< မဿဲ 19 >

1 သ​ခင်​ယေ​ရှု​သည်​ဤ​သို့​မိန့်​တော်​မူ​ပြီး​သော အ​ခါ​ဂါ​လိ​လဲ​ပြည်​မှ​ထွက်​ခွာ​တော်​မူ​၍ ယော်​ဒန် မြစ်​တစ်​ဖက်​ကမ်း​ယု​ဒ​ပြည်​သို့​ရောက်​တော်​မူ​၏။-
And it came to pass when Jesus had finished these words, he departed from Galilee, and came into the borders of Judaea beyond Jordan;
2 လူ​ပ​ရိ​သတ်​ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။ ထို​အ​ရပ်​တွင်​ကိုယ်​တော်​သည်​သူ​နာ​များ​ကို ကျန်း​မာ​စေ​တော်​မူ​၏။
and great multitudes followed him; and he healed them there.
3 ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``လူ တစ်​စုံ​တစ်​ယောက်​သည်​မည်​သည့်​အ​ကြောင်း​ကြောင့် မ​ဆို မိ​မိ​၏​မ​ယား​နှင့်​ကွာ​ရှင်း​အပ်​ပါ​သ​လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍​မေး​လျှောက်​ကြ​၏။
And there came unto him Pharisees, tempting him, and saying, Is it lawful [for a man] to put away his wife for every cause?
4 ကိုယ်​တော်​က ``ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည် အ​စ​အ​ဦး​က​ပင်​လျှင်​ယောကျာ်း​နှင့်​မိန်းမ​ကို ဖန်​ဆင်း​တော်​မူ​၏။ ဟူ​သော​ကျမ်း​စ​ကား​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော။-
And he answered and said, Have ye not read, that he which made [them] from the beginning made them male and female,
5 `ဘု​ရား​သ​ခင်​က​ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း သည် ကိုယ့်​မိ​ဘ​ကို​စွန့်​၍​မိ​မိ​ဇ​နီး​နှင့်​ပေါင်း​သင်း နေ​ထိုင်​ရ​လိမ့်​မည်။ ထို​သူ​နှစ်​ဦး​သည်​တစ်​သား တည်း​ဖြစ်​ရ​ကြ​လိမ့်​မည်။-
and said, For this cause shall a man leave his father and mother, and shall cleave to his wife; and the twain shall become one flesh?
6 သို့​ဖြစ်​၍​သူ​တို့​သည်​နှစ်​ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း ဖြစ်​၏။' `ဘု​ရား​သ​ခင်​စုံ​ဖက်​ပေး​သည်​ကို​လူ​မ​ခွဲ ခွာ​စေ​နှင့်' ဟု​မိန့်​တော်​မူ​၏။
So that they are no more twain, but one flesh. What therefore God hath joined together, let not man put asunder.
7 ဖာ​ရိ​ရှဲ​တို့​က ``ထို​သို့​ဖြစ်​ပါ​မူ​အ​ဘယ်​ကြောင့် မ​ယား​ကို​ဖြတ်​စာ​နှင့်​ကွာ​ရှင်း​ရန်​မော​ရှေ​ပ​ညတ် ခဲ့​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
They say unto him, Why then did Moses command to give a bill of divorcement, and to put [her] away?
8 ကိုယ်​တော်​က ``သင်​တို့​သည်​အ​ပြော​ရ​ခက်​သူ​များ ဖြစ်​သော​ကြောင့်​မော​ရှေ​သည်​သင်​တို့​အား​မ​ယား နှင့်​ကွာ​ရှင်း​ခွင့်​ပေး​ခဲ့​ခြင်း​ဖြစ်​၏။ အ​စ​မူ​လ​က ဤ​ခွင့်​ပြု​ချက်​မ​ရှိ။-
He saith unto them, Moses for your hardness of heart suffered you to put away your wives: but from the beginning it hath not been so.
9 သင်​တို့​အား​ငါ​ဆို​သည်​ကား​မိ​မိ​၏​ဇ​နီး​အား အ​ကျင့်​ဖောက်​ပြား​သည့်​အ​ပြစ်​မှ​တစ်​ပါး​အ​ခြား မည်​သည့်​အ​ပြစ်​ကြောင့်​မ​ဆို ကွာ​ရှင်း​၍​အ​ခြား အ​မျိုး​သ​မီး​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သူ သည်​မိ​မိ​ဇ​နီး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏'' ဟု မိန့်​တော်​မူ​သည်။
And I say unto you, Whosoever shall put away his wife, except for fornication, and shall marry another, committeth adultery: and he that marrieth her when she is put away committeth adultery.
10 ၁၀ တ​ပည့်​တော်​တို့​က ``ဇ​နီး​ခင်​ပွန်း​ပေါင်း​သင်း ဆက်​ဆံ​မှု​သည်​ဤ​သို့​ဖြစ်​ပါ​လျှင်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​သည်​က​ပို​၍​ကောင်း​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။
The disciples say unto him, If the case of the man is so with his wife, it is not expedient to marry.
11 ၁၁ ကိုယ်​တော်​က ``လူ​တိုင်း​အိမ်​ထောင်​မ​ပြု​ဘဲ​နေ​နိုင် သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ခွင့်​ပြု​သူ​များ​သာ လျှင်​နေ​နိုင်​ကြ​၏။ လူ​တို့​အိမ်​ထောင်​မ​ပြု​နိုင်​ကြ သည်​မှာ​အ​ကြောင်း​အ​မျိုး​မျိုး​ကြောင့်​ဖြစ်​၏။-
But he said unto them, All men cannot receive this saying, but they to whom it is given.
12 ၁၂ အ​ချို့​သော​သူ​တို့​တွင်​မွေး​စ​က​ပင်​အိမ်​ထောင် ပြု​နိုင်​ရန်​စွမ်း​ရည်​မ​ပါ​မ​ရှိ​ကြ။ အ​ချို့​တို့​မှာ လူ​တို့​က​ထို​စွမ်း​ရည်​ကို​ဖျက်​ဆီး​ပစ်​လိုက်​သော ကြောင့်​အိမ်​ထောင်​ပြု​၍​မ​ရ​ကြ။ အ​ချို့​မှာ​မူ ကောင်း​ကင်​နိုင်​ငံ​တော်​၏​အ​ကျိုး​ကို​ထောက်​၍ အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ကြ​၏။ အိမ်​ထောင်​မ​ပြု ဘဲ​နေ​နိုင်​သူ​သည်​အိမ်​ထောင်​မ​ပြု​စေ​နှင့်'' ဟု မိန့်​တော်​မူ​၏။
For there are eunuchs, which were so born from their mother’s womb: and there are eunuchs, which were made eunuchs by men: and there are eunuchs, which made themselves eunuchs for the kingdom of heaven’s sake. He that is able to receive it, let him receive it.
13 ၁၃ လူ​အ​ချို့​တို့​သည်​က​လေး​သူ​ငယ်​များ​အ​ပေါ် လက်​တော်​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​စေ​ရန် ကိုယ်​တော်​၏​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။-
Then were there brought unto him little children, that he should lay his hands on them, and pray: and the disciples rebuked them.
14 ၁၄ သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ထို​သူ​တို့​ကို အ​ပြစ်​တင်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``က​လေး သူ​ငယ်​တို့​ငါ့​ထံ​လာ​ကြ​ပါ​စေ။ မ​ဆီး​တား ကြ​နှင့်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​ထို သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
But Jesus said, Suffer the little children, and forbid them not, to come unto me: for of such is the kingdom of heaven.
15 ၁၅ ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​ပြီး နောက်​ထို​အ​ရပ်​မှ​ထွက်​ကြွ​တော်​မူ​၏။
And he laid his hands on them, and departed thence.
16 ၁၆ လူ​တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ တော်၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​အံ့​သော​ငှာ​အ​ကျွန်ုပ် သည်​အ​ဘယ်​ကောင်း​မြတ်​သည့်​အ​မှု​ကို​ပြု​ရ ပါ​မည်​နည်း'' ဟု​မေး​လျှောက်​၏။ (aiōnios g166)
And behold, one came to him and said, Master, what good thing shall I do, that I may have eternal life? (aiōnios g166)
17 ၁၇ ကိုယ်​တော်​က ``သင်​သည်​ကောင်း​မြတ်​သည့်​အ​မှု နှင့်​ပတ်​သက်​၍​ငါ့​အား​အ​ဘယ်​ကြောင့်​မေး​သ​နည်း။ ကောင်း​မြတ်​သော​အ​ရှင်​တစ်​ပါး​တည်း​သာ​ရှိ​၏။ သင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​လို​လျှင်​ပညတ်​တော် တို့​ကို​စောင့်​ထိန်း​လော့'' ဟု​မိန့်​တော်​မူ​၏။
And he said unto him, Why askest thou me concerning that which is good? One there is who is good: but if thou wouldest enter into life, keep the commandments.
18 ၁၈ ထို​သူ​က ``အ​ဘယ်​ပ​ညတ်​များ​ပါ​နည်း'' ဟု​လျှောက် လျှင်​ကိုယ်​တော်​က ``လူ့​အ​သက်​ကို​မသတ်​နှင့်။ သူ့​အိမ် ရာ​ကို​မ​ပြစ်​မှား​နှင့်။ သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။ မ​မှန်​သော သက်​သေ​ကို​မ​ခံ​နှင့်။-
He saith unto him, Which? And Jesus said, Thou shalt not kill, Thou shalt not commit adultery, Thou shalt not steal, Thou shalt not bear false witness,
19 ၁၉ မိ​ဘ​ကို​ရို​သေ​မြတ်​နိုး​လော့။ အိမ်​နီး​ချင်း​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့'' ဟု​မိန့်​တော်​မူ​၏။
Honour thy father and thy mother: and, Thou shalt love thy neighbour as thyself.
20 ၂၀ ထို​လူ​ငယ်​က​လည်း ``အ​ကျွန်ုပ်​သည်​ထို​ပညတ် အ​ပေါင်း​ကို​ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍​စောင့်​ထိန်း ခဲ့​ပါ​ပြီ။ အ​ကျွန်ုပ်​တွင်​အ​ဘယ်​အ​ရာ​လို​နေ​ပါ သေး​သ​နည်း'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
The young man saith unto him, All these things have I observed: what lack I yet?
21 ၂၁ သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သူ ဖြစ်​လို​လျှင်​သွား​လော့၊ သင့်​ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​ပြီး လျှင်​ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ သို့​ပြု​လျှင်​သင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ လိမ့်​မည်။ ထို​သို့​စွန့်​ကြဲ​ပြီး​မှ​ငါ့​နောက်​သို့​လိုက် လော့'' ဟု​မိန့်​တော်​မူ​၏။
Jesus said unto him, If thou wouldest be perfect, go, sell that thou hast, and give to the poor, and thou shalt have treasure in heaven: and come, follow me.
22 ၂၂ သို့​ရာ​တွင်​ထို​လူ​ငယ်​သည်​ဥစ္စာ​များ​စွာ​ကြွယ်​ဝ​သူ ဖြစ်​သ​ဖြင့်​ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လျက်​ထွက်​ခွာ​သွား​လေ​၏။
But when the young man heard the saying, he went away sorrowful: for he was one that had great possessions.
23 ၂၃ သ​ခင်​ယေ​ရှု​က​လည်း ``အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား၊ ဥစ္စာ​ကြွယ်​ဝ​သူ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​နိုင်​ရန်​ခဲ​ယဉ်း​လှ​၏။-
And Jesus said unto his disciples, Verily I say unto you, It is hard for a rich man to enter into the kingdom of heaven.
24 ၂၄ တစ်​ဖန်​ငါ​ဆို​သည်​ကား၊ အပ်​န​ဖား​ကို​ကု​လား​အုတ် လျှို​ဝင်​ရန်​လွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သို့​ဥစ္စာ​ကြွယ်​ဝ​သူ​ဝင်​နိုင်​ရန်​ကား​ခဲ​ယဉ်း​လှ​၏'' ဟု တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ​၏။
And again I say unto you, It is easier for a camel to go through a needle’s eye, than for a rich man to enter into the kingdom of God.
25 ၂၅ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​ကြား လျှင်​လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည်​ကယ်​တင်​ခြင်း​ကို​ရ​နိုင်​ပါ​မည် နည်း'' ဟု​မေး​လျှောက်​ကြ​၏။
And when the disciples heard it, they were astonished exceedingly, saying, Who then can be saved?
26 ၂၆ သ​ခင်​ယေ​ရှု​သည် သူ​တို့​ကို​စိုက်​ကြည့်​တော်​မူ လျက် ``လူ​သည်​မိ​မိ​ကိုယ်​ကို​ကယ်​တင်​ရန်​မ​တတ် နိုင်။ ဘု​ရား​သ​ခင်​မူ​ကား အ​ရာ​ခပ်​သိမ်း​ကို​တတ် နိုင်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။
And Jesus looking upon [them] said to them, With men this is impossible; but with God all things are possible.
27 ၂၇ ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကျွန်ုပ်​တို့​သည်​အ​လုံး စုံ​သော​အ​ရာ​တို့​ကို​စွန့်​ပစ်​၍​ကိုယ်​တော်​၏​နောက် တော်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​အ​ဘယ် အ​ကျိုး​ကို​ခံ​စား​ရ​ကြ​ပါ​မည်​နည်း'' ဟု​လျှောက်​၏။
Then answered Peter and said unto him, Lo, we have left all, and followed thee; what then shall we have?
28 ၂၈ သ​ခင်​ယေ​ရှု​က ``ငါ​အ​မှန်​အ​ကန်​ဆို​သည် ကား​အ​သစ်​ပြု​ပြင်​ရာ​ကာ​လ​တွင်​လူ​သား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့်​ပလ္လင်​တော်​မှာ ထိုင်​တော်​မူ​သော​အ​ခါ ငါ​၏​တ​ပည့်​ဖြစ်​သူ သင်​တို့​သည်​လည်း​ပလ္လင်​တစ်​ဆယ့်​နှစ်​ခု​ပေါ်​မှာ ထိုင်​၍ ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​ပါး​ကို တ​ရား​စီ​ရင်​ရ​ကြ​လတ္တံ့။-
And Jesus said unto them, Verily I say unto you, that ye which have followed me, in the regeneration when the Son of man shall sit on the throne of his glory, ye also shall sit upon twelve thrones, judging the twelve tribes of Israel.
29 ၂၉ ထို​မှ​တစ်​ပါး​ငါ့​အ​တွက်​ကြောင့်​အိမ်၊ မြေ၊ ညီ အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား​သ​မီး​အ​နက် တစ်​စုံ​တစ်​ယောက်​ကို​စွန့်​သော​သူ​သည်​မိ​မိ​စွန့် သည်​ထက်​အ​ဆ​တစ်​ရာ​မျှ​အ​ကျိုး​ကို​ပြန် လည်​ရ​ရှိ​လိမ့်​မည်။ ထာ​ဝ​ရ​အ​သက်​ကို​လည်း ရ​လိမ့်​မည်။- (aiōnios g166)
And every one that hath left houses, or brethren, or sisters, or father, or mother, or children, or lands, for my name’s sake, shall receive a hundredfold, and shall inherit eternal life. (aiōnios g166)
30 ၃၀ သို့​ရာ​တွင်​အ​မြင့်​ဆုံး​သို့​ရောက်​နေ​သူ​အ​များ သည်​အ​နိမ့်​ဆုံး​သို့​ရောက်​ကြ​လိမ့်​မည်။ အ​နိမ့် ဆုံး​သို့​ရောက်​နေ​သူ​အ​များ​သည်​အ​မြင့်​ဆုံး သို့​ရောက်​ကြ​လိမ့်​မည်။
But many shall be last [that are] first; and first [that are] last.

< မဿဲ 19 >