< မဿဲ 23 >

1 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​နှင့် တ​ပည့်​တော်​တို့​အား၊
Então Jesus falou às multidões e aos seus discípulos,
2 ``ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​များ​သည်​မော​ရှေ ၏​ပ​ညတ်​ကျမ်း​ကို​အ​ဋ္ဌိပ္ပါယ်​ဖွင့်​ပြ​ရန်​အ​ခွင့် အာ​ဏာ​ရ​ရှိ​ထား​သူ​များ​ဖြစ်​ကြ​၏။-
dizendo: Os escribas e os fariseus se sentam sobre o assento de Moisés.
3 သို့​ဖြစ်​၍​ထို​သူ​တို့​ပြော​ဆို​သွန်​သင်​သ​မျှ အ​တိုင်း​လိုက်​နာ​ပြု​ကျင့်​ကြ​လော့။ သို့​သော် သူ​တို့​သည်​မိ​မိ​တို့​ဟော​သည့်​အ​တိုင်း​မ​ကျင့် ကြ​သ​ဖြင့်​သူ​တို့​ကျင့်​သ​ကဲ့​သို့​မ​ကျင့်​ကြ​နှင့်။-
Portanto, tudo o que eles vos disserem, fazei e guardai. Mas não façais segundo as suas obras, porque eles dizem e não fazem.
4 သူ​တို့​သည်​လေး​လံ​၍​အ​ထမ်း​ရ​ခက်​သည့်​ဝန်​ထုပ် များ​ကို​သူ​တစ်​ပါး​တို့​အား​ထမ်း​စေ​ကြ​၏။ မိ​မိ တို့​ကိုယ်​တိုင်​မူ​ထို​ဝန်​ထုပ်​များ​ကို​လက်​ဖျား​နှင့် မျှ​မ​တို့​လို​ကြ။-
Eles amarram cargas pesadas, e as põem sobre os ombros das pessoas; porém eles mesmos nem sequer com o seu dedo as querem mover.
5 မိ​မိ​တို့​ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​ကို​လူ​မြင် သာ​အောင်​ပြု​လုပ်​တတ်​ကြ​၏။ မိ​မိ​တို့​န​ဖူး​နှင့် လက်​မောင်း​များ​ပေါ်​တွင်​ကျမ်း​စာ​လက်​ဖွဲ့​များ​ကို အ​ပြား​ကြီး​ပြု​လုပ်​၍​ဝတ်​ဆင်​တတ်​ကြ​၏။ ဝတ်​လုံ အ​မြိတ်​များ​ကို​ရှည်​လျား​စွာ​ချုပ်​ထား​တတ်​ကြ​၏။-
E fazem todas as suas obras a fim de serem vistos pelas pessoas: por isso alargam seus filactérios, ) e fazem compridas as franjas.
6 ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း​ဆုံး​သော​နေ​ရာ ထိုင်​ခင်း​များ၊ တ​ရား​ဇရပ်​များ​တွင်​သီး​သန့် ထား​သော​နေ​ရာ​များ​ကို​နှစ်​သက်​ကြ​၏။-
Eles amam os primeiros assentos nas ceias, as primeiras cadeiras nas sinagogas,
7 စျေး​ရပ်​ကွက်​တွင်​အ​လေး​ပြု​ခြင်း​ကို​ခံ​လို ကြ​၏။ ဆ​ရာ​တော်​ဟု​အ​ခေါ်​ခံ​လို​ကြ​၏။-
as saudações nas praças, e serem chamados: “Rabi” pelas pessoas.
8 သို့​ရာ​တွင်​သင်​တို့​အား​လုံး​သည်​ညီ​အစ်​ကို များ​ဖြစ်​လျက် သင်​တို့​မှာ​ဆ​ရာ​တော်​တစ်​ပါး တည်း​သာ​ရှိ​သည်​ဖြစ်​၍​ဆ​ရာ​တော်​ဟု အ​ခေါ်​မ​ခံ​ကြ​နှင့်။-
Mas vós, não sejais chamados Rabi, porque o vosso Mestre é um: e todos vós sois irmãos.
9 ဤ​လော​က​တွင်​အ​ဘယ်​သူ​ကို​မျှ `အဖ' ဟု​မ​ခေါ် ကြ​နှင့်။ သင်​တို့​တွင်​ကောင်း​ကင်​ဘုံ​ရှင်​အ​ဖ​တစ်​ပါး တည်း​သာ​ရှိ​၏။-
E não chameis a ninguém na terra vosso pai; porque o vosso Pai é um: aquele que está nos céus.
10 ၁၀ သင်​တို့​သည်​ခေါင်း​ဆောင်​ဟူ​၍​လည်း​အ​ခေါ်​မ​ခံ ကြ​နှင့်။ သင်​တို့​တွင်​မေ​ရှိ​ယ​တည်း​ဟူ​သော​ခေါင်း ဆောင်​တစ်​ပါး​တည်း​သာ​ရှိ​၏။-
Nem sejais chamados mestres; porque o vosso mestre é um: o Cristo.
11 ၁၁ သင်​တို့​အ​နက်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သူ​သည် သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။-
Porém o maior de vós será vosso servo.
12 ၁၂ မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နိမ့်​ကျ​ရ​လိမ့် မည်။ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည်​ချီး​မြှောက်​ခြင်း ကို​ခံ​ရ​လိမ့်​မည်။
E o que a si mesmo se exaltar será humilhado; e o que a si mesmo se humilhar será exaltado.
13 ၁၃ ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တို့​ကောင်း​ကင် နိုင်​ငံ​တော်​သို့​ဝင်​မည်​ပြု​သော​အ​ခါ​သင်​တို့​သည် တံခါး​ပိတ်​လိုက်​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​ရန်​ကြိုး​စား​သူ​များ​ကို​လည်း​ဝင်​ခွင့်​မ​ပြု​ကြ။
Mas ai de vós, escribas e fariseus, hipócritas! Porque fechais o Reino dos céus em frente das pessoas; pois nem vós entrais, nem permitis a entrada do que estão para entrar.
14 ၁၄ (``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် မု​ဆိုး​မ​များ​၏​အိမ်​ရာ​ပစ္စည်း​များ​ကို​မ​တ​ရား သိမ်း​ယူ​ကြ​ပြီး​နောက် လူ​အ​မြင်​ကောင်း​စေ​ရန် ရှည်​လျား​စွာ​ဆု​တောင်း​ပတ္ထနာ​ပြု​တတ်​ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​သာ​၍​ကြီး လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။'')
15 ၁၅ ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တစ်​ယောက် ကို​ဘာ​သာ​သွင်း​နိုင်​ရန်​သင်​တို့​သည်​ရေ​ကြောင်း၊ ကုန်း​ကြောင်း​ခ​ရီး​ပြု​ကြ​၏။ ဘာ​သာ​သွင်း​ပြီး သော​အ​ခါ​၌​လည်း​ထို​သူ​အား​သင်​တို့​ထက် နှစ်​ဆ​ပို​၍​င​ရဲ​သို့​လား​ထိုက်​သူ​ဖြစ်​စေ​ကြ ၏။'' (Geenna g1067)
Ai de vós, escribas e fariseus, hipócritas! Porque rodeais o mar e a terra para fazerdes um prosélito; e quando é feito, vós o tornais filho do inferno duas vezes mais que a vós. (Geenna g1067)
16 ၁၆ ``လမ်း​ပြ​သည့်​မျက်​မ​မြင်​တို့၊ သင်​တို့​သည်​အမင်္ဂ​လာ ရှိ​ကြ​၏။ `လူ​တစ်​စုံ​တစ်​ယောက်​သည်​ဗိ​မာန်​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​လျှင် ထို​ကျိန်​ဆို​ချက်​သည် အ​တည်​မ​ဖြစ်။ သို့​သော်​ဗိ​မာန်​တော်​၏​ရွှေ​ကို တိုင်​တည်​၍​ကျိန်​ဆို​လျှင်​မူ​ကား​အ​တည်​ဖြစ်​၏' ဟု​သင်​တို့​ဆို​ကြ​၏။-
Ai de vós, guias cegos, que dizeis: “Qualquer um que jurar pelo templo, nada é; mas qualquer um que jurar pelo ouro do templo, devedor é”.
17 ၁၇ လူ​မိုက်​တို့၊ သင်​တို့​၏​မျက်​စိ​သည်​ကန်း​လှ​သည် တ​ကား။ အ​ဘယ်​အ​ရာ​က​ပို​၍​အ​ရေး​ကြီး​ပါ သ​နည်း။ ရွှေ​လော။ သို့​မ​ဟုတ်​ရွှေ​ကို​မြင့်​မြတ် သန့်​ရှင်း​စေ​သည့်​ဗိ​မာန်​တော်​လော။-
Tolos e cegos! Pois qual é maior: o ouro, ou o templo que santificou o ouro?
18 ၁၈ လူ​တစ်​စုံ​တစ်​ယောက်​သည်​ယဇ်​ပလ္လင်​ကို​တိုင်​တည် ၍​ကျိန်​ဆို​လျှင်​ထို​ကျိန်​ဆို​ချက်​သည်​အ​တည် မ​ဖြစ်။ ယဇ်​ပလ္လင်​ပေါ်​ရှိ​ပူ​ဇော်​သကာ​ကို​တိုင်​တည် ၍​ကျိန်​ဆို​လျှင်​မူ​ကား​အ​တည်​ဖြစ်​၏' ဟု​သင် တို့​ဆို​ကြ​၏။-
Também [dizeis]: “Qualquer um que jurar pelo altar, nada é; mas quem jurar pela oferta que [está] sobre ele, devedor é”.
19 ၁၉ သင်​တို့​၏​မျက်​စိ​သည်​ကန်း​လှ​သည်​တ​ကား။ အ​ဘယ်​အ​ရာ​က​ပို​၍​အ​ရေး​ကြီး​ပါ​သ​နည်း။ ပူ​ဇော်​သကာ​လော။ သို့​မ​ဟုတ်​ပူ​ဇော်​သ​ကာ​ကို မြင့်​မြတ်​သန့်​ရှင်း​စေ​သည့်​ယဇ်​ပလ္လင်​လော။-
Cegos! Pois qual é maior: a oferta, ou o altar que santifica a oferta?
20 ၂၀ ယဇ်​ပလ္လင်​ကို​တိုင်​တည်​၍​ကျိန်​ဆို​သူ​သည်​ယဇ်​ပလ္လင် နှင့်​တ​ကွ​ယဇ်​ပလ္လင်​ပေါ်​မှာ​ရှိ​သ​မျှ​တို့​ကို​ပါ တိုင်​တည်​၍​ကျိန်​ဆို​သ​တည်း။-
Portanto, quem jurar pelo altar, jura por ele, e por tudo o que está sobre ele.
21 ၂၁ ဗိ​မာန်​တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​သူ​သည်​ဗိ​မာန် တော်​နှင့်​တ​ကွ​ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မူ သော​အရှင်​ကို​ပါ​တိုင်​တည်​၍​ကျိန်​ဆို​သ​တည်း။-
E quem jurar pelo templo, jura por ele, e por aquele que nele habita.
22 ၂၂ ကောင်း​ကင်​ဘုံ​ကို​တိုင်​တည်​၍​ကျိန်​ဆို​သူ​သည် ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​နှင့်​တ​ကွ ထို​ပလ္လင် ပေါ်​မှာ​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို​ပါ​ကျိန် ဆို​သ​တည်း။''
E quem jurar pelo Céu, jura pelo trono de Deus, e por aquele que sobre ele está sentado.
23 ၂၃ ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပင်​စိမ်း၊စ​မွတ်​နှင့်​ဇီ​ယာ​တို့​ကို​ဆယ်​ဖို့​တစ်​ဖို့ ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ​မှု၊ သ​နား ကြင်​နာ​မှု၊ ရိုး​သား​ဖြောင့်​မတ်​မှု​စ​သည့်​ပ​ညတ် ကျမ်း​မှ​အ​ကယ်​ပင်​အ​ရေး​ကြီး​သော​သွန်​သင် ချက်​များ​ကို​မူ​ကား​လျစ်​လူ​ပြု​ကြ​၏။-
Ai de vós, escribas e fariseus, hipócritas! Porque dais o dízimo da hortelã, do endro, e do cominho, e desprezais o que é mais importante da Lei: a justiça, a misericórdia, e a fidelidade; estas coisas devem ser feitas, sem se desprezar as outras.
24 ၂၄ လမ်း​ပြ​သည့်​မျက်​မ​မြင်​တို့၊ သင်​တို့​သည်​ခြင် ကောင်​မ​မျို​မိ​စေ​ရန်​သောက်​ရေ​ကို​စစ်​၍​သောက် ကြ​၏။ သို့​ရာ​တွင်​ကု​လား​အုတ်​ကို​ကား​မျို​ချ ကြ​ပါ​သည်​တ​ကား။''
Guias cegos, que coais um mosquito, e engolis um camelo!
25 ၂၅ ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပန်း​ကန်​ခွက်​ယောက်​များ​၏​ပြင်​ပ​ကို​စင်​ကြယ် အောင်​ဆေး​ကြော​ကြ​သော်​လည်း သင်​တို့​၏​စိတ် အ​တွင်း​မှာ​ကား​လော​ဘ​လွန်​ကူး​မှု​နှင့် အ​ကြမ်း​ဖက်​မှု​တို့​ဖြင့်​ပြည့်​လျက်​နေ​၏။-
Ai de vós, escribas e fariseus, hipócritas! Porque limpais o exterior do copo ou do prato, mas por dentro estão cheios de extorsão e cobiça.
26 ၂၆ မျက်​မ​မြင်​ဖာ​ရိ​ရှဲ​တို့၊ ပန်း​ကန်​ခွက်​ယောက်​များ အ​တွင်း​ဘက်​ကို​ဦး​စွာ​ဆေး​ကြော​ကြ​လော့။ သို့ ပြု​လျှင်​ပြင်​ပ​သည်​လည်း​သန့်​ရှင်း​စင်​ကြယ် လာ​လိမ့်​မည်။''
Fariseu cego! Limpa primeiro o interior do copo, para que também o exterior deles fique limpo.
27 ၂၇ ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​ထုံး​ဖြူ​သုတ်​သော​သင်္ချိုင်း​ဂူ​များ​နှင့် တူ​ကြ​၏။ ထို​ဂူ​တို့​သည်​ပြင်​ပ​သဏ္ဌာန်​အား​ဖြင့် လှ​သော်​လည်း အ​တွင်း​၌​မူ​ကား​လူ​သေ​အ​ရိုး နှင့်​ပုပ်​နေ​သော​အ​လောင်း​ကောင်​တို့​ဖြင့်​ပြည့် နှက်​နေ​တော့​၏။-
Ai de vós, escribas e fariseus, hipócritas! Porque sois semelhantes aos sepulcros caiados, que por fora realmente parecem belos, mas por dentro estão cheios de ossos de cadáveres, e de toda imundícia.
28 ၂၈ ထို​နည်း​တူ​သင်​တို့​သည်​လည်း​ပြင်​ပ​သဏ္ဌာန်​အား ဖြင့် လူ​တို့​ရှေ့​တွင်​သူ​တော်​ကောင်း​များ​ဟု​ထင်​ရ သော်​လည်း စိတ်​အ​တွင်း​၌​ကား​သူ​တော်​ကောင်း ယောင်​ဆောင်​မှု​နှင့်​ဆိုး​ညစ်​မှု​များ​ဖြင့်​ပြည့် လျက်​နေ​တော့​၏။''
Assim também vós, por fora, realmente pareceis justos às pessoas, mas por dentro estais cheios de hipocrisia e de injustiça.
29 ၂၉ ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပ​ရော​ဖက်​များ​၏​သင်္ချိုင်း​ဂူ​များ​ကို​တည်​ဆောက် ပေး​ကြ​၏။ သူ​တော်​ကောင်း​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို မွမ်း​မံ​ခြယ်​လှယ်​ပေး​ကြ​၏။-
Ai de vós, escribas e fariseus, hipócritas! Porque edificais os sepulcros dos profetas, adornais os monumentos dos justos,
30 ၃၀ ထို​နောက်​သင်​တို့​က `ငါ​တို့​သာ​ဘိုး​ဘေး​တို့​၏​ခေတ် က​အ​သက်​ရှင်​ခဲ့​မည်​ဆို​ပါ​က၊ ပ​ရော​ဖက်​များ​ကို သတ်​ဖြတ်​သည့်​အ​မှု​တွင်​ပါ​ဝင်​ခဲ့​ကြ​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏။-
e dizeis: “Se estivéssemos nos dias dos nossos pais, nunca teríamos sido cúmplices deles quando derramaram o sangue dos profetas”.
31 ၃၁ သို့​ဖြစ်​၍​သင်​တို့​သည်​ပ​ရော​ဖက်​များ​ကို​သတ် ဖြတ်​သူ​တို့​၏​သား​မြေး​များ​ဖြစ်​ကြောင်း​ဝန်​ခံ ကြ​လေ​ပြီ​တ​ကား။-
Assim vós mesmos dais testemunho de que sois filhos dos que mataram os profetas.
32 ၃၂ သင်​တို့​၏​ဘိုး​ဘေး​များ​စ​တင်​ကူး​လွန်​ခဲ့​သည့် အ​ပြစ်​ကို​အ​ပြီး​တိုင်​အောင်​ဆက်​လက်​ကူး​လွန် ကြ​လော့။-
Completai, pois, a medida de vossos pais.
33 ၃၃ အ​ချင်း​မြွေ​ဆိုး​များ​နှင့်​မြွေ​ဆိုး​၏​သား​မြေး တို့၊ သင်​တို့​သည်​င​ရဲ​သို့​လား​ရ​မည့်​ဘေး​ဒဏ် မှ​အ​ဘယ်​သို့​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။- (Geenna g1067)
Serpentes, ninhada de víboras! Como escapareis da condenação do inferno? (Geenna g1067)
34 ၃၄ သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သင်​တို့​ထံ​သို့ ပ​ရော​ဖက်​များ၊ ပ​ညာ​ရှိ​များ၊ ကျမ်း​တတ်​ဆ​ရာ များ​ကို​ငါ​စေ​လွှတ်​မည်။ သင်​တို့​သည်​ထို​သူ အ​ချို့​တို့​ကို​သတ်​ဖြတ်​ကြ​၍​အ​ချို့​ကို​လက် ဝါး​ကပ်​တိုင်​တွင်​တင်​ကြ​လိမ့်​မည်။ အ​ချို့​ကို​မူ တ​ရား​ဇ​ရပ်​များ​တွင်​ကြိမ်​ဒဏ်​ပေး​၍​အ​ချို့ ကို​မူ​တစ်​မြို့​ပြီး​တစ်​မြို့​လိုက်​လံ​ဖမ်း​ဆီး​ကြ လိမ့်​မည်။-
Por isso, eis que eu vos envio profetas, sábios, e escribas; a uns deles matareis e crucificareis, e a [outros] deles açoitareis em vossas sinagogas, e perseguireis de cidade em cidade;
35 ၃၅ ထို့​ကြောင့်​အ​ပြစ်​ကင်း​သူ​အာ​ဗေ​လ​မှ​စ​၍ သန့် ရှင်း​ရာ​ဌာ​န​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် အ​သတ်​ခံ​ရ​သည့်​ဗာ​ရ​ခိ​၏​သား၊ ဇာ​ခ​ရိ​တိုင် အောင်​အ​ပြစ်​ကင်း​သူ​များ​ကို​သတ်​ဖြတ်​ခဲ့​သည့် အ​တွက်​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ပေ​အံ့။-
para que venha sobre vós todo o sangue justo que foi derramado sobre a terra, desde o sangue do justo Abel, até o sangue de Zacarias, filho de Baraquias, ao qual matastes entre o templo e o altar.
36 ၃၆ ဤ​အ​မှု​အ​ရာ​အ​ပေါင်း​တို့​အ​တွက်​ဤ​ခေတ် လူ​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်​ဟု အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​၏။''
Em verdade vos digo que tudo isto virá sobre esta geração.
37 ၃၇ ``အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ ပ​ရော​ဖက် များ​ကို​သတ်​သည့်​မြို့၊ ဘု​ရား​သ​ခင်​စေ​လွှတ်​တော် မူ​သော​စေ​တ​မန်​များ​ကို​ခဲ​နှင့်​ပေါက်​သည့်​မြို့၊ ကြက်​မ​ကြီး​သည်​ကြက်​က​လေး​များ​ကို​မိ​မိ ၏​အ​တောင်​အောက်​တွင်​စု​သိမ်း​ထား​သ​ကဲ့​သို့ ငါ​သည်​သင့်​ကို​ယု​ယ​ပိုက်​ထွေး​နိုင်​ရန်​ကြိမ် ဖန်​များ​စွာ​ကြိုး​စား​ခဲ့​လေ​ပြီ။ သို့​ရာ​တွင်​သင် သည်​ငါ့​ကို​အ​ခွင့်​မ​ပေး​ခဲ့။-
Jerusalém, Jerusalém, que matas os profetas, e apedrejas os que te são enviados! Quantas vezes eu quis ajuntar os teus filhos, como a galinha ajunta os seus pintos debaixo das asas; porém não quisestes!
38 ၃၈ ထို့​ကြောင့်​သင်​၏​ဗိ​မာန်​တော်​ကို​ဘု​ရား​သ​ခင် သည်​စွန့်​ပစ်​တော်​မူ​လိမ့်​မည်။-
Eis que vossa casa vos será deixada.
39 ၃၉ `ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ဖြင့်​ကြွ​လာ​တော် မူ​သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း' ဟု သင်​မြွက်​ဆို​မည့်​နေ့​မ​တိုင်​မီ​သင်​သည်​ယ​ခု မှ​စ​၍​ငါ့​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​သင့် အား​ငါ​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​သည်။
Pois eu vos digo que a partir de agora não me vereis, até que digais: “Bendito aquele que vem no nome do Senhor”.

< မဿဲ 23 >