< မဿဲ 21 >
1 ၁ ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင် မြို့သို့ချဉ်းကပ်လာသဖြင့် သံလွင်တောင်အနီး ရှိဗက်ဖာဂေရွာသို့ရောက်ကြ၏။ သခင်ယေရှု သည်တပည့်တော်နှစ်ယောက်အား၊-
Y COMO se acercaron á Jerusalem, y vinieron á Bethfagé, al monte de las Olivas, entonces Jesús envió dos discípulos,
2 ၂ ``သင်တို့ရှေ့တွင်ရှိသောရွာသို့သွားကြ။ မြည်း ကလေးတစ်ကောင်နှင့်အတူကြိုးဖြင့်လှန်ထား သောမြည်းမတစ်ကောင်ကိုတွေ့ရလိမ့်မည်။ ကြိုး ကိုဖြေ၍မြည်းများကိုယူခဲ့ကြလော့။-
Diciéndoles: Id á la aldea que está delante de vosotros, y luego hallaréis una asna atada, y un pollino con ella: desatad[la], y traédme[los].
3 ၃ အကယ်၍လူတစ်စုံတစ်ယောက်ကသင်တို့ အား `အဘယ်ကြောင့်ဖြေသနည်း' ဟုမေးခဲ့ သော် `အရှင်ဘုရားအလိုရှိပါသည်' ဟု ဖြေကြားကြလော့။ ထိုအခါသူသည်မြည်း များကိုချက်ချင်းယူခွင့်ပြုလိမ့်မည်'' ဟူ၍ မှာကြားစေလွှတ်တော်မူ၏။
Y si alguno os dijere algo, decid: El Señor los ha menester. Y luego los dejará.
4 ၄ ဤအခြင်းအရာကား ``သင်တို့၏ရှင်ဘုရင်သည် သင်တို့ထံသို့ကြွလာတော်မူပြီ။ ထိုအရှင်သည်နူးညံ့သိမ်မွေ့တော်မူသဖြင့် မြည်းကိုစီးတော်မူ၏။ ဝန်ဆောင်တိရစ္ဆာန်၏သား၊မြည်းကလေးကိုစီး တော်မူ၏ဟုဇိအုန်မြို့အားပြောကြားကြလော့'' ဟူ၍ပရောဖက်မြွက်ဆိုခဲ့သည့်အတိုင်း ဖြစ်ပျက်ခြင်းပင်တည်း။
Y todo esto fué hecho, para que se cumpliese lo que fué dicho por el profeta, que dijo:
Decid á la hija de Sión: He aquí, tu Rey viene á ti, manso, y sentado sobre una asna, y sobre un pollino, hijo de animal de yugo.
6 ၆ တပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး လျှင်သခင်ယေရှုမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြ၏။-
Y los discípulos fueron, é hicieron como Jesús les mandó;
7 ၇ သူတို့သည်မြည်းမနှင့်မြည်းကလေးကိုဆောင် ယူခဲ့၍ မိမိတို့၏ဝတ်လုံများကိုလွှမ်းတင်ကြ ၏။ ကိုယ်တော်သည်မြည်းကိုစီးတော်မူ၏။-
Y trajeron el asna y el pollino, y pusieron sobre ellos sus mantos; y se sentó sobre ellos.
8 ၈ လူပရိသတ်တို့သည်လည်းမိမိတို့၏ဝတ်လုံ များကိုလမ်းပေါ်မှာဖြန့်ခင်းကြ၏။ လူအချို့ တို့သည်သစ်ပင်များမှအကိုင်းအခက်များ ကိုခုတ်၍လမ်းပေါ်မှာခင်းကြ၏။-
Y la compañía, [que era] muy numerosa, tendía sus mantos en el camino: y otros cortaban ramos de los árboles, y los tendían por el camino.
9 ၉ ကိုယ်တော်၏ရှေ့နောက်လိုက်ပါလာကြသူလူ အပေါင်းတို့က ``ဒါဝိဒ်၏သားတော်အားဂုဏ် တော်ကိုချီးကူးကြလော့။ ထာဝရဘုရား၏ နာမတော်နှင့်ကြွလာသောအရှင်သည်မင်္ဂလာ ရှိစေသတည်း။ ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြစေသတည်း'' ဟုကြွေးကြော်ကြ ကုန်၏။
Y las gentes que iban delante, y las que iban detrás, aclamaban diciendo: ¡Hosanna al Hijo de David! ¡Bendito el que viene en el nombre del Señor! ¡Hosanna en las alturas!
10 ၁၀ ယေရုရှလင်မြို့သို့ကိုယ်တော်ဝင်သောအခါ တစ်မြို့လုံးအုတ်အုတ်သဲသဲဖြစ်ပြီးလျှင် လူတို့ က ``ဤသူကားအဘယ်သူနည်း'' ဟုမေးမြန်း ကြ၏။
Y entrando él en Jerusalem, toda la ciudad se alborotó, diciendo: ¿Quién es éste?
11 ၁၁ လူပရိသတ်များက ``ဤသူသည်ဂါလိလဲ ပြည်နာဇရက်မြို့သားပရောဖက်ယေရှုဖြစ် သည်'' ဟုဖြေကြားကြ၏။
Y las gentes decían: Este es Jesús, el profeta, de Nazaret de Galilea.
12 ၁၂ သခင်ယေရှုသည်ဗိမာန်တော်သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှရောင်းဝယ်နေသူတို့ကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏စားပွဲ များနှင့်ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။-
Y entró Jesús en el templo de Dios, y echó fuera todos los que vendían y compraban en el templo, y trastornó las mesas de los cambiadores, y las sillas de los que vendían palomas;
13 ၁၃ ထိုနောက်ကိုယ်တော်က ``ငါ၏အိမ်တော်ကိုဆု တောင်းပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်ရလတ္တံ့ ဟုကျမ်းစာလာ၏။ သို့ရာတွင်သင်တို့သည်အိမ် တော်ကိုဋ္ဌားပြခိုအောင်းရာဖြစ်စေကြပြီ တကား'' ဟုမိန့်တော်မူ၏။
Y les dice: Escrito está: Mi casa, casa de oración será llamada; mas vosotros cueva de ladrones la habéis hecho.
14 ၁၄ ဗိမာန်တော်တွင်မျက်မမြင်များနှင့်ခြေမစွမ်း မသန်သူများသည်အထံတော်သို့လာကြ၏။ ကိုယ်တော်သည်သူတို့၏ရောဂါများကိုပျောက် ကင်းစေတော်မူ၏။-
Entonces vinieron á él ciegos y cojos en el templo, y los sanó.
15 ၁၅ ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုမြင်၍ ``ဒါဝိဒ်၏သားတော် အားချီးမွမ်းထောမနာပြုကြလော့'' ဟုဗိမာန် တော်ထဲတွင်ကလေးသူငယ်တို့ဟစ်အော်နေ သည်ကိုကြားကြသောအခါအမျက်ထွက် လျက်၊-
Mas los príncipes de los sacerdotes y los escribas, viendo las maravillas que hacía, y á los muchachos aclamando en el templo y diciendo: ¡Hosanna al Hijo de David! se indignaron,
16 ၁၆ ``ဤသူငယ်တို့အဘယ်သို့ကြွေးကြော်နေကြ သည်ကိုကြားပါသလော'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ သခင်ယေရှုက ``ငါကြား၏။ `ကိုယ်တော်သည် သူငယ်များနှင့်မိခင်ရင်ခွင်ရှိနို့စို့များအား ချီးမွမ်းစေရန်သင်ကြားပေးတော်မူပြီ' ဟူ သောကျမ်းစကားကိုသင်တို့အဘယ်အခါ မျှမဖတ်ဖူးကြပါသလော'' ဟုမိန့်တော်မူ၏။
Y le dijeron: ¿Oyes lo que éstos dicen? Y Jesús les dice: Sí: ¿nunca leísteis: De la boca de los niños y de los que maman perfeccionaste la alabanza?
17 ၁၇ ထိုနောက်သခင်ယေရှုသည်မြို့မှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ထိုညတည်းခိုတော်မူ၏။
Y dejándolos, se salió fuera de la ciudad, á Bethania; y posó allí.
18 ၁၈ နံနက်စောစောမြို့သို့ပြန်လည်ကြွလာတော်မူစဉ် ကိုယ်တော်သည်ဆာလောင်မွတ်သိပ်တော်မူ၏။-
Y por la mañana volviendo á la ciudad, tuvo hambre.
19 ၁၉ လမ်းအနီးတွင်သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်သဖြင့်ထိုအပင်ရှိရာသို့ကြွတော်မူ၏။ အပင်ပေါ်တွင်အရွက်များကိုသာတွေ့တော်မူ လျှင်ကိုယ်တော်သည်ထိုအပင်အား ``သင်သည် နောင်အဘယ်အခါ၌မျှအသီးမသီးစေနှင့်'' ဟုမိန့်တော်မူ၏။ သင်္ဘောသဖန်းပင်သည်လည်း ချက်ချင်းပင်ညှိုးနွမ်းခြောက်သွေ့သွားလေ၏။ (aiōn )
Y viendo una higuera cerca del camino, vino á ella, y no halló nada en ella, sino hojas solamente; y le dijo: Nunca más para siempre nazca de ti fruto. Y luego se secó la higuera. (aiōn )
20 ၂၀ ထိုအခြင်းအရာကိုတပည့်တော်တို့မြင်လျှင် လွန်စွာအံ့သြကြသဖြင့် ``သင်္ဘောသဖန်းပင် သည်အဘယ်သို့လျှင်ချက်ချင်းညှိုးနွမ်းခြောက် သွေ့သွားပါသနည်း'' ဟုမေးလျှောက်ကြ၏။
Y viendo esto los discípulos, maravillados decían: ¿Cómo se secó luego la higuera?
21 ၂၁ သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား၊ သင်တို့သည်သံသယကင်း သောယုံကြည်ခြင်းရှိလျှင်သင်္ဘောသဖန်းပင် ကိုငါပြုသကဲ့သို့ပြုနိုင်လိမ့်မည်။ ထိုမျှမက ဤတောင်အား `ဤနေရာမှရွေ့၍ပင်လယ်ထဲ သို့သက်ဆင်းလော့' ဟုဆိုလျှင်ဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။-
Y respondiendo Jesús les dijo: De cierto os digo, que si tuviereis fe, y no dudareis, no sólo haréis esto de la higuera: mas si á este monte dijereis: Quítate y échate en la mar, será hecho.
22 ၂၂ သင်တို့သည်ယုံကြည်ခြင်းဖြင့်တောင်းလျှောက် လျှင်တောင်းလျှောက်သမျှတို့ကိုရရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Y todo lo que pidiereis en oración, creyendo, [lo] recibiréis.
23 ၂၃ ကိုယ်တော်သည်ဗိမာန်တော်သို့ပြန်လည်ကြွလာ တော်မူ၍ဟောပြောသွန်သင်တော်မူစဉ်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များသည် အထံတော်သို့ချဉ်းကပ်ကြပြီးလျှင် ``အရှင်သည် ဤအမှုအရာများကိုအဘယ်အခွင့်အာဏာနှင့် ပြုတော်မူပါသနည်း။ ထိုအခွင့်အာဏာကိုအရှင့် အားအဘယ်သူပေးအပ်ပါသနည်း'' ဟုမေး လျှောက်ကြ၏။
Y como vino al templo, llegáronse á él cuando estaba enseñando, los príncipes de los sacerdotes y los ancianos del pueblo, diciendo: ¿Con qué autoridad haces esto? ¿y quién te dió esta autoridad?
24 ၂၄ သခင်ယေရှုက ``သင်တို့အားမေးခွန်းတစ်ခုကို ငါမေးမည်။ ထိုမေးခွန်းကိုသင်တို့ဖြေကြားကြ ပါလျှင် ဤအမှုအရာများကိုအဘယ်အခွင့် အာဏာနှင့်ငါပြုသည်ကိုငါပြောမည်။-
Y respondiendo Jesús, les dijo: Yo también os preguntaré una palabra, la cual si me dijereis, también yo os diré con qué autoridad hago esto.
25 ၂၅ ယောဟန်ဗတ္တိဇံမင်္ဂလာပေးသည်မှာဘုရားသခင်၏ အခွင့်အာဏာနှင့်ပေးသလော။ လူတို့၏အခွင့် အာဏာနှင့်ပေးသလော'' ဟုမေးတော်မူ၏။ သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာနှင့်ပေးသည်ဟုငါတို့ဆိုလျှင်ယောဟန် ကိုသင်တို့အဘယ်ကြောင့်မယုံကြည်ကြ သနည်းဟုမေးလိမ့်မည်။-
El bautismo de Juan, ¿de dónde era? ¿del cielo, ó de los hombres? Ellos entonces pensaron entre sí, diciendo: Si dijéremos, del cielo, nos dirá: ¿Por qué pues no le creísteis?
26 ၂၆ သို့ရာတွင်လူတို့၏အခွင့်အာဏာနှင့်ပေးသည် ဟုဆိုရမည်မှာလည်းလူအပေါင်းတို့သည်ယောဟန် ကို ပရောဖက်တစ်ပါးဟုယုံကြည်ကြသဖြင့်လူ ပရိသတ်ကိုငါတို့ကြောက်ရ၏'' ဟုအချင်းချင်း ဆွေးနွေးကြ၏။-
Y si dijéremos, de los hombres, tememos al pueblo; porque todos tienen á Juan por profeta.
27 ၂၇ သို့ဖြစ်၍သူတို့က ``အကျွန်ုပ်တို့မသိပါ'' ဟု ပြန်လည်လျှောက်ထားကြ၏။ ထိုအခါကိုယ်တော်က ``ငါပြုသည့်အမှုအရာ များကိုအဘယ်အခွင့်အာဏာနှင့်ပြုသည်ကို လည်းသင်တို့အားငါမပြော'' ဟုမိန့်တော်မူ၏။
Y respondiendo á Jesús, dijeron: No sabemos. Y él también les dijo: Ni yo os digo con qué autoridad hago esto.
28 ၂၈ ထိုနောက်ကိုယ်တော်က ``သင်တို့သည်အဘယ်သို့ ထင်မှတ်ကြသနည်း။ လူတစ်ယောက်မှာသားနှစ် ယောက်ရှိ၏။ သူသည်သားကြီးထံသို့သွားပြီး လျှင်`ငါ့သား၊ ယနေ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်ပါလော့' ဟုဆို၏။-
Mas, ¿qué os parece? Un hombre tenía dos hijos, y llegando al primero, le dijo: Hijo, ve hoy á trabajar en mi viña.
29 ၂၉ သားကြီးက `အကျွန်ုပ်မသွားလိုပါ' ဟုဆို သော်လည်းနောက်မှစိတ်ပြောင်းလဲသဖြင့် ဥယျာဉ်သို့သွားလေ၏။-
Y respondiendo él, dijo: No quiero; mas después, arrepentido, fué.
30 ၃၀ ဖခင်သည်သားငယ်ထံသို့သွား၍ရှေးနည်းတူ ပြော၏။ သားငယ်က `ဟုတ်ကဲ့ အဖေ၊ အကျွန်ုပ် သွားပါမည်' ဟုဆို၏။-
Y llegando al otro, [le] dijo de la misma manera; y respondiendo él, dijo: Yo, señor, [voy]. Y no fué.
31 ၃၁ သို့သော်လည်းမသွားဘဲနေ၏။ ထိုသားနှစ်ယောက် တို့တွင်အဘယ်သူသည်ဖခင်၏စကားကိုနား ထောင်ပါသနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``သားကြီးနားထောင်ပါသည်'' ဟု ဖြေကြားကြ၏။ သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါဆို သည်ကား၊ အခွန်ခံသူများနှင့်ပြည့်တန်ဆာများ သည်သင်တို့အလျင်ကောင်းကင်နိုင်ငံတော်သို့ဝင် ကြလိမ့်မည်။-
¿Cuál de los dos hizo la voluntad de su padre? Dicen ellos: El primero. Díceles Jesús: De cierto os digo, que los publicanos y las rameras os van delante al reino de Dios.
32 ၃၂ ယောဟန်သည်သင်တို့ထံလာ၍လမ်းမှန်ကိုညွှန်ပြ သော်လည်းသင်တို့သည်သူ့ကိုမယုံကြည်ကြ။ သို့ ရာတွင်အခွန်ခံသူများနှင့်ပြည့်တန်ဆာများမူ ကားယုံကြည်ကြ၏။ ဤအခြင်းအရာကိုတွေ့မြင် ရကြသောအခါ၌ပင်လျှင် သင်တို့သည်စိတ်ပြောင်း လဲ၍ယောဟန်ကိုယုံကြည်လာခြင်းမရှိကြ။''
Porque vino á vosotros Juan en camino de justicia, y no le creísteis; y los publicanos y las rameras le creyeron; y vosotros, viendo esto, no os arrepentisteis después para creerle.
33 ၃၃ ``အခြားပုံဥပမာတစ်ခုကိုနားထောင်ကြဦး လော့။ စပျစ်ဥယျာဉ်တစ်ခုကိုစိုက်ပျိုးသည့်မြေ ပိုင်ရှင်တစ်ယောက်ရှိ၏။ သူသည်ခြံဝင်းကာ၍ စပျစ်သီးနယ်ရာကျင်းကိုတူး၏။ မျှော်စင်တစ်ခု ကိုလည်းဆောက်လုပ်၏။ ထိုနောက်မိမိ၏ဥယျာဉ် ကိုခြံသမားတို့အားသီးစားချ၍နိုင်ငံရပ် ခြားသို့ထွက်သွား၏။-
Oid otra parábola: Fué un hombre, padre de familia, el cual plantó una viña; y la cercó de vallado, y cavó en ella un lagar, y edificó una torre, y la dió á renta á labradores, y se partió lejos.
34 ၃၄ စပျစ်သီးပေါ်ချိန်နီးကပ်လာသောအခါမိမိ ၏လုပ်သားများကိုခြံသမားတို့ထံသို့စေလွှတ် ၍ သီးစားခစပျစ်သီးများကိုတောင်းခံစေ၏။-
Y cuando se acercó el tiempo de los frutos, envió sus siervos á los labradores, para que recibiesen sus frutos.
35 ၃၅ ခြံသမားတို့သည်လုပ်သားများကိုဖမ်း၍ရိုက် သူကိုရိုက်၊ သတ်သူကိုသတ်၊ ခဲနှင့်ပေါက်သူကို ပေါက်ကြ၏။-
Mas los labradores, tomando á los siervos, al uno hirieron, y al otro mataron, y al otro apedrearon.
36 ၃၆ ထိုနောက်ဥယျာဉ်ရှင်သည်ပထမအကြိမ်ထက် လုပ်သားများကိုပို၍စေလွှတ်၏။ သို့ရာတွင် ခြံသမားတို့သည်ထိုလုပ်သားများကိုလည်း ရှေးနည်းတူပြုကြပြန်၏။-
Envió de nuevo otros siervos, más que los primeros; é hicieron con ellos de la misma manera.
37 ၃၇ နောက်ဆုံး၌သူသည် `ငါ၏သားကိုမူထိုသူတို့ လေးစားကြရာ၏' ဟုဆိုလျက်မိမိ၏သား ကိုခြံသမားတို့ထံသို့စေလွှတ်၏။-
Y á la postre les envió su hijo, diciendo: Tendrán respeto á mi hijo.
38 ၃၈ သို့သော်ထိုသူတို့သည်ဥယျာဉ်ရှင်၏သားကို မြင်သောအခါ `ဤသူသည်အမွေစားအမွေခံ ဖြစ်၏။ လာကြ။ သူ့ကိုသတ်၍သူ့အမွေဥစ္စာ ကိုယူကြကုန်အံ့' ဟုအချင်းချင်းတိုင်ပင် ပြီးနောက်၊-
Mas los labradores, viendo al hijo, dijeron entre sí: Este es el heredero; venid, matémosle, y tomemos su heredad.
39 ၃၉ သူ့ကိုဖမ်းပြီးဥယျာဉ်အပြင်သို့ထုတ်၍ သတ်ကြ၏။
Y tomado, le echaron fuera de la viña, y le mataron.
40 ၄၀ သို့ဖြစ်၍ဥယျာဉ်ရှင်ရောက်ရှိလာသောအခါ ခြံသမားတို့အားအဘယ်သို့ပြုလိမ့်မည်နည်း'' ဟုမေးတော်မူ၏။
Pues cuando viniere el señor de la viña, ¿qué hará á aquellos labradores?
41 ၄၁ လူတို့က ``ဥယျာဉ်ရှင်သည်ထိုဆိုးသွမ်းသော သူတို့ကိုအမှန်ပင်သတ်ပစ်ပါလိမ့်မည်။ ဥယျာဉ် ကိုလည်းစပျစ်သီးပေါ်ချိန်၌သီးစားခမှန်မှန် ပေးမည့်အခြားခြံသမားတို့အားပေးအပ်ပါ လိမ့်မည်'' ဟုဖြေကြားကြ၏။
Dícenle: á los malos destruirá miserablemente, y su viña dará á renta á otros labradores, que le paguen el fruto á sus tiempos.
42 ၄၂ သခင်ယေရှုက ``တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက်ဖြစ် လာရ၏။ ဤအမှုသည်ဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်တွင်အံ့သြဖွယ်ရာဖြစ်လေစွ' ဟူသောကျမ်းစကားကိုသင်တို့မဖတ်ဖူး ကြသလော။
Díceles Jesús: ¿Nunca leísteis en las Escrituras: La piedra que desecharon los que edificaban, ésta fué hecha por cabeza de esquina: por el Señor es hecho esto, y es cosa maravillosa en nuestros ojos?
43 ၄၃ ``သို့ဖြစ်၍သင်တို့အားငါဆိုသည်ကားဘုရား သခင်၏နိုင်ငံတော်ကိုသင်တို့ထံမှရုပ်သိမ်း၍ နိုင်ငံတော်နှင့်ထိုက်လျောက်သည့်အကျင့်သီလ ရှိသောလူမျိုးအားပေးလိမ့်မည်။-
Por tanto os digo, que el reino de Dios será quitado de vosotros, y será dado á gente que haga los frutos de él.
44 ၄၄ (ထိုကျောက်အပေါ်သို့ကျသောသူသည်ကြေမွ ၍သွားပေအံ့။ မိမိ၏အပေါ်သို့ထိုကျောက် အကျခံရသူသည်ညက်ညက်ကြေ၍သွားပေ အံ့'') ဟုမိန့်တော်မူ၏။
Y el que cayere sobre esta piedra, será quebrantado; y sobre quien ella cayere, le desmenuzará.
45 ၄၅ ကိုယ်တော်၏ပုံဥပမာများကိုယဇ်ပုရောဟိတ် ကြီးများနှင့်ဖာရိရှဲများကြားကြသောအခါ မိမိတို့ကိုရည်မှတ်၍မိန့်တော်မူကြောင်းသိ ကြ၏။-
Y oyendo los príncipes de los sacerdotes y los Fariseos sus parábolas, entendieron que hablaba de ellos.
46 ၄၆ ထိုကြောင့်သူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် နည်းလမ်းရှာကြ၏။ သို့ရာတွင်သူတို့သည် ကိုယ်တော်အားပရောဖက်ဟုမှတ်ယူယုံကြည် နေသူလူပရိသတ်တို့ကိုကြောက်ကြ၏။
Y buscando cómo echarle mano, temieron al pueblo; porque le tenían por profeta.