< မဿဲ 13 >

1 ထို​နေ့​၌​ပင်​လျှင်​သ​ခင်​ယေ​ရှု​သည်​ထို​အိမ်​မှ ထွက်​ကြွ​တော်​မူ​၍​အိုင်​ကမ်း​ခြေ​တွင်​ထိုင်​တော် မူ​၏။-
उसी रोज़ ईसा घर से निकलकर झील के किनारे जा बैठा।
2 အ​ထံ​တော်​သို့​လာ​ရောက်​ကြ​သည့်​လူ​ပ​ရိ​သတ် မှာ​များ​လှ​သ​ဖြင့် ကိုယ်​တော်​သည်​လှေ​ပေါ်​သို့ တက်​၍​ထိုင်​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​က​ကမ်း ခြေ​တွင်​ရပ်​လျက်​နေ​ကြ​၏။-
उस के पास एसी बड़ी भीड़ जमा हो गई, कि वो नाव पर चढ़ बैठा, और सारी भीड़ किनारे पर खड़ी रही।
3 ကိုယ်​တော်​သည်​ထို​သူ​တို့​အား ပုံ​ဥ​ပ​မာ​ဆောင်​၍ များ​စွာ​သော​အ​ကြောင်း​အ​ရာ​များ​ကို​သွန်​သင် တော်​မူ​၏။ ကိုယ်​တော်​က ``မျိုး​ကြဲ​သူ​လူ​တစ်​ယောက်​သည် မျိုး​ကြဲ​ရန်​ထွက်​သွား​၏။-
और उसने उनसे बहुत सी बातें मिसालों में कहीं “देखो एक बोने वाला बीज बोने निकला।
4 မျိုး​ကြဲ​သော​အ​ခါ​အ​ချို့​မျိုး​စေ့​တို့​သည်​လမ်း တွင်​ကျ​သ​ဖြင့်​ငှက်​တို့​သည်​လာ​၍​စား​ကြ​၏။-
और बोते वक़्त कुछ दाने राह के किनारे गिरे और परिन्दों ने आकर उन्हें चुग लिया।
5 အ​ချို့​မျိုး​စေ့​တို့​သည်​မြေ​ဆီ​လွှာ​ပါး​သည့် ကျောက်​ခံ​မြေ​ပေါ်​တွင်​ကျ​၏။ မြေ​သား​တိမ် သ​ဖြင့်​အ​ပင်​များ​လျင်​မြန်​စွာ​ပေါက်​သော် လည်း၊-
और कुछ पथरीली ज़मीन पर गिरे जहाँ उनको बहुत मिट्टी न मिली और गहरी मिट्टी न मिलने की वजह से जल्द उग आए।
6 နေ​ထွက်​သော​အ​ခါ​နေ​ပူ​လောင်​၍​အ​မြစ်​မ​စွဲ သည့်​အ​တွက်​ညှိုး​နွမ်း​၍​သွား​ကြ​၏။-
और जब सूरज निकला तो जल गए और जड़ न होने की वजह से सूख गए।
7 အ​ချို့​မျိုး​စေ့​တို့​သည်​ဆူး​တော​တွင်​ကျ​၏။ ဆူး​ပင် များ​ကြီး​ထွား​လာ​ပြီး​နောက်​အ​ပင်​ငယ်​တို့​ကို လွှမ်း​မိုး​ကာ​သေ​စေ​ကြ​၏။-
और कुछ झाड़ियों में गिरे और झाड़ियों ने बढ़ कर उनको दबा लिया।
8 အ​ချို့​မျိုး​စေ့​တို့​ကား​မြေ​ကောင်း​မြေ​သန့်​တွင် ကျ​၏။ အ​ပင်​များ​ပေါက်​၍​အ​ဆ​တစ်​ရာ၊ အ​ဆ ခြောက်​ဆယ်၊ အ​ဆ​သုံး​ဆယ်​သီး​နှံ​များ​ကို​ဆောင် ကုန်​၏။
और कुछ अच्छी ज़मीन पर गिरे और फल लाए; कुछ सौ गुना कुछ साठ गुना कुछ तीस गुना।
9 ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။
जो सुनना चाहता है वो सुन ले!”
10 ၁၀ တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​သည်​အ​ဘယ်​ကြောင့်​လူ​တို့​အား​ပုံ ဥ​ပ​မာ​ဖြင့်​သာ​လျှင်​မိန့်​တော်​မူ​ပါ​သ​နည်း'' ဟု မေး​လျှောက်​ကြ​၏။
शागिर्दों ने पास आ कर उससे पूछा “तू उनसे मिसालों में क्या बातें करता है?”
11 ၁၁ ကိုယ်​တော်​က ``သင်​တို့​သည်​ကောင်း​ကင်​နိုင်​ငံ​တော် နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​နား​လည်​ခွင့်​ရ​ကြ​၏။ အ​ခြား​သူ​များ​မူ ကား​ထို​အ​ခွင့်​ကို​မ​ရ​ကြ။-
उस ने जवाब में उनसे कहा “इसलिए कि तुम को आस्मान की बादशाही के राज़ की समझ दी गई है, मगर उनको नहीं दी गई।
12 ၁၂ ဘု​ရား​သ​ခင်​သည်​ရှိ​သူ​အား​ပို​လျှံ​သည့်​တိုင်​အောင် ထပ်​လောင်း​၍​ပေး​တော်​မူ​၍​မ​ရှိ​သူ​ထံ​မှ​ရှိ​သ​မျှ ကို​ပင်​ရုပ်​သိမ်း​တော်​မူ​လိမ့်​မည်။-
क्यूँकि जिस के पास है उसे दिया जाएगा और उसके पास ज़्यादा हो जाएगा; और जिसके पास नहीं है उस से वो भी ले लिया जाएगा; जो उसके पास है।
13 ၁၃ သူ​တို့​အား​ပုံ​ဥ​ပ​မာ​ဆောင်​၍​ငါ​ပြော​ရ​သည့် အ​ကြောင်း​မှာ​သူ​တို့​သည်​ကြည့်​သော်​လည်း​မ​မြင်၊ နား​ထောင်​သော်​လည်း​မ​ကြား​သို့​မ​ဟုတ်​နား​မ လည်​သော​ကြောင့်​ဖြစ်​၏။
मैं उनसे मिसालों में इसलिए बातें कहता हूँ; कि वो देखते हुए नहीं देखते और सुनते हुए नहीं सुनते और नहीं समझते।
14 ၁၄ ထို့​ကြောင့်၊ `ဤ​သူ​တို့​သည်​ကြား​လျက်​နှင့်​နား​လည်​လိမ့်​မည် မ​ဟုတ်။ မြင်​လျက်​နှင့်​သိ​လိမ့်​မည်​မ​ဟုတ်။
उनके हक़ में यसायाह की ये नबुव्वत पूरी होती है कि तुम कानों से सुनोगे पर हरगिज़ न समझोगे, और आँखों से देखोगे और हरगिज़ मा'लूम न करोगे।”
15 ၁၅ ဤ​လူ​စု​၏​စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက် သူ​တို့​၏​နား​များ​သည်​လေး​လျက်​မျက်​စိ​များ​သည် ပိတ်​လျက်​ရှိ​၏။ အ​ကယ်​၍​သာ​သူ​တို့​၏​မျက်​စိ​များ​သည်​မြင်​နိုင်​၍ နား​များ​သည်​ကြား​နိုင်​လျက်၊ စိတ်​နှ​လုံး​သည်​လည်း​သိ​နား​လည်​နိုင်​မည်​ဆို​ပါ​မူ သူ​တို့​သည်​ငါ့​ကို​ခို​လှုံ​ကိုး​စား​လာ​ကြ​မည်​ဖြစ်​၍၊ ငါ​သည်​လည်း​သူ​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​ပေ​အံ့' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ကြောင်း​ဟေ​ရှာ​ယ ဟော​ချက်​သည်​မှန်​ပေ​၏။
“क्यूँकि इस उम्मत के दिल पर चर्बी छा गई है, और वो कानों से ऊँचा सुनते हैं; और उन्होंने अपनी आँखें बन्द कर ली हैं; ताकि ऐसा न हो कि आँखों से मा'लूम करें और कानों से सुनें और दिल से समझें और रुजू लाएँ और में उनको शिफ़ा बख़्शूँ।”
16 ၁၆ ``သင်​တို့​၏​မျက်​စိ​များ​သည်​မြင်​၍​နား​များ​သည် လည်း​ကြား​သော​ကြောင့် သင်​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။-
“लेकिन मुबारिक़ हैं तुम्हारी आँखें क्यूँकि वो देखती हैं और तुम्हारे कान इसलिए कि वो सुनते हैं।
17 ၁၇ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင် တို့​မြင်​ရ​သည့်​အ​ရာ​များ​ကို ပ​ရော​ဖက်​နှင့် သူ​တော်​ကောင်း​အ​မြောက်​အ​မြား​ပင်​မြင်​လို​ကြ သော်​လည်း​မ​မြင်​ရ​ကြ​။ သင်​တို့​ကြား​ရ​သည့် အ​ရာ​များ​ကို သူ​တို့​ကြား​လို​ကြ​သော်​လည်း မ​ကြား​ရ​ကြ။
क्यूँकि मैं तुम से सच कहता हूँ कि बहुत से नबियों और रास्तबाज़ों की आरज़ू थी कि जो कुछ तुम देखते हो देखें मगर न देखा और जो बातें तुम सुनते हो सुनें मगर न सुनीं।”
18 ၁၈ ``ထို့​ကြောင့်​မျိုး​ကြဲ​သူ​၏​ပုံ​ဥ​ပ​မာ​အ​နက် အဋ္ဌိပ္ပါယ်​ကို​နား​ထောင်​ကြ​လော့။-
“पस बोनेवाले की मिसाल सुनो।
19 ၁၉ လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နိုင်​ငံ​တော် အ​ကြောင်း​တ​ရား​တော်​ကို​ကြား​သော်​လည်း​နား မ​လည်​သူ​တို့​နှင့်​တူ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​တွင် ကြဲ​ထား​သည့်​တ​ရား​တော်​မျိုး​စေ့​ကို​စာ​တန် သည်​လာ​၍​ယူ​ငင်​သွား​၏။-
जब कोई बादशाही का कलाम सुनता है और समझता नहीं तो जो उसके दिल में बोया गया था उसे वो शैतान छीन ले जाता है ये वो है जो राह के किनारे बोया गया था।
20 ၂၀ ကျောက်​ခံ​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​တ​ရား​တော် ကို​ကြား​လျှင်​ကြား​ချင်း​ဝမ်း​မြောက်​စွာ​ခံ​ယူ​သူ​တို့ ကို​ဆို​လို​၏။-
और वो पथरीली ज़मीन में बोया गया; ये वो है जो कलाम को सुनता है, और उसे फ़ौरन ख़ुशी से क़ुबूल कर लेता है।
21 ၂၁ သို့​သော်​တ​ရား​တော်​သည်​သူ​တို့​၏​စိတ်​နှ​လုံး​တွင် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​တည်​နေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​တ​ရား​တော်​ကြောင့်​ဒုက္ခ​နှင့် နှိပ်​စက်​ညှဉ်း​ပန်း​မှု​ကို​တွေ့​ကြုံ​ရ​သော​အ​ခါ ချက်​ချင်း​ပင်​ဖောက်​ပြန်​သွား​ကြ​၏။-
लेकिन अपने अन्दर जड़ नहीं रखता बल्कि चन्द रोज़ा है, और जब कलाम के वजह से मुसीबत या ज़ुल्म बर्पा होता है तो फ़ौरन ठोकर खाता है।
22 ၂၂ ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​များ​သည်​တ​ရား တော်​ကို​ကြား​၍​အ​သီး​အ​ပွင့်​မ​ဖြစ်​ထွန်း​စေ နိုင်​သော​သူ​တို့​ကို​ဆို​လို​၏။ သူ​တို့​၏​စိုး​ရိမ်​ကြောင့် ကြ​မှု​များ​နှင့်​စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု များ​က​တ​ရား​တော်​မျိုး​စေ့​ကို​လွှမ်း​မိုး​သ​ဖြင့် မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်​ချေ။- (aiōn g165)
और जो झाड़ियों में बोया गया, ये वो है जो कलाम को सुनता है और दुनिया की फ़िक्र और दौलत का फ़रेब उस कलाम को दबा देता है; और वो बे फल रह जाता है। (aiōn g165)
23 ၂၃ မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သည့်​မျိုး​စေ့​ကား တ​ရား​တော်​ကို​ကြား​၍​နား​လည်​သူ​တို့​ကို​ဆို လို​၏။ သူ​တို့​သည်​အ​ဆ​တစ်​ရာ၊ အ​ဆ​ခြောက် ဆယ်၊ အ​ဆ​သုံး​ဆယ်​အ​သီး​အ​နှံ​များ​ကို ဆောင်​ကုန်​၏'' ဟု​မိန့်​တော်​မူ​သည်။
और जो अच्छी ज़मीन में बोया गया, ये वो है जो कलाम को सुनता और समझता है और फल भी लाता है; कोई सौ गुना फलता है, कोई साठ गुना, और कोई तीस गुना।”
24 ၂၄ သ​ခင်​ယေ​ရှု​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော် သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ လူ​တစ်​ယောက် သည်​မိ​မိ​ဂျုံ​မျိုး​ကောင်း​မျိုး​သန့်​ကို​ကြဲ​၏။-
उसने एक और मिसाल उनके सामने पेश करके कहा, “आसमान की बादशाही उस आदमी की तरह है; जिसने अपने खेत में अच्छा बीज बोया।
25 ၂၅ သို့​ရာ​တွင်​ည​အ​ခါ​လူ​တို့​အိပ်​ပျော်​နေ​ချိန်​၌ ရန်​သူ​သည်​လာ​၍​ဂျုံ​မျိုး​ကြဲ​ထား​ရာ​တွင်​ဂျုံ ရိုင်း​စေ့​များ​ကို​ကြဲ​ပြီး​နောက်​ထွက်​ခွာ​သွား​၏။-
मगर लोगों के सोते में उसका दुश्मन आया और गेहूँ में कड़वे दाने भी बो गया।
26 ၂၆ ဂျုံ​ပင်​က​လေး​များ​ပေါက်​ပြီး​နောက်​ဂျုံ​နှံ​များ ထွက်​လာ​သော​အ​ခါ​ဂျုံ​ရိုင်း​ပင်​များ​လည်း​ပေါ် ထွက်​လာ​လေ​သည်။-
पस जब पत्तियाँ निकलीं और बालें आईं तो वो कड़वे दाने भी दिखाई दिए।
27 ၂၇ ထို​အ​ခါ​စာ​ရင်း​ငှား​တို့​သည်​လယ်​ရှင်​ထံ​လာ​၍ `အ​ရှင်၊ အ​ရှင့်​ဂျုံ​ခင်း​တွင်​မျိုး​ကောင်း​မျိုး​သန့်​များ ကြဲ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ဂျုံ​ရိုင်း​ပင်​များ​ကား အ​ဘယ်​မှ​ရောက်​ရှိ​လာ​ပါ​သ​နည်း' ဟု​မေး​ကြ​၏။-
नौकरों ने आकर घर के मालिक से कहा, ‘ऐ ख़ुदावन्द क्या तू ने अपने खेत में अच्छा बीज न बोया था? उस में कड़वे दाने कहाँ से आ गए?’
28 ၂၈ လယ်​ရှင်​က `ဤ​အ​ရာ​ကား​ရန်​သူ​၏​လက်​ချက်​ပင် ဖြစ်​၏' ဟု​ဆို​လျှင်​စာ​ရင်း​ငှား​များ​က `ထို​သို့​ဖြစ် ပါ​မူ​ဂျုံ​ရိုင်း​များ​ကို​သွား​၍​နုတ်​ပစ်​ရ​ပါ​မည် လော' ဟု​မေး​ပြန်​ကြ​၏။-
उस ने उनसे कहा, ये किसी दुश्मन का काम है, नौकरों ने उससे कहा, ‘तो क्या तू चाहता है कि हम जाकर उनको जमा करें।’
29 ၂၉ လယ်​ရှင်​က၊ နုတ်​မ​ပစ်​ကြ​နှင့်​ဦး။ ဂျုံ​ရိုင်း​များ​ကို နုတ်​လိုက်​လျှင်​ဂျုံ​ကောင်း​များ​လည်း​ပါ​သွား​လိမ့် မည်။-
उस ने कहा, नहीं, ऐसा न हो कि कड़वे दाने जमा करने में तुम उनके साथ गेहूँ भी उखाड़ लो।
30 ၃၀ ကောက်​ရိတ်​ချိန်​တိုင်​အောင်​အ​ပင်​နှစ်​မျိုး​လုံး​ဆက် လက်​ကြီး​ပွား​စေ​ကြ​လော့။ ကောက်​ရိတ်​ချိန်​ရောက် သော်​ကောက်​ရိတ်​သ​မား​တို့​အား​ဦး​စွာ​ဂျုံ​ရိုင်း များ​ကို​နုတ်​၍​စည်း​ထား​ပြီး​လျှင်​မီး​ရှို့​ပစ်​ကြ။ ထို​နောက်​ဂျုံ​စ​ပါး​ကို​စု​သိမ်း​၍​ငါ​၏​ကျီ​၌ သွင်း​ထား​ကြ​ဟု​ငါ​မှာ​ကြား​မည်' ဟု​ဆို​၏'' ဟူ ၍​မိန့်​တော်​မူ​သည်။
कटाई तक दोनों को इकट्ठा बढ़ने दो, और कटाई के वक़्त में काटने वालों से कह दूँगा कि पहले कड़वे दाने जमा कर लो और जलाने के लिए उनके गठ्ठे बाँध लो और गेहूँ मेरे खित्ते में जमा कर दो।”
31 ၃၁ သ​ခင်​ယေ​ရှု​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ လူ​တစ် ယောက်​သည်​မုန်​ညင်း​စေ့​ကို​ယူ​၍​မိ​မိ​ဥ​ယျာဉ် တွင်​စိုက်​၏။-
उसने एक और मिसाल उनके सामने पेश करके कहा, “आसमान की बादशाही उस राई के दानेकी तरह है जिसे किसी आदमी ने लेकर अपने खेत में बो दिया।
32 ၃၂ ထို​အ​စေ့​သည်​အ​စေ့​တ​ကာ​တို့​ထက်​သေး​ငယ် ၏။ သို့​ရာ​တွင်​အ​ပင်​ပေါက်​၍​ကြီး​ထွား​လာ​သော အ​ခါ အ​ခြား​အ​ပင်​ငယ်​များ​ထက်​ကြီး​မား​သည့် အ​ပင်​တစ်​ပင်​ဖြစ်​လာ​၏။ သို့​ဖြစ်​၍​ငှက်​များ​သည် ထို​အ​ပင်​၏​အ​ကိုင်း​များ​တွင်​အ​သိုက်​ပြု​လုပ် နိုင်​ကြ​၏'' ဟု​မိန့်​တော်​မူ​သည်။
वो सब बीजों से छोटा तो है मगर जब बढ़ता है तो सब तरकारियों से बड़ा और ऐसा दरख़्त हो जाता है, कि हवा के परिन्दे आकर उसकी डालियों पर बसेरा करते हैं।”
33 ၃၃ ကိုယ်​တော်​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ အ​မျိုး သ​မီး​တစ်​ယောက်​သည်​တ​ဆေး​ကို​ယူ​ပြီး​လျှင် မုန့်​ညက်​တစ်​တင်း​တွင်​ထည့်​သ​ဖြင့်​မုန့်​ညက်​အား လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟု​မိန့်​တော်​မူ​သည်။
उस ने एक और मिसाल उनको सुनाई। “आस्मान की बादशाही उस ख़मीर की तरह है जिसे किसी 'औरत ने ले कर तीन पैमाने आटे में मिला दिया और वो होते — होते सब ख़मीर हो गया।”
34 ၃၄ သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဤ အ​ကြောင်း​အ​ရာ​များ​ကို​ပုံ​ဥ​ပ​မာ​ဆောင်​၍ ဟော​ကြား​တော်​မူ​၏။ ပုံ​ဥ​ပ​မာ​မ​ဆောင်​ဘဲ အ​ဘယ်​အ​ကြောင်း​အ​ရာ​ကို​မျှ​ဟော​ကြား တော်​မ​မူ။-
ये सब बातें ईसा ने भीड़ से मिसालों में कहीं और बग़ैर मिसालों के वो उनसे कुछ न कहता था।
35 ၃၅ ဤ​သို့​ဟော​ကြား​ရ​ခြင်း​မှာ၊ ``ငါ​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍​မိ​မိ​၏​နှုတ်​ကို ဖွင့်​ဟ​မြွက်​ဆို​မည်။ လော​က​ကို​ထာ​ဝ​ရ​ဘု​ရား​ဖန်​ဆင်း​တော်​မူ​ချိန်​မှ​စ​၍ ကွယ်​ဝှက်​နေ​ခဲ့​သည့်​အ​ရာ​များ​ကို ငါ​ထုတ်​ဖော်​ပြော​ဆို​မည်'' ဟူ​သော​ပ​ရော​ဖက်​၏​ဟော​ချက်​မှန်​ကန်​လာ​စေ​ရန် ပင်​ဖြစ်​၏။
ताकि जो नबी के ज़रिए कहा गया था वो पूरा हो “मैं मिसालों में अपना मुँह खोलूँगा; में उन बातों को ज़ाहिर करूँगा जो बिना — ए — आलम से छिपी रही हैं।”
36 ၃၆ ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​များ​ထံ မှ​ထွက်​ခွာ​၍​အိမ်​ထဲ​သို့​ဝင်​တော်​မူ​၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``ဂျုံ​ရိုင်း​ပင်​များ​၏​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ် တို့​အား​ရှင်း​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။
उस वक़्त वो भीड़ को छोड़ कर घर में गया और उस के शागिर्दों ने उस के पास आकर कहा, “खेत के कड़वे दाने की मिसाल हमें समझा दे।”
37 ၃၇ ကိုယ်​တော်​က ``မျိုး​ကောင်း​မျိုး​သန့်​ကို​ကြဲ​သူ​သည် လူ​သား​ပင်​ဖြစ်​၏။-
उस ने जवाब में उन से कहा, “अच्छे बीज का बोने वाला इबने आदम है।
38 ၃၈ ဂျုံ​ခင်း​ကား​ဤ​ကမ္ဘာ​လော​က​တည်း။ မျိုး​ကောင်း မျိုး​သန့်​သည်​နိုင်​ငံ​တော်​သား​များ​ကို​ဆို​လို​၏။ ဂျုံ​ရိုင်း​စေ့​များ​ကား​စာ​တန်​မာရ်​နတ်​၏​နိုင်​ငံ သား​များ​ကို​ဆို​လို​၏။-
और खेत दुनिया है और अच्छा बीज बादशाही के फ़र्ज़न्द और कड़वे दाने उस शैतान के फ़र्ज़न्द हैं।
39 ၃၉ ထို​မျိုး​စေ့​များ​ကို​ကြဲ​သူ​သည်​စာ​တန်​မာရ်​နတ် ပင်​ဖြစ်​၏။ ကောက်​ရိတ်​ချိန်​ကား​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​တည်း။ ကောက်​ရိတ်​သ​မား​များ​သည်​ကောင်း​ကင် တ​မန်​များ​ဖြစ်​၏။- (aiōn g165)
जिस दुश्मन ने उन को बोया वो इब्लीस है। और कटाई दुनिया का आख़िर है और काटने वाले फ़रिश्ते हैं। (aiōn g165)
40 ၄၀ ဂျုံ​ရိုင်း​ပင်​များ​ကို​စု​သိမ်း​ပြီး​မီး​ရှို့​ပစ်​လိုက် သ​ကဲ့​သို့ ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​စာ​တန်​မာရ် နတ်​၏​နိုင်​ငံ​သား​တို့​သည်​မီး​ရှို့​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။- (aiōn g165)
पस जैसे कड़वे दाने जमा किए जाते और आग में जलाए जाते हैं। (aiōn g165)
41 ၄၁ လူ​သား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​ကို​စေ လွှတ်​တော်​မူ​၍ လူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ သူ​များ​နှင့်​အ​ပြစ်​ကူး​သူ​အ​ပေါင်း​ကို​နိုင်​ငံ တော်​ထဲ​က​ရွေး​ထုတ်​စေ​ပြီး​လျှင်၊-
इब्न — ए — आदम अपने फ़रिश्तों को भेजेगा; और वो सब ठोकर खिलाने वाली चीज़ें और बदकारों को उस की बादशाही में से जमा करेंगे।
42 ၄၂ တောက်​လောင်​သော​မီး​ဖို​ထဲ​သို့​ပစ်​ချ​စေ​တော်​မူ မည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ငို​ကြွေး​မြည်​တမ်း ၍​အံ​သွား​ခဲ​ကြိတ်​ကြ​လိမ့်​မည်။-
और उनको आग की भट्टी में डाल देंगे वहाँ रोना और दाँत पीसना होगा।
43 ၄၃ ထို​အ​ခါ​သူ​တော်​ကောင်း​တို့​သည်​အ​ဖ​ဘု​ရား​၏ နိုင်​ငံ​တော်​တွင်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ​လျက် နေ​ကြ​လတ္တံ့။ ကြား​တတ်​သော​နား​ရှိ​သူ​ကြား​ကြ ကုန်​လော့။
उस वक़्त रास्तबाज़ अपने बाप की बादशाही में सूरज की तरह चमकेंगे; जिसके कान हों वो सुन ले!”
44 ၄၄ ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ဤ​အ​ဖြစ်​အ​ပျက် နှင့်​တူ​၏။ လူ​တစ်​ယောက်​သည်​လယ်​၌​မြှုပ်​ထား​သော ဘဏ္ဍာ​ကို​တွေ့​သ​ဖြင့်​တစ်​ဖန်​မြှုပ်​ထား​ခဲ့​၏။ ထို​နောက် ဝမ်း​မြောက်​စွာ​သွား​ပြီး​လျှင်​ရှိ​သ​မျှ​ကို​ရောင်း​ချ လျက်​ထို​လယ်​ကို​ဝယ်​လေ​၏။
“आसमान की बादशाही खेत में छिपे ख़ज़ाने की तरह है जिसे किसी आदमी ने पाकर छिपा दिया और ख़ुशी के मारे जाकर जो कुछ उसका था; बेच डाला और उस खेत को ख़रीद लिया।”
45 ၄၅ ``ထို​မှ​တစ်​ပါး​လည်း၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ ကုန်​သည်​တစ်​ဦး​သည် ပု​လဲ​ကောင်း​ကို​ရှာ​လျက်​နေ​၏။-
“फिर आसमान की बादशाही उस सौदागर की तरह है, जो उम्दा मोतियों की तलाश में था।
46 ၄၆ ထို​သူ​သည်​များ​စွာ​အ​ဖိုး​တန်​သည့်​ပု​လဲ​ကို​တွေ့ သော​အ​ခါ​သွား​ပြီး​လျှင်​ရှိ​သ​မျှ​ကို​ရောင်း​ချ​၍ ထို​ပု​လဲ​ကို​ဝယ်​လေ​၏။
जब उसे एक बेशक़ीमती मोती मिला तो उस ने जाकर जो कुछ उस का था बेच डाला और उसे ख़रीद लिया।”
47 ၄၇ ``ထို​မှ​တစ်​ပါး​လည်း၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ဤ အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ တံ​ငါ​သည်​တို့​သည်​အိုင် တွင်​ပိုက်​ကွန်​ကို​ချ​၍​ငါး​အ​မျိုး​မျိုး​ကို​အုပ်​မိ​၏။-
“फिर आसमान की बादशाही उस बड़े जाल की तरह है; जो दरिया में डाला गया और उस ने हर क़िस्म की मछलियाँ समेट लीं।
48 ၄၈ ပိုက်​ကွန်​တွင်​ငါး​အ​ပြည့်​ရ​သော​အ​ခါ​တံ​ငါ​သည် တို့​သည်​ထို​ပိုက်​ကွန်​ကို​ကုန်း​ပေါ်​သို့​ဆွဲ​၍​တင်​ကြ​၏။ ထို​နောက်​ထိုင်​၍​ငါး​များ​ကို​ရွေး​ကြ​၏။ ငါး​ကောင်း များ​ကို​အိုး​များ​တွင်​ထည့်​ထား​ပြီး​နောက်​ငါး​ညံ့ များ​ကို​မူ​အ​ပြင်​သို့​ပစ်​ထုတ်​လိုက်​ကြ​၏။-
और जब भर गया तो उसे किनारे पर खींच लाए; और बैठ कर अच्छी — अच्छी तो बरतनों में जमा कर लीं और जो ख़राब थी फेंक दीं।
49 ၄၉ ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​လည်း​ထို​နည်း​တူ​ဖြစ်​ပေ အံ့။ ကောင်း​ကင်​တ​မန်​များ​သည်​လာ​၍​သူ​ယုတ်​မာ များ​ကို​သူ​တော်​ကောင်း​များ​ထဲ​မှ​ခွဲ​ထုတ်​ပြီး​လျှင်၊- (aiōn g165)
दुनिया के आख़िर में ऐसा ही होगा; फ़रिश्ते निकलेंगे और शरीरों को रास्तबाज़ों से जुदा करेंगे; और उनको आग की भट्टी में डाल देंगे। (aiōn g165)
50 ၅၀ တောက်​လောင်​သော​မီး​ဖို​ထဲ​သို့​ပစ်​ချ​လိမ့်​မည်။ ထို သူ​တို့​သည်​ငို​ကြွေး​မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
वहाँ रोना और दाँत पीसना होगा।”
51 ၅၁ သ​ခင်​ယေ​ရှု​က ``ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ တို့​ကို​သင်​တို့​နား​လည်​ကြ​ပါ​၏​လော'' ဟု​မေး တော်​မူ​လျှင်​တ​ပည့်​တော်​တို့​က``နား​လည်​ပါ သည်'' ဟု​ဖြေ​ကြား​ကြ​၏။
“क्या तुम ये सब बातें समझ गए?” उन्होंने उससे कहा, हाँ।
52 ၅၂ သို့​ဖြစ်​၍​ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော်​တွင် တ​ပည့်​ဖြစ်​လာ​သူ​ကျမ်း​တတ်​ဆ​ရာ​သည်​မိ​မိ​၏ ဘဏ္ဍာ​တိုက်​ထဲ​မှ​ဥစ္စာ​ပစ္စည်း​အ​သစ်​နှင့်​အ​ဟောင်း​များ ကို​ထုတ်​ယူ​သော​အိမ်​ရှင်​နှင့်​တူ​၏'' ဟု​မိန့်​တော်​မူ​၏။
उसने उससे कहा, “इसलिए हर आलिम जो आसमान की बादशाही का शागिर्द बना है उस घर के मालिक की तरह है जो अपने ख़ज़ाने में से नई और पुरानी चीज़ें निकालता है।”
53 ၅၃ ထို​ပုံ​ဥ​ပ​မာ​များ​ကို​မိန့်​ကြား​တော်​မူ​ပြီး​နောက် သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ကြွ​၍၊-
जब ईसा ये मिसाल ख़त्म कर चुका तो ऐसा हुआ कि वहाँ से रवाना हो गया।
54 ၅၄ မိ​မိ​နေ​ရင်း​မြို့​သို့​ရောက်​ရှိ​တော်​မူ​၏။ တ​ရား​ဇ​ရပ် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​သော​အ​ခါ လူ​တို့​သည် လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``ဤ​သူ​သည်​ဤ​သို့​သော အ​သိ​ပ​ညာ​များ​ကို​အ​ဘယ်​က​ရ​ရှိ​ပါ​သ​နည်း။ ဤ​သို့​သော​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​အ​ဘယ် သို့​ပြ​နိုင်​ပါ​သ​နည်း။-
और अपने वतन में आकर उनके इबादतख़ाने में उनको ऐसी ता'लीम देने लगा; कि वो हैरान होकर कहने लगे, इस में ये हिक्मत और मोजिज़े कहाँ से आए?
55 ၅၅ သူ​သည်​လက်​သ​မား​ဆ​ရာ​၏​သား​မ​ဟုတ်​လော။ သူ့ အ​မိ​သည်​မာ​ရိ​နာ​မည်​ရှိ​သူ​မ​ဟုတ်​ပါ​လော။ သူ့ ညီ​များ​ကား​ယာ​ကုပ်၊ ယော​သပ်၊ ရှိ​မုန်​နှင့်​ယု​ဒ​တို့ မ​ဟုတ်​ပါ​လော။-
क्या ये बढ़ई का बेटा नहीं? और इस की माँ का नाम मरियम और इस के भाई या'क़ूब और यूसुफ़ और शमौन और यहूदा नहीं?
56 ၅၆ သူ့​နှ​မ​များ​သည်​လည်း​ငါ​တို့​မြို့​သူ​များ​မ​ဟုတ်​ပါ လော။ သို့​ဖြစ်​ပါ​လျက်​သူ​သည်​ဤ​တန်​ခိုး​ကို​အ​ဘယ် က​ရ​ရှိ​ပါ​သ​နည်း'' ဟု​ဆို​ကာ၊-
और क्या इस की सब बहनें हमारे यहाँ नहीं? फिर ये सब कुछ इस में कहाँ से आया?
57 ၅၇ ကိုယ်​တော်​၏​အ​ပေါ်​၌​အ​ကြည်​ညို​ပျက်​ကြ​၏။ သ​ခင်​ယေ​ရှု​က​လည်း ``ပ​ရော​ဖက်​သည်​မိ​မိ​မြို့ နှင့်​မိ​မိ​အိမ်​မှ​လွဲ​၍​အ​ဘယ်​အ​ရပ်​တွင်​မ​ဆို ဂုဏ်​အ​သ​ရေ​ရှိ​၏'' ဟု​မိန့်​တော်​မူ​သည်။-
और उन्होंने उसकी वजह से ठोकर खाई मगर ईसा ने उन से कहा “नबी अपने वतन और अपने घर के सिवा कहीं बेइज़्ज़त नहीं होता।”
58 ၅၈ ထို​မြို့​သား​တို့​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား မှု​မ​ရှိ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​အံ့​သြ​ဖွယ် သော​အ​မှု​တို့​ကို​ထို​မြို့​တွင်​ပြု​တော်​မ​မူ။
और उसने उनकी बेऐ'तिक़ादी की वजह से वहाँ बहुत से मोजिज़े न दिखाए।

< မဿဲ 13 >