< မဿဲ 18 >
1 ၁ ထိုအခါတပည့်တော်တို့သည်သခင်ယေရှုထံ တော်သို့ချဉ်းကပ်၍ ``ကောင်းကင်နိုင်ငံတော်တွင် မည်သူသည်အကြီးမြတ်ဆုံးနည်း'' ဟုမေး လျှောက်ကြ၏။
ⲁ̅ϩⲛⲧⲉⲩⲛⲟⲩ ⲉⲧⲙⲙⲁⲩ ⲁⲙⲙⲁⲑⲏⲧⲏⲥ ϯⲡⲉⲩⲟⲩⲟⲓ ⲉⲓ̅ⲥ̅ ⲉⲩϫⲱ ⲙⲙⲟⲥ. ϫⲉ ⲛⲓⲙ ⲁⲣⲁ ⲡⲉ ⲡⲛⲟϭ ϩⲛⲧⲙⲛⲧⲣⲣⲟ ⲛⲙⲡⲏⲩⲉ.
2 ၂ ကိုယ်တော်သည်ကလေးသူငယ်တစ်ယောက်ကို ခေါ်ယူပြီးလျှင်တပည့်တော်တို့၏ရှေ့တွင် ရပ်နေစေတော်မူ၏။-
ⲃ̅ⲁϥⲙⲟⲩⲧⲉ ⲇⲉ ⲛϭⲓⲓ̅ⲥ̅ ⲉⲩϣⲏⲣⲉ ϣⲏⲙ ⲁϥⲧⲁϩⲟϥ ⲉⲣⲁⲧϥ ϩⲛⲧⲉⲩⲙⲏⲧⲉ.
3 ၃ ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့သည်စိတ်ပြောင်းလဲ ၍ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင်ကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်။-
ⲅ̅ⲡⲉϫⲁϥ ⲛⲁⲩ. ϫⲉ ϩⲁⲙⲏⲛ ϯϫⲱ ⲙⲙⲟⲥ ⲛⲏⲧⲛ ϫⲉ ⲉⲓⲙⲏⲧⲉⲓ ⲛⲧⲉⲧⲛⲕⲉⲧⲧⲏⲩⲧⲛ ⲛⲧⲉⲧⲛⲣⲑⲉ ⲛⲛⲉⲓϣⲏⲣⲉ ϣⲏⲙ ⲛⲛⲉⲧⲛⲃⲱⲕ ⲉϩⲟⲩⲛ ⲉⲧⲙⲛⲧⲣⲣⲟ ⲛⲙⲡⲏⲩⲉ.
4 ၄ ဤကလေးသူငယ်ကဲ့သို့စိတ်နှိမ့်ချသူသည် ကောင်းကင်နိုင်ငံတော်တွင်အကြီးမြတ်ဆုံး ဖြစ်လိမ့်မည်။-
ⲇ̅ⲡⲉⲧⲛⲁⲑⲃⲃⲓⲟϥ ⲇⲉ ⲛⲑⲉ ⲙⲡⲉⲓϣⲏⲣⲉ ϣⲏⲙ. ⲡⲁⲓ ⲡⲉ ⲡⲛⲟϭ ϩⲛⲧⲙⲛⲧⲣⲣⲟ ⲛⲙⲡⲏⲩⲉ.
5 ၅ ငါ၏နာမကိုထောက်၍ဤသို့သောကလေး သူငယ်တစ်စုံတစ်ယောက်ကိုလက်ခံသူသည် ငါ့ကိုလက်ခံ၏။
ⲉ̅ⲁⲩⲱ ⲡⲉⲧⲛⲁϣⲱⲡ ⲉⲣⲟϥ ⲛⲟⲩϣⲏⲣⲉ ϣⲏⲙ ⲛⲧⲉⲓϩⲉ ⲉϩⲣⲁⲓ ⲉϫⲙⲡⲁⲣⲁⲛ ⲉϥϣⲱⲡ ⲙⲙⲟⲓ ⲉⲣⲟϥ.
6 ၆ ``ငါ့ကိုယုံကြည်ကိုးစားသည့်ကလေးသူငယ် တစ်စုံတစ်ယောက်အားယုံကြည်ခြင်းပျက်ပြယ် စေသောသူမူကား လည်တွင်ကြိတ်ဆုံကျောက်ကြီး ကိုဆွဲလျက်ပင်လယ်နက်ထဲသို့အချခံရလျှင် သူ့အဖို့သာ၍ကောင်း၏။-
ⲋ̅ⲡⲉⲧⲛⲁⲥⲕⲁⲛⲇⲁⲗⲓⲍⲉ ⲇⲉ ⲛⲟⲩⲁ ⲛⲛⲉⲓⲕⲟⲩⲓ ⲉⲧⲡⲓⲥⲧⲉⲩⲉ ⲉⲣⲟⲓ. ⲥⲉⲣⲛⲟϥⲣⲉ ⲛⲁϥ ϫⲉⲕⲁⲥ ⲉⲩⲉⲙⲟⲩⲣ ⲛⲟⲩⲱⲛⲉ ⲛⲥⲓⲕⲉ ⲉⲡⲉϥⲙⲁⲕϩ ⲛⲥⲉⲟⲙⲥϥ ϩⲣⲁⲓ ϩⲙⲡⲡⲉⲗⲁⲅⲟⲥ ⲛⲧⲉⲑⲁⲗⲁⲥⲥⲁ.
7 ၇ လူသားတို့အားယုံကြည်ခြင်းပျက်ပြယ်စေ သောအရာများရှိသည့်အတွက်လူသားတို့ သည်အမင်္ဂလာရှိကြ၏။ ယုံကြည်ခြင်းကိုပျက် ပြယ်စေသောအရာများကားမုချရှိမည်။ သို့ ရာတွင်ယုံကြည်ခြင်းပျက်ပြယ်မှုကိုဖြစ် စေသောသူသည်အမင်္ဂလာရှိ၏။
ⲍ̅ⲟⲩⲟⲓ ⲙⲡⲕⲟⲥⲙⲟⲥ ⲉⲃⲟⲗ ϩⲛⲛⲉⲥⲕⲁⲛⲇⲁⲗⲟⲛ. ⲁⲛⲁⲅⲕⲏ ⲅⲁⲣ ⲉⲧⲣⲉⲛⲉⲥⲕⲁⲛⲇⲁⲗⲟⲛ ⲉⲓ. ⲡ(ⲗ)ⲏⲛ ⲟⲩⲟⲓ ⲙⲡⲣⲱⲙⲉ ⲉⲧⲙⲙⲁⲩ ⲡⲉⲧⲉⲣⲉⲡⲉⲥⲕⲁⲛⲇⲁⲗⲟⲛ ⲛⲏⲩ ⲉⲃⲟⲗ ϩⲓⲧⲟⲟⲧϥ.
8 ၈ ``သင်၏ခြေသော်လည်းကောင်း၊ လက်သော်လည်း ကောင်းသင်၏ယုံကြည်ခြင်းကိုပျက်ပြယ်စေလျှင် ထိုခြေထိုလက်ကိုဖြတ်ပစ်လော့။ ထာဝရမီး ထဲသို့ခြေလက်အစုံနှင့်ကျရသည်ထက်ကိုယ် အင်္ဂါချို့တဲ့လျက်ထာဝရအသက်ရခြင်းက သာ၍ကောင်း၏။- (aiōnios )
ⲏ̅ⲉϣϫⲉⲧⲉⲕϭⲓϫ ⲏ ⲧⲉⲕⲟⲩⲉⲣⲏⲧⲉ ⲥⲕⲁⲛⲇⲁⲗⲓⲍⲉ ⲙⲙⲟⲕ ϣⲁⲁⲧⲥ ⲛⲅⲛⲟϫⲥ ⲛⲥⲁⲃⲟⲗ ⲙⲙⲟⲕ. ⲛⲁⲛⲟⲩⲥ ⲅⲁⲣ ⲛⲁⲕ ⲉⲃⲱⲕ ⲉϩⲟⲩⲛ ⲉⲡⲱⲛϩ ⲉⲕⲟ ⲛϭⲁⲗⲉ. ⲏ ⲉⲕⲟ ⲛ(ϭ)ⲁⲛⲁϩ. ⲏ ⲉⲣⲉⲧⲉⲕϭⲓϫ ⲥⲛⲧⲉ ⲙⲙⲟⲕ. ⲏ ⲟⲩⲉⲣⲏⲧⲉ ⲥⲛⲧⲉ ⲛⲥⲉⲛⲟϫⲕ ⲉⲧⲥⲁⲧⲉ ⲛϣⲁⲉⲛⲉϩ. (aiōnios )
9 ၉ သင်၏မျက်စိသည်သင်၏ယုံကြည်ခြင်းကိုပျက် ပြယ်စေလျှင်ထိုမျက်စိကိုထုတ်ပစ်လော့။ ငရဲမီး ထဲသို့မျက်စိအစုံနှင့်ကျရသည်ထက်မျက်စိ တစ်လုံးချို့တဲ့လျက် ထာဝရအသက်ကိုရခြင်း ကသာ၍ကောင်း၏။ (Geenna )
ⲑ̅ⲁⲩⲱ ⲉϣϫⲉⲡⲉⲕⲃⲁⲗ ⲥⲕⲁⲛⲇⲁⲗⲓⲍⲉ ⲙⲙⲟⲕ ⲡⲟⲣⲕϥ ⲛⲅⲛⲟϫϥ ⲛⲥⲁⲃⲟⲗ ⲙⲙⲟⲕ. ⲛⲁⲛⲟⲩⲥ ⲅⲁⲣ ⲛⲁⲕ ⲉⲣⲉⲟⲩⲃⲁⲗ ⲛⲟⲩⲱⲧ ⲙⲙⲟⲕ ⲉⲃⲱⲕ ⲉϩⲟⲩⲛ ⲉⲡⲱⲛϩ ⲉϩⲟⲩⲉⲉⲣⲉⲃⲁⲗ ⲥⲛⲁⲩ ⲙⲙⲟⲕ ⲛⲥⲉⲛⲟϫⲕ ⲉⲧⲅⲉϩⲉⲛⲛⲁ ⲛⲥⲁⲧⲉ. (Geenna )
10 ၁၀ ``သင်တို့သည်အဘယ်ကလေးသူငယ်ကိုမျှ အထင်အမြင်မသေးမိစေရန်သတိထား ကြလော့။ သင်တို့အားငါဆိုသည်ကား၊ ထိုသူငယ် တို့၏ကောင်းကင်တမန်များသည်ကောင်းကင်ဘုံ ရှင်ငါ့ခမည်းတော်၏ရှေ့တော်မှောက်၌အစဉ် မပြတ်ခစားလျက်ရှိကြ၏။-
ⲓ̅ϭⲱϣⲧ ⲙⲡⲣⲕⲁⲧⲁⲫⲣⲟⲛⲉⲓ ⲛⲟⲩⲁ ⲛⲛⲉⲓⲕⲟⲩⲓ. ϯϫⲱ ⲅⲁⲣ ⲙⲙⲟⲥ ⲛⲏⲧⲛ ϫⲉ ⲛⲉⲩⲁⲅⲅⲉⲗⲟⲥ ϭⲱϣⲧ ⲛⲟⲩⲟⲉⲓϣ ⲛⲓⲙ ϩⲛⲙⲡⲏⲩⲉ ⲉⲡϩⲟ ⲙⲡⲁⲉⲓⲱⲧ ⲉⲧϩⲛⲙⲡⲏⲩⲉ.
11 ၁၁ (လူသားသည်ပျောက်ဆုံးသူတို့ကိုကယ်တင် ရန်ကြွလာခြင်းဖြစ်၏။)
ⲓ̅ⲁ̅
12 ၁၂ ``သင်တို့သည်အဘယ်သို့ထင်မှတ်ကြသနည်း။ လူတစ်ယောက်သည်မိမိမှာရှိသည့်သိုးတစ်ရာ အနက်တစ်ကောင်ပျောက်သွားလျှင်ကိုးဆယ် ကိုးကောင်ကိုတောင်ပေါ်စားကျက်တွင်ထားခဲ့ ပြီးလျှင်ပျောက်သောသိုးကိုလိုက်၍မရှာဘဲ နေပါမည်လော။-
ⲓ̅ⲃ̅ⲟⲩ ⲡⲉⲧⲥⲇⲟⲕⲉⲓ ⲛⲏⲧⲛ ⲉϣⲱⲡⲉ ⲟⲩⲣⲱⲙⲉ ⲉϥϣⲁⲛⲕⲱ ⲛⲁϥ ⲛϣⲉ ⲛⲉⲥⲟⲟⲩ ⲛⲧⲉⲟⲩⲁ ⲥⲱⲣⲙ ⲉⲃⲟⲗ ⲛϩⲏⲧⲟⲩ. ⲙⲏ ⲛϥⲛⲁⲕⲱ ⲁⲛ ⲙⲡⲉⲓⲡⲥⲧⲁⲓⲟⲩⲯⲓⲥ ⲛⲉⲥⲟⲟⲩ ϩⲓϫⲛⲛⲧⲟⲟⲩ ⲛϥⲃⲱⲕ ⲛϥϣⲓⲛⲉ ⲛⲥⲁⲡⲉⲧⲥⲱⲣⲙ.
13 ၁၃ ပျောက်သောသိုးကိုရှာ၍တွေ့သောအခါမပျောက် သည့်သိုးကိုးဆယ့်ကိုးကောင်အတွက်ရွှင်လန်းဝမ်း မြောက်သည်ထက် ထိုသိုးအတွက်ပို၍ရွှင်လန်း ဝမ်းမြောက်သည်ဟုသင်တို့အားအမှန်အကန် ငါဆို၏။-
ⲓ̅ⲅ̅ⲁⲩⲱ ⲉⲥϣⲁⲛϣⲱⲡⲉ ⲛϥϩⲉ ⲉⲣⲟϥ ϩⲁⲙⲏⲛ ϯϫⲱ ⲙⲙⲟⲥ ⲛⲏⲧⲛ. ϫⲉ ϣⲁϥⲣⲁϣⲉ ⲉϩⲣⲁⲓ ⲉϫⲱϥ ⲉϩⲟⲩⲉⲡⲉⲓⲡⲥⲧⲁⲓⲟⲩⲯⲓⲥ ⲉⲧⲙⲡⲟⲩⲥⲱⲣⲙ.
14 ၁၄ ထိုနည်းတူစွာကောင်းကင်ဘုံရှင်သင်တို့၏အဖ သည်လည်း ဤကလေးသူငယ်တစ်စုံတစ်ယောက် ပျောက်ဆုံးလမ်းလွဲသွားသည်ကိုအလိုတော် မရှိ။
ⲓ̅ⲇ̅ⲧⲁⲓ ⲧⲉ ⲑⲉ ⲙⲡⲟⲩⲱϣ ⲁⲛ ⲡⲉ ⲙⲡⲉⲙⲧⲟ ⲉⲃⲟⲗ ⲙⲡⲁⲉⲓⲱⲧ ⲉⲧϩⲛⲙⲡⲏⲩⲉ. ϫⲉⲕⲁⲥ ⲉϥⲉϩⲉ ⲉⲃⲟⲗ ⲛϭⲓⲟⲩⲁ ⲛⲛⲉⲓⲕⲟⲩⲓ.
15 ၁၅ ``သင်၏ညီအစ်ကိုသည်သင့်ကိုပြစ်မှားလျှင်သူ့ အပြစ်ကိုဖော်ပြရန်သူ့ထံသို့သွားလော့။ သို့ရာ တွင်သင်တို့နှစ်ယောက်တည်းသာတွေ့ဆုံ၍ပြော ဆိုလော့။ သင်၏စကားကိုနားထောင်လျှင်ထို ညီအစ်ကိုနှင့်သင်သည်ပြန်၍သင့်မြတ်သွား လေပြီ။-
ⲓ̅ⲉ̅ⲉϣⲱⲡⲉ ⲇⲉ ⲉⲣϣⲁⲛⲡⲉⲕⲥⲟⲛ ⲣⲛⲟⲃⲉ ⲃⲱⲕ ⲛⲅϫⲡⲉⲓⲟϥ ⲟⲩⲧⲱⲕ ⲟⲩⲧⲱϥ ⲙⲁⲩⲁⲁⲕ. ⲉϣⲱⲡⲉ ⲇⲉ ⲉϥϣⲁⲛⲥⲱⲧⲙ ⲛⲥⲱⲕ ⲁⲕϯϩⲏⲩ ⲙⲡⲉⲕⲥⲟⲛ.
16 ၁၆ သို့ရာတွင်သူသည်သင်၏စကားကိုနားမထောင် ပါမူသင်၏စွပ်စွဲချက်မှန်သမျှအတည်ဖြစ် စေရန် ကျမ်းစာလာသည်အတိုင်းအသိသက်သေ နှစ်ယောက်သုံးယောက်ကိုခေါ်လော့။-
ⲓ̅ⲋ̅ⲉϣⲱⲡⲉ ⲇⲉ ⲉϥϣⲁⲛⲧⲙⲥⲱⲧⲙ ⲛⲥⲱⲕ ϫⲓ ⲛⲕⲉⲟⲩⲁ ⲛⲙⲙⲁⲕ. ⲏ ⲥⲛⲁⲩ. ϫⲉⲕⲁⲥ ⲉⲃⲟⲗ ϩⲓⲧⲛⲧⲧⲁⲡⲣⲟ ⲙⲙⲛⲧⲣⲉ ⲥⲛⲁⲩ ⲏ ϣⲟⲙⲛⲧ ⲉⲣⲉϣⲁϫⲉ ⲛⲓⲙ ⲁϩⲉⲣⲁⲧϥ.
17 ၁၇ အကယ်၍သူသည်ထိုသူတို့၏စကားကိုလည်း နားမထောင်ပြန်လျှင်အသင်းတော်အားတိုင်ကြား လော့။ အသင်းတော်၏စကားကိုပင်နားမထောင် လျှင်ထိုသူအားဘုရားမဲ့သူတစ်ယောက်၊ သို့ မဟုတ်အခွန်ခံသူတစ်ယောက်ကဲ့သို့မှတ်ယူ လော့။
ⲓ̅ⲍ̅ⲉϣⲱⲡⲉ ⲇⲉ ⲉϥϣⲁⲛⲧⲙⲥⲱⲧⲙ ⲛⲥⲱⲟⲩ. ⲁϫⲓⲥ ⲛⲧⲉⲕⲕⲗⲏⲥⲓⲁ. ⲉϣⲱⲡⲉ ⲇⲉ ⲉϥϣⲁⲛⲣⲁⲧⲥⲱⲧⲙ ⲛⲥⲁⲧⲕⲉⲉⲕⲕⲗⲏⲥⲓⲁ ⲙⲁⲣⲉϥϣⲱⲡⲉ ⲛⲁⲕ ⲛⲑⲉ ⲛⲟⲩϩⲉⲑⲛⲓⲕⲟⲥ ⲙⲛⲟⲩⲧⲉⲗⲱⲛⲏⲥ.
18 ၁၈ ``အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ လောကတွင်သင်တို့တားမြစ်သမျှကိုဘုရား သခင်သည်ကောင်းကင်ဘုံ၌တားမြစ်တော်မူ လိမ့်မည်။ လောကတွင်သင်တို့ခွင့်ပြုသမျှ ကိုကောင်းကင်ဘုံ၌ခွင့်ပြုတော်မူလိမ့်မည်။
ⲓ̅ⲏ̅ϩⲁⲙⲏⲛ ϯϫⲱ ⲙⲙⲟⲥ ⲛⲏⲧⲛ. ϫⲉ ⲛⲉⲧⲉⲧⲛⲁⲙⲟⲣⲟⲩ ϩⲓϫⲙⲡⲕⲁϩ ⲥⲉⲛⲁϣⲱⲡⲉ ⲉⲩⲙⲏⲣ ϩⲛⲙⲡⲏⲩⲉ. ⲁⲩⲱ ⲛⲉⲧⲉⲧⲛⲁⲃⲟⲗ ⲉⲃⲟⲗ ϩⲓϫⲙⲡⲕⲁϩ ⲥⲉⲛⲁϣⲱⲡⲉ ⲉⲩⲃⲏⲗ ϩⲛⲙⲡⲏⲩⲉ.
19 ၁၉ ``ထို့ပြင်အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ လောကတွင်သင်တို့အနက်လူနှစ်ယောက် မျှစိတ်တူသဘောတူ၍ဆုတောင်းပတ္ထနာပြု ပါလျှင် ကောင်းကင်ဘုံရှင်ငါ၏ခမည်းတော် သည်သင်တို့တောင်းလျှောက်သမျှသောအရာ ကိုပေးသနားတော်မူလိမ့်မည်။-
ⲓ̅ⲑ̅ϩⲁⲙⲏⲛ ⲟⲛ ϯϫⲱ ⲙⲙⲟⲥ ⲛⲏⲧⲛ. ϫⲉ ⲉⲣϣⲁⲛⲥⲛⲁⲩ ⲛϩⲏⲧⲧⲏⲩⲧⲛ ϥⲓ ⲙⲛⲛⲉⲩⲉⲣⲏⲩ ϩⲣⲁⲓ ϩⲓϫⲙⲡⲕⲁϩ. ϩⲱⲃ ⲛⲓⲙ ⲉⲧⲟⲩⲛⲁⲁⲓⲧⲉⲓ ⲙⲙⲟⲟⲩ ⲥⲉⲛⲁϣⲱⲡⲉ ⲛⲁⲩ ⲉⲃⲟⲗ ϩⲓⲧⲟⲟⲧϥ ⲙⲡⲁⲉⲓⲱⲧ ⲉⲧϩⲛⲙⲡⲏⲩⲉ.
20 ၂၀ အဘယ်ကြောင့်ဆိုသော်လူနှစ်ယောက်သုံးယောက် တို့သည်ငါ့နာမကိုအမှီပြု၍စုဝေးလျှင် စု ဝေးရာတွင်သူတို့နှင့်အတူငါရှိမည်ဖြစ် သောကြောင့်တည်း။
ⲕ̅ⲡⲙⲁ ⲅⲁⲣ ⲉⲧⲉⲣⲉⲥⲛⲁⲩ. ⲏ ϣⲟⲙⲛⲧ ⲥⲟⲟⲩϩ ⲛϩⲏⲧϥ ϩⲙⲡⲁⲣⲁⲛ. ⲁⲛⲟⲕ ϯϣⲟⲟⲡ ⲛⲙⲙⲁⲩ ϩⲛⲧⲉⲩⲙⲏⲧⲉ.
21 ၂၁ ထိုနောက်ပေတရုသည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်ဘုရား၊ အကျွန်ုပ်၏ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှားလျှင်သူ့အားအကြိမ်မည် မျှအပြစ်ဖြေလွှတ်ရပါမည်နည်း။ ခုနစ်ကြိမ် တိုင်အောင်ဖြေလွှတ်ရပါမည်လော'' ဟုမေး လျှောက်၏။
ⲕ̅ⲁ̅ⲧⲟⲧⲉ ⲁⲡⲉⲧⲣⲟⲥ ϯⲡⲉϥⲟⲩⲟⲓ ⲉⲣⲟϥ ⲡⲉϫⲁϥ ⲛⲁϥ ϫⲉ ⲡϫⲟⲉⲓⲥ ⲉⲣϣⲁⲛⲡⲁⲥⲟⲛ ⲣⲛⲟⲃⲉ ⲉⲣⲟⲓ ⲧⲁⲕⲱ ⲛⲁϥ ⲉⲃⲟⲗ ϣⲁⲟⲩⲏⲣ ⲛⲥⲟⲡ. ϣⲁⲥⲁϣϥ ⲛⲥⲟⲡ.
22 ၂၂ သခင်ယေရှုက ``ခုနစ်ကြိမ်တိုင်အောင်ဖြေလွှတ်ရ မည်ဟုသင့်အားငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီတိုင်အောင်ဖြေလွှတ်ရမည်ဟုငါဆို၏။-
ⲕ̅ⲃ̅ⲡⲉϫⲁϥ ⲛⲁϥ ⲛϭⲓⲓ̅ⲥ̅. ϫⲉ ⲛϯϫⲱ ⲙⲙⲟⲥ ⲛⲁⲕ ⲁⲛ ϫⲉ ϣⲁⲥⲁϣϥ ⲛⲥⲟⲡ. ⲁⲗⲗⲁ ϣⲁⲥⲁϣϥ ⲛϣϥⲉ ⲛⲥⲟⲡ.
23 ၂၃ သို့ဖြစ်၍ကောင်းကင်နိုင်ငံတော်သည်မိမိ၏ကျွန် များနှင့်စာရင်းရှင်းလိုသည့်ဘုရင်တစ်ပါး ကြုံတွေ့ရသည့်အဖြစ်အပျက်နှင့်တူ၏။-
ⲕ̅ⲅ̅ⲉⲧⲃⲉⲡⲁⲓ ⲉⲥⲧⲛⲧⲱⲛ ⲛϭⲓⲧⲙⲛⲧⲣⲣⲟ ⲛⲙⲡⲏⲩⲉ ⲉⲩⲣⲱⲙⲉ ⲛⲣⲣⲟ ⲡⲁⲓ ⲛⲧⲁϥⲟⲩⲱϣ ⲉϥⲓⲱⲡ ⲙⲛⲛⲉϥϩⲙϩⲁⲗ.
24 ၂၄ သူသည်စာရင်းစ၍ရှင်းသောအခါငွေသန်းပေါင်း များစွာကြွေးတင်သူလူတစ်ယောက်ကိုခေါ်စေ၏။-
ⲕ̅ⲇ̅ⲛⲧⲉⲣⲉϥⲁⲣⲭⲉⲓ ⲇⲉ ⲛϥⲓⲱⲡ ⲁⲩⲉⲓⲛⲉ ⲛⲁϥ ⲛⲟⲩⲁ ⲉⲣⲉϩⲁϩ ⲛϭⲓⲛϭⲱⲣ ⲉⲣⲟϥ.
25 ၂၅ ထိုသူသည်ထိုအကြွေးကိုပေးဆပ်နိုင်စွမ်းမရှိ သဖြင့်မင်းကြီးကထိုသူနှင့်တကွသားမယား၊ ဥစ္စာပစ္စည်းရှိသမျှတို့ကိုရောင်း၍ပေးဆပ်စေ ရန်အမိန့်ချမှတ်တော်မူ၏။-
ⲕ̅ⲉ̅ⲉⲙⲛⲧⲁϥⲥⲉ ⲇⲉ ⲉⲧⲁⲁⲩ ⲁϥⲟⲩⲉϩⲥⲁϩⲛⲉ ⲇⲉ ⲛϭⲓⲡⲉϥϫⲟⲉⲓⲥ ⲉⲧⲣⲉⲩⲧⲁⲁϥ ⲉⲃⲟⲗ ⲙⲛⲧⲉϥⲥϩⲓⲙⲉ ⲙⲛⲛⲉϥϣⲏⲣⲉ. ⲙⲛⲛⲕⲁ ⲛⲓⲙ ⲉⲧⲛⲧⲁϥ ⲛϥⲧⲁⲁⲩ.
26 ၂၆ သို့ဖြစ်၍ထိုသူသည်မင်းကြီး၏ရှေ့တွင်ဝပ်တွား လျက် `အကျွန်ုပ်ကိုသည်းခံတော်မူပါ။ အကြွေး များပြေလည်အောင်ပေးဆပ်ပါမည်' ဟုလျှောက်၏။-
ⲕ̅ⲋ̅ⲁϥⲡⲁϩⲧϥ ⲇⲉ ⲛϭⲓⲡϩⲙϩⲁⲗ ⲁϥⲟⲩⲱϣⲧ ⲛⲁϥ ⲉϥϫⲱ ⲙⲙⲟⲥ. ϫⲉ ⲡϫⲟⲉⲓⲥ ϩⲣⲟϣ ⲛϩⲏⲧ ⲉϩⲣⲁⲓ ⲉϫⲱⲓ ⲧⲁⲧⲁⲁⲩ ⲛⲁⲕ ⲧⲏⲣⲟⲩ.
27 ၂၇ မင်းကြီးသည်သူ့ကိုသနားသဖြင့်အကြွေးများ ကိုစာရင်းမှပယ်ဖျက်ပြီးလျှင်လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်၏။''
ⲕ̅ⲍ̅ⲁϥϣⲛϩⲧⲏϥ ⲇⲉ ⲛϭⲓⲡϫⲟⲉⲓⲥ ⲙⲡϩⲙϩⲁⲗ ⲁϥⲕⲱ ⲙⲙⲟϥ ⲉⲃⲟⲗ ⲁⲩⲱ ⲡⲉⲧⲉⲣⲟϥ ⲧⲏⲣϥ ⲁϥⲕⲁⲁϥ ⲛⲁϥ ⲉⲃⲟⲗ.
28 ၂၈ ``သို့ရာတွင်သူသည်ထွက်သွားသောအခါမိမိ အားအကြွေးငွေတစ်ရာပေးဆပ်ရန်ရှိသူကျွန်ချင်း တစ်ယောက်ကိုတွေ့လျှင် ထိုကျွန်၏လည်ကိုကိုင်ညှစ် ၍ `သင်ပေးဆပ်ရန်ရှိသောအကြွေးကိုပေးဆပ် လော့'' ဟုဆို၏။-
ⲕ̅ⲏ̅ⲁϥⲉⲓ ⲇⲉ ⲉⲃⲟⲗ ⲛϭⲓⲡϩⲙϩⲁⲗ ⲉⲧⲙⲙⲁⲩ ⲁϥϩⲉ ⲉⲟⲩⲁ ⲛⲛⲉϥϣⲃⲏⲣϩⲙϩⲁⲗ ⲡⲁⲓ ⲉⲛⲉⲩⲛⲧⲁϥ ⲉⲣⲟϥ ⲛϣⲉ ⲛⲥⲁⲧⲉⲉⲣⲉ. ⲁϥⲁⲙⲁϩⲧⲉ ⲙⲙⲟϥ ⲁϥⲱϭⲧ ⲙⲙⲟϥ ⲉϥϫⲱ ⲙⲙⲟⲥ ϫⲉ ⲁⲩⲡⲉⲧⲉⲣⲟⲕ.
29 ၂၉ ထိုကျွန်သည်ဒူးထောက်လျက် `အကျွန်ုပ်ကိုသည်းခံ ပါ။ အကြွေးရှိသမျှကိုပေးဆပ်ပါမည်' ဟုတောင်း ပန်၏။-
ⲕ̅ⲑ̅ⲁϥⲡⲁϩⲧϥ ⲇⲉ ⲛϭⲓⲡⲉϥϣⲃⲏⲣϩⲙϩⲁⲗ ⲁϥⲡⲁⲣⲁⲕⲁⲗⲉⲓ ⲙⲙⲟϥ ⲉϥϫⲱ ⲙⲙⲟⲥ ϫⲉ ϩⲣⲟϣ ⲛϩⲏⲧ ⲉϩⲣⲁⲓ ⲉϫⲱⲓ ⲧⲁⲧⲁⲁⲩ ⲛⲁⲕ ⲧⲏⲣⲟⲩ.
30 ၃၀ သို့ရာတွင်ကြွေးရှင်သည်နားမထောင်ဘဲမိမိ၏ အကြွေးကိုပြေလည်အောင်မပေးမဆပ်မချင်း ထိုကျွန်ကိုအကျဉ်းချထားလေသည်။-
ⲗ̅ⲛⲧⲟϥ ⲇⲉ ⲙⲡⲉϥⲟⲩⲱϣ. ⲁⲗⲗⲁ ⲁϥⲃⲱⲕ ⲁϥⲛⲟϫϥ ⲉⲡⲉϣⲧⲉⲕⲟ ϣⲁⲛⲧⲉϥϯ ⲙⲡⲉⲧⲉⲣⲟϥ.
31 ၃၁ ထိုအခြင်းအရာကိုအခြားသောကျွန်ချင်းတို့ သိမြင်လျှင်လွန်စွာစိတ်ဆိုး၍ မိမိတို့၏အရှင် ထံသို့သွားပြီးလျှင်ဖြစ်ပျက်သမျှတို့ကို လျှောက်ထားကြ၏။-
ⲗ̅ⲁ̅ⲁⲩⲛⲁⲩ ⲇⲉ ⲛϭⲓⲛⲉϥϣⲃⲏⲣϩⲙϩⲁⲗ ⲉⲡⲉⲛⲧⲁϥϣⲱⲡⲉ. ⲁⲩⲗⲩⲡⲉⲓ ⲉⲙⲁⲧⲉ. ⲁⲩⲉⲓ ⲁⲩϫⲱ ⲉⲡⲉⲩϫⲟⲉⲓⲥ ⲛϩⲱⲃ ⲛⲓⲙ ⲛⲧⲁⲩϣⲱⲡⲉ.
32 ၃၂ ထိုအခါမင်းကြီးသည်ထိုကျွန်ကိုခေါ်၍`ဟယ် ကျွန်ယုတ်၊ သင်ငါ့ကိုတောင်းပန်သောအခါသင် ပေးဆပ်ရန်အကြွေးရှိသမျှကိုငါပယ်ဖျက် ခဲ့၏။-
ⲗ̅ⲃ̅ⲧⲟⲧⲉ ⲁϥⲙⲟⲩⲧⲉ ⲉⲣⲟϥ ⲛϭⲓⲡⲉϥϫⲟⲉⲓⲥ ⲡⲉϫⲁϥ ⲛⲁϥ ϫⲉ ⲡϩⲙϩⲁⲗ ⲙⲡⲟⲛⲏⲣⲟⲥ. ⲛⲏ ⲧⲏⲣⲟⲩ ⲉⲧⲉⲣⲟⲕ ⲁⲓⲕⲁⲁⲩ ⲛⲁⲕ ⲉⲃⲟⲗ ⲉⲧⲃⲉϫⲉ ⲁⲕⲥⲡⲥⲱⲡⲧ.
33 ၃၃ သင့်ကိုငါသနားသကဲ့သို့သင်သည်လည်း ကျွန်ချင်းကိုမသနားအပ်သလော' ဟုဆို၏။-
ⲗ̅ⲅ̅ⲛⲉϣϣⲉ ⲛⲧⲟⲕ ⲁⲛ ⲉⲣⲟⲕ ⲡⲉ ⲉⲛⲁ ⲙⲡⲉⲕϣⲃⲏⲣϩⲙϩⲁⲗ ⲛⲑⲉ ϩⲱ ⲛⲧⲁⲓⲛⲁ ⲛⲁⲕ.
34 ၃၄ မင်းကြီးသည်အမျက်ထွက်၍ထိုကျွန်ကိုအကြွေး မကျေမချင်းအကျဉ်းချထားလေ၏။''
ⲗ̅ⲇ̅ⲁϥⲛⲟⲩϭⲥ ⲛϭⲓⲡⲉϥϫⲟⲉⲓⲥ ⲁϥϯ ⲙⲙⲟϥ ⲉⲧⲟⲟⲧⲟⲩ ⲛⲛⲃⲁⲍⲁⲛⲓⲥⲧⲏⲥ ϣⲁⲛⲧⲉϥϯ ⲙⲡⲉⲧⲉⲣⲟϥ ⲧⲏⲣϥ.
35 ၃၅ ထိုနောက်သခင်ယေရှုကသင်တို့သည်ညီအစ်ကို အချင်းချင်းတစ်ယောက်၏အပြစ်ကိုတစ်ယောက် အမှန်တကယ်မဖြေမလွှတ်လျှင် ကောင်းကင်ဘုံ ရှင်ငါ၏အဖသည်လည်းသင်တို့၏အပြစ်ကို ဖြေလွှတ်တော်မူလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
ⲗ̅ⲉ̅ⲧⲁⲓ ⲟⲛ ⲧⲉ ⲑⲉ ⲉⲧⲉϥⲛⲁⲁⲁⲥ ⲛⲏⲧⲛ ⲛϭⲓⲡⲁⲉⲓⲱⲧ ⲉⲧϩⲛⲙⲡⲏⲩⲉ ⲉⲣⲧⲙⲡⲟⲩⲁ ⲡⲟⲩⲁ ⲕⲱ ⲉⲃⲟⲗ ⲙⲡⲉϥⲥⲟⲛ ϩⲛⲛⲉⲧⲛϩⲏⲧ.