< မဿဲ 20 >
1 ၁ ``ကောင်းကင်နိုင်ငံတော်သည်စပျစ်ဥယျာဉ်ပိုင် ရှင်တစ်ဦးကြုံတွေ့ရသည့်အဖြစ်အပျက်နှင့် တူ၏။ သူသည်အလုပ်သမားများငှားရန်နံနက် စောစောထွက်သွား၏။-
2 ၂ အလုပ်သမားတို့အားပေးနေကျနေ့စားခ၊ ဒေနာရိဒင်္ဂါးတစ်ပြားနှင့်ငှားရန်သဘောတူ သဖြင့်သူတို့အားစပျစ်ဥယျာဉ်သို့စေလွှတ် လိုက်၏။-
3 ၃ နံနက်ကိုးနာရီခန့်၌သူသည်စျေးရပ်ကွက် သို့ထွက်လာရာအခြားသောသူများအလုပ် မဲ့ရပ်နေသည်ကိုတွေ့၏။-
4 ၄ ထိုအခါသူတို့အား `သင်တို့သည်စပျစ်ဥယျာဉ် သို့သွား၍အလုပ်လုပ်ကြ။ ထိုက်သင့်သောလုပ် အားခကိုငါပေးမည်' ဟုဆို၏။-
5 ၅ ထိုသူတို့သည်သွားကြ၏။ သူသည်မွန်းတည့်ချိန် ၌လည်းကောင်း၊ မွန်းလွဲသုံးနာရီခန့်၌လည်း ကောင်းထိုနည်းတူစျေးရပ်ကွက်သို့သွား၍အလုပ် သမားများကိုငှား၏။-
6 ၆ ညနေငါးနာရီခန့်၌တစ်ဖန်သွားပြန်သောအခါ အခြားသောသူတို့ရပ်လျက်နေသည်ကိုတွေ့ သဖြင့်`သင်တို့အဘယ်ကြောင့်တစ်နေ့လုံးအလုပ် မလုပ်ဘဲဤနေရာတွင်ရပ်နေကြပါသနည်း'' ဟုမေး၏။-
7 ၇ ထိုသူတို့က `အကျွန်ုပ်တို့အားမည်သူမျှမငှား သောကြောင့်ဖြစ်ပါသည်' ဟုပြန်ပြောကြ၏။ ထို အခါဥယျာဉ်ရှင်က `သင်တို့လည်းစပျစ်ဥယျာဉ် သို့သွား၍အလုပ်လုပ်ကြ' ဟုဆို၏။''
8 ၈ ``ညချမ်းအချိန်ကျသောအခါဥယျာဉ်ရှင်သည် မိမိ၏စီမံခန့်ခွဲရေးမှူးအား `အလုပ်သမားများ ကိုခေါ်လော့။ နောက်ဆုံးအလုပ်ဝင်သူများမှအစပြု ၍ပထမဆုံးအလုပ်ဝင်သူများတိုင်အောင်လုပ် အားခများကိုပေးလော့' ဟုဆို၏။-
9 ၉ မန်နေဂျာသည်ညနေငါးနာရီခန့်ကျမှငှားသည့် အလုပ်သမားများအားဒေနာရိဒင်္ဂါးတစ်ပြားစီ ပေး၏။-
10 ၁၀ ပထမဆုံးငှားသည့်အလုပ်သမားများအလှည့် ကျသောအခါ သူတို့သည်အခြားသူများထက် ပို၍ရမည်ဟုထင်မှတ်ကြ၏။-
11 ၁၁ သို့ရာတွင်သူတို့သည်လည်းဒေနာရိဒင်္ဂါးတစ် ပြားစီပင်ရရှိကြသဖြင့်၊-
12 ၁၂ `ဤသူတို့ကားတစ်နာရီမျှသာအလုပ်လုပ်ကြ ရ၏။ အကျွန်ုပ်တို့မှာမူတစ်နေကုန်နေပူကြဲကြဲ တွင်ပင်ပန်းစွာလုပ်ကိုင်ကြရပါ၏။ သို့ပါလျက် အရှင်သည်အကျွန်ုပ်တို့အားထိုသူတို့နှင့်ညီ တူမျှတူလုပ်အားခပေးပါသည်တကား' ဟု အလုပ်ရှင်အားညည်းညူကြ၏။-
13 ၁၃ ဥယျာဉ်ရှင်ကမိမိပထမဆုံးငှားရမ်းသည့်အလုပ် သမားများအနက်တစ်ယောက်အား `အဆွေ၊ ငါ သည်သင့်ကိုမတရားပြုသည်မဟုတ်။ သင်သည် တစ်နေ့လျှင်ဒေနာရိဒင်္ဂါးတစ်ပြားနှင့်အလုပ် လုပ်ရန်သဘောတူခဲ့သည်မဟုတ်ပါလော။-
14 ၁၄ သင်၏လုပ်အားခကိုယူ၍သွားပါလေ။ နောက် ဆုံးငှားသည့်ဤအလုပ်သမားအားသင့်ကိုပေး သကဲ့သို့ငါပေးလို၏။-
15 ၁၅ ငါပိုင်သည့်ငွေကိုငါအလိုရှိသည့်အတိုင်းမသုံး စွဲအပ်ပါသလော။ ငါရက်ရောသောကြောင့်သင် မနာလိုဝန်တိုစိတ်ရှိသလော' ဟုဆို၏'' ဟူ၍ မိန့်တော်မူသည်။
16 ၁၆ ထိုနောက်ကိုယ်တော်က ``သို့ဖြစ်၍အနိမ့်ဆုံးသို့ ရောက်သူများသည်အမြင့်ဆုံးသို့ရောက်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
17 ၁၇ သခင်ယေရှုသည်ယေရုရှလင်မြို့သို့ကြွတော် မူစဉ်တပည့်တော်တစ်ကျိပ်နှစ်ပါးတို့ကိုမလှမ်း မကမ်းသို့သီးခြားခေါ်တော်မူပြီးလျှင်၊-
18 ၁၈ ``နားထောင်လော့။ ငါတို့သည်ယေရုရှလင်မြို့သို့ ခရီးပြုလျက်ရှိ၏။ ထိုမြို့တွင်လူသားသည်ယဇ် ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများ ၏လက်သို့အပ်နှံခြင်းကိုခံရလိမ့်မည်။ သူတို့ သည်လူသားအားသေဒဏ်စီရင်ကာ၊-
19 ၁၉ လူမျိုးခြားတို့၏လက်သို့အပ်နှံကြလိမ့်မည်။ လူ မျိုးခြားတို့သည်လည်းလူသားကိုပြောင်လှောင် ပြီးလျှင် ကြိမ်ဒဏ်ပေးကာလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက်မြောက် သောနေ့၌လူသားသည်သေခြင်းမှရှင်ပြန် ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
20 ၂၀ ထိုနောက်ဇေဗေဒဲ၏သားများ၏မိခင်သည်သား များနှင့်အတူကိုယ်တော်ထံပန်ကြားလျှောက်ထား ရန်ချဉ်းကပ်ပျပ်ဝပ်၏။
21 ၂၁ ကိုယ်တော်က ``သင်အဘယ်အရာကိုအလိုရှိ သနည်း'' ဟုမေးတော်မူလျှင်၊ ``ကိုယ်တော်သည်ဘုရင်အဖြစ်အုပ်စိုးတော်မူ သောအခါ ကျွန်မ၏သားနှစ်ယောက်အားအရှင် ၏လက်ယာရံနှင့်လက်ဝဲရံခန့်ထားတော်မူပါ'' ဟုပန်ကြား၏။
22 ၂၂ သခင်ယေရှုက ``သင်တို့သည်မည်သည့်အရာကို ပန်ကြားနေသည်ကိုသင်တို့မသိကြ။ ငါသောက် ရမည့်ဒုက္ခဝေဒနာခွက်ကိုသင်တို့သောက်နိုင်ကြ သလော'' ဟုမေးတော်မူ၏။ သူတို့က ``အကျွန်ုပ်တို့သောက်နိုင်ပါသည်'' ဟု လျှောက်ထားကြ၏။
23 ၂၃ ကိုယ်တော်က ``သင်တို့သည်ငါ၏ခွက်မှအမှန်ပင် သောက်ရကြလိမ့်မည်။ သို့ရာတွင်ငါ၏လက်ယာရံ နှင့်လက်ဝဲရံအဖြစ်ကိုမူငါမပေးပိုင်။ ဤအခွင့် အရေးများသည်ငါ့ခမည်းတော်စီမံပြင်ဆင်ထား သူများအတွက်သာဖြစ်၏'' ဟုမိန့်တော်မူ၏။
24 ၂၄ ဤအကြောင်းအရာကိုတပည့်တော်ဆယ်ဦးတို့ ကြားလျှင် ထိုညီအစ်ကိုနှစ်ယောက်ကိုစိတ်ဆိုး ကြ၏။-
25 ၂၅ သခင်ယေရှုသည်တပည့်တော်တို့ကိုအထံတော် သို့ခေါ်တော်မူလျက် ``မင်းစိုးရာဇာတို့သည်ပြည် သူတို့အပေါ်ဝယ် တန်ခိုးအာဏာရှိကြောင်းကို လည်းကောင်း၊ ပြည်သူ့ခေါင်းဆောင်များသည်လည်း ပြည်သူတို့အား အစိုးတရပြုတတ်ကြောင်းကို လည်းကောင်းသင်တို့သိကြ၏။-
26 ၂၆ သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် သင့်။ သင်တို့အနက်အကြီးအကဲဖြစ်လိုသူ သည်သင်တို့၏အစေခံဖြစ်ရမည်။-
27 ၂၇ အကြီးမြတ်ဆုံးဖြစ်လိုသူသည်သင်တို့၏ကျွန် ဖြစ်ရမည်။-
28 ၂၈ လူသားပင်လျှင်သူတစ်ပါးအားစေစားရန် ကြွလာသည်မဟုတ်။ သူတစ်ပါး၏အစေကို ခံရန်နှင့် မိမိအသက်ကိုစွန့်၍လူများအား ရွေးနုတ်ရန်ကြွလာသတည်း'' ဟုမိန့်တော်မူ ၏။
29 ၂၉ ကိုယ်တော်နှင့်တပည့်တော်တို့သည် ယေရိခေါ မြို့မှထွက်ခွာလာကြသောအခါ လူပရိသတ် ကြီးသည်နောက်တော်ကလိုက်ကြ၏။-
30 ၃၀ သခင်ယေရှုကြွသွားတော်မူကြောင်းကို လမ်း အနီးတွင်ထိုင်နေသောမျက်မမြင်နှစ်ယောက်တို့ ကြားသိသောအခါ ``အရှင်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ'' ဟုဟစ်အော် ကြ၏။
31 ၃၁ လူပရိသတ်တို့ကသူတို့အားဆိတ်ဆိတ်နေ ရန်ငေါက်ငန်းပြောဆိုကြ၏။ သို့သော်လည်းသူတို့ သည် ``အရှင်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ'' ဟုသာ၍ပင်ဟစ်အော်ကြ၏။
32 ၃၂ သခင်ယေရှုသည်ရပ်တန့်တော်မူ၍ထိုသူတို့ ကိုအထံတော်သို့ခေါ်တော်မူပြီးလျှင် ``သင် တို့အတွက်အဘယ်အရာကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။
33 ၃၃ သူတို့က ``အရှင်၊ အကျွန်ုပ်တို့အားမျက်စိပြန်၍ မြင်စေတော်မူပါ'' ဟုလျှောက်ကြ၏။
34 ၃၄ သခင်ယေရှုသည်သူတို့ကိုသနားတော်မူသဖြင့် သူတို့၏မျက်စိကိုလက်တော်ဖြင့်တို့ထိတော်မူ၏။ သူတို့သည်မျက်စိအလင်းကိုချက်ချင်းပြန်လည် ရရှိ၍နောက်တော်သို့လိုက်ကြ၏။