< မဿဲ 24 >
1 ၁ သခင်ယေရှုသည်ဗိမာန်တော်မှထွက်ခွာသွား တော်မူစဉ်တပည့်တော်တို့သည်အထံတော်သို့ ချဉ်းကပ်၍ ဗိမာန်တော်အဆောက်အအုံများ ကိုကိုယ်တော်အားပြကြ၏။-
I KO Iesu hele ana aku iwaho, haalele aku la ia i ka luakini, a hele mai la kaua poe haumana e kuhikuhi ia ia i na hale o ka luakini.
2 ၂ ကိုယ်တော်က ``ဤအဆောက်အအုံအပေါင်းကို သင်တို့မြင်ကြသည်မဟုတ်လော။ အမှန်အကန် သင်တို့အားငါဆိုသည်ကား ဤအဆောက်အအုံ တို့သည်ကျောက်တစ်တုံးပေါ်တစ်တုံးတင်၍ မကျန်ရစ်သည်တိုင်အောင်ပြိုပျက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
I mai la o Iesu ia lakou, Ke ike nei anei oukou i keia mau mea a pau? He oiaio ka'u e olelo aku nei ia oukou, e pau ia mau mea i ka hoohioloia; aole e koe kekahi pohaku maluna o kekahi pohaku.
3 ၃ ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်တစ်ကိုယ်တည်း ထိုင်နေတော်မူစဉ်တပည့်တော်တို့သည်အထံတော် သို့ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအမှုအရာ များသည်အဘယ်အခါကာလ၌ဖြစ်ပျက်ပါမည် နည်း။ အရှင်ကြွလာတော်မူချိန်နှင့်ကပ်ကမ္ဘာကုန်ဆုံး ချိန်၌အဘယ်နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ်တို့အားမိန့်တော်မူပါ'' ဟုလျှောက်ထား ကြ၏။ (aiōn )
I kona noho ana maluna o ka mauna Oliveta, hele malu aku la ka poe haumana io na la, i aku la, E hai mai oe ia makou, i ka manawa hea e hiki mai ai ia mau mea? Heaha hoi ka hoailona no kou hiki ana mai, a me ka hope o keia ao? (aiōn )
4 ၄ သခင်ယေရှုက ``သင်တို့အားအဘယ်သူ မျှမလှည့်စားစေရန်သတိပြုလော့။-
Olelo mai la o Iesu ia lakou i aka la, E malama ia oukou, o hoopunipuni mai hekahi ia oukou.
5 ၅ `ငါသည်မေရှိယဖြစ်သည်' ဟုဆိုကာလူ အမြောက်အမြားပင်ငါ၏အယောင်ဆောင် လျက်လူများစွာတို့ကိုလှည့်စားကြလိမ့် မည်။-
No ka mea, he nui na mea e holo mai ma ko'u inoa, me ka i ana mai, Owau no ka Mesia, a he nui no ka poe e hoopunipuniia e lakou.
6 ၆ သင်တို့သည်ရပ်နီးရပ်ဝေးမှစစ်မက်သတင်း များကိုကြားကြလိမ့်မည်။ သို့ရာတွင်မထိတ် မလန့်ကြနှင့်။ ဤအမှုအရာများသည်ဖြစ် ပျက်ရမည်။ သို့ရာတွင်ကပ်ကမ္ဘာကုန်ဆုံးချိန် ကားမရောက်သေး။-
E lohe auanei oukou i na kaua, a me na lono no na kaua; e ao ia oukou iho, mai hopohopo; no ka mea, e hiki io mai ia mau mea a pau, aole nae ia ka hopena.
7 ၇ လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြားတွင် အစာခေါင်းပါး၍မြေငလျင်လှုပ်လိမ့်မည်။-
E ku e ana kekahi lahuikanaka i kekahi lahuikanaka; a o kekahi aupuni i kekahi aupuni: a e hiki mai no na wi, a me na ahulau, a me na olai i kela wahi a i keia wahi.
8 ၈ ဤအမှုအရာများသည်ဆိုက်ရောက်လတ္တံ့ သောဆင်းရဲဒုက္ခများ၏ရှေ့ပြေးသာဖြစ်၏။
O keia mau mea ka hoomaka ana o na popilikia.
9 ၉ ``ထိုနောက်လူတို့သည်သင်တို့အားအပြစ်ဒဏ် ခံရကြစေရန်နှင့်အသတ်ခံရကြစေရန် အာဏာပိုင်တို့ထံသို့ပေးအပ်ကြလိမ့်မည်။ လူခပ်သိမ်းတို့သည်ငါ၏နာမကြောင့်သင် တို့ကိုမုန်းကြလိမ့်မည်။-
la manawa, e haawi lakou ia oukou e hoomainoinoia mai ai, a e pepehi mai lakou ia oukou a make; a e inainaia mai hoi oukou e na lahuikanaka a pau no ko'u inoa.
10 ၁၀ ထိုအခါလူများစွာပင်မှောက်မှားလမ်းလွဲကြ လျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်ကြလိမ့်မည်။-
Alaila hoi, he nui na mea e hihia ana; a e kumakaia aku kekahi i kekahi, e inaiua aku hoi kekahi i kekahi.
11 ၁၁ တစ်ယောက်ကိုတစ်ယောက်မုန်းလိမ့်မည်။ ထို့ပြင် ပရောဖက်အတုအယောင်အမြောက်အမြားပင် ပေါ်လာပြီးလျှင်လူများစွာတို့ကိုလှည့်စား ကြလိမ့်မည်။-
E ku mai no hoi na kaula wahahee he nui loa, a e hoopunipuni aku hoi lakou i na kanaka he nui loa.
12 ၁၂ ဆိုးညစ်မှုများပြားလာသဖြင့်လူတို့တွင်မေတ္တာ ခေါင်းပါးလိမ့်မည်။-
No ka nui ana mai o ka hewa, e malili no ke aloha o ka lehulehu.
13 ၁၃ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည်သူကို ဘုရားသခင်ကယ်တင်တော်မူလိမ့်မည်။-
Aka, o ka mea hoomanawanui aku a hiki i ka hopena, e ola ia.
14 ၁၄ နိုင်ငံတော်ဆိုင်ရာသတင်းကောင်းအကြောင်းကို ကမ္ဘာတစ်ဝန်းလုံးရှိလူမျိုးအပေါင်းတို့အား သက်သေခံဟောပြောပြီးမှကပ်ကမ္ဘာကုန်ဆုံး ချိန်ရောက်လိမ့်မည်။
A e haiia'ku no keia euanelio o ke aupuni ma na wahi aukauaka a pau, i mea e ike ai na lahuikanaka a pau: alaila iho e hiki mai ka hopena.
15 ၁၅ ``ပရောဖက်ဒံယေလဟောကြားခဲ့သည့်ထိတ်လန့် စက်ဆုတ်ဖွယ်ကောင်းသည့်အရာသည်မရှိအပ်သည့် အရပ်တွင်ရှိနေသည်ကိုသင်တို့မြင်ကြလိမ့်မည်။ (စာဖတ်သူသည်ဤအချက်ကိုသတိပြုအပ်၏။)-
Aia ike oukou i ka mea ino e hooneoneo ai e ku ana ma kahi hoano, ka mea i oleloia mai e ke kaula e Daniela; (o ka mea heluhelu, e pono e hoomaopopo iho oia, )
16 ၁၆ ထိုသို့မြင်ရသောအခါယုဒပြည်ရှိလူတို့သည် တောင်များပေါ်သို့ပြေးကြစေ။-
Alaila, o ka poe e noho ana ma Iudea, e holo lakou ma na kuahiwi.
17 ၁၇ အိမ်ခေါင်မိုးပေါ်တွင်ရှိသူသည်အိမ်ထဲမှဥစ္စာ ပစ္စည်းများကိုယူရန်အောက်သို့မဆင်းစေနှင့်။-
O ka mea maluna o ka hale, mai iho iho ia e lawe i na mea oloko o kona hale.
18 ၁၈ လယ်ထဲတွင်ရှိသူသည်လည်းဝတ်လုံယူရန် အိမ်သို့မပြန်စေနှင့်။-
A o ka mea ma ka waena, mai hoi hou ia i hope e kii i kona kapa aahu.
19 ၁၉ ထိုနေ့ရက်ကာလ၌ကိုယ်ဝန်ဆောင်နှင့်သားငယ် မိခင်တို့အတွက်အကျိုးနည်းပေတော့မည်။-
Auwe ka poe wahine hapai, a me ka poe hanai waiu ia mau la!
20 ၂၀ သင်တို့သည်ထွက်ပြေးရမည့်အချိန်ကာလသည် ဆောင်းဥတု၌သော်လည်းကောင်း၊ ဥပုသ်နေ့၌ သော်လည်းကောင်းမကျမရောက်ပါစေနှင့်ဟု ဆုတောင်းကြလော့။-
E pule hoi oukou, i holo ole ai oukou i ka wa hooilo, aole hoi i ka la Sabati.
21 ၂၁ ထိုကာလ၌အလွန်ဆိုးရွားသောဆင်းရဲဒုက္ခ ကျရောက်လာလိမ့်မည်။ ထိုမျှဆိုးရွားသောဆင်းရဲ ဒုက္ခမျိုးကိုကမ္ဘာဦးမှစ၍အဘယ်ကာလ၌ မျှလူတို့မကြုံစဖူး၊ နောင်ကာလ၌လည်း တွေ့ကြုံရကြမည်မဟုတ်။-
Alaila, e nui loa mai no ka popilikia, aohe popilikia me neia mai ke kumu mai o ka honua, aole hoi ma ia hope aku.
22 ၂၂ ဘုရားသခင်သည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင်အဘယ်သူမျှအသက်ဘေးမှကင်း လွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ဘုရားသခင် သည်မိမိရွေးချယ်ထားတော်မူသောသူများအဖို့ အလို့ငှာထိုနေ့ရက်ကာလကိုတိုစေတော်မူလိမ့် မည်။''
Ina e hoopokole ole ia ua mau la la, ina aole loa e ola kekahi kanaka: aka, no ka poe i waeia, e hoopokoleia ua mau la la.
23 ၂၃ ``ထိုကာလ၌လူတစ်စုံတစ်ယောက်က `ကြည့်လော့၊ ဤအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း၊ `ထိုအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း ဆိုလျှင်မယုံကြနှင့်။-
Ina e olelo mai kekahi ia oukou ia manawa, E, eia maanei ka Media; a, aia ma o, mai manao oukou he oiaio.
24 ၂၄ မေရှိယအတုအယောင်များ၊ ပရောဖက်အတု အယောင်များပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ်ထားတော်မူ သောသူများကိုပင်လှည့်စားနိုင်ရန်အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့်ထူးဆန်းသည့်အမှု အရာများကိုပြကြလိမ့်မည်။-
No ka mea, e ku ae no na Mesia wahahee, a me na kaula wahahee, a e hoike aku lakou i na hoailona nui, a me na mea kupanaha; a ina he mea hiki, ina e hoopunipuni hoi lakou i ka poe i waeia.
25 ၂၅ ဤအကြောင်းအရာများမဖြစ်ပေါ်မီသင်တို့ အားကြိုတင်၍ငါဖော်ပြပြီ။''
Aia hoi, ua hai e au mamua ia oukou.
26 ၂၆ ``လူတို့က `ကြည့်လော့။ မေရှိယသည်တောကန္တာရ တွင်ရှိသည်' ဟုဆိုလျှင်မသွားကြနှင့်။ `အိမ်ခန်း ထဲမှာရှိသည်' ဟုဆိုလျှင်လည်းမယုံကြနှင့်။-
Nolaila, a i olelo mai lakou ia oukou, Aia la, ma ka waonahele oia, mai hele aku oukou ilaila: Aia hoi ia ma ke keena mehameha; mai manao oukou he oiaio.
27 ၂၇ လျှပ်စစ်ပြက်၍အရှေ့အရပ်မှအနောက်အရပ် တိုင်အောင်ကောင်းကင်တစ်ပြင်လုံးထွန်းလင်းစေ သကဲ့သို့လူသားကြွလာတော်မူလိမ့်မည်။''
No ka mea, e like me ka uila i anapu mai ai, mai ka hikina mai, a hoomalamalama aku i ke komohana; pela no hoi ka hiki ana mai o ke Keiki a ke kanaka.
28 ၂၈ ``အသေကောင်ရှိရာအရပ်တွင်လင်းတတို့စုရုံး ကြလတ္တံ့။''
No ka mea, i kahi e waiho ai ka heana, ilaila no e akoakoa ai na aeto.
29 ၂၉ ``ထိုသို့ဆင်းရဲဒုက္ခများကျရောက်လာပြီးနောက် ချက်ချင်းပင်နေသည်မှောင်မိုက်သွားလိမ့်မည်။ လ သည်အလင်းရောင်ပေးလိမ့်မည်မဟုတ်။ ကြယ်များ သည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ် များသည်လမ်းပြောင်းကြလိမ့်မည်။-
Mahope iho o ia mau la popilikia, e poeleele ana ka la, aole hoi e malamalama mai ka mahina, e haule iho hoi na hoku mai ka lani mai, a e hoonaueia na mea mana o ka lani.
30 ၃၀ ထိုအခါလူသားကြွလာတော်မူမည့်နိမိတ် လက္ခဏာသည်မိုးကောင်းကင်တွင်ပေါ်ထွန်းလာ လိမ့်မည်။ မိုးတိမ်ကိုစီးလျက်ကြီးစွာသောဘုန်း တန်ခိုးတော်ဖြင့်လူသားကြွလာတော်မူသည်ကို ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်မြင်ကြသော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-
Alaila, e ikea mai ai ka hoailona no ke Keiki a ke kanaka ma ka lani; a e uwe na lahuikanaka a pau o ka honua, aia ike lakou i ke keiki a ke kanaka e hele mai ana maluna o na ao o ka lani, me ka mana a me ka nani nui.
31 ၃၁ ထိုနောက်လူသားသည်ကြီးမားသောတံပိုးခရာ ကိုမှုတ်စေပြီးလျှင်မိမိ၏ကောင်းကင်တမန်များ အား အရပ်လေးမျက်နှာသို့စေလွှတ်၍ကမ္ဘာမြေ ကြီးတစ်စွန်းမှတစ်စွန်းအထိရှိကြသော ကိုယ် တော်ရွေးချယ်ထားတော်မူသောသူတို့ကိုစု သိမ်းစေတော်မူလိမ့်မည်။
A e hoouna aku ia i kana poe anela me ka pu kani nui, a e hoakoakoa mai lakou i kona poe i waeia, mai na makani eha, a mai kela aoao o ka lani a mai keia aoao hoi
32 ၃၂ ``သင်္ဘောသဖန်းပင်မှသင်ခန်းစာတစ်ရပ်ကိုသင်ယူ ကြလော့။ ထိုအပင်တွင်အကိုင်းအညှောက်ထွက်၍ ရွက်နုပေါက်သောအခါနွေကာလနီးသည်ကို သင်တို့သိကြ၏။-
E ao oukou i ka olelonane no ka laau fiku; Aia opiopio na lala, a ulu ae na lau, na ike oukou, ke kokoke mai nei ke kau.
33 ၃၃ ထိုနည်းတူစွာဖော်ပြခဲ့သောအမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ လူသားသည်သင်တို့အနီးတံခါးဝသို့ပင် ရောက်ရှိနေပြီဟုသိမှတ်ကြလော့။-
Pela hoi, a ike oukou i keia mau mea a pau, alaila e ike oukou, na kokoke mai ia, aia ma ka puka.
34 ၃၄ အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ ဤ အမှုအရာအလုံးစုံတို့သည်ယခုအသက်ရှင် လျက်ရှိသူတို့မသေလွန်မီဖြစ်ပျက်လာလိမ့်မည်။-
Ho oiaio ka'u e olelo aku nei ia oukou, Aole e hala aku keia hanauna, a hiki e mai ua mau mea la a pau.
35 ၃၅ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်းငါ၏ စကားတည်လိမ့်မည်။''
E lilo ana ka lani a me ka honua; aka, aole loa e lilo ka'u mau olelo.
36 ၃၆ ``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက် မည့်နေ့ရက်နှင့်အချိန်နာရီကိုခမည်းတော်မှ တစ်ပါးအဘယ်သူမျှမသိ။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်းမသိ။ သားတော် လည်းမသိ။-
Aole i ike kekahi kanaka ia la a me ia hora, aole hoi na anela o ka lani; o ko'u Makua wale no.
37 ၃၇ နောဧလက်ထက်ကဖြစ်ပျက်သကဲ့သို့လူသား ကြွလာသောအခါ၌လည်းဖြစ်ပျက်လိမ့်မည်။-
Me na la o Noa, pela hoi ka hiki ana mai o ke Keiki a ke kanaka.
38 ၃၈ ထိုနေ့ရက်ကာလ၌ရေမလွှမ်းမိုးမီ၊ သင်္ဘောထဲ သို့နောဧဝင်သည့်နေ့တိုင်အောင်လူတို့သည်စား လျက်ထိမ်းမြားစုံဖက်လျက်နေကြ၏။-
No ka mea, i na la mamua o ke kaiakahinalii, ai lakou a inu hoi, mare lakou a hoopalau no ka mare ana, a hiki i ka la i komo ai o Noa iloko o ka halelana;
39 ၃၉ သူတို့သည်ရေလွှမ်းမိုး၍သေကြေပျက်စီးကြ သည့်အချိန်တိုင်အောင်သတိမဲ့လျက်နေကြ၏။ လူသားကြွလာတော်မူချိန်၌လည်းထိုနည်းတူ ဖြစ်လိမ့်မည်။-
Aole lakou i ike, a hiki mai ke kaiakahinalii, a pau loa ae la lakou i ka make: pela no hoi ka hiki ana mai o ke Keiki a ke kanaka.
40 ၄၀ ထိုအခါလယ်ထဲတွင်ရှိသူလူနှစ်ယောက်အနက် တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့ လတ္တံ့။-
Alaila, elua kanaka ma ka waena, e laweia kekahi, a e koe no kekahi.
41 ၄၁ ကြိတ်ဆုံလှည့်နေသူအမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့လတ္တံ့။-
Elua wahine e wili palaoa ana, a laweia kekahi, a e koe no kekahi.
42 ၄၂ သို့ဖြစ်၍သတိနှင့်စောင့်နေကြလော့။ သင်တို့၏ အရှင်သည်အဘယ်အခါကြွလာတော်မူမည် ကိုသင်တို့မသိကြ။-
Nolaila, e kiai oukou; no ka mea, aole oukou ike i ka hora e hiki mai ai ko oukou Haku.
43 ၄၃ အကယ်၍အိမ်ရှင်သည်သူခိုးလာမည့်အချိန်ကို သာသိရလျှင်သတိနှင့်နေလျက် မိမိအိမ်ကို သူခိုးဖောက်ခွင့်ပြုမည်မဟုတ်ကြောင်းသင်တို့ သိမှတ်ကြလော့။-
Ua ike oukou i keia, ina paha i ike ka mea hale i ka wati e hiki mai ai ka aihue, ina ua kiai ia, i wawahi ole ia'i kona hale.
44 ၄၄ လူသားသည်သင်တို့မမျှော်သောအချိန်၌ကြွ လာတော်မူမည်ဖြစ်၍သင်တို့သည်လည်းအမြဲ အဆင်သင့်ရှိကြလော့။
Pela hoi oukou e noho ai me ka makaukau; no ka mea, i ka hora e manao ole ia'i e oukou, o hiki mai no ke Keiki a ke kanaka.
45 ၄၅ ``သစ္စာရှိကျွန်လိမ္မာကားအဘယ်သူနည်း။ ထိုသူ ကားအခြားကျေးကျွန်များကိုအုပ်ချုပ်ရန်နှင့် အချိန်တန်လျှင်ရိက္ခာများထုတ်ပေးရန်သခင် ကခန့်ထားသူဖြစ်၏။-
Owai la ke kanwa malama pono, naanao, i hoonohoia'e e kona haku i luna no kona mau ohua e haawi aku i ai na lakou i ka manawa pono.
46 ၄၆ သူသည်မိမိတာဝန်ကိုသစ္စာရှိစွာဆောင်ရွက်နေ သည်ကိုသခင်ပြန်လာချိန်၌တွေ့ရလျှင်မင်္ဂလာ ရှိ၏။-
E pomaikai ana ua kauwa la, ke ike mai kona haku ia ia e hana ana pela i kona hoi ana mai.
47 ၄၇ အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သခင်သည်မိမိဥစ္စာပစ္စည်းရှိသမျှကိုစီမံ အုပ်ချုပ်ရန်ထိုကျွန်အားအပ်နှင်းလိမ့်မည်။-
He oiaio ka'u e olelo aku nei ia oukou, e hoonoho kela ia ia maluna o kona waiwai a pau.
48 ၄၈ သို့ရာတွင်ထိုကျွန်သည်ကျွန်မိုက်ဖြစ်ပါမူ `ငါ့ သခင်ပြန်လာဦးမည်မဟုတ်။ ကြာပေဦးမည်' ဟု အောက်မေ့ကာ၊-
Aka, o ke kauwa ino la, i olelo iho iloko o kona naau, Ke hoohakalia nei kuu haku i kona hoi ana mai;
49 ၄၉ ကျွန်ယောကျာ်း၊ ကျွန်မိန်းမတို့အားရိုက်နှက်လျက် သေသောက်ကြူးသူတို့နှင့်သောက်စားမူးယစ်လျက် နေလိမ့်မည်။-
A ke hoomaka ia e pepehi i na hoa kauwa ona, a e ai pu a e inu pu me ka poe ona:
50 ၅၀ ထိုနောက်ထိုသူမမျှော်လင့်သည့်နေ့၊ မသိမြင် သည့်အချိန်၌သူ့သခင်သည်ပြန်လာ၍၊-
E hoi hon mai no ka haku o ua kanwa la, i ka la i kiai ole ai ia, a me ka hora i manao ole ai ia;
51 ၅၁ သူ့ကိုပြင်းစွာကြိမ်ဒဏ်ခတ်၍ကြောင်သူတော်တို့ ခံရသောကံကြမ္မာဆိုးကိုခံစေလိမ့်မည်။ သူသည် ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ်လျက်နေရ လိမ့်မည်။
A e hookaawale aku kela ia ia, a e haawi aku i kana kuleana me ka poe hookamani; ilaila ka uwe ana a me ka uwi ana o na niho.