< မဿဲ 21 >

1 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​သို့​ချဉ်း​ကပ်​လာ​သ​ဖြင့် သံ​လွင်​တောင်​အ​နီး ရှိ​ဗက်​ဖာ​ဂေ​ရွာ​သို့​ရောက်​ကြ​၏။ သ​ခင်​ယေ​ရှု သည်​တ​ပည့်​တော်​နှစ်​ယောက်​အား၊-
Vừa khi Đức Chúa Jêsus cùng môn đồ gần đến thành Giê-ru-sa-lem, và đã tới thành Bê-pha-giê, bên núi Ô-li-ve rồi, thì Ngài sai hai môn đồ,
2 ``သင်​တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ။ မြည်း က​လေး​တစ်​ကောင်​နှင့်​အ​တူ​ကြိုး​ဖြင့်​လှန်​ထား သော​မြည်း​မ​တစ်​ကောင်​ကို​တွေ့​ရ​လိမ့်​မည်။ ကြိုး ကို​ဖြေ​၍​မြည်း​များ​ကို​ယူ​ခဲ့​ကြ​လော့။-
mà phán rằng: Hãy đi đến làng ở trước mặt các ngươi, tức thì sẽ gặp một con lừa cái bị cột, với một con lừa con; hãy mở ra và dắt đến cho ta.
3 အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့ အား `အ​ဘယ်​ကြောင့်​ဖြေ​သ​နည်း' ဟု​မေး​ခဲ့ သော် `အ​ရှင်​ဘု​ရား​အ​လို​ရှိ​ပါ​သည်' ဟု ဖြေ​ကြား​ကြ​လော့။ ထို​အ​ခါ​သူ​သည်​မြည်း များ​ကို​ချက်​ချင်း​ယူ​ခွင့်​ပြု​လိမ့်​မည်'' ဟူ​၍ မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။
Nếu có ai nói chi với các ngươi, hãy trả lời rằng Chúa cần dùng hai con lừa đó; tức thì họ sẽ gởi lừa đi.
4 ဤ​အ​ခြင်း​အ​ရာ​ကား ``သင်​တို့​၏​ရှင်​ဘု​ရင်​သည် သင်​တို့​ထံ​သို့​ကြွလာ​တော်​မူ​ပြီ။ ထို​အ​ရှင်​သည်​နူး​ညံ့​သိမ်​မွေ့​တော်​မူ​သ​ဖြင့် မြည်း​ကို​စီး​တော်​မူ​၏။ ဝန်​ဆောင်​တိ​ရစ္ဆာန်​၏​သား၊မြည်း​က​လေး​ကို​စီး တော်​မူ​၏​ဟု​ဇိ​အုန်​မြို့​အား​ပြော​ကြား​ကြ​လော့'' ဟူ​၍​ပ​ရော​ဖက်​မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း ဖြစ်​ပျက်​ခြင်း​ပင်​တည်း။
Vả, điều ấy xảy ra để cho ứng nghiệm lời của đấng tiên tri rằng:
5
Hãy nói với con gái thành Si-ôn rằng: Nầy, vua ngươi đến cùng ngươi, Nhu mì, cỡi lừa Và lừa con, là con của lừa cái mang ách.
6 တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး လျှင်​သ​ခင်​ယေ​ရှု​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။-
Hai môn đồ bèn đi, và làm y theo lời Đức Chúa Jêsus đã dạy.
7 သူ​တို့​သည်​မြည်း​မ​နှင့်​မြည်း​က​လေး​ကို​ဆောင် ယူ​ခဲ့​၍ မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လွှမ်း​တင်​ကြ ၏။ ကိုယ်​တော်​သည်​မြည်း​ကို​စီး​တော်​မူ​၏။-
Hai người dắt lừa cái và lừa con, trải áo mình trên lưng lừa, và nâng Ngài cỡi lên.
8 လူ​ပ​ရိ​သတ်​တို့​သည်​လည်း​မိ​မိ​တို့​၏​ဝတ်​လုံ များ​ကို​လမ်း​ပေါ်​မှာ​ဖြန့်​ခင်း​ကြ​၏။ လူ​အ​ချို့ တို့​သည်​သစ်​ပင်​များ​မှ​အ​ကိုင်း​အ​ခက်​များ ကို​ခုတ်​၍​လမ်း​ပေါ်​မှာ​ခင်း​ကြ​၏။-
Bấy giờ phần nhiều trong đám dân đông trải áo mình trên đường; kẻ khác chặt nhánh cây mà rải ra giữa đường.
9 ကိုယ်​တော်​၏​ရှေ့​နောက်​လိုက်​ပါ​လာ​ကြ​သူ​လူ အ​ပေါင်း​တို့​က ``ဒါ​ဝိဒ်​၏​သား​တော်​အား​ဂုဏ် တော်​ကို​ချီး​ကူး​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​နှင့်​ကြွ​လာ​သော​အ​ရှင်​သည်​မင်္ဂလာ ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ ကုန်​၏။
Đoàn dân đi trước và theo sau đều kêu lên rằng: Hô-sa-na con vua Đa-vít! Đáng khen ngợi cho Đấng nhân danh Chúa mà đến! Hô-sa-na ở trên nơi rất cao!
10 ၁၀ ယေ​ရု​ရှ​လင်​မြို့​သို့​ကိုယ်​တော်​ဝင်​သော​အ​ခါ တစ်​မြို့​လုံး​အုတ်​အုတ်​သဲ​သဲ​ဖြစ်​ပြီး​လျှင် လူ​တို့ က ``ဤ​သူ​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း ကြ​၏။
Khi Ngài đã vào thành Giê-ru-sa-lem, thì cả thành đều xôn xao, nói rằng: Người nầy là ai?
11 ၁၁ လူ​ပ​ရိ​သတ်​များ​က ``ဤ​သူ​သည်​ဂါ​လိ​လဲ ပြည်​နာ​ဇ​ရက်​မြို့​သား​ပ​ရော​ဖက်​ယေ​ရှု​ဖြစ် သည်'' ဟု​ဖြေ​ကြား​ကြ​၏။
Chúng trả lời rằng: Aáy là Đấng tiên tri Jêsus ở thành Na-xa-rét, xứ Ga-li-lê.
12 ၁၂ သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့​ဝင်​တော်​မူ​၍ ဗိ​မာန်​တော်​အ​တွင်း​မှ​ရောင်း​ဝယ်​နေ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏​စား​ပွဲ များ​နှင့်​ချိုး​ငှက်​ရောင်း​သူ​တို့​၏​ထိုင်​ခုံ​များ​ကို မှောက်​လှန်​ပစ်​တော်​မူ​၏။-
Đức Chúa Jêsus vào đền thờ, đuổi hết kẻ bán người mua ở đó; đổ bàn của người đổi bạc, và ghế của người bán bò câu.
13 ၁၃ ထို​နောက်​ကိုယ်​တော်​က ``ငါ​၏​အိမ်​တော်​ကို​ဆု တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​ရ​လတ္တံ့ ဟု​ကျမ်း​စာ​လာ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​အိမ် တော်​ကို​ဋ္ဌား​ပြ​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ တ​ကား'' ဟု​မိန့်​တော်​မူ​၏။
Ngài phán cùng họ rằng: Có lời chép: Nhà ta sẽ gọi là nhà cầu nguyện; nhưng các ngươi thì làm cho nhà ấy thành ra ổ trộm cướp.
14 ၁၄ ဗိ​မာန်​တော်​တွင်​မျက်​မ​မြင်​များ​နှင့်​ခြေ​မ​စွမ်း မ​သန်​သူ​များ​သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​ရော​ဂါ​များ​ကို​ပျောက် ကင်း​စေ​တော်​မူ​၏။-
Bấy giờ, những kẻ mù và què đến cùng Ngài trong đền thờ, thì Ngài chữa cho họ được lành.
15 ၁၅ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​မြင်​၍ ``ဒါ​ဝိဒ်​၏​သား​တော် အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​လော့'' ဟု​ဗိ​မာန် တော်​ထဲ​တွင်​က​လေး​သူ​ငယ်​တို့​ဟစ်​အော်​နေ သည်​ကို​ကြား​ကြ​သော​အ​ခါ​အ​မျက်​ထွက် လျက်၊-
Nhưng các thầy tế lễ cả và các thầy thông giáo thấy sự lạ Ngài đã làm, và nghe con trẻ reo lên trong đền thờ rằng: Hô-sa-na con vua Đa-vít! thì họ tức giận,
16 ၁၆ ``ဤ​သူ​ငယ်​တို့​အ​ဘယ်​သို့​ကြွေး​ကြော်​နေ​ကြ သည်​ကို​ကြား​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​ကြား​၏။ `ကိုယ်​တော်​သည် သူ​ငယ်​များ​နှင့်​မိ​ခင်​ရင်​ခွင်​ရှိ​နို့​စို့​များ​အား ချီး​မွမ်း​စေ​ရန်​သင်​ကြား​ပေး​တော်​မူ​ပြီ' ဟူ သော​ကျမ်း​စ​ကား​ကို​သင်​တို့​အ​ဘယ်​အ​ခါ မျှ​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။
và nói với Ngài rằng: Thầy có nghe điều những đứa trẻ nầy nói không? Đức Chúa Jêsus đáp rằng: Có. Vậy chớ các ngươi chưa hề đọc lời nầy: Chúa đã được ngợi khen bởi miệng con trẻ và con đang bú, hay sao?
17 ၁၇ ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မြို့​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ​၍​ထို​ည​တည်း​ခို​တော်​မူ​၏။
Đoạn, Ngài bỏ họ, đi ra khỏi thành mà đến làng Bê-tha-ni và nghỉ đêm ở đó.
18 ၁၈ နံ​နက်​စော​စော​မြို့​သို့​ပြန်​လည်​ကြွ​လာ​တော်​မူ​စဉ် ကိုယ်​တော်​သည်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​၏။-
Sáng mai, khi trở lại thành thì Ngài đói.
19 ၁၉ လမ်း​အ​နီး​တွင်​သ​င်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​သ​ဖြင့်​ထို​အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​၏။ အ​ပင်​ပေါ်​တွင်​အ​ရွက်​များ​ကို​သာ​တွေ့​တော်​မူ လျှင်​ကိုယ်​တော်​သည်​ထို​အ​ပင်​အား ``သင်​သည် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သီး​မ​သီး​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သင်္ဘော​သ​ဖန်း​ပင်​သည်​လည်း ချက်​ချင်း​ပင်​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။ (aiōn g165)
Thấy một cây vả ở bên đường, Ngài bèn lại gần, song chỉ thấy những lá mà thôi, thì Ngài phán cùng cây vả rằng: Mầy chẳng khi nào sanh ra trái nữa! Cây vả tức thì khô đi. (aiōn g165)
20 ၂၀ ထို​အ​ခြင်း​အ​ရာ​ကို​တ​ပည့်​တော်​တို့​မြင်​လျှင် လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``သင်္ဘော​သ​ဖန်း​ပင် သည်​အ​ဘယ်​သို့​လျှင်​ချက်​ချင်း​ညှိုး​နွမ်း​ခြောက် သွေ့​သွား​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
Môn đồ thấy điều đó, lấy làm k”, nói rằng: Cớ sao trong giây phút mà cây vả liền khô đi vậy?
21 ၂၁ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား၊ သင်​တို့​သည်​သံ​သ​ယ​ကင်း သော​ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သ​င်္ဘော​သ​ဖန်း​ပင် ကို​ငါ​ပြု​သ​ကဲ့​သို့​ပြု​နိုင်​လိမ့်​မည်။ ထို​မျှ​မ​က ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ရွေ့​၍​ပင်​လယ်​ထဲ သို့​သက်​ဆင်း​လော့' ဟု​ဆို​လျှင်​ဆို​သည့်​အ​တိုင်း ဖြစ်​လိမ့်​မည်။-
Đức Chúa Jêsus đáp rằng: Quả thật, ta nói cùng các ngươi, nếu các ngươi có đức tin, và không nghi ngờ chi hết, thì chẳng những các ngươi làm được điều đã làm cho cây vả mà thôi, song dầu các ngươi biểu hòn núi nầy rằng: Hãy cất mình lên và quăng xuống biển, điều đó cũng sẽ làm được.
22 ၂၂ သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့်​တောင်း​လျှောက် လျှင်​တောင်း​လျှောက်​သ​မျှ​တို့​ကို​ရ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Trong khi cầu nguyện, các ngươi lấy đức tin xin việc gì bất k”, thảy đều được cả.
23 ၂၃ ကိုယ်​တော်​သည်​ဗိ​မာန်​တော်​သို့​ပြန်​လည်​ကြွ​လာ တော်​မူ​၍​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ပြီး​လျှင် ``အ​ရှင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့် ပြု​တော်​မူ​ပါ​သ​နည်း။ ထို​အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့် အား​အ​ဘယ်​သူ​ပေး​အပ်​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။
Đức Chúa Jêsus vào đền thờ rồi, đang giảng đạo, có các thầy tế lễ cả và các trưởng lão trong dân đến mà hỏi rằng: Bởi quyền phép nào mà thầy làm những sự nầy, và ai đã cho thầy quyền phép ấy?
24 ၂၄ သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​မေး​ခွန်း​တစ်​ခု​ကို ငါ​မေး​မည်။ ထို​မေး​ခွန်း​ကို​သင်​တို့​ဖြေ​ကြား​ကြ ပါ​လျှင် ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့် အာ​ဏာ​နှင့်​ငါ​ပြု​သည်​ကို​ငါ​ပြော​မည်။-
Đức Chúa Jêsus đáp rằng: Ta cũng sẽ hỏi các ngươi một điều; nếu trả lời được, thì ta cũng sẽ nói cho các ngươi bởi quyền phép nào mà ta đã làm những việc đó.
25 ၂၅ ယော​ဟန်​ဗတ္တိ​ဇံ​မင်္ဂလာ​ပေး​သည်​မှာ​ဘု​ရား​သ​ခင်​၏ အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သ​လော။ လူ​တို့​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သ​လော'' ဟု​မေး​တော်​မူ​၏။ သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သည်​ဟု​ငါ​တို့​ဆို​လျှင်​ယော​ဟန် ကို​သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ သ​နည်း​ဟု​မေး​လိမ့်​မည်။-
Phép báp-tem của Giăng bởi đâu? Bởi trên trời hay là bởi người ta? Vả, họ bàn riêng với nhau như vầy: Nếu chúng ta đáp rằng: Bởi trên trời, thì người sẽ nói với ta rằng: Vậy sao không tin lời người ấy?
26 ၂၆ သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သည် ဟု​ဆို​ရ​မည်​မှာ​လည်း​လူ​အ​ပေါင်း​တို့​သည်​ယော​ဟန် ကို ပ​ရော​ဖက်​တစ်​ပါး​ဟု​ယုံ​ကြည်​ကြ​သ​ဖြင့်​လူ ပ​ရိ​သတ်​ကို​ငါ​တို့​ကြောက်​ရ​၏'' ဟု​အ​ချင်း​ချင်း ဆွေး​နွေး​ကြ​၏။-
Còn nếu đáp rằng: Bởi người ta, thì chúng ta sợ thiên hạ, vì thiên hạ đều cho Giăng là đấng tiên tri.
27 ၂၇ သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​ပြု​သည့်​အ​မှု​အ​ရာ များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​သည်​ကို လည်း​သင်​တို့​အား​ငါ​မ​ပြော'' ဟု​မိန့်​တော်​မူ​၏။
Vậy, họ trả lời Đức Chúa Jêsus rằng: Chúng tôi không biết. Ngài bèn phán cùng họ rằng: Ta cũng không bảo cho các ngươi bởi quyền phép nào mà ta làm những điều nầy.
28 ၂၈ ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​မှာ​သား​နှစ် ယောက်​ရှိ​၏။ သူ​သည်​သား​ကြီး​ထံ​သို့​သွား​ပြီး လျှင်`ငါ့​သား၊ ယ​နေ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား​၍ လုပ်​ဆောင်​ပါ​လော့' ဟု​ဆို​၏။-
Các ngươi nghĩ làm sao? Một người kia có hai đứa con trai; nói cùng đứa thứ nhất, mà rằng: Con ơi, bữa nay con hãy ra làm vườn nho.
29 ၂၉ သား​ကြီး​က `အ​ကျွန်ုပ်​မ​သွား​လို​ပါ' ဟု​ဆို သော်​လည်း​နောက်​မှ​စိတ်​ပြောင်း​လဲ​သ​ဖြင့် ဥ​ယျာဉ်​သို့​သွား​လေ​၏။-
Đứa ấy thưa rằng: Vâng; rồi không đi.
30 ၃၀ ဖ​ခင်​သည်​သား​ငယ်​ထံ​သို့​သွား​၍​ရှေး​နည်း​တူ ပြော​၏။ သား​ငယ်​က `ဟုတ်​ကဲ့ အ​ဖေ၊ အ​ကျွန်ုပ် သွား​ပါ​မည်' ဟု​ဆို​၏။-
Đoạn, người cha đi đến đứa thứ hai, cũng bảo như vậy. Đứa nầy thưa rằng: Tôi không muốn đi. Nhưng sau ăn năn, rồi đi.
31 ၃၁ သို့​သော်​လည်း​မ​သွား​ဘဲ​နေ​၏။ ထို​သား​နှစ်​ယောက် တို့​တွင်​အ​ဘယ်​သူ​သည်​ဖ​ခင်​၏​စ​ကား​ကို​နား ထောင်​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``သား​ကြီး​နား​ထောင်​ပါ​သည်'' ဟု ဖြေ​ကြား​ကြ​၏။ သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို သည်​ကား၊ အ​ခွန်​ခံ​သူ​များ​နှင့်​ပြည့်​တန်​ဆာ​များ သည်​သင်​တို့​အ​လျင်​ကောင်း​ကင်​နိုင်​ငံ​တော်​သို့​ဝင် ကြ​လိမ့်​မည်။-
Trong hai con trai đó, đứa nào làm theo ý muốn của cha? Họ đáp rằng: Đứa thứ hai. Đức Chúa Jêsus phán cùng họ rằng: Quả thật, ta nói cùng các ngươi, những kẻ thâu thuế và phường đĩ điếm sẽ được vào nước Đức Chúa Trời trước các ngươi.
32 ၃၂ ယော​ဟန်​သည်​သင်​တို့​ထံ​လာ​၍​လမ်း​မှန်​ကို​ညွှန်​ပြ သော်​လည်း​သင်​တို့​သည်​သူ့​ကို​မ​ယုံ​ကြည်​ကြ။ သို့ ရာ​တွင်​အ​ခွန်​ခံ​သူ​များ​နှင့်​ပြည့်​တန်​ဆာ​များ​မူ ကား​ယုံ​ကြည်​ကြ​၏။ ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင် ရ​ကြ​သော​အ​ခါ​၌​ပင်​လျှင် သင်​တို့​သည်​စိတ်​ပြောင်း လဲ​၍​ယော​ဟန်​ကို​ယုံ​ကြည်​လာ​ခြင်း​မ​ရှိ​ကြ။''
Vì Giăng đã theo đường công bình đến cùng các ngươi, nhưng các ngươi không tin, còn những kẻ thâu thuế và phường đĩ điếm đã tin người; và các ngươi, khi đã thấy điều ấy, sau cũng không ăn năn đặng tin người.
33 ၃၃ ``အ​ခြား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​နား​ထောင်​ကြ​ဦး လော့။ စ​ပျစ်​ဥ​ယျာဉ်​တစ်​ခု​ကို​စိုက်​ပျိုး​သည့်​မြေ ပိုင်​ရှင်​တစ်​ယောက်​ရှိ​၏။ သူ​သည်​ခြံ​ဝင်း​ကာ​၍ စပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး​၏။ မျှော်​စင်​တစ်​ခု ကို​လည်း​ဆောက်​လုပ်​၏။ ထို​နောက်​မိ​မိ​၏​ဥ​ယျာဉ် ကို​ခြံ​သ​မား​တို့​အား​သီး​စား​ချ​၍​နိုင်​ငံ​ရပ် ခြား​သို့​ထွက်​သွား​၏။-
Hãy nghe lời ví dụ khác. Có người chủ nhà kia, trồng một vườn nho, rào chung quanh, ở trong đào một cái hầm ép rượu, và cất một cái tháp; rồi cho những kẻ trồng nho mướn, và đi qua xứ khác.
34 ၃၄ စ​ပျစ်​သီး​ပေါ်​ချိန်​နီး​ကပ်​လာ​သော​အ​ခါ​မိ​မိ ၏​လုပ်​သား​များ​ကို​ခြံ​သ​မား​တို့​ထံ​သို့​စေ​လွှတ် ၍ သီး​စား​ခ​စ​ပျစ်​သီး​များ​ကို​တောင်း​ခံ​စေ​၏။-
Đến mùa hái trái, người chủ sai đầy tớ đến cùng bọn trồng nho, đặng thâu hoa lợi.
35 ၃၅ ခြံ​သ​မား​တို့​သည်​လုပ်​သား​များ​ကို​ဖမ်း​၍​ရိုက် သူ​ကို​ရိုက်၊ သတ်​သူ​ကို​သတ်၊ ခဲ​နှင့်​ပေါက်​သူ​ကို ပေါက်​ကြ​၏။-
Bọn trồng nho bắt các đầy tớ, đánh người nầy, giết người kia, và ném đá người nọ.
36 ၃၆ ထို​နောက်​ဥ​ယျာဉ်​ရှင်​သည်​ပ​ထ​မ​အ​ကြိမ်​ထက် လုပ်​သား​များ​ကို​ပို​၍​စေ​လွှတ်​၏။ သို့​ရာ​တွင် ခြံ​သ​မား​တို့​သည်​ထို​လုပ်​သား​များ​ကို​လည်း ရှေး​နည်း​တူ​ပြု​ကြ​ပြန်​၏။-
Người chủ lại sai đầy tớ khác đông hơn khi trước; thì họ cũng đối đãi một cách.
37 ၃၇ နောက်​ဆုံး​၌​သူ​သည် `ငါ​၏​သား​ကို​မူ​ထို​သူ​တို့ လေး​စား​ကြ​ရာ​၏' ဟု​ဆို​လျက်​မိ​မိ​၏​သား ကို​ခြံ​သ​မား​တို့​ထံ​သို့​စေ​လွှတ်​၏။-
Sau hết, người chủ sai chính con trai mình đến cùng họ, vì nói rằng: Chúng nó sẽ kính trọng con ta.
38 ၃၈ သို့​သော်​ထို​သူ​တို့​သည်​ဥ​ယျာဉ်​ရှင်​၏​သား​ကို မြင်​သော​အ​ခါ `ဤ​သူ​သည်​အ​မွေ​စား​အ​မွေ​ခံ ဖြစ်​၏။ လာ​ကြ။ သူ့​ကို​သတ်​၍​သူ့​အ​မွေ​ဥစ္စာ ကို​ယူ​ကြ​ကုန်​အံ့' ဟု​အ​ချင်း​ချင်း​တိုင်​ပင် ပြီး​နောက်၊-
Nhưng khi bọn trồng nho thấy con đó, thì nói với nhau rằng: Người nầy là kẻ kế tự đây; hè! hãy giết nó đi, và chiếm lấy phần gia tài nó.
39 ၃၉ သူ့​ကို​ဖမ်း​ပြီး​ဥ​ယျာဉ်​အ​ပြင်​သို့​ထုတ်​၍ သတ်​ကြ​၏။
Họ bèn bắt con ấy, quăng ra ngoài vườn nho, và giết đi.
40 ၄၀ သို့​ဖြစ်​၍​ဥ​ယျာဉ်​ရှင်​ရောက်​ရှိ​လာ​သော​အ​ခါ ခြံ​သ​မား​တို့​အား​အ​ဘယ်​သို့​ပြု​လိမ့်​မည်​နည်း'' ဟု​မေး​တော်​မူ​၏။
Vậy, khi người chủ vườn nho đến, thì sẽ xử với bọn làm vườn ấy thể nào?
41 ၄၁ လူ​တို့​က ``ဥ​ယျာဉ်​ရှင်​သည်​ထို​ဆိုး​သွမ်း​သော သူ​တို့​ကို​အ​မှန်​ပင်​သတ်​ပစ်​ပါ​လိမ့်​မည်။ ဥ​ယျာဉ် ကို​လည်း​စ​ပျစ်​သီး​ပေါ်​ချိန်​၌​သီး​စား​ခ​မှန်​မှန် ပေး​မည့်​အ​ခြား​ခြံ​သ​မား​တို့​အား​ပေး​အပ်​ပါ လိမ့်​မည်'' ဟု​ဖြေ​ကြား​ကြ​၏။
Chúng trả lời rằng: Người chủ sẽ diệt đồ hung ác ấy cách khổ sở, và cho bọn trồng nho khác mướn vườn ấy, là kẻ sẽ nộp hoa lợi lúc đến mùa.
42 ၄၂ သ​ခင်​ယေ​ရှု​က ``တိုက်​တည်​သူ​တို့​ပယ်​ထား​သော​ကျောက်​သည် အ​ရေး​အ​ကြီး​ဆုံး​သော​ထောင့်​ချုပ်​ကျောက်​ဖြစ် လာ​ရ​၏။ ဤ​အ​မှု​သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏။ ငါ​တို့​မျက်​မှောက်​တွင်​အံ့​သြ​ဖွယ်​ရာ​ဖြစ်​လေ​စွ' ဟူ​သော​ကျမ်း​စ​ကား​ကို​သင်​တို့​မ​ဖတ်​ဖူး ကြ​သ​လော။
Đức Chúa Jêsus phán cùng họ rằng: Các ngươi há chưa hề đọc lời trong Kinh Thánh: Hòn đá đã bị người xây nhà bỏ ra, Trở nên đá đầu góc nhà; Aáy là việc Chúa làm, Và là một sự lạ trước mắt chúng ta, hay sao?
43 ၄၃ ``သို့​ဖြစ်​၍​သင်​တို့​အား​ငါ​ဆို​သည်​ကား​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​ကို​သင်​တို့​ထံ​မှ​ရုပ်​သိမ်း​၍ နိုင်​ငံ​တော်​နှင့်​ထိုက်​လျောက်​သည့်​အ​ကျင့်​သီ​လ ရှိ​သော​လူ​မျိုး​အား​ပေး​လိမ့်​မည်။-
Bởi vậy, ta phán cùng các ngươi, nước Đức Chúa Trời sẽ cất khỏi các ngươi, và cho một dân khác là dân sẽ có kết quả của nước đó.
44 ၄၄ (ထို​ကျောက်​အ​ပေါ်​သို့​ကျ​သော​သူ​သည်​ကြေ​မွ ၍​သွား​ပေ​အံ့။ မိ​မိ​၏​အ​ပေါ်​သို့​ထို​ကျောက် အ​ကျ​ခံ​ရ​သူ​သည်​ညက်​ညက်​ကြေ​၍​သွား​ပေ အံ့'') ဟု​မိန့်​တော်​မူ​၏။
Kẻ nào rơi trên hòn đá ấy sẽ bị giập nát, còn kẻ nào bị đá ấy rớt nhằm thì sẽ tan tành như bụi.
45 ၄၅ ကိုယ်​တော်​၏​ပုံ​ဥ​ပ​မာ​များ​ကို​ယဇ်​ပု​ရော​ဟိတ် ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ​များ​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​ကို​ရည်​မှတ်​၍​မိန့်​တော်​မူ​ကြောင်း​သိ ကြ​၏။-
Các thầy tế lễ cả và người Pha-ri-si nghe những lời ví dụ đó, thì biết Ngài nói về mình.
46 ၄၆ ထို​ကြောင့်​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် နည်း​လမ်း​ရှာ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည် ကိုယ်​တော်​အား​ပ​ရော​ဖက်​ဟု​မှတ်​ယူ​ယုံ​ကြည် နေ​သူ​လူ​ပ​ရိ​သတ်​တို့​ကို​ကြောက်​ကြ​၏။
Họ bèn tìm cách để bắt Ngài; song sợ thiên hạ vì thiên hạ tôn Ngài là đấng tiên tri.

< မဿဲ 21 >