< မဿဲ 24 >
1 ၁ သခင်ယေရှုသည်ဗိမာန်တော်မှထွက်ခွာသွား တော်မူစဉ်တပည့်တော်တို့သည်အထံတော်သို့ ချဉ်းကပ်၍ ဗိမာန်တော်အဆောက်အအုံများ ကိုကိုယ်တော်အားပြကြ၏။-
UJesu wathi esuka ethempelini esehamba abafundi bakhe beza kuye bathi kake ananzelele izakhiwo zalo.
2 ၂ ကိုယ်တော်က ``ဤအဆောက်အအုံအပေါင်းကို သင်တို့မြင်ကြသည်မဟုတ်လော။ အမှန်အကန် သင်တို့အားငါဆိုသည်ကား ဤအဆောက်အအုံ တို့သည်ကျောက်တစ်တုံးပေါ်တစ်တုံးတင်၍ မကျန်ရစ်သည်တိုင်အောင်ပြိုပျက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Wathi, “Liyazibona na zonke lezizinto? Ngilitshela iqiniso ukuthi akulalitshe lapha elizasala liphezu kwelinye; wonke azabhidlizwa.”
3 ၃ ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်တစ်ကိုယ်တည်း ထိုင်နေတော်မူစဉ်တပည့်တော်တို့သည်အထံတော် သို့ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအမှုအရာ များသည်အဘယ်အခါကာလ၌ဖြစ်ပျက်ပါမည် နည်း။ အရှင်ကြွလာတော်မူချိန်နှင့်ကပ်ကမ္ဘာကုန်ဆုံး ချိန်၌အဘယ်နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ်တို့အားမိန့်တော်မူပါ'' ဟုလျှောက်ထား ကြ၏။ (aiōn )
Kwathi uJesu ehlezi eNtabeni yama-Oliva abafundi bakhe beza kuye ngasese bathi, “Sitshele, kuzakwenzakala nini lokhu na, njalo kuzakuba lesibonakaliso bani sokuza kwakho lokuphela kwesikhathi na?” (aiōn )
4 ၄ သခင်ယေရှုက ``သင်တို့အားအဘယ်သူ မျှမလှည့်စားစေရန်သတိပြုလော့။-
UJesu waphendula wathi, “Qaphelani ukuze lingakhohliswa muntu.
5 ၅ `ငါသည်မေရှိယဖြစ်သည်' ဟုဆိုကာလူ အမြောက်အမြားပင်ငါ၏အယောင်ဆောင် လျက်လူများစွာတို့ကိုလှည့်စားကြလိမ့် မည်။-
Ngoba abanengi bazakuza ngebizo lami besithi, ‘NginguKhristu,’ bakhohlise abanengi.
6 ၆ သင်တို့သည်ရပ်နီးရပ်ဝေးမှစစ်မက်သတင်း များကိုကြားကြလိမ့်မည်။ သို့ရာတွင်မထိတ် မလန့်ကြနှင့်။ ဤအမှုအရာများသည်ဖြစ် ပျက်ရမည်။ သို့ရာတွင်ကပ်ကမ္ဘာကုန်ဆုံးချိန် ကားမရောက်သေး။-
Lizakuzwa ngezimpi lamahungahunga azo, kodwa lingaze lethuka. Izinto ezinjalo zizakwenzeka, kodwa ukucina kulokhu kuseza.
7 ၇ လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြားတွင် အစာခေါင်းပါး၍မြေငလျင်လှုပ်လိမ့်မည်။-
Isizwe sizavukela isizwe, lombuso uvukele umbuso. Kuzakuba lendlala lokuzamazama komhlaba ezindaweni ezitshiyeneyo.
8 ၈ ဤအမှုအရာများသည်ဆိုက်ရောက်လတ္တံ့ သောဆင်းရဲဒုက္ခများ၏ရှေ့ပြေးသာဖြစ်၏။
Konke lokhu kuyikuqalisa kobuhlungu bokuhelelwa.
9 ၉ ``ထိုနောက်လူတို့သည်သင်တို့အားအပြစ်ဒဏ် ခံရကြစေရန်နှင့်အသတ်ခံရကြစေရန် အာဏာပိုင်တို့ထံသို့ပေးအပ်ကြလိမ့်မည်။ လူခပ်သိမ်းတို့သည်ငါ၏နာမကြောင့်သင် တို့ကိုမုန်းကြလိမ့်မည်။-
Lapho lizanikelwa ukuba lihlutshwe njalo libulawe, futhi lizazondwa yizizwe zonke ngenxa yami.
10 ၁၀ ထိုအခါလူများစွာပင်မှောက်မှားလမ်းလွဲကြ လျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်ကြလိမ့်မည်။-
Ngalesosikhathi abanengi bazadela ukukholwa banikelane njalo bazondane,
11 ၁၁ တစ်ယောက်ကိုတစ်ယောက်မုန်းလိမ့်မည်။ ထို့ပြင် ပရောဖက်အတုအယောင်အမြောက်အမြားပင် ပေါ်လာပြီးလျှင်လူများစွာတို့ကိုလှည့်စား ကြလိမ့်မည်။-
kuvele abaphrofethi bamanga abanengi abazakhohlisa abantu abanengi.
12 ၁၂ ဆိုးညစ်မှုများပြားလာသဖြင့်လူတို့တွင်မေတ္တာ ခေါင်းပါးလိမ့်မည်။-
Ngenxa yokwanda kobubi, uthando lwabanengi luzaphola,
13 ၁၃ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည်သူကို ဘုရားသခင်ကယ်တင်တော်မူလိမ့်မည်။-
kodwa lowo oma aqine kuze kube sekupheleni uzasindiswa.
14 ၁၄ နိုင်ငံတော်ဆိုင်ရာသတင်းကောင်းအကြောင်းကို ကမ္ဘာတစ်ဝန်းလုံးရှိလူမျိုးအပေါင်းတို့အား သက်သေခံဟောပြောပြီးမှကပ်ကမ္ဘာကုန်ဆုံး ချိန်ရောက်လိမ့်မည်။
Njalo lelivangeli lombuso lizatshunyayelwa kuwo wonke umhlaba njengobufakazi kuzozonke izizwe, besekufika ukuphela.
15 ၁၅ ``ပရောဖက်ဒံယေလဟောကြားခဲ့သည့်ထိတ်လန့် စက်ဆုတ်ဖွယ်ကောင်းသည့်အရာသည်မရှိအပ်သည့် အရပ်တွင်ရှိနေသည်ကိုသင်တို့မြင်ကြလိမ့်မည်။ (စာဖတ်သူသည်ဤအချက်ကိုသတိပြုအပ်၏။)-
Nxa libona kumi endaweni engcwele ‘amanyala aletha incithakalo,’okwakhulunywa ngomphrofethi uDanyeli, ofundayo kezwisise.
16 ၁၆ ထိုသို့မြင်ရသောအခါယုဒပြည်ရှိလူတို့သည် တောင်များပေါ်သို့ပြေးကြစေ။-
Lapho-ke akuthi labo abaseJudiya babalekele ezintabeni.
17 ၁၇ အိမ်ခေါင်မိုးပေါ်တွင်ရှိသူသည်အိမ်ထဲမှဥစ္စာ ပစ္စည်းများကိုယူရန်အောက်သို့မဆင်းစေနှင့်။-
Akungabikhona osophahleni lwendlu ozakwehla phansi ukuyathatha ulutho endlini.
18 ၁၈ လယ်ထဲတွင်ရှိသူသည်လည်းဝတ်လုံယူရန် အိမ်သို့မပြန်စေနှင့်။-
Lowo osemasimini kangabuyeli ngekhaya ukuyathatha ijazi lakhe.
19 ၁၉ ထိုနေ့ရက်ကာလ၌ကိုယ်ဝန်ဆောင်နှင့်သားငယ် မိခင်တို့အတွက်အကျိုးနည်းပေတော့မည်။-
Yeka ubulukhuni obuzakuba khona ngalezonsuku kwabesifazane abakhulelweyo labangabadlezane!
20 ၂၀ သင်တို့သည်ထွက်ပြေးရမည့်အချိန်ကာလသည် ဆောင်းဥတု၌သော်လည်းကောင်း၊ ဥပုသ်နေ့၌ သော်လည်းကောင်းမကျမရောက်ပါစေနှင့်ဟု ဆုတောင်းကြလော့။-
Khulekelani ukuba ukuphaphatheka kwenu kungabi sebusika loba ngeSabatha.
21 ၂၁ ထိုကာလ၌အလွန်ဆိုးရွားသောဆင်းရဲဒုက္ခ ကျရောက်လာလိမ့်မည်။ ထိုမျှဆိုးရွားသောဆင်းရဲ ဒုက္ခမျိုးကိုကမ္ဘာဦးမှစ၍အဘယ်ကာလ၌ မျှလူတို့မကြုံစဖူး၊ နောင်ကာလ၌လည်း တွေ့ကြုံရကြမည်မဟုတ်။-
Ngoba ngalesosikhathi kuzakuba lokuhlupheka okukhulu, okungazange kube khona kulokhu kwadabuka umhlaba kuze kube manje, njalo kakusoze kube khona futhi.
22 ၂၂ ဘုရားသခင်သည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင်အဘယ်သူမျှအသက်ဘေးမှကင်း လွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ဘုရားသခင် သည်မိမိရွေးချယ်ထားတော်မူသောသူများအဖို့ အလို့ငှာထိုနေ့ရက်ကာလကိုတိုစေတော်မူလိမ့် မည်။''
Aluba lezinsuku bezingaphungulwanga, kakho obezaphepha, kodwa ngenxa yabakhethiweyo lezinsuku zizaphungulwa.
23 ၂၃ ``ထိုကာလ၌လူတစ်စုံတစ်ယောက်က `ကြည့်လော့၊ ဤအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း၊ `ထိုအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း ဆိုလျှင်မယုံကြနှင့်။-
Nxa ngalesosikhathi omunye esithi kini, ‘Khangela, nangu uKhristu!’ loba ‘Ulaphaya!’ lingakukholwa lokho.
24 ၂၄ မေရှိယအတုအယောင်များ၊ ပရောဖက်အတု အယောင်များပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ်ထားတော်မူ သောသူများကိုပင်လှည့်စားနိုင်ရန်အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့်ထူးဆန်းသည့်အမှု အရာများကိုပြကြလိမ့်မည်။-
Ngoba oKhristu bamanga labaphrofethi bamanga bazavela benze izibonakaliso lezimangaliso ezinkulu ukukhohlisa kanye labakhethiweyo, nxa lokho kungenzeka.
25 ၂၅ ဤအကြောင်းအရာများမဖြစ်ပေါ်မီသင်တို့ အားကြိုတင်၍ငါဖော်ပြပြီ။''
Zwanini, sengihle ngalitshela mandulo kwesikhathi.
26 ၂၆ ``လူတို့က `ကြည့်လော့။ မေရှိယသည်တောကန္တာရ တွင်ရှိသည်' ဟုဆိုလျှင်မသွားကြနှင့်။ `အိမ်ခန်း ထဲမှာရှိသည်' ဟုဆိုလျှင်လည်းမယုံကြနှင့်။-
Ngakho-ke, nxa umuntu elitshela esithi, ‘Nanguyana, laphayana egangeni,’ lingayi khona loba athi, ‘Nangu lapha ezindlini ezingaphakathi,’ lingaze lakukholwa lokho.
27 ၂၇ လျှပ်စစ်ပြက်၍အရှေ့အရပ်မှအနောက်အရပ် တိုင်အောင်ကောင်းကင်တစ်ပြင်လုံးထွန်းလင်းစေ သကဲ့သို့လူသားကြွလာတော်မူလိမ့်မည်။''
Ngoba njengombane osuka empumalanga uhle ubonakale lasentshonalanga, kuzakuba njalo ukufika kweNdodana yoMuntu.
28 ၂၈ ``အသေကောင်ရှိရာအရပ်တွင်လင်းတတို့စုရုံး ကြလတ္တံ့။''
Lapho okulesidumbu khona kulapho amanqe abuthana khona.
29 ၂၉ ``ထိုသို့ဆင်းရဲဒုက္ခများကျရောက်လာပြီးနောက် ချက်ချင်းပင်နေသည်မှောင်မိုက်သွားလိမ့်မည်။ လ သည်အလင်းရောင်ပေးလိမ့်မည်မဟုတ်။ ကြယ်များ သည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ် များသည်လမ်းပြောင်းကြလိမ့်မည်။-
Masinyane ngemva kokuhlupheka kwalezonsuku, ‘ilanga lizafiphala lenyanga kayiyikukhanya; izinkanyezi zizakuwa esibhakabhakeni, izisekelo zasezulwini zizazanyazanyiswa.’
30 ၃၀ ထိုအခါလူသားကြွလာတော်မူမည့်နိမိတ် လက္ခဏာသည်မိုးကောင်းကင်တွင်ပေါ်ထွန်းလာ လိမ့်မည်။ မိုးတိမ်ကိုစီးလျက်ကြီးစွာသောဘုန်း တန်ခိုးတော်ဖြင့်လူသားကြွလာတော်မူသည်ကို ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်မြင်ကြသော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-
Kulesosikhathi isibonakaliso seNdodana yoMuntu sizavela emkhathini, kuthi zonke izizwe zomhlaba zilile. Zizabona iNdodana yoMuntu isiza ngamayezi esibhakabhakeni, ilamandla lobukhosi obukhulu.
31 ၃၁ ထိုနောက်လူသားသည်ကြီးမားသောတံပိုးခရာ ကိုမှုတ်စေပြီးလျှင်မိမိ၏ကောင်းကင်တမန်များ အား အရပ်လေးမျက်နှာသို့စေလွှတ်၍ကမ္ဘာမြေ ကြီးတစ်စွန်းမှတစ်စွန်းအထိရှိကြသော ကိုယ် တော်ရွေးချယ်ထားတော်မူသောသူတို့ကိုစု သိမ်းစေတော်မူလိမ့်မည်။
Njalo izathumela izingilosi zayo zitshaya icilongo ngomsindo omkhulu, beseziqoqa abakhethiweyo bayo emagumbini womane omhlaba, kusukela ngapha kwamazulu kusiya ngale kwawo.
32 ၃၂ ``သင်္ဘောသဖန်းပင်မှသင်ခန်းစာတစ်ရပ်ကိုသင်ယူ ကြလော့။ ထိုအပင်တွင်အကိုင်းအညှောက်ထွက်၍ ရွက်နုပေါက်သောအခါနွေကာလနီးသည်ကို သင်တို့သိကြ၏။-
Manje-ke, fundani lesisifundo esihlahleni somkhiwa: Amahlumela aso angaqalisa ukuba buthakathaka lamahlamvu aso ahlume, lihle lazi ukuthi ihlobo selisondele.
33 ၃၃ ထိုနည်းတူစွာဖော်ပြခဲ့သောအမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ လူသားသည်သင်တို့အနီးတံခါးဝသို့ပင် ရောက်ရှိနေပြီဟုသိမှတ်ကြလော့။-
Kanjalo-ke, nxa lingabona zonke lezizinto, lazi ukuthi sekusondele, khonapho emnyango.
34 ၃၄ အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ ဤ အမှုအရာအလုံးစုံတို့သည်ယခုအသက်ရှင် လျက်ရှိသူတို့မသေလွန်မီဖြစ်ပျက်လာလိမ့်မည်။-
Ngilitshela iqiniso, lesisizukulwane kasiyikudlula zize zenzakale zonke lezizinto.
35 ၃၅ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်းငါ၏ စကားတည်လိမ့်မည်။''
Izulu lomhlaba kuzedlula, kodwa amazwi ami kawayikwedlula lanini.”
36 ၃၆ ``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက် မည့်နေ့ရက်နှင့်အချိန်နာရီကိုခမည်းတော်မှ တစ်ပါးအဘယ်သူမျှမသိ။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်းမသိ။ သားတော် လည်းမသိ။-
“Kodwa kakho olwaziyo lolosuku lehola, loba izingilosi zasezulwini, kumbe iNdodana, kodwa uBaba kuphela.
37 ၃၇ နောဧလက်ထက်ကဖြစ်ပျက်သကဲ့သို့လူသား ကြွလာသောအခါ၌လည်းဖြစ်ပျက်လိမ့်မည်။-
Njengoba kwakunjalo ensukwini zikaNowa, kuzakuba njalo ekufikeni kweNdodana yoMuntu.
38 ၃၈ ထိုနေ့ရက်ကာလ၌ရေမလွှမ်းမိုးမီ၊ သင်္ဘောထဲ သို့နောဧဝင်သည့်နေ့တိုင်အောင်လူတို့သည်စား လျက်ထိမ်းမြားစုံဖက်လျက်နေကြ၏။-
Ngoba ensukwini ezandulela uzamcolo, abantu babesidla, benatha, bethatha njalo besenda, kwaze kwafika usuku uNowa angena ngalo emkhunjini;
39 ၃၉ သူတို့သည်ရေလွှမ်းမိုး၍သေကြေပျက်စီးကြ သည့်အချိန်တိုင်အောင်သတိမဲ့လျက်နေကြ၏။ လူသားကြွလာတော်မူချိန်၌လည်းထိုနည်းတူ ဖြစ်လိမ့်မည်။-
futhi babengazi lutho ngalokho okwakuzakwenzeka uzamcolo waze wafika wabatshabalalisa. Kuzakuba njalo ekufikeni kweNdodana yoMuntu.
40 ၄၀ ထိုအခါလယ်ထဲတွင်ရှိသူလူနှစ်ယောက်အနက် တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့ လတ္တံ့။-
Kuzakuthi amadoda emabili esensimini, eyodwa izathathwa, eyinye isale.
41 ၄၁ ကြိတ်ဆုံလှည့်နေသူအမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့လတ္တံ့။-
Kuzakuthi abesifazane bebabili bechola ngembokodo, oyedwa uzathathwa omunye asale.
42 ၄၂ သို့ဖြစ်၍သတိနှင့်စောင့်နေကြလော့။ သင်တို့၏ အရှင်သည်အဘယ်အခါကြွလာတော်မူမည် ကိုသင်တို့မသိကြ။-
Ngakho, lindani ngoba kalikwazi ukuthi iNkosi yenu izafika ngaluphi usuku.
43 ၄၃ အကယ်၍အိမ်ရှင်သည်သူခိုးလာမည့်အချိန်ကို သာသိရလျှင်သတိနှင့်နေလျက် မိမိအိမ်ကို သူခိုးဖောက်ခွင့်ပြုမည်မဟုတ်ကြောင်းသင်တို့ သိမှတ်ကြလော့။-
Kodwa zwisisani lokhu: Kube umninindlu wayekwazile ukuthi isela lizafika ngasiphi isikhathi sobusuku ngabe walinda kaze avumela ukuthi indlu yakhe igqekezwe.
44 ၄၄ လူသားသည်သင်တို့မမျှော်သောအချိန်၌ကြွ လာတော်မူမည်ဖြစ်၍သင်တို့သည်လည်းအမြဲ အဆင်သင့်ရှိကြလော့။
Ngakho lani hlalani lilindile, ngoba iNdodana yoMuntu izafika ngesikhathi leso elizabe lingayikhumbuleli sona.
45 ၄၅ ``သစ္စာရှိကျွန်လိမ္မာကားအဘယ်သူနည်း။ ထိုသူ ကားအခြားကျေးကျွန်များကိုအုပ်ချုပ်ရန်နှင့် အချိန်တန်လျှင်ရိက္ခာများထုတ်ပေးရန်သခင် ကခန့်ထားသူဖြစ်၏။-
Ngubani kambe oyinceku ethembekileyo lehlakaniphileyo umninimuzi ayibeke esikhundleni sokukhangela izisebenzi zalapha ekhaya ukuthi azinike ukudla kwazo ngesikhathi esifaneleyo?
46 ၄၆ သူသည်မိမိတာဝန်ကိုသစ္စာရှိစွာဆောင်ရွက်နေ သည်ကိုသခင်ပြန်လာချိန်၌တွေ့ရလျှင်မင်္ဂလာ ရှိ၏။-
Kuzakuba kuhle kuleyo nceku inkosi ezayifica isenza njalo ekuphendukeni kwayo.
47 ၄၇ အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သခင်သည်မိမိဥစ္စာပစ္စည်းရှိသမျှကိုစီမံ အုပ်ချုပ်ရန်ထိုကျွန်အားအပ်နှင်းလိမ့်မည်။-
Ngilitshela iqiniso, izakumbeka ukuthi aphathe yonke impahla yayo.
48 ၄၈ သို့ရာတွင်ထိုကျွန်သည်ကျွန်မိုက်ဖြစ်ပါမူ `ငါ့ သခင်ပြန်လာဦးမည်မဟုတ်။ ကြာပေဦးမည်' ဟု အောက်မေ့ကာ၊-
Kodwa cabanga mhlawumbe inceku leyo ikhohlakele njalo ingazitshela ithi, ‘Inkosi yami isesekhatshana ukubuya,’
49 ၄၉ ကျွန်ယောကျာ်း၊ ကျွန်မိန်းမတို့အားရိုက်နှက်လျက် သေသောက်ကြူးသူတို့နှင့်သောက်စားမူးယစ်လျက် နေလိမ့်မည်။-
ibisiqalisa ukutshaya ezinye izinceku njalo lokudla inatha lezidakwa.
50 ၅၀ ထိုနောက်ထိုသူမမျှော်လင့်သည့်နေ့၊ မသိမြင် သည့်အချိန်၌သူ့သခင်သည်ပြန်လာ၍၊-
Inkosi yaleyonceku izabuya ngosuku engacatshangelwa khona langesikhathi inceku engasaziyo.
51 ၅၁ သူ့ကိုပြင်းစွာကြိမ်ဒဏ်ခတ်၍ကြောင်သူတော်တို့ ခံရသောကံကြမ္မာဆိုးကိုခံစေလိမ့်မည်။ သူသည် ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ်လျက်နေရ လိမ့်မည်။
Izayiqumaquma, iyiphe indawo kanye labazenzisi, lapho okuzakuba khona ukukhala lokugedla kwamazinyo.”