< မဿဲ 2 >
1 ၁ ဟေရုဒ်မင်း၏လက်ထက်၊ ယုဒပြည်ဗက်လင်မြို့ တွင် မယ်တော်မာရိသည်သူငယ်တော်ယေရှုကို ဖွားမြင်လေသည်။ ထိုအခါအရှေ့တိုင်းနိုင်ငံ မှပညာရှိတို့သည် ယေရုရှလင်မြို့သို့ရောက် လာပြီးလျှင်၊-
Cuando Jesús nació en Belén de Judea, en tiempos del rey Herodes, vinieron a Jerusalén unos sabios del Oriente, diciendo:
2 ၂ ``ယခုဖွားမြင်သောယုဒရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့တိုင်းနိုင်ငံတွင် ထိုအရှင်၏ကြယ်ပေါ်ထွန်းသည်ကိုမြင်သဖြင့် ထိုအရှင်အားဖူးမြော်ပူဇော်အံ့သောငှာ ငါ တို့ရောက်လာကြပါသည်'' ဟုစုံစမ်းမေးမြန်း ကြ၏။-
“¿Dónde está el que ha nacido como Rey de los judíos? Porque hemos visto su estrella en el oriente y hemos venido a adorarle”.
3 ၃ ထိုအကြောင်းကိုကြားလျှင်ဟေရုဒ်မင်းနှင့်တကွ ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့သည် တုန်လှုပ်ချောက်ချား၍သွားကြကုန်၏။-
Al oírlo, el rey Herodes se turbó, y toda Jerusalén con él.
4 ၄ ဟေရုဒ်မင်းသည်ယဇ်ပုရောဟိတ်ကြီးများနှင့် ကျမ်းတတ်ဆရာများကိုစုဝေးစေလျက် ``မေရှိယ သည်အဘယ်အရပ်တွင်ဖွားမြင်လိမ့်မည်နည်း'' ဟုမေး၏။-
Reuniendo a todos los jefes de los sacerdotes y a los escribas del pueblo, les preguntó dónde iba a nacer el Cristo.
5 ၅ ထိုသူတို့က ``ယုဒပြည်ဗက်လင်မြို့တွင်ဖွားမြင် ပါလိမ့်မည်။ ကျမ်းစာတော်တွင်ပရောဖက်တစ်ဦး က၊
Ellos le respondieron: “En Belén de Judea, porque así está escrito por el profeta,
6 ၆ `အို ယုဒပြည်ဗက်လင်မြို့၊သင်သည်ယုဒပြည်ရှိ မြို့များအနက်သိမ်ငယ်လှသောမြို့မဟုတ်။ ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့အား ရှေ့ဆောင်လမ်းပြမည့်ခေါင်းဆောင်တစ်ဦးသည် သင်၏အထဲမှပေါ်ထွန်းလိမ့်မည်' ဟုဟောကြားထားပါသည်'' ဟူ၍လျှောက်ထား ကြ၏။
‘Tú Belén, tierra de Judá, no eres en absoluto el menos importante entre los príncipes de Judá; porque de ti saldrá un gobernador que pastoreará a mi pueblo, Israel”.
7 ၇ ထိုအခါဟေရုဒ်မင်းသည်ပညာရှိတို့ကိုလျှို့ ဝှက်စွာခေါ်၍ ကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုသေချာစွာစုံစမ်းမေးမြန်းတော်မူ၏။-
Entonces Herodes llamó en secreto a los sabios y se enteró por ellos de la hora exacta en que apareció la estrella.
8 ၈ ထိုနောက်မင်းကြီးသည်ထိုသူတို့အား ``သင်တို့ သွား၍သူငယ်ကိုတွေ့အောင်ရှာကြပါ။ တွေ့သော အခါငါလည်းသူ့ကိုဖူးမြော်ပူဇော်နိုင်ရန် ငါ့ ထံလာ၍အကြောင်းကြားကြပါ'' ဟုမိန့်မှာ လျက်ဗက်လင်မြို့သို့စေလွှတ်တော်မူ၏။
Los envió a Belén y les dijo: “Id y buscad diligentemente al niño. Cuando lo hayáis encontrado, traedme la noticia, para que yo también vaya a adorarlo”.
9 ၉ သို့ဖြစ်၍ထိုသူတို့သည်ထွက်သွားကြရာသူ တို့တွေ့မြင်ခဲ့သည့်ကြယ်ကိုမြင်ပြန်သဖြင့် လွန် စွာဝမ်းမြောက်ဝမ်းသာဖြစ်ကြ၏။ ထိုကြယ်သည် လည်းသူတို့အားရှေ့ဆောင်ကာသူငယ်တော်ရှိ ရာအရပ်ပေါ်သို့ရောက်လျှင်ရပ်တန့်လေ၏။-
Ellos, habiendo oído al rey, se pusieron en camino; y he aquí que la estrella que habían visto en el oriente, iba delante de ellos hasta que llegó y se paró sobre donde estaba el niño.
Al ver la estrella, se alegraron mucho.
11 ၁၁ သူတို့သည်အိမ်ထဲသို့ဝင်ကြရာသူငယ်တော် အား မယ်တော်နှင့်အတူတွေ့မြင်ကြ၏။ ထိုအခါ သူတို့သည်မြေပေါ်မှာပျပ်ဝပ်ရှိခိုးပြီးလျှင် ဘဏ္ဍာ ကြုတ်များကိုဖွင့်၍ရွှေ၊ လောဗန်နှင့်မုရန်တို့ကို ပူဇော်ဆက်သကြ၏။
Entraron en la casa y vieron al niño con María, su madre, y se postraron y lo adoraron. Abriendo sus tesoros, le ofrecieron regalos: oro, incienso y mirra.
12 ၁၂ ဟေရုဒ်မင်းထံသို့မပြန်ကြရန်အိပ်မက်တွင် ဘုရား သခင်သတိပေးတော်မူသဖြင့် သူတို့သည်အခြား လမ်းဖြင့်မိမိတို့တိုင်းနိုင်ငံသို့ပြန်သွားကြ၏။
Al ser advertidos en sueños de que no debían volver a Herodes, regresaron a su país por otro camino.
13 ၁၃ ပညာရှိများထွက်ခွာသွားကြပြီးနောက်ယောသပ် သည် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါး ကိုအိပ်မက်တွင်မြင်ရ၏။ ကောင်းကင်တမန်က ``ထ လော့၊ သူငယ်တော်နှင့်မယ်တော်ကိုခေါ်၍အီဂျစ် ပြည်သို့ထွက်ပြေးလော့။ ဟေရုဒ်မင်းသည်သူငယ် တော်ကိုသတ်ရန်ရှာလိမ့်မည်။ သင်တို့အားပြန် လာရန်ငါအမိန့်မပေးမချင်းထိုအရပ်တွင် နေလော့'' ဟုဆို၏။-
Cuando se fueron, he aquí que un ángel del Señor se le apareció a José en sueños, diciendo: “Levántate y toma al niño y a su madre, y huye a Egipto, y quédate allí hasta que yo te diga, porque Herodes buscará al niño para destruirlo.”
14 ၁၄ ယောသပ်သည်ထ၍သူငယ်တော်နှင့်မယ်တော်တို့ ကိုခေါ်ဆောင်ကာညဥ့်အခါ အီဂျစ်ပြည်သို့ထွက် ခွာသွားပြီးလျှင်ဟေရုဒ်မင်းကွယ်လွန်သည်တိုင် အောင်ထိုပြည်တွင်နေ၏။
Se levantó, tomó al niño y a su madre de noche y se marchó a Egipto,
15 ၁၅ ဤအမှုအရာကား ``ငါ့သားကိုအီဂျစ်ပြည်မှ ခေါ်ခဲ့၏'' ဟူ၍ပရောဖက်အားဖြင့်မိန့်ကြားတော် မူသောထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်ခြင်းပင်ဖြစ်သတည်း။
y estuvo allí hasta la muerte de Herodes, para que se cumpliera lo que había dicho el Señor por medio del profeta: “De Egipto llamé a mi hijo.”
16 ၁၆ ဟေရုဒ်မင်းသည်မိမိအားပညာရှိတို့လှည့်စား သွားကြကြောင်းကိုသိလျှင် ပြင်းစွာအမျက်ထွက် လေ၏။ သို့ဖြစ်၍ထိုသူတို့ထံမှစုံစမ်းသိရှိရ သည့်အတိုင်းကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုထောက်လျက် ဗက်လင်မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိနှစ်နှစ်အရွယ်နှင့်နှစ်နှစ်အောက် သူငယ်အပေါင်းတို့ကိုသတ်စေ၏။
Entonces Herodes, cuando se vio burlado por los sabios, se enojó mucho y mandó matar a todos los niños varones que había en Belén y en toda la campiña de los alrededores, de dos años para abajo, según el tiempo exacto que había aprendido de los sabios.
17 ၁၇ ဤသို့လျှင်၊ ``ရာမအရပ်တွင်လွန်စွာဝမ်းနည်းပူဆွေး ငိုကြွေးမြည်တမ်းသံကိုကြားရ၏။ ရာခေလသည်မိမိ၏ကလေးများအတွက် ငိုယို၍နေ၏။ ကလေးတို့သေကြပြီးဖြစ်၍သူ့အား နှစ်သိမ့်၍မရနိုင်'' ဟူသောပရောဖက်ယေရမိ၏စကားသည်မှန် ၍လာတော့၏။
Entonces se cumplió lo dicho por el profeta Jeremías, que dijo
“Se oyó una voz en Ramá, lamento, llanto y gran luto, Raquel llorando por sus hijos; no se consolaría, porque ya no existen”.
19 ၁၉ ဟေရုဒ်မင်းကွယ်လွန်ပြီးနောက်အီဂျစ်ပြည်တွင် ယောသပ်သည်ထာဝရဘုရား၏ကောင်းကင် တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။-
Pero cuando Herodes murió, he aquí que un ángel del Señor se le apareció en sueños a José en Egipto, diciendo:
20 ၂၀ ကောင်းကင်တမန်က ``သင်သည်ထ၍သူငယ်တော် နှင့်မယ်တော်ကိုခေါ်ဆောင်ကာဣသရေလပြည်သို့ ပြန်သွားလော့။ သူငယ်တော်ကိုသတ်လိုသူတို့သည် သေလွန်ကြလေပြီ'' ဟုဆို၏။-
“Levántate y toma al niño y a su madre, y vete a la tierra de Israel, porque los que buscaban la vida del niño han muerto.”
21 ၂၁ ယောသပ်သည်ထ၍သူငယ်တော်နှင့်မယ်တော်ကို ဆောင်ယူကာ ဣသရေလပြည်သို့ပြန်သွားလေ၏။
Se levantó, tomó al niño y a su madre y se fue a la tierra de Israel.
22 ၂၂ ယုဒပြည်တွင်အာခေလသည်ခမည်းတော်ဟေရုဒ် မင်း၏အရိုက်အရာကိုဆက်ခံစိုးစံလျက်နေ၏။ ထိုအကြောင်းကိုကြားသောအခါယောသပ်သည် ထိုပြည်သို့မသွားဝံ့တော့ချေ။ သူသည်အိပ်မက် တွင်ထာဝရဘုရား၏အမိန့်တော်ကိုခံယူရ သည့်အတိုင်းဂါလိလဲပြည်သို့သွား၍၊-
Pero cuando se enteró de que Arquelao reinaba en Judea en lugar de su padre, Herodes, tuvo miedo de ir allí. Advertido en sueños, se retiró a la región de Galilea,
23 ၂၃ နာဇရက်နာမည်တွင်သောမြို့တွင်နေထိုင်လေ၏။ သို့ဖြစ်၍ ``ကိုယ်တော်အားနာဇရက်မြို့သားဟု ခေါ်ဝေါ်ကြလတ္တံ့'' ဟူသောပရောဖက်များ၏ ဟောကြားချက်မှန်ကန်၍လာသတည်း။
y vino a vivir a una ciudad llamada Nazaret, para que se cumpliera lo dicho por los profetas de que sería llamado nazareno.