< မဿဲ 14 >
1 ၁ ထိုကာလ၌ဂါလိလဲပြည်ကိုအုပ်စိုးသူ ဟေရုဒ်သည်သခင်ယေရှု၏သတင်းကို ကြားလျှင်၊-
tadānīṁ rājā hērōd yīśō ryaśaḥ śrutvā nijadāsēyān jagād,
2 ၂ ``ဤသူသည်ဗတ္တိဇံဆရာယောဟန်ပင်တည်း။ သူသည်သေရာမှအသက်ပြန်ရှင်လေပြီ။ သို့ ဖြစ်၍အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြုလျက် ရှိ၏'' ဟုမိမိအမှုထမ်းအရာထမ်းတို့အား မိန့်တော်မူ၏။
ēṣa majjayitā yōhan, pramitēbhayastasyōtthānāt tēnētthamadbhutaṁ karmma prakāśyatē|
3 ၃ ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီးဟေရောဒိ နှင့်ပတ်သက်၍ယောဟန်ကိုဖမ်းဆီးချုပ်နှောင် ကာထောင်တွင်အကျဉ်းထားခဲ့၏။-
purā hērōd nijabhrātu: philipō jāyāyā hērōdīyāyā anurōdhād yōhanaṁ dhārayitvā baddhā kārāyāṁ sthāpitavān|
4 ၄ အဘယ်ကြောင့်ဆိုသော်ယောဟန်က ``သင်သည် ညီဖြစ်သူ၏ဇနီးကိုမသိမ်းမယူအပ်'' ဟု ဆိုခဲ့သောကြောင့်ဖြစ်၏။-
yatō yōhan uktavān, ētsayāḥ saṁgrahō bhavatō nōcitaḥ|
5 ၅ ဟေရုဒ်သည်ယောဟန်ကိုသတ်လိုသော်လည်း ယုဒအမျိုးသားတို့ကိုကြောက်သဖြင့်မသတ် ရဲချေ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ယောဟန် ကိုပရောဖက်တစ်ပါးဟုမှတ်ယူနေကြသော ကြောင့်ဖြစ်၏။
tasmāt nr̥patistaṁ hantumicchannapi lōkēbhyō vibhayāñcakāra; yataḥ sarvvē yōhanaṁ bhaviṣyadvādinaṁ mēnirē|
6 ၆ ဟေရုဒ်၏မွေးနေ့၌ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များအားအကနှင့်ဖျော်ဖြေ လျက်ဟေရုဒ်၏စိတ်ကိုများစွာရွှင်လန်းစေ၏။-
kintu hērōdō janmāhīyamaha upasthitē hērōdīyāyā duhitā tēṣāṁ samakṣaṁ nr̥titvā hērōdamaprīṇyat|
7 ၇ သို့ဖြစ်၍ဟေရုဒ်သည်သူငယ်မနှစ်သက်ရာ ဆုကိုပေးမည်ဟုကျိန်ဆို၍ကတိပြု၏။
tasmāt bhūpatiḥ śapathaṁ kurvvan iti pratyajñāsīt, tvayā yad yācyatē, tadēvāhaṁ dāsyāmi|
8 ၈ သူငယ်မသည်လည်းမိခင်၏တိုက်တွန်းချက် အရ ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တွင်တင်၍အကျွန်ုပ်အားဤနေရာ တွင်ပင်ပေးတော်မူပါ'' ဟုတောင်းလျှောက်၏။
sā kumārī svīyamātuḥ śikṣāṁ labdhā babhāṣē, majjayituryōhana uttamāṅgaṁ bhājanē samānīya mahyaṁ viśrāṇaya|
9 ၉ ထိုအခါမင်းကြီးသည်များစွာစိတ်မချမ်းမသာ ဖြစ်တော်မူသော်လည်းဧည့်သည်တော်များရှေ့တွင် မိမိပေးခဲ့သည့်ကတိကိုထောက်၍ သူငယ်မ တောင်းလျှောက်သည့်အတိုင်းပေးစေရန်အမိန့် ချတော်မူ၏။-
tatō rājā śuśōca, kintu bhōjanāyōpaviśatāṁ saṅgināṁ svakr̥taśapathasya cānurōdhāt tat pradātuma ādidēśa|
10 ၁၀ သို့ဖြစ်၍ယောဟန်၏ဦးခေါင်းကိုထောင်ထဲတွင် ဖြတ်စေပြီးလျှင်၊-
paścāt kārāṁ prati naraṁ prahitya yōhana uttamāṅgaṁ chittvā
11 ၁၁ လင်ပန်းပေါ်တွင်တင်၍သူငယ်မအားပေးစေ တော်မူ၏။ သူငယ်မသည်လည်းထိုဦးခေါင်းကို မိခင်ထံသို့ယူဆောင်သွား၏။-
tat bhājana ānāyya tasyai kumāryyai vyaśrāṇayat, tataḥ sā svajananyāḥ samīpaṁ tannināya|
12 ၁၂ ယောဟန်၏တပည့်တို့သည်လာ၍အလောင်းကို ယူပြီးလျှင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သခင်ယေရှု ထံသို့သွား၍သတင်းပေးကြ၏။
paścāt yōhanaḥ śiṣyā āgatya kāyaṁ nītvā śmaśānē sthāpayāmāsustatō yīśōḥ sannidhiṁ vrajitvā tadvārttāṁ babhāṣirē|
13 ၁၃ ဤသတင်းကိုသခင်ယေရှုကြားတော်မူလျှင် ထိုအရပ်မှတစ်ကိုယ်တည်းဆိတ်ကွယ်ရာအရပ် သို့လှေဖြင့်ကြွတော်မူ၏။ အမြို့မြို့မှလူပရိ သတ်တို့သည်လည်းကိုယ်တော်ထွက်ကြွတော်မူ ကြောင်းကြားကြလျှင်နောက်တော်သို့ကုန်းကြောင်း ဖြင့်လိုက်ကြ၏။-
anantaraṁ yīśuriti niśabhya nāvā nirjanasthānam ēkākī gatavān, paścāt mānavāstat śrutvā nānānagarēbhya āgatya padaistatpaścād īyuḥ|
14 ၁၄ ကိုယ်တော်သည်လှေပေါ်မှတက်တော်မူသောအခါ လူထုကြီးကိုမြင်တော်မူလျှင်သူတို့ကိုသနား တော်မူသဖြင့်ဖျားနာသူများကိုကျန်းမာစေ တော်မူ၏။
tadānīṁ yīśu rbahirāgatya mahāntaṁ jananivahaṁ nirīkṣya tēṣu kāruṇikaḥ man tēṣāṁ pīḍitajanān nirāmayān cakāra|
15 ၁၅ ညချမ်းအချိန်ရောက်သောအခါတပည့်တော်တို့ သည်အထံတော်သို့လာ၍ ``ဤအရပ်သည်လူသူ မရှိသည့်အရပ်ဖြစ်ပါ၏။ နေ့အချိန်လည်းကုန်ပါ ပြီ။ လူတို့အားကျေးရွာများသို့သွား၍အစား အစာဝယ်ယူနိုင်ရန်စေလွှတ်တော်မူပါ'' ဟု လျှောက်ထားကြ၏။
tataḥ paraṁ sandhyāyāṁ śiṣyāstadantikamāgatya kathayāñcakruḥ, idaṁ nirjanasthānaṁ vēlāpyavasannā; tasmāt manujān svasvagrāmaṁ gantuṁ svārthaṁ bhakṣyāṇi krētuñca bhavān tān visr̥jatu|
16 ၁၆ သခင်ယေရှုက ``ထိုသူတို့သွားကြရန်မလိုပါ။ သင်တို့ပင်လျှင်သူတို့အားစားစရာပေးကြ လော့'' ဟုမိန်တော်မူ၏။
kintu yīśustānavādīt, tēṣāṁ gamanē prayōjanaṁ nāsti, yūyamēva tān bhōjayata|
17 ၁၇ တပည့်တော်တို့က ``အကျွန်ုပ်တို့မှာမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာရှိပါသည်'' ဟုလျှောက်ထားကြ လျှင်၊
tadā tē pratyavadan, asmākamatra pūpapañcakaṁ mīnadvayañcāstē|
18 ၁၈ ကိုယ်တော်က ``ထိုမုန့်နှင့်ငါးကိုငါ့ထံသို့ယူခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။-
tadānīṁ tēnōktaṁ tāni madantikamānayata|
19 ၁၉ ကိုယ်တော်သည်လူပရိသတ်တို့ကိုမြက်ခင်းပေါ် တွင်ထိုင်စေတော်မူ၏။ ထိုနောက်မုန့်ငါးလုံးနှင့်ငါး နှစ်ကောင်ကိုယူ၍ကောင်းကင်သို့မျှော်ကြည့်လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်များကိုဖဲ့၍တပည့်တော်တို့အားပေး တော်မူ၏။ တပည့်တော်တို့သည်လည်းလူတို့အား ဝေပေးကြ၏။-
anantaraṁ sa manujān yavasōparyyupavēṣṭum ājñāpayāmāsa; apara tat pūpapañcakaṁ mīnadvayañca gr̥hlan svargaṁ prati nirīkṣyēśvarīyaguṇān anūdya bhaṁktvā śiṣyēbhyō dattavān, śiṣyāśca lōkēbhyō daduḥ|
20 ၂၀ လူအပေါင်းတို့သည်အဝစားရကြသည်သာမက မုန့်နှင့်ငါးအကြွင်းအကျန်များကိုပင်တစ်ဆယ့် နှစ်တောင်းအပြည့်ကောက်သိမ်းရသေး၏။-
tataḥ sarvvē bhuktvā paritr̥ptavantaḥ, tatastadavaśiṣṭabhakṣyaiḥ pūrṇān dvādaśaḍalakān gr̥hītavantaḥ|
21 ၂၁ အမျိုးသမီးနှင့်ကလေးများမှအပမုန့်စားသူ ယောကျာ်းဦးရေမှာငါးထောင်မျှရှိသတည်း။
tē bhōktāraḥ strīrbālakāṁśca vihāya prāyēṇa pañca sahasrāṇi pumāṁsa āsan|
22 ၂၂ ထိုနောက်ကိုယ်တော်သည်လူအပေါင်းတို့အား အိမ်သို့ပြန်စေတော်မူ၏။ တစ်ချိန်တည်းပင် တပည့်တော်တို့အားလှေပေါ်သို့တက်စေ၍ အိုင်တစ်ဖက်သို့ကူးစေတော်မူ၏။-
tadanantaraṁ yīśu rlōkānāṁ visarjanakālē śiṣyān taraṇimārōḍhuṁ svāgrē pāraṁ yātuñca gāḍhamādiṣṭavān|
23 ၂၃ လူအပေါင်းတို့အားအိမ်သို့ပြန်စေပြီးနောက် ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် ကိုတက်တော်မူ၏။ ညချမ်းအချိန်ရောက်သော် ထိုအရပ်တွင်တစ်ကိုယ်တည်းရှိနေတော်မူသတည်း။-
tatō lōkēṣu visr̥ṣṭēṣu sa viviktē prārthayituṁ girimēkaṁ gatvā sandhyāṁ yāvat tatraikākī sthitavān|
24 ၂၄ တပည့်တော်တို့၏လှေသည်ကားကမ်းနှင့်များစွာ ဝေးကွာသွားလေပြီ။ လေဆန်ဖြစ်သဖြင့်ထိုလှေ ကိုလှိုင်းတံပိုးများရိုက်ခတ်လျက်ရှိ၏။
kintu tadānīṁ sammukhavātatvāt saritpatē rmadhyē taraṅgaistaraṇirdōlāyamānābhavat|
25 ၂၅ မိုးသောက်ယံအချိန်ခန့်တွင်ကိုယ်တော်သည်ရေပေါ် မှာစက်တော်ဖြန့်၍တပည့်တော်တို့ထံသို့ကြွလာ တော်မူ၏။-
tadā sa yāminyāścaturthapraharē padbhyāṁ vrajan tēṣāmantikaṁ gatavān|
26 ၂၆ ဤသို့ရေပေါ်မှာကိုယ်တော်စက်တော်ဖြန့်၍ကြွ လာသည်ကိုမြင်လျှင်တပည့်တော်တို့သည်ထိတ် လန့်ကာ ``တစ္ဆေ'' ဟုအလန့်တကြားဟစ်အော်ကြ၏။
kintu śiṣyāstaṁ sāgarōpari vrajantaṁ vilōkya samudvignā jagaduḥ, ēṣa bhūta iti śaṅkamānā uccaiḥ śabdāyāñcakrirē ca|
27 ၂၇ ထိုအခါသခင်ယေရှုက ``အားမငယ်ကြနှင့်။ ငါ ပင်ဖြစ်သည်။ မကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။
tadaiva yīśustānavadat, susthirā bhavata, mā bhaiṣṭa, ēṣō'ham|
28 ၂၈ ပေတရုက ``သခင်ဘုရား၊ ကိုယ်တော်ရှင်ဖြစ်ပါမူ၊ အကျွန်ုပ်သည်ရေပေါ်မှာလျှောက်၍အထံတော်သို့ လာနိုင်ရန်အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
tataḥ pitara ityuktavān, hē prabhō, yadi bhavānēva, tarhi māṁ bhavatsamīpaṁ yātumājñāpayatu|
29 ၂၉ ကိုယ်တော်က ``လာခဲ့လော့'' ဟုမိန့်တော်မူလျှင် ပေတရုသည်လှေပေါ်ကဆင်း၍ရေပေါ်တွင် လျှောက်ကာသခင်ယေရှုထံသို့သွားလေ၏။-
tataḥ tēnādiṣṭaḥ pitarastaraṇitō'varuhya yīśērantikaṁ prāptuṁ tōyōpari vavrāja|
30 ၃၀ သို့ရာတွင်သူသည်လေအဟုန်ပြင်းသည်ကို မြင်သောအခါကြောက်လန့်၍လာသဖြင့်ရေ နစ်စပြုသည်နှင့် ``သခင်ဘုရား၊ အကျွန်ုပ် အားကယ်တော်မူပါ'' ဟုဟစ်အော်လေ၏။
kintu pracaṇḍaṁ pavanaṁ vilōkya bhayāt tōyē maṁktum ārēbhē, tasmād uccaiḥ śabdāyamānaḥ kathitavān, hē prabhō, māmavatu|
31 ၃၁ ထိုအခါသခင်ယေရှုသည်လက်တော်ကိုဆန့်၍ ပေတရုကိုဆွဲကိုင်တော်မူပြီးလျှင် ``ယုံကြည်ခြင်း နည်းလှပါတကား။ အဘယ်ကြောင့်ယုံမှားသနည်း'' ဟုမိန့်တော်မူ၏။
yīśustatkṣaṇāt karaṁ prasāryya taṁ dharan uktavān, ha stōkapratyayin tvaṁ kutaḥ samaśēthāḥ?
32 ၃၂ ကိုယ်တော်နှင့်ပေတရုတို့လှေပေါ်သို့ရောက် ကြသောအခါလေသည်ငြိမ်သွားလေ၏။-
anantaraṁ tayōstaraṇimārūḍhayōḥ pavanō nivavr̥tē|
33 ၃၃ လှေထဲရှိတပည့်တော်တို့သည်ကိုယ်တော်အား ဦးညွှတ်ရှိခိုးလျက် ``အရှင်ကားအကယ်ပင် ထာဝရဘုရား၏သားတော်ဖြစ်ပါ၏'' ဟု လျှောက်ထားကြ၏။
tadānīṁ yē taraṇyāmāsan, ta āgatya taṁ praṇabhya kathitavantaḥ, yathārthastvamēvēśvarasutaḥ|
34 ၃၄ ကိုယ်တော်နှင့်တပည့်တော်တို့သည်အိုင်တစ်ဖက်ကမ်း သို့ကူးပြီးနောက်ဂင်နေသရက်မြို့တွင်လှေကို ဆိုက်ကြ၏။-
anantaraṁ pāraṁ prāpya tē ginēṣarannāmakaṁ nagaramupatasthuḥ,
35 ၃၅ ထိုမြို့သားတို့သည်ကိုယ်တော်ကိုမှတ်မိကြသဖြင့် ပတ်ဝန်းကျင်အရပ်ရပ်သို့လူများစေလွှတ်၍ ဖျား နာသူတို့ကိုအထံတော်သို့ခေါ်ဆောင်လာကြ၏။-
tadā tatratyā janā yīśuṁ paricīya taddēśsya caturdiśō vārttāṁ prahitya yatra yāvantaḥ pīḍitā āsan, tāvataēva tadantikamānayāmāsuḥ|
36 ၃၆ ထိုနောက်ဖျားနာသူတို့အားကိုယ်တော်၏အဝတ် တော်အမြိတ်ကိုမျှတို့ထိနိုင်ခွင့်ပြုရန်တောင်းပန် ကြ၏။ ဤသို့တို့ထိရသူအပေါင်းတို့သည်လည်း ကျန်းမာသွားကြ၏။
aparaṁ tadīyavasanasya granthimātraṁ spraṣṭuṁ vinīya yāvantō janāstat sparśaṁ cakrirē, tē sarvvaēva nirāmayā babhūvuḥ|