နေခိုက်မင်္ဂလာဆောင်သတို့သားသည်ရောက် လာ၏။ အသင့်ရှိနေကြသောအပျိုရံတို့ သည်လည်းသူနှင့်အတူမင်္ဂလာဆောင်ပွဲသို့ ဝင်ပြီးလျှင်တံခါးကိုပိတ်ထားလိုက်၏။
11 ၁၁ ``ပညာသတိမရှိသောအပျိုရံများသည် လည်းပြန်ရောက်လာ၍ `အရှင်၊ အရှင်၊ ကျွန်မတို့ အားတံခါးဖွင့်ပေးပါ' ဟုဆိုကြ၏။-
12 ၁၂ သို့ရာတွင်မင်္ဂလာဆောင်သတို့သားက `မဖွင့် ပေးနိုင်ပါ။ သင်တို့ကိုငါမသိ' ဟုပြန်ပြော၏။
13 ၁၃ ``သို့ဖြစ်၍သင်တို့သည်လည်းထိုနေ့ထိုအချိန် ကိုမသိကြသဖြင့်သတိနှင့်စောင့်နေကြလော့။
14 ၁၄ ``ကောင်းကင်နိုင်ငံတော်သည်ခရီးပြုရန် မိမိအိမ် မှထွက်မည့်ဆဲဆဲရှိသူ လူတစ်ယောက်ကြုံတွေ့ရ သည့်အဖြစ်အပျက်နှင့်တူလိမ့်မည်။ သူသည်မိမိ ၏ကျွန်များကိုခေါ်၍ဥစ္စာပစ္စည်းများကိုအပ်၏။-
15 ၁၅ တစ်ယောက်ကိုရွှေငါးပိဿာ၊ အခြားတစ်ယောက်ကို နှစ်ပိဿာ၊ အခြားတစ်ယောက်ကိုရွှေတစ်ပိဿာစသည် ဖြင့်ထိုသူတို့၏အရည်အချင်းအလိုက်ပေးအပ်၏။ ထိုနောက်နိုင်ငံရပ်ခြားသို့ထွက်ခွာသွားလေသည်။-
16 ၁၆ ရွှေငါးပိဿာရသူသည်ချက်ချင်းပင်ကူးသန်း ရောင်းဝယ်မှုကိုပြုသဖြင့်အမြတ်ရွှေငါးပိဿာ ကိုရ၏။-
17 ၁၇ ထိုနည်းတူပင်ရွှေနှစ်ပိဿာရသူသည်လည်း အမြတ်ရွှေနှစ်ပိဿာကိုရ၏။-
18 ၁၈ ရွှေတစ်ပိဿာရသူမူကားနေရာတစ်ခုသို့သွား ၍မိမိသခင်၏ရွှေကိုမြေတွင်မြှုပ်ထားလေ၏။
19 ၁၉ ``ကာလအတော်ကြာသော်ထိုကျွန်တို့၏အရှင် သည်ပြန်လာ၍သူတို့နှင့်စာရင်းရှင်း၏။-
20 ၂၀ ရွှေငါးပိဿာရသူသည်အပိုရွှေငါးပိဿာကိုယူ ဆောင်လာပြီးလျှင်`အရှင်၊ အကျွန်ုပ်အားအရှင်ရွှေ ငါးပိဿာပေးအပ်ခဲ့ပါ၏။ ကြည့်ပါ။ အကျွန်ုပ် သည်ရွှေငါးပိဿာအမြတ်ရပါပြီ' ဟုလျှောက်၏။-
21 ၂၁ သခင်ကလည်း `ကောင်းလေစွ၊ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီး သောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့် အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
22 ၂၂ ``ရွှေနှစ်ပိဿာရသူသည်လည်းလာ၍`အရှင်၊ အကျွန်ုပ် အား အရှင်ရွှေနှစ်ပိဿာပေးအပ်ခဲ့ပါ၏။ ကြည့်ပါ။ အကျွန်ုပ်သည် ရွှေနှစ်ပိဿာအမြတ်ရပါပြီ' ဟု လျှောက်ထား၏။-
23 ၂၃ သခင်က`ကောင်းလေစွ။ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီးသောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့်အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
24 ၂၄ ``သို့ရာတွင်ရွှေတစ်ပိဿာရသူသည်လာ၍ `အရှင်၊ အကျွန်ုပ်သည်အရှင့်အကြောင်းကိုသိပါ၏။ အရှင် သည်ခက်ထန်သူဖြစ်၍မိမိမစိုက်မပျိုးသည့် အရပ်တွင်ရိတ်သိမ်းတတ်ပါ၏။ မကြဲဖြန့်သည့် အရပ်တွင်စုသိမ်းတတ်ပါ၏။-
25 ၂၅ အကျွန်ုပ်သည်ကြောက်ရွံ့သဖြင့်အရှင်၏ရွှေကို မြေတွင်မြှုပ်ထားခဲ့ပါ၏။ ကြည့်ပါ။ အရှင်၏ပစ္စည်း ဤမှာရှိပါ၏' ဟုလျှောက်၏။''
26 ၂၆ ``သခင်ကလည်း `အချင်းဆိုးညစ်သည့်ကျွန်ပျင်း၊ ငါသည်မိမိမစိုက်မပျိုးသည့်အရပ်တွင်ရိတ်သိမ်း ၍မကြဲမဖြန့်သည့်အရပ်တွင်စုသိမ်းတတ်သည် ကိုသင်သိသည်မှန်လျှင်၊-
27 ၂၇ ငါ၏ရွှေကိုဘဏ်တွင်အပ်ထားသင့်၏။ သို့မှသာ လျှင်ငါပြန်လာချိန်၌အတိုးနှင့်အတူပြန် လည်ရရှိနိုင်၏။-
28 ၂၈ ထိုသူ၏ထံမှရွှေတစ်ပိဿာကိုယူ၍ဆယ်ပိဿာ ရှိသူအားပေးကြ။-
29 ၂၉ ကြွယ်ဝချမ်းသာသောသူသည်ထပ်၍ရရှိသဖြင့် သူ၌ပိုလျှံ၍နေလိမ့်မည်။ သို့ရာတွင်ဆင်းရဲ သောသူထံမှရှိသမျှကိုပင်နုတ်လိမ့်မည်။-
30 ၃၀ အသုံးမကျသည့်ဤကျွန်ကိုအပြင်အမှောင်ထဲ သို့ထုတ်လိုက်ကြ။ သူသည်ထိုအရပ်တွင်ငိုကြွေး မြည်တမ်း၍အံသွားခဲကြိတ်လျက်နေရလိမ့် မည်' ဟုဆို၏။''
31 ၃၁ ``လူသားသည်ကောင်းကင်တမန်အပေါင်းခြံရံ လျက်ဘုရင်အဖြစ်ကြွလာတော်မူသောအခါ ပလ္လင်ပေါ်၌ထိုင်တော်မူလိမ့်မည်။-
32 ၃၂ ထိုအခါလူမျိုးအပေါင်းတို့သည်ရှေ့တော်တွင် စုရုံးရကြလိမ့်မည်။ သိုးထိန်းသည်သိုးနှင့်ဆိတ် တို့ကိုတခြားစီခွဲထုတ်သကဲ့သို့လူသားသည် လည်းလူတို့အားနှစ်စုခွဲထုတ်တော်မူပြီးလျှင်၊-
33 ၃၃ သူတော်ကောင်းများကိုလက်ယာတော်ဘက်၊ သူယုတ်မာများကိုလက်ဝဲတော်ဘက်တွင် ထားတော်မူလိမ့်မည်။-
34 ၃၄ ထိုနောက်ဘုရင်မင်းမြတ်ကလက်ယာတော်ဘက် တွင်ရှိသောသူတို့အား `ကောင်းချီးမင်္ဂလာကို ခံရသူတို့၊ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍သင်တို့အတွက်ပြင်ဆင်ထားတော်မူသည့် နိုင်ငံတော်ကိုခံယူကြလော့။-
35 ၃၅ သင်တို့သည်ငါဆာလောင်မွတ်သိပ်စဉ်အခါက ငါ့ကိုကျွေးမွေးကြ၏။ ငါရေငတ်စဉ်အခါက သောက်ရေကိုပေးကြ၏။ ငါသည်ဧည့်သည်ဖြစ်စဉ် အခါကဧည့်ဝတ်ကိုပြုကြ၏။-
36 ၃၆ ငါသည်အဝတ်အချည်းစည်းဖြစ်စဉ်အခါက အဝတ်ကိုဝတ်ဆင်ပေးကြ၏။ ငါဖျားနာစဉ် အခါကပြုစုကြ၏။ ငါထောင်ကျစဉ်အခါ ကငါ့ထံလာရောက်ကြ၏' ဟုမိန့်တော်မူ၏။''
37 ၃၇ ထိုအခါသူတော်ကောင်းတို့က `အရှင်ဘုရား၊ ကိုယ်တော်ဆာလောင်မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌မြင်၍အကျွန်ုပ်တို့ကျွေးမွေး ပါသနည်း။ ရေငတ်တော်မူသည်ကိုအဘယ် အခါ၌မြင်၍သောက်ရေကိုပေးပါသနည်း။-
38 ၃၈ ဧည့်သည်ဖြစ်တော်မူသည်ကိုအဘယ်အခါ၌ မြင်၍အကျွန်ုပ်တို့ဧည့်သည်ဝတ်ကိုပြုပါသနည်း။ အဝတ်အချည်းစည်းဖြစ်တော်မူသည်ကိုအဘယ် အခါ၌မြင်၍အဝတ်ဝတ်ဆင်ပေးပါသနည်း။-
39 ၃၉ ဖျားနာတော်မူသည်ကိုလည်းကောင်း၊ ထောင်ကျ တော်မူသည်ကိုလည်းကောင်းအဘယ်အခါ၌ အကျွန်ုပ်တို့မြင်၍အထံတော်သို့လာကြပါ သနည်း' ဟုပြန်၍လျှောက်ထားကြ၏။-
40 ၄၀ ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။
41 ၄၁ ``ထိုနောက်ဘုရင်မင်းမြတ်ကလက်ဝဲတော်ဘက် ၌ရှိသောသူတို့အား `အမင်္ဂလာရှိသူတို့၊ ငါ့ထံ မှထွက်သွားကြလော့။ မာရ်နတ်နှင့်သူ့စေတမန် များအတွက်ပြင်ဆင်ထားသည့်ထာဝရမီး ထဲသို့သက်ဆင်းကြလော့။- (aiōnios )
42 ၄၂ ငါဆာလောင်မွတ်သိပ်စဉ်အခါကသင်တို့သည် ငါ့ကိုမကျွေးမမွေးကြ။ ငါရေငတ်စဉ်အခါ ကသောက်ရေကိုမပေးကြ။-
43 ၄၃ ငါသည်ဧည့်သည်ဖြစ်စဉ်အခါကဧည့်သည်ဝတ် ကိုမပြုကြ။ ငါသည်အဝတ်အချည်းစည်းဖြစ် စဉ်အခါကအဝတ်ဝတ်ဆင်မပေးကြ။ ငါဖျား နာစဉ်အခါကလည်းကောင်း၊ ထောင်ကျစဉ်အခါ ကလည်းကောင်းသင်တို့သည်ငါ့ထံကိုမလာကြ' ဟုမိန့်တော်မူ၏။
44 ၄၄ ``ထိုသူတို့က `အရှင်ဘုရား၊ ကိုယ်တော်ဆာလောင် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည် ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်းဖြစ်တော် မူခြင်း၊ ဖျားနာတော်မူခြင်း၊ ထောင်ကျတော်မူခြင်း တို့ကိုအဘယ်အခါ၌အကျွန်ုပ်တို့မြင်ရပါလျက် ကိုယ်တော်အားမပြုစုမလုပ်ကျွေးဘဲနေခဲ့ပါ သနည်း' ဟုလျှောက်ထားကြပေအံ့။-
45 ၄၅ ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန် သင်တို့အားငါဆိုသည်ကား၊ သိမ်ငယ်သည့် ဤသူများအနက်ကတစ်စုံတစ်ယောက်သော သူကိုသင်တို့မပြုမစုဘဲနေခဲ့သမျှသည် ငါ့ကိုမပြုမစုဘဲနေခဲ့ခြင်းပင်မည်၏' ဟု မိန့်တော်မူလိမ့်မည်။-
46 ၄၆ ထို့ကြောင့်ထိုသူတို့သည်ထာဝရအပြစ်ဒဏ်ခံ ရကြလိမ့်မည်။ သူတော်ကောင်းတို့မူကားထာဝရ ချမ်းသာသို့ဝင်စားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။ (aiōnios )