< မဿဲ 22 >

1 သ​ခင်​ယေ​ရှု​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍​ထို​သူ တို့​အား​မိန့်​တော်​မူ​ပြန်​၏။-
Chúa Giê-xu phán thêm một ẩn dụ:
2 ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​သား တော်​အ​တွက်​မင်္ဂ​လာ​ဆောင်​ဧည့်​ခံ​ပွဲ​ကို​ပြင်​ဆင် ထား​သည့်​ဘု​ရင်​တစ်​ပါး​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ် အ​ပျက်​နှင့်​တူ​၏။-
“Nước Trời được ví như một nhà vua tổ chức tiệc cưới cho thái tử.
3 မင်း​ကြီး​သည်​ဖိတ်​ကြား​ထား​သူ​များ​ထံ​သို့​မင်း စေ​တို့​ကို​လွှတ်​၍​ခေါ်​ဖိတ်​စေ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​မ​လာ​လို​ကြ။-
Vua cho người nhắc nhở tân khách đã được mời đến dự tiệc, nhưng họ đều từ chối!
4 မင်း​ကြီး​က `ငါ​၏​ည​စာ​စား​ပွဲ​အ​သင့်​ရှိ​ပြီ။ နွား အ​စ​ရှိ​သည့်​ဆူ​ဖြိုး​သော​တိ​ရစ္ဆာန်​များ​ကို​လည်း သတ်​ပြီး​ပြီ။ အား​လုံး​အ​ဆင်​သင့်​ရှိ​ပြီ​ဖြစ်​၍ မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ကြွ​ရောက်​ကြ​ပါ' ဟု​ဖိတ် ကြား​ထား​သူ​တို့​အား​ပြော​ကြ​လော့​ဟူ​၍ အ​ခြား​မင်း​စေ​တို့​အား​လွှတ်​တော်​မူ​၏။-
Vua lại sai người khác giục giã: ‘Tiệc đã dọn sẵn. Bò và thú béo đã nấu xong. Mời tân khách đến dự!’
5 သို့​ရာ​တွင်​ဖိတ်​ကြား​ထား​သူ​တို့​သည်​မင်း​စေ တို့​ကို​ဂ​ရု​မ​စိုက်​ဘဲ​တစ်​ယောက်​က​လယ်​တော သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​က​မိ​မိ ကုန်​သွယ်​ရာ​သို့​လည်း​ကောင်း​သွား​ကြ​၏။-
Nhưng họ chẳng quan tâm, mỗi người cứ lo việc riêng. Người đi thăm ruộng, người đi buôn bán.
6 ကျန်​သော​သူ​များ​က​မင်း​စေ​တို့​ကို​ဖမ်း​၍ ရိုက်​နှက်​သတ်​ဖြတ်​ကြ​၏။-
Có người lại bắt các sứ giả hạ nhục và giết đi.
7 မင်း​ကြီး​သည်​လွန်​စွာ​အ​မျက်​ထွက်​၍​စစ်​သား များ​ကို​စေ​လွှတ်​ပြီး​လျှင်​ထို​လူ​သတ်​သ​မား တို့​ကို​သုတ်​သင်​စေ​၏။ သူ​တို့​၏​မြို့​ကို​လည်း မီး​ရှို့​စေ​၏။-
Vua nổi giận, cho quân đội tiêu diệt bọn sát nhân và thiêu hủy thành của họ.
8 ထို​နောက်​မင်း​စေ​တို့​ကို​ခေါ်​ပြီး​လျှင်​မင်္ဂ​လာ​ဆောင် ဧည့်​ခံ​ပွဲ​သည်​အ​သင့်​ရှိ​ပြီ​ဖြစ်​သော်​လည်း​ဖိတ် ကြား​ခြင်း​ခံ​ရ​သူ​တို့​သည်​ထို​ပွဲ​နှင့်​မ​ထိုက်​မ​တန် ကြ​သ​ဖြင့်၊-
Rồi vua bảo các cận thần: ‘Tiệc cưới đã dọn xong, nhưng khách được mời đều không xứng đáng.
9 `လမ်း​မ​ကြီး​များ​သို့​သွား​၍​သင်​တို့​တွေ့​ရှိ​သ​မျှ သော​သူ​တို့​ကို​ခေါ်​ဖိတ်​ကြ​လော့' ဟု​မိန့်​တော်​မူ​၏။-
Vậy, cứ đi ra các đường phố lớn, gặp ai cũng mời về dự tiệc!’
10 ၁၀ မင်း​စေ​တို့​သည်​လမ်း​များ​သို့​သွား​၍​တွေ့​ရှိ​သ​မျှ သော​လူ​ဆိုး​လူ​ကောင်း​တို့​ကို​ခေါ်​ဆောင်​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​မင်္ဂ​လာ​ဆောင်​ပွဲ​ခန်း​မ​သည်​ဧည့်​သည် များ​ဖြင့်​ပြည့်​၍​နေ​လေ​၏။''
Họ đi khắp các ngã đường, đem về đủ hạng người, không phân biệt tốt xấu, nên phòng tiệc đầy dẫy tân khách ăn uống nhộn nhịp.
11 ၁၁ ``မင်း​ကြီး​သည်​ဧည့်​သည်​များ​ကို​ကြည့်​ရှု​ရန် ကြွ​လာ​သော​အ​ခါ မင်္ဂ​လာ​ဆောင်​ပွဲ​ထိုင်​ဝတ်​စုံ ကို​ဝတ်​ဆင်​မ​ထား​သူ​လူ​တစ်​ယောက်​ကို​မြင် တော်​မူ​သ​ဖြင့် `အ​ဆွေ​သင်​သည်​ပွဲ​ထိုင်​ဝတ်​စုံ ကို​မ​ဝတ်​မ​ဆင်​ဘဲ​အ​ဘယ်​ကြောင့်​လာ​ပါ သ​နည်း' ဟု​မေး​တော်​မူ​၏။-
Khi vua vào phòng tiệc, vua gặp một vị khách không mặc trang phục cho lễ cưới.
12 ၁၂ သို့​ရာ​တွင်​ထို​သူ​သည်​မ​ဖြေ​နိုင်​ဘဲ​ရှိ​နေ​၏။-
Vua hỏi: ‘Này bạn, sao đã vào đây mà không mặc áo lễ?’ Nhưng người ấy không đáp lại.
13 ၁၃ ထို​အ​ခါ​မင်း​ကြီး​က​မင်း​စေ​တို့​အား `ထို​သူ​၏ ခြေ​လက်​တို့​ကို​တုပ်​နှောင်​ပြီး​လျှင်​အ​ပြင်​အ​မှောင် ထဲ​သို့​ထုတ်​လိုက်​ကြ။ ထို​နေ​ရာ​တွင်​သူ​သည် ငို​ကြွေး​မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက် နေ​ရ​လိမ့်​မည်' ဟု​အ​မိန့်​တော်​ရှိ​၏'' ဟူ​၍ မိန့်​တော်​မူ​သည်။
Vua truyền cho thuộc hạ: ‘Hãy trói người ấy, ném ra ngoài, vào chỗ tối tăm đầy tiếng khóc lóc và nghiến răng.’
14 ၁၄ ထို​နောက်​သ​ခင်​ယေ​ရှု​က ``ဖိတ်​ကြား​ခြင်း​ခံ​ရ သူ​တို့​မှာ​များ​သော်​လည်း​ရွေး​ကောက်​ခြင်း​ခံ​ရ သူ​တို့​ကား​နည်း​၏'' ဟု​မိန့်​တော်​မူ​သည်။
Vì nhiều người được mời, nhưng ít người được chọn.”
15 ၁၅ ထို​နောက်​ဖာ​ရိ​ရှဲ​တို့​သည်​ထွက်​သွား​ပြီး​လျှင် ကိုယ်​တော်​အား​အ​ဘယ်​သို့​ပ​ရိ​ယာယ်​ဆင်​၍ မေး​မြန်း​ရ​မည်​ကို​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။-
Các thầy Pha-ri-si họp nhau bàn mưu gài bẫy Chúa Giê-xu để có lý do bắt Ngài.
16 ၁၆ သူ​တို့​သည်​မိ​မိ​တို့​၏​တ​ပည့်​များ​ကို​ဟေ​ရုဒ် ၏​ပါ​တီ​ဝင်​အ​ချို့​နှင့်​အ​တူ​အ​ထံ​တော်​သို့ စေ​လွှတ်​ပြီး​လျှင် ``ဆ​ရာ​တော်၊ အ​ရှင်​သည်​သစ္စာ ရှိ​တော်​မူ​၍​ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော်​မူ​ပါ​၏။ လူ တို့​အ​ဘယ်​သို့​ထင်​မြင်​ကြ​သည်​ကို​အ​မှု​မ ထား​ပါ။ လူ့​မျက်​နှာ​ကို​လည်း​ထောက်​တော်​မ​မူ​ပါ။-
Họ sai vài môn đệ của họ cùng đi với các đảng viên Hê-rốt đến hỏi Chúa: “Thưa Thầy, chúng tôi biết Thầy là người chân chính, lấy công tâm giảng dạy Đạo Đức Chúa Trời, không nể sợ, thiên vị ai.
17 ၁၇ သို့​ဖြစ်​၍​အ​ရှင်​အ​ဘယ်​သို့​ထင်​မြင်​သည်​ကို အ​ကျွန်ုပ်​တို့​အား​မိန့်​တော်​မူ​ပါ။ ရော​မ​ဧ​က​ရာဇ် ဘု​ရင်​အား​အ​ခွန်​ဆက်​အပ်​ပါ​သ​လော၊ မ​ဆက် အပ်​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။
Xin Thầy cho biết: Có nên nộp thuế cho Sê-sa không?”
18 ၁၈ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ဆိုး​ညစ် သော​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ​သ​ဖြင့် ``ကြောင် သူ​တော်​တို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​အား ပ​ရိ​ယာယ်​ဆင်​၍​မေး​မြန်း​ကြ​သ​နည်း။-
Chúa Giê-xu biết rõ dụng ý họ, liền bảo: “Hạng đạo đức giả! Các ông muốn gài bẫy Ta sao?
19 ၁၉ အ​ခွန်​တော်​ပေး​ဆောင်​ရန်​ငွေ​ဒင်္ဂါး​တစ်​ပြား​ကို ငါ့​အား​ပြ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ သူ​တို့​သည်​ဒေ​နာ​ရိ​တစ်​ပြား​ကို​ယူ​ခဲ့​ကြ​၏။-
Đưa Ta xem một đồng bạc nộp thuế!” Khi họ đưa cho Ngài một đồng bạc La Mã,
20 ၂၀ ကိုယ်​တော်​က ``ဤ​ရုပ်​ပုံ၊ ဤ​ကမ္ပည်း​လိပ်​စာ​သည်​မည် သူ့​ရုပ်​ပုံ၊ မည်​သူ့​ကမ္ပည်း​လိပ်​စာ​ဖြစ်​သ​နည်း'' ဟု မေး​တော်​မူ​၏။
Chúa hỏi: “Hình và tên ai đây?”
21 ၂၁ သူ​တို့​က ``ဧက​ရာဇ်​၏​ရုပ်​ပုံ၊ ဧ​က​ရာဇ်​ဘု​ရင်​ကမ္ပည်း လိပ်​စာ​ဖြစ်​ပါ​သည်'' ဟု​ပြန်​လျှောက်​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``ဧ​က​ရာဇ်​ဘု​ရင်​ပိုင်​သည့် အ​ရာ​ကို​ဧ​က​ရာဇ်​ဘု​ရင်​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင်​ပိုင်​သည့်​အ​ရာ​ကို​ဘု​ရား​သခင် အား​ဆက်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
Họ đáp: “Sê-sa.” Chúa dạy: “Vậy, hãy nộp cho Sê-sa những gì của Sê-sa! Hãy trả lại cho Đức Chúa Trời những gì thuộc về Ngài!”
22 ၂၂ ထို​သူ​တို့​သည်​ထို​စ​ကား​ကို​ကြား​လျှင်​လွန် စွာ​အံ့​သြ​ကြ​၏။ ထို​နောက်​ကိုယ်​တော်​၏​ထံ​မှ ထွက်​ခွာ​သွား​ကြ​၏။
Họ sững sờ, không biết nói gì nên rút lui ngay.
23 ၂၃ ထို​နေ့​၌​ပင်​ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည်​အ​ထံ​တော် သို့​လာ​ကြ​၏။ သူ​တို့​က​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​ခြင်း​ဟူ​သည်​မ​ရှိ​ဟု​ခံ​ယူ​ယုံ ကြည်​ကြ​သူ​များ​ဖြစ်​၏။-
Cũng ngày hôm ấy, các thầy Sa-đu-sê (chủ trương không có sự sống lại) đến hỏi Chúa:
24 ၂၄ သူ​တို့​က ``ဆ​ရာ​တော်၊ လူ​တစ်​စုံ​တစ်​ယောက်​သည် သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင်​သူ​၏ မု​ဆိုး​မ​ကို​ညီ​ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား​ရ မည်။ ရ​သော​သား​သ​မီး​များ​အား​ဖြင့်​အစ်​ကို ၏​အ​မျိုး​ကို​မ​ပြတ်​စေ​ရ​ဟု​မော​ရှေ​မိန့်​မှာ ခဲ့​ပါ​၏။-
“Thưa Thầy, Môi-se đã dạy: ‘Nếu người đàn ông nào qua đời không có con, thì em trai người đó sẽ lấy vợ goá của anh để sinh con nối dõi cho anh.’
25 ၂၅ အကျွန်ုပ်​တို့​တွင်​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ​ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​ပြီး​နောက်​သေ​ဆုံး သွား​ပါ​၏။ သား​သ​မီး​မ​ရ​သ​ဖြင့်​သူ​၏​ဇနီး​ကို ညီ​ဖြစ်​သူ​က​ဆက်​ခံ​ခဲ့​ပါ​၏။-
Chúng tôi gặp trường hợp: Gia đình kia có bảy anh em, người anh cả cưới vợ rồi chết không con, để vợ lại cho em.
26 ၂၆ ဒု​တိ​ယ​ညီ၊ တ​တိ​ယ​ညီ​စ​သည်​ဖြင့်​ညီ​အစ်​ကို ခု​နစ်​ယောက်​စ​လုံး​ပင်​ထို​အ​မျိုး​သ​မီး​နှင့်​စုံ ဖက်​ပြီး​နောက်​သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​ကြ ပါ​၏။-
Rồi từ người thứ hai, thứ ba, cho đến người thứ bảy, việc xảy ra giống hệt như thế.
27 ၂၇ နောက်​ဆုံး​၌​အ​မျိုး​သ​မီး​သည်​လည်း​သေ​ပါ​၏။-
Sau đó, người đàn bà cũng chết.
28 ၂၈ သို့​ဖြစ်​၍​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ရာ​နေ့​၌ အ​မျိုး​သ​မီး​သည်​ညီ​အစ်​ကို​ခုနစ်​ယောက်​အ​နက် မည်​သူ​၏​ဇ​နီး​ဖြစ်​ပါ​မည်​နည်း'' ဟု​မေး​လျှောက် ကြ​၏။
Đến ngày sống lại, người đàn bà ấy sẽ làm vợ ai trong bảy anh em? Vì tất cả đều đã cưới nàng.”
29 ၂၉ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ကျမ်း​စာ​တော်​ကို နား​မ​လည်​ကြ။ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် ကို​လည်း​မ​သိ​ကြ။ သို့​ဖြစ်​၍​အ​ယူ​လွဲ​လျက် နေ​ကြ​၏။-
Chúa Giê-xu đáp: “Các ông lầm lẫn vì không hiểu Thánh Kinh, cũng chẳng hiểu quyền năng Đức Chúa Trời.
30 ၃၀ လူ​တို့​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ကြ​သော အ​ခါ​ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​တော့​ပြီ။ သူ တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ်​ကြ လိမ့်​မည်။-
Khi sống lại, không ai còn cưới vợ lấy chồng nữa, mọi người đều giống như thiên sứ trên trời.
31 ၃၁ သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​ရှိ​ရ​မည် အ​ကြောင်း​နှင့်​ပတ်​သက်​၍ `ငါ​သည်​အာဗြဟံ​၏ ဘု​ရား၊ ဣဇက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား​ပေ​တည်း' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကို​သင်​တို့​မ​ဖတ် ဖူး​ကြ​သ​လော။ ကိုယ်​တော်​သည်​သေ​လွန်​သူ​တို့​၏ ဘု​ရား​မ​ဟုတ်။ ရှင်​နေ​သူ​တို့​၏​ဘု​ရား​ဖြစ်​၏' ဟု မိန့်​တော်​မူ​၏။
Về sự sống lại của người chết, các ông chưa đọc Lời Đức Chúa Trời phán với các ông sao? Sau nhiều năm Áp-ra-ham, Y-sác, và Gia-cốp qua đời, Đức Chúa Trời phán:
32 ၃၂
‘Ta là Đức Chúa Trời của Áp-ra-ham, Đức Chúa Trời của Y-sác, và Đức Chúa Trời của Gia-cốp.’ Ngài không phải là Đức Chúa Trời của người chết, nhưng Đức Chúa Trời của người sống.”
33 ၃၃ ထို​သွန်​သင်​ချက်​ကို​လူ​ပ​ရိ​သတ်​တို့​ကြား​သော အ​ခါ​အံ့​သြ​ကြ​၏။
Dân chúng ngạc nhiên và khâm phục các lời dạy của Chúa.
34 ၃၄ ဇဒ္ဒု​ကဲ​တို့​မ​ချေ​ပ​နိုင်​အောင်​ဤ​သို့​သခင်​ယေရှု ဖြေ​ကြား​တော်​မူ​လိုက်​ကြောင်း​ကို​ဖာ​ရိ​ရှဲ​တို့ ကြား​လျှင်​အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​၏။-
Khi các thầy Pha-ri-si nghe tin Chúa khiến cho các thầy Sa-đu-sê cứng họng, họ liền họp nhau tìm cách gài bẫy Ngài.
35 ၃၅ သူ​တို့​အ​ထဲ​မှ​ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက် က ``ဆ​ရာ​တော်၊ ပ​ညတ်​ကျမ်း​မှာ​အ​ဘယ်​ပ​ညတ် သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​ပါ​သ​နည်း'' ဟု​ပ​ရိ ယာယ်​ဆင်​၍​မေး​လျှောက်​လေ​၏။-
Một thầy Pha-ri-si làm luật gia đến chất vấn Chúa:
36 ၃၆
“Thưa Thầy, điều răn nào quan trọng nhất trong luật pháp Môi-se?”
37 ၃၇ ကိုယ်​တော်​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း ရှိ​သ​မျှ​နှင့်​ချစ်​ရ​မည်​ဟူ​သော​ပညတ်​သည်​ပ​ထ​မ အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ဖြစ်​၏။-
Chúa Giê-xu đáp: “‘Phải yêu thương Chúa Hằng Hữu là Đức Chúa Trời ngươi với cả tấm lòng, linh hồn, và trí tuệ!’
38 ၃၈
Đó là điều răn thứ nhất và quan trọng nhất.
39 ၃၉ ဒု​တိ​ယ​အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ကား၊ အိမ်​နီး​ချင်း ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​သော​ပ​ညတ် ဖြစ်​၏။-
Điều răn thứ hai cũng giống như thế: ‘Yêu người lân cận như chính mình.’
40 ၄၀ ဤ​ပညတ်​နှစ်​ပါး​တို့​သည်​မောရှေ​၏​ပ​ညတ်​ကျမ်း တစ်​စောင်​လုံး​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​၏​အ​ချုပ် အ​ခြာ​ပင်​ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​သည်။
Hai điều răn ấy làm nền tảng cho tất cả luật pháp và lời tiên tri. Ai giữ hai điều răn ấy là giữ được toàn bộ luật pháp.”
41 ၄၁ ဖာ​ရိ​ရှဲ​တို့​စု​ရုံး​မိ​ကြ​သော​အ​ခါ​သခင်​ယေရှု က ``မေ​ရှိ​ယ​ကို​သင်​တို့​မည်​သို့​ထင်​မြင်​ယူ​ဆ ကြ​သ​နည်း။ သူ​သည်​မည်​သူ​၏​သား​မြေး​ဖြစ် သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​ပါ​သည်'' ဟု​လျှောက်​ကြ​လျှင်၊
Thấy các thầy Pha-ri-si vây quanh mình, Chúa Giê-xu hỏi:
42 ၄၂
“Các ông nghĩ thế nào về Đấng Mết-si-a? Ngài là dòng dõi của ai?” Họ đáp: “Con của Đa-vít.”
43 ၄၃ ကိုယ်​တော်​က ``သို့​ဖြစ်​ပါ​မူ​ဒါဝိဒ်​မင်း​သည်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက်​ဖြင့်​မေ​ရှိ​ယ​ကို အ​ရှင်​ဟု​အ​ဘယ်​ကြောင့်​ခေါ်​ပါ​သ​နည်း။ ဒါ​ဝိဒ်​မင်း​ကြီး​က၊
Chúa Giê-xu hỏi tiếp: “Tại sao Đa-vít được Chúa Thánh Linh cảm hứng, gọi Đấng Mết-si-a là ‘Chúa tôi’? Vì Đa-vít nói:
44 ၄၄ `သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ရောက်​စေ​ရ​မည်။ ယင်း​သို့​မ​ရောက်​စေ​သေး​မီ​ကာ​လ​အ​တွင်း ငါ​၏​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​လော့​ဟု ဘု​ရား​သ​ခင်​က​ငါ​၏​အ​ရှင်​အား​မိန့်​တော်​မူ​သည်' ဟု​မြွက်​ဆို​ခဲ့​၏။
‘Chúa Hằng Hữu phán cùng Chúa tôi: Hãy ngồi bên phải Ta cho đến chừng Ta đặt kẻ thù dưới gót chân Con.’
45 ၄၅ အ​ကယ်​၍​ဒါ​ဝိဒ်​မင်း​သည်​မေ​ရှိ​ယ​ကို​အ​ရှင်​ဟု ခေါ်​ပါ​မူ​မေ​ရှိ​ယ​သည်​အ​ဘယ်​သို့​လျှင်​ဒါ​ဝိဒ်​၏ သား​မြေး​ဖြစ်​နိုင်​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
Đa-vít đã gọi Đấng Mết-si-a là ‘Chúa tôi,’ thì sao Đấng Mết-si-a có thể là dòng dõi của Đa-vít được?”
46 ၄၆ ထို​အ​ခါ​ကိုယ်​တော်​အား​မည်​သူ​မျှ​အ​ဖြေ​မ​ပေး နိုင်​ကြ။ ထို​နေ့​မှ​စ​၍​မည်​သူ​မျှ​ကိုယ်​တော်​အား နောက်​ထပ်​မ​မေး​မြန်း​ဝံ့​တော့​ပေ။
Các thầy Pha-ri-si không biết giải đáp thế nào. Không ai dám chất vấn Chúa nữa.

< မဿဲ 22 >