< မဿဲ 13 >
1 ၁ ထိုနေ့၌ပင်လျှင်သခင်ယေရှုသည်ထိုအိမ်မှ ထွက်ကြွတော်မူ၍အိုင်ကမ်းခြေတွင်ထိုင်တော် မူ၏။-
Ngalolosuku uJesu waphuma endlini wayahlala eceleni kwechibi.
2 ၂ အထံတော်သို့လာရောက်ကြသည့်လူပရိသတ် မှာများလှသဖြင့် ကိုယ်တော်သည်လှေပေါ်သို့ တက်၍ထိုင်တော်မူ၏။ လူအပေါင်းတို့ကကမ်း ခြေတွင်ရပ်လျက်နေကြ၏။-
Amaxuku abantu aminyezelana kuye waze wangena esikepeni wahlala kuso, abantu bonke bona babemi okhunjini.
3 ၃ ကိုယ်တော်သည်ထိုသူတို့အား ပုံဥပမာဆောင်၍ များစွာသောအကြောင်းအရာများကိုသွန်သင် တော်မူ၏။ ကိုယ်တော်က ``မျိုးကြဲသူလူတစ်ယောက်သည် မျိုးကြဲရန်ထွက်သွား၏။-
Wasebatshela izinto ezinengi esebenzisa imizekeliso, wathi, “Umlimi waphuma wayahlanyela inhlanyelo yakhe.
4 ၄ မျိုးကြဲသောအခါအချို့မျိုးစေ့တို့သည်လမ်း တွင်ကျသဖြင့်ငှက်တို့သည်လာ၍စားကြ၏။-
Kwathi eyihaza inhlanyelo, eyinye yawela endleleni, izinyoni zafika zayidobha yonke.
5 ၅ အချို့မျိုးစေ့တို့သည်မြေဆီလွှာပါးသည့် ကျောက်ခံမြေပေါ်တွင်ကျ၏။ မြေသားတိမ် သဖြင့်အပင်များလျင်မြန်စွာပေါက်သော် လည်း၊-
Eyinye yawela okhetheni lapho okwakungela mhlabathi owaneleyo. Yaphanga yamila ngoba umhlabathi wawungatshoni.
6 ၆ နေထွက်သောအခါနေပူလောင်၍အမြစ်မစွဲ သည့်အတွက်ညှိုးနွမ်း၍သွားကြ၏။-
Kodwa kwathi ilanga seliphumile yahanguleka yabuna ngoba yayingelampande.
7 ၇ အချို့မျိုးစေ့တို့သည်ဆူးတောတွင်ကျ၏။ ဆူးပင် များကြီးထွားလာပြီးနောက်အပင်ငယ်တို့ကို လွှမ်းမိုးကာသေစေကြ၏။-
Eyinye yawela phakathi kwameva, asuka akhula ayiminya inhlanyelo.
8 ၈ အချို့မျိုးစေ့တို့ကားမြေကောင်းမြေသန့်တွင် ကျ၏။ အပင်များပေါက်၍အဆတစ်ရာ၊ အဆ ခြောက်ဆယ်၊ အဆသုံးဆယ်သီးနှံများကိုဆောင် ကုန်၏။
Eyinye inhlanyelo yawela emhlabathini omuhle lapho eyathela khona izithelo eziphindwe okungabalikhulu, kumbe okungamatshumi ayisithupha loba okungamatshumi amathathu ukudlula leyo eyayihlanyelwe.
9 ၉ ကြားတတ်သောနားရှိသူတို့ကြားကြလော့'' ဟု မိန့်တော်မူ၏။
Lowo olendlebe kezwe.”
10 ၁၀ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်အဘယ်ကြောင့်လူတို့အားပုံ ဥပမာဖြင့်သာလျှင်မိန့်တော်မူပါသနည်း'' ဟု မေးလျှောက်ကြ၏။
Abafundi beza kuye bambuza bathi, “Kungani ukhuluma ebantwini ngemizekeliso na?”
11 ၁၁ ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။-
Waphendula wathi, “Ulwazi lwemfihlakalo yombuso wezulu luphiwe lina hatshi bona.
12 ၁၂ ဘုရားသခင်သည်ရှိသူအားပိုလျှံသည့်တိုင်အောင် ထပ်လောင်း၍ပေးတော်မူ၍မရှိသူထံမှရှိသမျှ ကိုပင်ရုပ်သိမ်းတော်မူလိမ့်မည်။-
Lowo olakho, uzaphiwa kwengezelelwe abesesiba lokunengi kakhulu. Lowo ongelakho, lalokho alakho uzakwemukwa.
13 ၁၃ သူတို့အားပုံဥပမာဆောင်၍ငါပြောရသည့် အကြောင်းမှာသူတို့သည်ကြည့်သော်လည်းမမြင်၊ နားထောင်သော်လည်းမကြားသို့မဟုတ်နားမ လည်သောကြောင့်ဖြစ်၏။
Lokhu yikho okungenza ngikhulume kubo ngemizekeliso: Ngoba loba bekhangele kababoni; loba belalele kabezwa njalo kabaqedisisi.
14 ၁၄ ထို့ကြောင့်၊ `ဤသူတို့သည်ကြားလျက်နှင့်နားလည်လိမ့်မည် မဟုတ်။ မြင်လျက်နှင့်သိလိမ့်မည်မဟုတ်။
Kubo isiphrofethi sika-Isaya siyagcwaliseka, esokuthi: ‘Lizahlala lisizwa kodwa lingaqedisisi; lizahlala libona kodwa lingabonisisi.
15 ၁၅ ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက် သူတို့၏နားများသည်လေးလျက်မျက်စိများသည် ပိတ်လျက်ရှိ၏။ အကယ်၍သာသူတို့၏မျက်စိများသည်မြင်နိုင်၍ နားများသည်ကြားနိုင်လျက်၊ စိတ်နှလုံးသည်လည်းသိနားလည်နိုင်မည်ဆိုပါမူ သူတို့သည်ငါ့ကိုခိုလှုံကိုးစားလာကြမည်ဖြစ်၍၊ ငါသည်လည်းသူတို့၏အပြစ်များကို ဖြေလွှတ်တော်မူပေအံ့' ဟုဘုရားသခင်မိန့်တော်မူကြောင်းဟေရှာယ ဟောချက်သည်မှန်ပေ၏။
Ngoba inhliziyo zalababantu sezaba lukhuni; kabasezwa ngezindlebe zabo njalo sebawavala amehlo abo. Funa babone ngamehlo abo, bezwe ngezindlebe zabo, baqedisise ngezinhliziyo zabo, baphenduke bese ngibasilisa.’
16 ၁၆ ``သင်တို့၏မျက်စိများသည်မြင်၍နားများသည် လည်းကြားသောကြောင့် သင်တို့သည်မင်္ဂလာရှိကြ၏။-
Kodwa abusisiwe amehlo enu ngoba ayabona lezindlebe zenu ziyezwa.
17 ၁၇ အမှန်အကန်သင်တို့အားငါဆိုသည်ကား သင် တို့မြင်ရသည့်အရာများကို ပရောဖက်နှင့် သူတော်ကောင်းအမြောက်အမြားပင်မြင်လိုကြ သော်လည်းမမြင်ရကြ။ သင်တို့ကြားရသည့် အရာများကို သူတို့ကြားလိုကြသော်လည်း မကြားရကြ။
Ngoba ngilitshela iqiniso ukuthi abaphrofethi abanengi lamadoda alungileyo balangazela ukukubona lokhu elikubonayo kodwa kabakubonanga, lokuzwa lokhu elikuzwayo kodwa kabakuzwanga.
18 ၁၈ ``ထို့ကြောင့်မျိုးကြဲသူ၏ပုံဥပမာအနက် အဋ္ဌိပ္ပါယ်ကိုနားထောင်ကြလော့။-
Lalelani-ke lizwe ukuthi utshoni umzekeliso womhlanyeli:
19 ၁၉ လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နိုင်ငံတော် အကြောင်းတရားတော်ကိုကြားသော်လည်းနား မလည်သူတို့နှင့်တူ၏။ သူတို့၏စိတ်နှလုံးတွင် ကြဲထားသည့်တရားတော်မျိုးစေ့ကိုစာတန် သည်လာ၍ယူငင်သွား၏။-
Nxa umuntu esizwa ilizwi ngombuso kodwa engabambisisi, omubi uyeza ahwithe lokho obekuhlanyelwe enhliziyweni yakhe. Yiyo le inhlanyelo eyahlanyelwa endleleni.
20 ၂၀ ကျောက်ခံမြေတွင်ကျသည့်မျိုးစေ့သည်တရားတော် ကိုကြားလျှင်ကြားချင်းဝမ်းမြောက်စွာခံယူသူတို့ ကိုဆိုလို၏။-
Inhlanyelo eyawela okhetheni ngumuntu olizwayo ilizwi aphange alamukele ngentokozo.
21 ၂၁ သို့သော်တရားတော်သည်သူတို့၏စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ သို့ဖြစ်၍သူတို့သည်တရားတော်ကြောင့်ဒုက္ခနှင့် နှိပ်စက်ညှဉ်းပန်းမှုကိုတွေ့ကြုံရသောအခါ ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။-
Kodwa ngenxa yokuthi kalampande, nxa okwesikhatshana kuphela. Nxa kufika uhlupho lokuhlukunyezwa ngenxa yelizwi uphanga akhubeke.
22 ၂၂ ဆူးတောတွင်ကျသည့်မျိုးစေ့များသည်တရား တော်ကိုကြား၍အသီးအပွင့်မဖြစ်ထွန်းစေ နိုင်သောသူတို့ကိုဆိုလို၏။ သူတို့၏စိုးရိမ်ကြောင့် ကြမှုများနှင့်စည်းစိမ်ချမ်းသာခံစားလိုမှု များကတရားတော်မျိုးစေ့ကိုလွှမ်းမိုးသဖြင့် မည်သို့မျှမသီးမပွင့်နိုင်ချေ။- (aiōn )
Inhlanyelo eyawela phakathi kwameva ngumuntu olizwayo ilizwi kodwa lisuke landelwe yizinhlupheko zale impilo lenkohliso yenotho, lingabe lisaba lezithelo. (aiōn )
23 ၂၃ မြေကောင်းမြေသန့်တွင်ကျသည့်မျိုးစေ့ကား တရားတော်ကိုကြား၍နားလည်သူတို့ကိုဆို လို၏။ သူတို့သည်အဆတစ်ရာ၊ အဆခြောက် ဆယ်၊ အဆသုံးဆယ်အသီးအနှံများကို ဆောင်ကုန်၏'' ဟုမိန့်တော်မူသည်။
Kodwa leyonhlanyelo eyawela emhlabathini ovundileyo ngumuntu olizwayo ilizwi alizwisise. Lo nguye othela izithelo ezinengi ngekhulu, ngamatshumi ayisithupha loba ngamatshumi amathathu okudlula lokho okwahlanyelwayo.”
24 ၂၄ သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော် သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ်ယောက် သည်မိမိဂျုံမျိုးကောင်းမျိုးသန့်ကိုကြဲ၏။-
UJesu wabatshela omunye umzekeliso wathi, “Umbuso wezulu unjengomuntu owahlanyela inhlanyelo enhle ensimini yakhe.
25 ၂၅ သို့ရာတွင်ညအခါလူတို့အိပ်ပျော်နေချိန်၌ ရန်သူသည်လာ၍ဂျုံမျိုးကြဲထားရာတွင်ဂျုံ ရိုင်းစေ့များကိုကြဲပြီးနောက်ထွက်ခွာသွား၏။-
Kodwa kwathi ngesikhathi wonke umuntu elele, isitha sakhe seza sahlanyela ukhula phakathi kwengqoloyi, sahamba.
26 ၂၆ ဂျုံပင်ကလေးများပေါက်ပြီးနောက်ဂျုံနှံများ ထွက်လာသောအခါဂျုံရိုင်းပင်များလည်းပေါ် ထွက်လာလေသည်။-
Kwathi ingqoloyi isikhahlele yabumba izikhwebu, ukhula lalo lwavela.
27 ၂၇ ထိုအခါစာရင်းငှားတို့သည်လယ်ရှင်ထံလာ၍ `အရှင်၊ အရှင့်ဂျုံခင်းတွင်မျိုးကောင်းမျိုးသန့်များ ကြဲခဲ့သည်မဟုတ်ပါလော။ ဂျုံရိုင်းပင်များကား အဘယ်မှရောက်ရှိလာပါသနည်း' ဟုမေးကြ၏။-
Izinceku zomninisivini zeza kuye zathi, ‘Nkosi, kanti kawuhlanyelanga yini inhlanyelo enhle ensimini yakho na? Pho ukhula luvele ngaphi?’
28 ၂၈ လယ်ရှင်က `ဤအရာကားရန်သူ၏လက်ချက်ပင် ဖြစ်၏' ဟုဆိုလျှင်စာရင်းငှားများက `ထိုသို့ဖြစ် ပါမူဂျုံရိုင်းများကိုသွား၍နုတ်ပစ်ရပါမည် လော' ဟုမေးပြန်ကြ၏။-
Waphendula wathi, ‘Kwenziwe yisitha lokhu.’ Zambuza izinceku zathi, ‘Uyafuna yini ukuthi siyelusiphuna na?’
29 ၂၉ လယ်ရှင်က၊ နုတ်မပစ်ကြနှင့်ဦး။ ဂျုံရိုင်းများကို နုတ်လိုက်လျှင်ဂျုံကောင်းများလည်းပါသွားလိမ့် မည်။-
Waphendula wathi, ‘Hatshi, ngoba lizakuthi lisiphuna ukhula liqabuke selisiphuna amabele kanye lalo.
30 ၃၀ ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။
Kuyekeleni kukhule ndawonye kuze kube yisikhathi sokuvuna. Lapho-ke, ngizakuthi kubavuni, Qalani ngokuqoqa ukhula lilubophe izinyanda ukuba lutshiswe, beseliqoqa amabele liwalethe esiphaleni sami.’”
31 ၃၁ သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ် ယောက်သည်မုန်ညင်းစေ့ကိုယူ၍မိမိဥယျာဉ် တွင်စိုက်၏။-
Wabatshela omunye umzekeliso wathi, “Umbuso wezulu ufana lentanga yemastadi eyathathwa ngenye indoda yayihlanyela ensimini yayo.
32 ၃၂ ထိုအစေ့သည်အစေ့တကာတို့ထက်သေးငယ် ၏။ သို့ရာတွင်အပင်ပေါက်၍ကြီးထွားလာသော အခါ အခြားအပင်ငယ်များထက်ကြီးမားသည့် အပင်တစ်ပင်ဖြစ်လာ၏။ သို့ဖြစ်၍ငှက်များသည် ထိုအပင်၏အကိုင်းများတွင်အသိုက်ပြုလုပ် နိုင်ကြ၏'' ဟုမိန့်တော်မူသည်။
Lanxa incinyane kulentanga yenhlanyelo zonke, kodwa ithi ingakhula ibe yisihlahla esikhulu kulazo zonke, izinyoni zezulu zibuye, zithole ukuphumula ezingatsheni zaso.”
33 ၃၃ ကိုယ်တော်သည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ အမျိုး သမီးတစ်ယောက်သည်တဆေးကိုယူပြီးလျှင် မုန့်ညက်တစ်တင်းတွင်ထည့်သဖြင့်မုန့်ညက်အား လုံးကိုဖောင်းကြွစေ၏'' ဟုမိန့်တော်မူသည်။
Waphinda wabatshela omunye umzekeliso wathi, “Umbuso wezulu ufana lemvubelo eyathathwa ngowesifazane wayixubanisa lempuphu enengi, yabila yagcwala inhlama yonke.”
34 ၃၄ သခင်ယေရှုသည်လူပရိသတ်တို့အားဤ အကြောင်းအရာများကိုပုံဥပမာဆောင်၍ ဟောကြားတော်မူ၏။ ပုံဥပမာမဆောင်ဘဲ အဘယ်အကြောင်းအရာကိုမျှဟောကြား တော်မမူ။-
UJesu wakhuluma zonke lezizinto exukwini labantu ngemizekeliso; kazange akhulume lutho kubo engasebenzisanga umzekeliso.
35 ၃၅ ဤသို့ဟောကြားရခြင်းမှာ၊ ``ငါသည်ပုံဥပမာဆောင်၍မိမိ၏နှုတ်ကို ဖွင့်ဟမြွက်ဆိုမည်။ လောကကိုထာဝရဘုရားဖန်ဆင်းတော်မူချိန်မှစ၍ ကွယ်ဝှက်နေခဲ့သည့်အရာများကို ငါထုတ်ဖော်ပြောဆိုမည်'' ဟူသောပရောဖက်၏ဟောချက်မှန်ကန်လာစေရန် ပင်ဖြစ်၏။
Ngakho kwagcwaliseka okwakhulunywa ngomphrofethi ukuthi: “Ngizavula umlomo wami ngemizekeliso, ngizakutsho izinto ezifihliweyo selokhu kwadatshulwa umhlaba.”
36 ၃၆ ထိုနောက်သခင်ယေရှုသည်လူပရိသတ်များထံ မှထွက်ခွာ၍အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``ဂျုံရိုင်းပင်များ၏ပုံဥပမာကိုအကျွန်ုပ် တို့အားရှင်းပြတော်မူပါ'' ဟုလျှောက်ထား ကြ၏။
Wasesuka exukwini waya endlini. Abafundi bakhe beza kuye bathi, “Sichazele umzekeliso wokhula ensimini.”
37 ၃၇ ကိုယ်တော်က ``မျိုးကောင်းမျိုးသန့်ကိုကြဲသူသည် လူသားပင်ဖြစ်၏။-
Waphendula wathi, “Lowo owahlanyela inhlanyelo enhle yiNdodana yoMuntu.
38 ၃၈ ဂျုံခင်းကားဤကမ္ဘာလောကတည်း။ မျိုးကောင်း မျိုးသန့်သည်နိုင်ငံတော်သားများကိုဆိုလို၏။ ဂျုံရိုင်းစေ့များကားစာတန်မာရ်နတ်၏နိုင်ငံ သားများကိုဆိုလို၏။-
Insimu ngumhlaba njalo inhlanyelo enhle imele abantu bombuso. Ukhula lungabantu bomubi
39 ၃၉ ထိုမျိုးစေ့များကိုကြဲသူသည်စာတန်မာရ်နတ် ပင်ဖြစ်၏။ ကောက်ရိတ်ချိန်ကားကပ်ကမ္ဘာကုန်ဆုံး ချိန်တည်း။ ကောက်ရိတ်သမားများသည်ကောင်းကင် တမန်များဖြစ်၏။- (aiōn )
njalo isitha esiluhlanyelayo nguSathane. Isivuno siyikuphela kwesikhathi njalo abavuni yizingilosi. (aiōn )
40 ၄၀ ဂျုံရိုင်းပင်များကိုစုသိမ်းပြီးမီးရှို့ပစ်လိုက် သကဲ့သို့ ကပ်ကမ္ဘာကုန်ဆုံးချိန်၌စာတန်မာရ် နတ်၏နိုင်ငံသားတို့သည်မီးရှို့ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။- (aiōn )
Njengalokhu ukhula lusitshunwa lutshiswe emlilweni, kuzakuba njalo ekupheleni kwesikhathi. (aiōn )
41 ၄၁ လူသားသည်မိမိ၏ကောင်းကင်တမန်များကိုစေ လွှတ်တော်မူ၍ လူတို့အားမှောက်မှားလမ်းလွဲစေ သူများနှင့်အပြစ်ကူးသူအပေါင်းကိုနိုင်ငံ တော်ထဲကရွေးထုတ်စေပြီးလျှင်၊-
Indodana yoMuntu izathuma izingilosi zayo, zikhuphe konke okuyizikhubekiso embusweni wayo, labo bonke abenza ububi.
42 ၄၂ တောက်လောင်သောမီးဖိုထဲသို့ပစ်ချစေတော်မူ မည်။ ထိုသူအပေါင်းတို့သည်ငိုကြွေးမြည်တမ်း ၍အံသွားခဲကြိတ်ကြလိမ့်မည်။-
Zizabaphosela esihogweni somlilo ovuthayo okuzakuba khona ukukhala lokugedla kwamazinyo. ()
43 ၄၃ ထိုအခါသူတော်ကောင်းတို့သည်အဖဘုရား၏ နိုင်ငံတော်တွင်နေကဲ့သို့ထွန်းလင်းတောက်ပလျက် နေကြလတ္တံ့။ ကြားတတ်သောနားရှိသူကြားကြ ကုန်လော့။
Lapho-ke, abalungileyo bazakhazimula njengelanga embusweni kaYise wabo. Lowo olendlebe, kezwe.”
44 ၄၄ ``ကောင်းကင်နိုင်ငံတော်သည်ဤအဖြစ်အပျက် နှင့်တူ၏။ လူတစ်ယောက်သည်လယ်၌မြှုပ်ထားသော ဘဏ္ဍာကိုတွေ့သဖြင့်တစ်ဖန်မြှုပ်ထားခဲ့၏။ ထိုနောက် ဝမ်းမြောက်စွာသွားပြီးလျှင်ရှိသမျှကိုရောင်းချ လျက်ထိုလယ်ကိုဝယ်လေ၏။
“Umbuso wezulu unjengenotho efihliweyo esivandeni. Kwathi indoda isiyitholile yayifihla njalo, kwathi ngoba iphakathi kokuthokoza, yahamba yayathengisa konke eyayilakho yayathenga lesosivande.
45 ၄၅ ``ထိုမှတစ်ပါးလည်း၊ ကောင်းကင်နိုင်ငံတော်သည် ဤအဖြစ်အပျက်နှင့်တူ၏။ ကုန်သည်တစ်ဦးသည် ပုလဲကောင်းကိုရှာလျက်နေ၏။-
Njalo umbuso wezulu ufana lomthengi edinga amaphareli amahle.
46 ၄၆ ထိုသူသည်များစွာအဖိုးတန်သည့်ပုလဲကိုတွေ့ သောအခါသွားပြီးလျှင်ရှိသမျှကိုရောင်းချ၍ ထိုပုလဲကိုဝယ်လေ၏။
Kwathi esefumene elinye elalilentengo ephezulu wahamba wayathengisa konke ayelakho walithenga.”
47 ၄၇ ``ထိုမှတစ်ပါးလည်း၊ ကောင်းကင်နိုင်ငံတော်သည်ဤ အဖြစ်အပျက်နှင့်တူ၏။ တံငါသည်တို့သည်အိုင် တွင်ပိုက်ကွန်ကိုချ၍ငါးအမျိုးမျိုးကိုအုပ်မိ၏။-
“Futhi umbuso wezulu ufana lomambule owehliselwa phansi echibini wagola zonke inhlobo zezinhlanzi.
48 ၄၈ ပိုက်ကွန်တွင်ငါးအပြည့်ရသောအခါတံငါသည် တို့သည်ထိုပိုက်ကွန်ကိုကုန်းပေါ်သို့ဆွဲ၍တင်ကြ၏။ ထိုနောက်ထိုင်၍ငါးများကိုရွေးကြ၏။ ငါးကောင်း များကိုအိုးများတွင်ထည့်ထားပြီးနောက်ငါးညံ့ များကိုမူအပြင်သို့ပစ်ထုတ်လိုက်ကြ၏။-
Wathi usugcwele, abagoli bezinhlanzi bawudonsela okhunjini. Basebehlala phansi, baqoqela ezitsheni zonke inhlanzi ezinhle kodwa ezimbi bazilahla.
49 ၄၉ ကပ်ကမ္ဘာကုန်ဆုံးချိန်၌လည်းထိုနည်းတူဖြစ်ပေ အံ့။ ကောင်းကင်တမန်များသည်လာ၍သူယုတ်မာ များကိုသူတော်ကောင်းများထဲမှခွဲထုတ်ပြီးလျှင်၊- (aiōn )
Lokhu yikho okuzakwenzakala ekupheleni kwesikhathi. Izingilosi zizakuza zehlukanise ababi kwabalungileyo, (aiōn )
50 ၅၀ တောက်လောင်သောမီးဖိုထဲသို့ပစ်ချလိမ့်မည်။ ထို သူတို့သည်ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
zibaphosele esihogweni somlilo ovuthayo, lapho okuzakuba khona lokukhala kanye lokugedla kwamazinyo.” ()
51 ၅၁ သခင်ယေရှုက ``ဤအကြောင်းအရာအလုံးစုံ တို့ကိုသင်တို့နားလည်ကြပါ၏လော'' ဟုမေး တော်မူလျှင်တပည့်တော်တို့က``နားလည်ပါ သည်'' ဟုဖြေကြားကြ၏။
UJesu wababuza wathi, “Selizizwisisile zonke lezizinto na?” Bathi, “Yebo.”
52 ၅၂ သို့ဖြစ်၍ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသူကျမ်းတတ်ဆရာသည်မိမိ၏ ဘဏ္ဍာတိုက်ထဲမှဥစ္စာပစ္စည်းအသစ်နှင့်အဟောင်းများ ကိုထုတ်ယူသောအိမ်ရှင်နှင့်တူ၏'' ဟုမိန့်တော်မူ၏။
Wathi kubo, “Ngakho wonke umfundisi womthetho osephenduke waba ngumfundi wombuso wezulu unjengomnini wendlu okhupha esiphaleni sakhe amagugu amatsha lamadala.”
53 ၅၃ ထိုပုံဥပမာများကိုမိန့်ကြားတော်မူပြီးနောက် သခင်ယေရှုသည်ထိုအရပ်မှထွက်ကြွ၍၊-
UJesu eseqedile imizekeliso le wasuka lapho wahamba.
54 ၅၄ မိမိနေရင်းမြို့သို့ရောက်ရှိတော်မူ၏။ တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူသောအခါ လူတို့သည် လွန်စွာအံ့သြကြသဖြင့် ``ဤသူသည်ဤသို့သော အသိပညာများကိုအဘယ်ကရရှိပါသနည်း။ ဤသို့သောအံ့ဖွယ်နိမိတ်လက္ခဏာများကိုအဘယ် သို့ပြနိုင်ပါသနည်း။-
Wafika edolobheni lakibo waqalisa ukufundisa abantu esinagogweni labo, bamangala. Babuza bathi, “Indoda le yayithatha ngaphi inhlakanipho le lamandla la ayisimangaliso kangaka?
55 ၅၅ သူသည်လက်သမားဆရာ၏သားမဟုတ်လော။ သူ့ အမိသည်မာရိနာမည်ရှိသူမဟုတ်ပါလော။ သူ့ ညီများကားယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့်ယုဒတို့ မဟုတ်ပါလော။-
Kanti lo kayisiyo indodana yombazi na? Ibizo likanina kasuMariya na, labafowabo kakusiJakhobe, uJosefa, uSimoni loJudasi na?
56 ၅၆ သူ့နှမများသည်လည်းငါတို့မြို့သူများမဟုတ်ပါ လော။ သို့ဖြစ်ပါလျက်သူသည်ဤတန်ခိုးကိုအဘယ် ကရရှိပါသနည်း'' ဟုဆိုကာ၊-
Odadewabo kabakho lapha kanye lathi na? Pho indoda le yazizuza ngaphi izinto zonke lezi?”
57 ၅၇ ကိုယ်တော်၏အပေါ်၌အကြည်ညိုပျက်ကြ၏။ သခင်ယေရှုကလည်း ``ပရောဖက်သည်မိမိမြို့ နှင့်မိမိအိမ်မှလွဲ၍အဘယ်အရပ်တွင်မဆို ဂုဏ်အသရေရှိ၏'' ဟုမိန့်တော်မူသည်။-
Bakhubeka ngaye. Kodwa uJesu wathi kubo, “Umphrofethi kaladumo edolobheni lakibo lasendlini yakwabo.”
58 ၅၈ ထိုမြို့သားတို့သည်မိမိအားယုံကြည်ကိုးစား မှုမရှိကြသဖြင့် ကိုယ်တော်သည်အံ့သြဖွယ် သောအမှုတို့ကိုထိုမြို့တွင်ပြုတော်မမူ။
Kasenzanga izimangaliso ezinengi khona ngenxa yokusilela kwabo ekukholweni.