< မဿဲ 16 >

1 ဖာ​ရိ​ရှဲ​များ​နှင့်​ဇဒ္ဒု​ကဲ​များ​သည်​အ​ထံ​တော် သို့​လာ​၍​ကိုယ်​တော်​အား​ပ​ရိ​ယာယ်​ဆင်​လျက် ``ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား​စေ​လွှတ် တော်​မူ​ကြောင်း​သိ​နိုင်​ရန်​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​တော်​မူ​ပါ'' ဟု​တောင်း​ဆို​ကြ​၏။-
І підійшли фарисеї та саддукеї, і, випробо́вуючи, просили Його показати ознаку їм із неба.
2 ကိုယ်​တော်​က ``နေ​ဝင်​ချိန်​၌​မိုး​တိမ်​နီ​လျှင် ရာ​သီ​ဥ​တု​သာ​ယာ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊-
А Він відповів і промовив до них: „Ви зве́чора кажете: „Буде пого́да, — червоні́є бо небо“.
3 နံ​နက်​ချိန်​၌​မိုး​တိမ်​နီ​၍​အုံ့​မှိုင်း​နေ​လျှင်​မိုး​ရွာ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​သင်​တို့​ပြော​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်း​ကင်​ကို​ကြည့်​ခြင်း​အား​ဖြင့် မိုး​လေ​ဝ​သ​၏​အ​ခြေ​အ​နေ​ကို​သိ​နိုင်​ကြ​ပါ လျက် မျက်​မှောက်​ခေတ်​ကာ​လ​၏​အ​ရိပ်​အ​ခြေ​ကို မူ​ပိုင်း​ခြား​၍​မ​သိ​နိုင်​ကြ​ပါ​သ​လော။-
А ра́нком: „Сьогодні него́да, — червоніє бо небо похмуре“. Розпізна́ти небесне обличчя ви вмієте, ознак ча́су ж не можете!
4 ဤ​ခေတ်​လူ​တို့​သည်​အ​လွန်​ဆိုး​ညစ်​၍​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​ကြ​ပါ​သည် တ​ကား။ သင်​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န​၏​နိ​မိတ်​လက္ခ​ဏာ မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​မျှ​သင်​တို့ တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက် ခွာ​သွား​တော်​မူ​၏။
Рід лукавий і перелю́бний шукає озна́ки, та ознаки йому не дадуть, окрім озна́ки пророка Йони“. І, їх полишивши, Він відійшов.
5 တ​ပည့်​တော်​တို့​သည်​အိုင်​တစ်​ဖက်​ကမ်း​သို့​ရောက် ကြ​၏။ သူ​တို့​သည်​အ​စား​အ​စာ​များ​ကို​မ​ယူ ခဲ့​မိ​ကြ။-
А учні Його, перейшовши на то́й бік, забули взяти хліба.
6 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ တို့​၏​တ​ဆေး​ကို​သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
Ісус же промовив до них: „Стережіться ува́жливо фарисе́йської та саддуке́йської ро́зчини“!
7 တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​၌​စား​စ​ရာ​မ​ပါ လာ​သည့်​အ​တွက်​ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ခြင်း ဖြစ်​သည်​ဟု​အ​ချင်း​ချင်း​ပြော​ဆို​လျက်​နေ​ကြ​၏။
Вони ж міркува́ли собі й говорили: „Ми ж хлібі́в не взяли́“.
8 ယင်း​သို့​ပြော​ဆို​နေ​သည်​ကို​သ​ခင်​ယေ​ရှု​သိ​တော် မူ​သ​ဖြင့် ``သင်​တို့​သည်​အ​စား​အ​စာ​မ​ပါ​သည် ကို​အ​ဘယ်​ကြောင့်​ဆွေး​နွေး​နေ​ကြ​သ​နည်း။-
А Ісус, знавши те, запита́в: „Чого між собою міркуєте ви, маловірні, що хлібі́в не взяли́?
9 ယုံ​ကြည်​ခြင်း​အား​နည်း​သူ​တို့၊ ယ​ခု​တိုင်​အောင် ပင်​မ​သိ​နား​မ​လည်​နိုင်​ကြ​သ​လော။-
Чи ж ви ще́ не розумієте й не пам'ятаєте про п'ять хлібів на п'ять тисяч, — і скільки коші́в ви зібрали?
10 ၁၀ မုန့်​ငါး​လုံး​ကို​လူ​ငါး​ထောင်​စား​၍​ဘယ်​နှစ်​တောင်း ကောက်​သိမ်း​ရ​သည်​ကို​သင်​တို့​သ​တိ​မ​ရ​ကြ​ပါ သ​လော။ မုန့်​ခု​နစ်​လုံး​ကို​လူ​လေး​ထောင်​စား​၍​ဘယ် နှစ်​တောင်း​ကောက်​သိမ်း​ရ​သည်​ကို​လည်း​သ​တိ​မ​ရ ကြ​ပါ​သ​လော။ အ​စား​အ​စာ​နှင့်​ပတ်​သက်​၍ ငါ​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်​ကြောင်း​ကို​သင်​တို့ အ​ဘယ်​ကြောင့်​နား​မ​လည်​ကြ​သ​နည်း။-
Ані про сім хлібів на чотири тисячі, — і скільки кошиків ви назбирали?
11 ၁၁ ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး​ကို​ရှောင်​ကြဉ် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
Як ви не розумієте, що Я не про хліб вам сказав? Стережіться но ро́зчини фарисейської та саддукейської!“
12 ၁၂ ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​မုန့်​လုပ်​တ​ဆေး ကို​ရှောင်​ကြဉ်​ရန်​မ​ဟုတ်​ဘဲ​ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ တို့​၏​သွန်​သင်​ချက်​များ​ကို​မ​လိုက်​နာ​ရန် ကိုယ်​တော်​သ​တိ​ပေး​တော်​မူ​ကြောင်း​နား​လည် ကြ​၏။
Тоді зрозуміли вони, що Він не казав стерегтися їм ро́зчини хлібної, але фарисе́йської та саддуке́йської науки.
13 ၁၃ သ​ခင်​ယေ​ရှု​သည်​ကဲ​သ​ရိ​ဖိ​လိ​ပ္ပိ​နယ်​သို့​ရောက် ရှိ​တော်​မူ​သော​အ​ခါ​တ​ပည့်​တော်​တို့​အား ``လူ တို့​သည်​ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ဟု​ပြော​ဆို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
Прийшовши ж Ісус до землі Кесарі́ї Пили́пової, питав Своїх учнів і казав: „За ко́го наро́д уважає Мене́, Сина Лю́дського?“
14 ၁၄ ``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က ယေ​ရ​မိ​သို့​မ​ဟုတ်​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး ပါး​ဖြစ်​သည်​ဟု​ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက် ကြ​၏။
Вони ж відповіли́: „Одні за Івана Христителя, одні за Іллю́, інші ж за Єремі́ю або за одного з пророків“.
15 ၁၅ ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို​အ​ဘယ်​သူ​ဟု ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊
Він каже до них: „А ви за ко́го Мене маєте?“
16 ၁၆ ပေ​တ​ရု​က ``အ​ရှင်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​သား​တော်​တည်း​ဟူ​သော​ခ​ရစ် တော်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။
А Си́мон Петро відповів і сказав: „Ти — Христос, Син Бога Живого!“
17 ၁၇ သ​ခင်​ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည် မင်္ဂလာ​ရှိ​၏။ ဤ​အ​ကြောင်း​ကို​သာ​မန်​လူ​တစ်​ယောက် အ​နေ​ဖြင့်​သင်​မ​သိ​နိုင်။ ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏ ခ​မည်း​တော်​က​ဖော်​ပြ​တော်​မူ​၍​သာ​သင်​သိ သ​တည်း။-
А Ісус відповів і до ньо́го промовив: „Блаженний ти, Си́моне, сину Йо́нин, бо не тіло і кров тобі оце ви́явили, але Мій Небесний Отець.
18 ၁၈ ထို့​ကြောင့်​သင်​၏​နာ​မည်​သည်​ကျောက်​ဟု​အ​နက် ရှိ​သော​ပေ​တ​ရု​ဖြစ်​၍​ထို​ကျောက်​တည်း​ဟူ​သော အုတ်​မြစ်​ပေါ်​မှာ​ငါ​၏​အ​သင်း​တော်​ကို​တည်​ဆောက် မည်။ သေ​ခြင်း​တ​ရား​ပင်​လျှင်​ထို​အ​သင်း​တော်​ကို မ​နိုင်​ရ။- (Hadēs g86)
I кажу Я тобі, що Петро ти, і на скелі оцій побудую Я Церкву Свою, — і сили а́дові не переможуть її. (Hadēs g86)
19 ၁၉ ငါ​သည်​သင့်​အား​ကောင်း​ကင်​နိုင်​ငံ​တော်​၏​သော့ များ​ကို​ပေး​အပ်​မည်။ လော​က​တွင်​သင်​တား​မြစ် သ​မျှ​ကို​ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​ဘုံ​တွင် လည်း​တား​မြစ်​တော်​မူ​မည်။ လော​က​တွင်​သင်​ခွင့် ပြု​သ​မျှ​ကို​ကောင်း​ကင်​ဘုံ​တွင်​လည်း​ခွင့်​ပြု တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
І ключі тобі дам від Царства Небесного, і що́ на землі ти зв'яжеш, те зв'язане буде на небі, а що́ на землі ти розв'яжеш, те розв'язане буде на небі“!
20 ၂၀ ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​ခ​ရစ်​တော်​ဖြစ်​တော် မူ​ကြောင်း​ကို​အ​ဘယ်​သူ​အား​မျှ​မ​ပြော​ရန်​တပည့် တော်​တို့​အား​ပ​ညတ်​တော်​မူ​၏။
Тоді наказав Своїм учням, щоб ніко́му не казали, що Він — Христо́с.
21 ၂၁ သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ် ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​၏​လက် တွင်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း ကို​လည်း​ကောင်း၊ သုံး​ရက်​မြောက်​သော​နေ့​၌​သေ ခြင်း​မှ​ထ​မြောက်​တော်​မူ​မည့်​အ​ကြောင်း​ကို လည်း​ကောင်း​တ​ပည့်​တော်​တို့​အား​ထို​အ​ချိန် မှ​စ​၍​ပွင့်​လင်း​စွာ​ဖော်​ပြ​တော်​မူ​၏။
Із того ча́су Ісус став виказувати Своїм у́чням, що Він мусить іти до Єрусалиму, і постраждати багато від старших, і первосвящеників, і книжників, і вбитому бути, — і воскреснути третього дня.
22 ၂၂ ပေ​တ​ရု​သည်​ကိုယ်​တော်​အား​မ​လှမ်း​မ​ကမ်း​နေ​ရာ သို့​ပင့်​ဖိတ်​ပြီး​လျှင် ``သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင် ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ​မ​ဖြစ်​ပျက်​စေ ရန်​ဘုရား​သ​ခင်​ဆီး​တား​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​သည်​ထို​အ​မှု​အ​ရာ​များ​နှင့် အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြုံ​မ​တွေ့​ရ​ပါ​စေ​နှင့်'' ဟု​ပြစ်​တင်​လျှောက်​ထား​၏။
І, на́бік відвівши Його, Петро став Йому́ докоря́ти й казати: „Змилуйся, Господи, — такого Тобі хай не бу́де!“
23 ၂၃ ကိုယ်​တော်​သည်​လှည့်​၍​ပေ​တ​ရု​အား ``အ​ချင်း စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည်​ငါ့ အ​တွက်​ဆူး​ငြောင့်​ခ​လုတ်​သ​ဖွယ်​ဖြစ်​၏။ သင် သည်​ဘု​ရား​သ​ခင်​၏​ရှု​ထောင့်​က​မ​တွေး၊ လူ ၏​ရှု​ထောင့်​က​သာ​တွေး​၏'' ဟု​မိန့်​တော်​မူ​သည်။
А Він обернувся й промовив Петрові: „Відступися від Мене, сатано́, — ти спокуса Мені, бо ду́маєш не про Боже, а про лю́дське!“
24 ၂၄ ထို​နောက်​သ​ခင်​ယေ​ရှု​က ``ငါ့​တ​ပည့်​ဖြစ်​လို​သူ သည်​ကိုယ်​ကျိုး​ကို​စွန့်​ရ​မည်။ ကိုယ့်​လက်​ဝါး​ကပ် တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့​လိုက်​ရ​မည်။-
Промовив тоді Ісус у́чням Своїм: „Коли хоче хто йти вслід за Мною, — хай зречеться самого себе, і хай ві́зьме свого хреста, та й іде вслід за Мною.
25 ၂၅ မိ​မိ​အ​သက်​ကို​ကယ်​လို​သူ​သည်​အ​သက်​ဆုံး​ရှုံး​ရ လိမ့်​မည်။ ငါ​၏​အ​တွက်​အ​သက်​ဆုံး​ရှုံး​ရ​သူ​သည် အ​သက်​ကို​ရ​လိမ့်​မည်။-
Бо хто хоче спасти́ свою душу, той погубить її, хто ж за Мене свою душу погубить, той зна́йде її.
26 ၂၆ လူ​သည်​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ​သော်​လည်း မိ​မိ​၏​အ​သက်​ဆုံး​ရှုံး​လျှင်​အ​ဘယ်​အ​ကျိုး​ရှိ မည်​နည်း။ မိ​မိ​၏​အ​သက်​ကို​အ​ဘယ်​အ​ရာ​နှင့် လဲ​လှယ်​နိုင်​မည်​နည်း။-
Яка ж ко́ристь люди́ні, що здобуде ввесь світ, але душу свою занапа́стить? Або що́ дасть люди́на взамін за душу свою?
27 ၂၇ လူ​သား​သည်​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​ကို ဆောင်​လျက်​ကောင်း​ကင်​တ​မန်​များ​နှင့်​အ​တူ ကြွ​လာ​တော်​မူ​လတ္တံ့။ ထို​အ​ခါ​လူ​အ​ပေါင်း​တို့ အား​မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လိမ့်​မည်။-
Бо при́йде Син Лю́дський у славі Свого Отця з ангола́ми Своїми, і тоді „віддасть кожному згідно з діла́ми його“.
28 ၂၈ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည် လူ​သား​အား​ဘု​ရင် အ​ဖြစ်​နှင့်​ကြွ​လာ​တော်​မူ​သည်​ကို​မ​မြင်​မီ မ​သေ​ရ​ကြ'' ဟု​မိန့်​တော်​မူ​၏။
Поправді кажу́ вам, що деякі з тут-о прия́вних не скушту́ють смерти, аж поки не побачать Сина Лю́дського, що йде в Царстві Своїм“.

< မဿဲ 16 >