< မဿဲ 19 >
1 ၁ သခင်ယေရှုသည်ဤသို့မိန့်တော်မူပြီးသော အခါဂါလိလဲပြည်မှထွက်ခွာတော်မူ၍ ယော်ဒန် မြစ်တစ်ဖက်ကမ်းယုဒပြည်သို့ရောက်တော်မူ၏။-
I stalo se, když dokonal Ježíš řeči tyto, bral se z Galilee, a přišel do končin Judských za Jordán.
2 ၂ လူပရိသတ်ကြီးသည်နောက်တော်သို့လိုက်ကြ၏။ ထိုအရပ်တွင်ကိုယ်တော်သည်သူနာများကို ကျန်းမာစေတော်မူ၏။
I šli za ním zástupové mnozí, a uzdravil je tam.
3 ၃ ဖာရိရှဲအချို့တို့သည်အထံတော်သို့လာ၍ ``လူ တစ်စုံတစ်ယောက်သည်မည်သည့်အကြောင်းကြောင့် မဆို မိမိ၏မယားနှင့်ကွာရှင်းအပ်ပါသလော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
I přistoupili k němu farizeové, pokoušejíce ho a řkouce jemu: Sluší-li člověku propustiti manželku svou z kterékoli příčiny?
4 ၄ ကိုယ်တော်က ``ဖန်ဆင်းတော်မူသောအရှင်သည် အစအဦးကပင်လျှင်ယောကျာ်းနှင့်မိန်းမကို ဖန်ဆင်းတော်မူ၏။ ဟူသောကျမ်းစကားကို သင်တို့မဖတ်ဖူးကြပါသလော။-
On pak odpovídaje, řekl jim: Což jste nečtli, že ten, kterýž stvořil s počátku, muže a ženu učinil je?
5 ၅ `ဘုရားသခင်ကဤအကြောင်းကြောင့်ယောကျာ်း သည် ကိုယ့်မိဘကိုစွန့်၍မိမိဇနီးနှင့်ပေါင်းသင်း နေထိုင်ရလိမ့်မည်။ ထိုသူနှစ်ဦးသည်တစ်သား တည်းဖြစ်ရကြလိမ့်မည်။-
A řekl: Protož opustí člověk otce i matku, a připojí se k manželce své, i budou dva jedno tělo.
6 ၆ သို့ဖြစ်၍သူတို့သည်နှစ်ဦးမဟုတ်၊ တစ်ဦးတည်း ဖြစ်၏။' `ဘုရားသခင်စုံဖက်ပေးသည်ကိုလူမခွဲ ခွာစေနှင့်' ဟုမိန့်တော်မူ၏။
A tak již nejsou dva, ale jedno tělo. A protož, což Bůh spojil, člověk nerozlučuj.
7 ၇ ဖာရိရှဲတို့က ``ထိုသို့ဖြစ်ပါမူအဘယ်ကြောင့် မယားကိုဖြတ်စာနှင့်ကွာရှင်းရန်မောရှေပညတ် ခဲ့ပါသနည်း'' ဟုမေးလျှောက်ကြ၏။
Řekli jemu: Pročež tedy Mojžíš rozkázal dáti lístek rozloučení, a propustiti ji?
8 ၈ ကိုယ်တော်က ``သင်တို့သည်အပြောရခက်သူများ ဖြစ်သောကြောင့်မောရှေသည်သင်တို့အားမယား နှင့်ကွာရှင်းခွင့်ပေးခဲ့ခြင်းဖြစ်၏။ အစမူလက ဤခွင့်ပြုချက်မရှိ။-
Dí jim: Mojžíš pro tvrdost srdce vašeho dopustil vám propouštěti manželky vaše, ale s počátku nebylo tak.
9 ၉ သင်တို့အားငါဆိုသည်ကားမိမိ၏ဇနီးအား အကျင့်ဖောက်ပြားသည့်အပြစ်မှတစ်ပါးအခြား မည်သည့်အပြစ်ကြောင့်မဆို ကွာရှင်း၍အခြား အမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ပြုသူ သည်မိမိဇနီး၏အိမ်ရာကိုပြစ်မှား၏'' ဟု မိန့်တော်မူသည်။
Protož pravím vám: Že kdožkoli propustil by manželku svou, (leč pro smilství, ) a jinou pojme, cizoloží, i kdož propuštěnou pojme, cizoloží.
10 ၁၀ တပည့်တော်တို့က ``ဇနီးခင်ပွန်းပေါင်းသင်း ဆက်ဆံမှုသည်ဤသို့ဖြစ်ပါလျှင်အိမ်ထောင် မပြုဘဲနေသည်ကပို၍ကောင်းပါ၏'' ဟု လျှောက်ထားကြ၏။
Řekli jemu učedlníci jeho: Poněvadž jest taková pře s manželkou, není dobré ženiti se.
11 ၁၁ ကိုယ်တော်က ``လူတိုင်းအိမ်ထောင်မပြုဘဲနေနိုင် သည်မဟုတ်။ ဘုရားသခင်ခွင့်ပြုသူများသာ လျှင်နေနိုင်ကြ၏။ လူတို့အိမ်ထောင်မပြုနိုင်ကြ သည်မှာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်၏။-
On pak řekl jim: Ne všickniť chápají slova toho, ale ti, jimž jest dáno.
12 ၁၂ အချို့သောသူတို့တွင်မွေးစကပင်အိမ်ထောင် ပြုနိုင်ရန်စွမ်းရည်မပါမရှိကြ။ အချို့တို့မှာ လူတို့ကထိုစွမ်းရည်ကိုဖျက်ဆီးပစ်လိုက်သော ကြောင့်အိမ်ထောင်ပြု၍မရကြ။ အချို့မှာမူ ကောင်းကင်နိုင်ငံတော်၏အကျိုးကိုထောက်၍ အိမ်ထောင်မပြုဘဲနေကြ၏။ အိမ်ထောင်မပြု ဘဲနေနိုင်သူသည်အိမ်ထောင်မပြုစေနှင့်'' ဟု မိန့်တော်မူ၏။
Jsouť zajisté panicové, kteříž se tak z života matky zrodili; a jsouť panicové, kteříž učiněni jsou od lidí; a jsouť panicové, kteříž se sami v panictví oddali pro království nebeské. Kdo může pochopiti, pochop.
13 ၁၃ လူအချို့တို့သည်ကလေးသူငယ်များအပေါ် လက်တော်တင်၍ကောင်းချီးပေးတော်မူစေရန် ကိုယ်တော်၏ထံသို့ခေါ်ခဲ့ကြ၏။-
Tehdy přineseny jsou k němu dítky, aby na ně ruce vzkládal a modlil se. Učedlníci pak přimlouvali jim.
14 ၁၄ သို့ရာတွင်တပည့်တော်တို့သည်ထိုသူတို့ကို အပြစ်တင်ကြ၏။ သခင်ယေရှုက ``ကလေး သူငယ်တို့ငါ့ထံလာကြပါစေ။ မဆီးတား ကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည်ထို သို့သောသူတို့၏နိုင်ငံဖြစ်၏'' ဟုမိန့်တော် မူ၏။
Ale Ježíš řekl: Nechte dítek a nebraňte jim jíti ke mně; nebo takovýchť jest království nebeské.
15 ၁၅ ကိုယ်တော်သည်ကလေးသူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ကောင်းချီးပေးတော်မူပြီး နောက်ထိုအရပ်မှထွက်ကြွတော်မူ၏။
A po vzkládání na ně rukou odebral se odtud.
16 ၁၆ လူတစ်ယောက်သည်အထံတော်သို့လာ၍ ``ဆရာ တော်၊ ထာဝရအသက်ကိုရအံ့သောငှာအကျွန်ုပ် သည်အဘယ်ကောင်းမြတ်သည့်အမှုကိုပြုရ ပါမည်နည်း'' ဟုမေးလျှောက်၏။ (aiōnios )
A aj, jeden přistoupiv, řekl jemu: Mistře dobrý, co dobrého budu činiti, abych měl život věčný? (aiōnios )
17 ၁၇ ကိုယ်တော်က ``သင်သည်ကောင်းမြတ်သည့်အမှု နှင့်ပတ်သက်၍ငါ့အားအဘယ်ကြောင့်မေးသနည်း။ ကောင်းမြတ်သောအရှင်တစ်ပါးတည်းသာရှိ၏။ သင် သည်ထာဝရအသက်ကိုခံယူလိုလျှင်ပညတ်တော် တို့ကိုစောင့်ထိန်းလော့'' ဟုမိန့်တော်မူ၏။
Ale on řekl jemu: Co mne nazýváš dobrým? Žádný není dobrý, než jediný, totiž Bůh. Chceš-li pak vjíti do života, ostříhej přikázaní.
18 ၁၈ ထိုသူက ``အဘယ်ပညတ်များပါနည်း'' ဟုလျှောက် လျှင်ကိုယ်တော်က ``လူ့အသက်ကိုမသတ်နှင့်။ သူ့အိမ် ရာကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သော သက်သေကိုမခံနှင့်။-
Dí jemu: Kterých? Ježíš pak řekl: Nezabiješ, nezcizoložíš, nepokradeš, nepromluvíš křivého svědectví.
19 ၁၉ မိဘကိုရိုသေမြတ်နိုးလော့။ အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်လော့'' ဟုမိန့်တော်မူ၏။
Cti otce svého i matku, a milovati budeš bližního svého jako sebe samého.
20 ၂၀ ထိုလူငယ်ကလည်း ``အကျွန်ုပ်သည်ထိုပညတ် အပေါင်းကိုငယ်ရွယ်စဉ်အခါမှစ၍စောင့်ထိန်း ခဲ့ပါပြီ။ အကျွန်ုပ်တွင်အဘယ်အရာလိုနေပါ သေးသနည်း'' ဟုပြန်လည်လျှောက်ထား၏။
Dí jemu mládenec: Všeho toho ostříhal jsem od své mladosti. Čehož mi se ještě nedostává?
21 ၂၁ သခင်ယေရှုက ``သင်သည်အပြစ်ဆိုဖွယ်မရှိသူ ဖြစ်လိုလျှင်သွားလော့၊ သင့်ဥစ္စာရှိသမျှကိုရောင်းပြီး လျှင်ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲလော့။ ဤ သို့ပြုလျှင်သင်သည်ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရ လိမ့်မည်။ ထိုသို့စွန့်ကြဲပြီးမှငါ့နောက်သို့လိုက် လော့'' ဟုမိန့်တော်မူ၏။
Řekl mu Ježíš: Chceš-li dokonalým býti, jdiž a prodej statek svůj, a rozdej chudým, a budeš míti poklad v nebi, a poď, následuj mne.
22 ၂၂ သို့ရာတွင်ထိုလူငယ်သည်ဥစ္စာများစွာကြွယ်ဝသူ ဖြစ်သဖြင့်ကိုယ်တော်၏စကားကိုကြားသောအခါ စိတ်မချမ်းမသာဖြစ်လျက်ထွက်ခွာသွားလေ၏။
Uslyšev pak mládenec tu řeč, odšel, smuten jsa; nebo měl statku mnoho.
23 ၂၃ သခင်ယေရှုကလည်း ``အမှန်အကန်ငါဆိုသည်ကား၊ ဥစ္စာကြွယ်ဝသူသည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်နိုင်ရန်ခဲယဉ်းလှ၏။-
Ježíš pak řekl učedlníkům svým: Amen pravím vám, že bohatý nesnadně vejde do království nebeského.
24 ၂၄ တစ်ဖန်ငါဆိုသည်ကား၊ အပ်နဖားကိုကုလားအုတ် လျှိုဝင်ရန်လွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော် သို့ဥစ္စာကြွယ်ဝသူဝင်နိုင်ရန်ကားခဲယဉ်းလှ၏'' ဟု တပည့်တော်တို့အားမိန့်တော်မူ၏။
A opět pravím vám: Snázeť jest velbloudu skrze uši jehly projíti, nežli bohatému vjíti do království Božího.
25 ၂၅ တပည့်တော်တို့သည်ကိုယ်တော်၏စကားကိုကြား လျှင်လွန်စွာအံ့သြကြသဖြင့် ``သို့ဖြစ်လျှင် အဘယ်သူသည်ကယ်တင်ခြင်းကိုရနိုင်ပါမည် နည်း'' ဟုမေးလျှောက်ကြ၏။
A uslyšavše to učedlníci jeho, užasli se velmi, řkouce: I kdož tedy může spasen býti?
26 ၂၆ သခင်ယေရှုသည် သူတို့ကိုစိုက်ကြည့်တော်မူ လျက် ``လူသည်မိမိကိုယ်ကိုကယ်တင်ရန်မတတ် နိုင်။ ဘုရားသခင်မူကား အရာခပ်သိမ်းကိုတတ် နိုင်တော်မူ၏'' ဟုမိန့်တော်မူ၏။
Pohleděv pak Ježíš, řekl jim: U lidíť jest to nemožné, ale u Boha všecko jest možné.
27 ၂၇ ထိုအခါပေတရုက ``အကျွန်ုပ်တို့သည်အလုံး စုံသောအရာတို့ကိုစွန့်ပစ်၍ကိုယ်တော်၏နောက် တော်သို့လိုက်ခဲ့ကြပါပြီ။ အကျွန်ုပ်တို့အဘယ် အကျိုးကိုခံစားရကြပါမည်နည်း'' ဟုလျှောက်၏။
Tehdy odpověděv Petr, řekl mu: Aj, my opustili jsme všecky věci, a šli jsme za tebou. Což pak nám bude?
28 ၂၈ သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။-
Ježíš pak řekl jim: Amen pravím vám, že vy, kteříž jste následovali mne, v druhém narození, když se posadí Syn člověka na trůnu velebnosti své, sednete i vy na dvanácti trůních, soudíce dvanáctero pokolení Izraelské.
29 ၂၉ ထိုမှတစ်ပါးငါ့အတွက်ကြောင့်အိမ်၊ မြေ၊ ညီ အစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သားသမီးအနက် တစ်စုံတစ်ယောက်ကိုစွန့်သောသူသည်မိမိစွန့် သည်ထက်အဆတစ်ရာမျှအကျိုးကိုပြန် လည်ရရှိလိမ့်မည်။ ထာဝရအသက်ကိုလည်း ရလိမ့်မည်။- (aiōnios )
A každý, kdož opustil by domy, neb bratry, neb sestry, neb otce, neb matku, neb manželku, neb dítky, neb pole pro jméno mé, stokrát více vezme, a život věčný dědičně obdrží. (aiōnios )
30 ၃၀ သို့ရာတွင်အမြင့်ဆုံးသို့ရောက်နေသူအများ သည်အနိမ့်ဆုံးသို့ရောက်ကြလိမ့်မည်။ အနိမ့် ဆုံးသို့ရောက်နေသူအများသည်အမြင့်ဆုံး သို့ရောက်ကြလိမ့်မည်။
Mnozí pak první budou poslední, a poslední první.