< မဿဲ 22 >
1 ၁ သခင်ယေရှုသည်ပုံဥပမာဆောင်၍ထိုသူ တို့အားမိန့်တော်မူပြန်၏။-
2 ၂ ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော်သည်သား တော်အတွက်မင်္ဂလာဆောင်ဧည့်ခံပွဲကိုပြင်ဆင် ထားသည့်ဘုရင်တစ်ပါးကြုံတွေ့ရသည့်အဖြစ် အပျက်နှင့်တူ၏။-
3 ၃ မင်းကြီးသည်ဖိတ်ကြားထားသူများထံသို့မင်း စေတို့ကိုလွှတ်၍ခေါ်ဖိတ်စေ၏။ သို့ရာတွင်သူတို့ သည်မလာလိုကြ။-
4 ၄ မင်းကြီးက `ငါ၏ညစာစားပွဲအသင့်ရှိပြီ။ နွား အစရှိသည့်ဆူဖြိုးသောတိရစ္ဆာန်များကိုလည်း သတ်ပြီးပြီ။ အားလုံးအဆင်သင့်ရှိပြီဖြစ်၍ မင်္ဂလာဆောင်ပွဲသို့ကြွရောက်ကြပါ' ဟုဖိတ် ကြားထားသူတို့အားပြောကြလော့ဟူ၍ အခြားမင်းစေတို့အားလွှတ်တော်မူ၏။-
5 ၅ သို့ရာတွင်ဖိတ်ကြားထားသူတို့သည်မင်းစေ တို့ကိုဂရုမစိုက်ဘဲတစ်ယောက်ကလယ်တော သို့လည်းကောင်း၊ အခြားတစ်ယောက်ကမိမိ ကုန်သွယ်ရာသို့လည်းကောင်းသွားကြ၏။-
6 ၆ ကျန်သောသူများကမင်းစေတို့ကိုဖမ်း၍ ရိုက်နှက်သတ်ဖြတ်ကြ၏။-
7 ၇ မင်းကြီးသည်လွန်စွာအမျက်ထွက်၍စစ်သား များကိုစေလွှတ်ပြီးလျှင်ထိုလူသတ်သမား တို့ကိုသုတ်သင်စေ၏။ သူတို့၏မြို့ကိုလည်း မီးရှို့စေ၏။-
8 ၈ ထိုနောက်မင်းစေတို့ကိုခေါ်ပြီးလျှင်မင်္ဂလာဆောင် ဧည့်ခံပွဲသည်အသင့်ရှိပြီဖြစ်သော်လည်းဖိတ် ကြားခြင်းခံရသူတို့သည်ထိုပွဲနှင့်မထိုက်မတန် ကြသဖြင့်၊-
9 ၉ `လမ်းမကြီးများသို့သွား၍သင်တို့တွေ့ရှိသမျှ သောသူတို့ကိုခေါ်ဖိတ်ကြလော့' ဟုမိန့်တော်မူ၏။-
10 ၁၀ မင်းစေတို့သည်လမ်းများသို့သွား၍တွေ့ရှိသမျှ သောလူဆိုးလူကောင်းတို့ကိုခေါ်ဆောင်ခဲ့ကြ၏။ သို့ဖြစ်၍မင်္ဂလာဆောင်ပွဲခန်းမသည်ဧည့်သည် များဖြင့်ပြည့်၍နေလေ၏။''
11 ၁၁ ``မင်းကြီးသည်ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံ ကိုဝတ်ဆင်မထားသူလူတစ်ယောက်ကိုမြင် တော်မူသဖြင့် `အဆွေသင်သည်ပွဲထိုင်ဝတ်စုံ ကိုမဝတ်မဆင်ဘဲအဘယ်ကြောင့်လာပါ သနည်း' ဟုမေးတော်မူ၏။-
12 ၁၂ သို့ရာတွင်ထိုသူသည်မဖြေနိုင်ဘဲရှိနေ၏။-
13 ၁၃ ထိုအခါမင်းကြီးကမင်းစေတို့အား `ထိုသူ၏ ခြေလက်တို့ကိုတုပ်နှောင်ပြီးလျှင်အပြင်အမှောင် ထဲသို့ထုတ်လိုက်ကြ။ ထိုနေရာတွင်သူသည် ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ်လျက် နေရလိမ့်မည်' ဟုအမိန့်တော်ရှိ၏'' ဟူ၍ မိန့်တော်မူသည်။
14 ၁၄ ထိုနောက်သခင်ယေရှုက ``ဖိတ်ကြားခြင်းခံရ သူတို့မှာများသော်လည်းရွေးကောက်ခြင်းခံရ သူတို့ကားနည်း၏'' ဟုမိန့်တော်မူသည်။
15 ၁၅ ထိုနောက်ဖာရိရှဲတို့သည်ထွက်သွားပြီးလျှင် ကိုယ်တော်အားအဘယ်သို့ပရိယာယ်ဆင်၍ မေးမြန်းရမည်ကိုဆွေးနွေးတိုင်ပင်ကြ၏။-
16 ၁၆ သူတို့သည်မိမိတို့၏တပည့်များကိုဟေရုဒ် ၏ပါတီဝင်အချို့နှင့်အတူအထံတော်သို့ စေလွှတ်ပြီးလျှင် ``ဆရာတော်၊ အရှင်သည်သစ္စာ ရှိတော်မူ၍ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်သည်အတိုင်းသွန်သင်တော်မူပါ၏။ လူ တို့အဘယ်သို့ထင်မြင်ကြသည်ကိုအမှုမ ထားပါ။ လူ့မျက်နှာကိုလည်းထောက်တော်မမူပါ။-
17 ၁၇ သို့ဖြစ်၍အရှင်အဘယ်သို့ထင်မြင်သည်ကို အကျွန်ုပ်တို့အားမိန့်တော်မူပါ။ ရောမဧကရာဇ် ဘုရင်အားအခွန်ဆက်အပ်ပါသလော၊ မဆက် အပ်ပါသလော'' ဟုမေးလျှောက်ကြ၏။
18 ၁၈ သို့ရာတွင်သခင်ယေရှုသည်သူတို့၏ဆိုးညစ် သောအကြံအစည်ကိုသိတော်မူသဖြင့် ``ကြောင် သူတော်တို့၊ သင်တို့သည်အဘယ်ကြောင့်ငါ့အား ပရိယာယ်ဆင်၍မေးမြန်းကြသနည်း။-
19 ၁၉ အခွန်တော်ပေးဆောင်ရန်ငွေဒင်္ဂါးတစ်ပြားကို ငါ့အားပြကြလော့'' ဟုမိန့်တော်မူ၏။ သူတို့သည်ဒေနာရိတစ်ပြားကိုယူခဲ့ကြ၏။-
20 ၂၀ ကိုယ်တော်က ``ဤရုပ်ပုံ၊ ဤကမ္ပည်းလိပ်စာသည်မည် သူ့ရုပ်ပုံ၊ မည်သူ့ကမ္ပည်းလိပ်စာဖြစ်သနည်း'' ဟု မေးတော်မူ၏။
21 ၂၁ သူတို့က ``ဧကရာဇ်၏ရုပ်ပုံ၊ ဧကရာဇ်ဘုရင်ကမ္ပည်း လိပ်စာဖြစ်ပါသည်'' ဟုပြန်လျှောက်ကြ၏။ ထိုအခါကိုယ်တော်က ``ဧကရာဇ်ဘုရင်ပိုင်သည့် အရာကိုဧကရာဇ်ဘုရင်အားဆက်ကြလော့။ ဘုရားသခင်ပိုင်သည့်အရာကိုဘုရားသခင် အားဆက်ကြလော့'' ဟုမိန့်တော်မူ၏။
22 ၂၂ ထိုသူတို့သည်ထိုစကားကိုကြားလျှင်လွန် စွာအံ့သြကြ၏။ ထိုနောက်ကိုယ်တော်၏ထံမှ ထွက်ခွာသွားကြ၏။
23 ၂၃ ထိုနေ့၌ပင်ဇဒ္ဒုကဲအချို့တို့သည်အထံတော် သို့လာကြ၏။ သူတို့ကသေခြင်းမှရှင်ပြန် ထမြောက်ခြင်းဟူသည်မရှိဟုခံယူယုံ ကြည်ကြသူများဖြစ်၏။-
24 ၂၄ သူတို့က ``ဆရာတော်၊ လူတစ်စုံတစ်ယောက်သည် သားသမီးမရဘဲသေဆုံးသွားလျှင်သူ၏ မုဆိုးမကိုညီဖြစ်သူကဆက်ခံထိမ်းမြားရ မည်။ ရသောသားသမီးများအားဖြင့်အစ်ကို ၏အမျိုးကိုမပြတ်စေရဟုမောရှေမိန့်မှာ ခဲ့ပါ၏။-
25 ၂၅ အကျွန်ုပ်တို့တွင်ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုကြီးသည်အိမ်ထောင်ကျပြီးနောက်သေဆုံး သွားပါ၏။ သားသမီးမရသဖြင့်သူ၏ဇနီးကို ညီဖြစ်သူကဆက်ခံခဲ့ပါ၏။-
26 ၂၆ ဒုတိယညီ၊ တတိယညီစသည်ဖြင့်ညီအစ်ကို ခုနစ်ယောက်စလုံးပင်ထိုအမျိုးသမီးနှင့်စုံ ဖက်ပြီးနောက်သားသမီးမရဘဲသေဆုံးကြ ပါ၏။-
27 ၂၇ နောက်ဆုံး၌အမျိုးသမီးသည်လည်းသေပါ၏။-
28 ၂၈ သို့ဖြစ်၍သေခြင်းမှရှင်ပြန်ထမြောက်ရာနေ့၌ အမျိုးသမီးသည်ညီအစ်ကိုခုနစ်ယောက်အနက် မည်သူ၏ဇနီးဖြစ်ပါမည်နည်း'' ဟုမေးလျှောက် ကြ၏။
29 ၂၉ သခင်ယေရှုက ``သင်တို့သည်ကျမ်းစာတော်ကို နားမလည်ကြ။ ဘုရားသခင်၏တန်ခိုးတော် ကိုလည်းမသိကြ။ သို့ဖြစ်၍အယူလွဲလျက် နေကြ၏။-
30 ၃၀ လူတို့သည်သေခြင်းမှရှင်ပြန်ထမြောက်ကြသော အခါထိမ်းမြားစုံဖက်ခြင်းကိုမပြုတော့ပြီ။ သူ တို့သည်ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ လိမ့်မည်။-
31 ၃၁ သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းရှိရမည် အကြောင်းနှင့်ပတ်သက်၍ `ငါသည်အာဗြဟံ၏ ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟုဘုရားသခင်မိန့်တော်မူသည်ကိုသင်တို့မဖတ် ဖူးကြသလော။ ကိုယ်တော်သည်သေလွန်သူတို့၏ ဘုရားမဟုတ်။ ရှင်နေသူတို့၏ဘုရားဖြစ်၏' ဟု မိန့်တော်မူ၏။
32 ၃၂
33 ၃၃ ထိုသွန်သင်ချက်ကိုလူပရိသတ်တို့ကြားသော အခါအံ့သြကြ၏။
34 ၃၄ ဇဒ္ဒုကဲတို့မချေပနိုင်အောင်ဤသို့သခင်ယေရှု ဖြေကြားတော်မူလိုက်ကြောင်းကိုဖာရိရှဲတို့ ကြားလျှင်အထံတော်သို့စုရုံးလာကြ၏။-
35 ၃၅ သူတို့အထဲမှကျမ်းတတ်ဆရာတစ်ယောက် က ``ဆရာတော်၊ ပညတ်ကျမ်းမှာအဘယ်ပညတ် သည်အကြီးမြတ်ဆုံးဖြစ်ပါသနည်း'' ဟုပရိ ယာယ်ဆင်၍မေးလျှောက်လေ၏။-
36 ၃၆
37 ၃၇ ကိုယ်တော်က ``သင်၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနှင့်ချစ်ရမည်ဟူသောပညတ်သည်ပထမ အကြီးမြတ်ဆုံးပညတ်ဖြစ်၏။-
38 ၃၈
39 ၃၉ ဒုတိယအကြီးမြတ်ဆုံးပညတ်ကား၊ အိမ်နီးချင်း ကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် ဖြစ်၏။-
40 ၄၀ ဤပညတ်နှစ်ပါးတို့သည်မောရှေ၏ပညတ်ကျမ်း တစ်စောင်လုံးနှင့်ပရောဖက်ကျမ်းများ၏အချုပ် အခြာပင်ဖြစ်သတည်း'' ဟုမိန့်တော်မူသည်။
41 ၄၁ ဖာရိရှဲတို့စုရုံးမိကြသောအခါသခင်ယေရှု က ``မေရှိယကိုသင်တို့မည်သို့ထင်မြင်ယူဆ ကြသနည်း။ သူသည်မည်သူ၏သားမြေးဖြစ် သနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``ဒါဝိဒ်၏သားမြေးဖြစ်ပါသည်'' ဟုလျှောက်ကြလျှင်၊
42 ၄၂
43 ၄၃ ကိုယ်တော်က ``သို့ဖြစ်ပါမူဒါဝိဒ်မင်းသည်သန့်ရှင်း သောဝိညာဉ်တော်၏နှိုးဆော်ချက်ဖြင့်မေရှိယကို အရှင်ဟုအဘယ်ကြောင့်ခေါ်ပါသနည်း။ ဒါဝိဒ်မင်းကြီးက၊
44 ၄၄ `သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ရောက်စေရမည်။ ယင်းသို့မရောက်စေသေးမီကာလအတွင်း ငါ၏လက်ယာဘက်တွင်ထိုင်နေလော့ဟု ဘုရားသခင်ကငါ၏အရှင်အားမိန့်တော်မူသည်' ဟုမြွက်ဆိုခဲ့၏။
45 ၄၅ အကယ်၍ဒါဝိဒ်မင်းသည်မေရှိယကိုအရှင်ဟု ခေါ်ပါမူမေရှိယသည်အဘယ်သို့လျှင်ဒါဝိဒ်၏ သားမြေးဖြစ်နိုင်ပါသနည်း'' ဟုမေးတော်မူ၏။
46 ၄၆ ထိုအခါကိုယ်တော်အားမည်သူမျှအဖြေမပေး နိုင်ကြ။ ထိုနေ့မှစ၍မည်သူမျှကိုယ်တော်အား နောက်ထပ်မမေးမြန်းဝံ့တော့ပေ။