< မဿဲ 12 >
1 ၁ ထိုနောက်များမကြာမီဥပုသ်နေ့၌သခင် ယေရှုသည် ဂျုံခင်းတို့ကိုဖြတ်၍ကြွတော်မူ၏။ တပည့်တော်တို့သည်ဆာလောင်မွတ်သိပ်သဖြင့် ဂျုံနှံများကိုဆွတ်ခူး၍စားကြ၏။-
În vremea aceea, Iisus mergea în ziua de Sabat prin lanurile de grâu. Discipolilor Săi le era foame și au început să culeagă căpățâni de grâu și să mănânce.
2 ၂ ဤအခြင်းအရာကိုဖာရိရှဲတို့မြင်လျှင် ``ကြည့် ပါ။ ကိုယ်တော်၏တပည့်များသည်ဥပုသ်နေ့၌မပြု အပ်သောအမှုကိုပြုနေကြပါသည်တကား'' ဟုဆိုကြ၏။
Dar fariseii, văzând aceasta, i-au spus: “Iată că discipolii tăi fac ceea ce nu este îngăduit să facă în ziua de Sabat.”
3 ၃ ကိုယ်တော်က ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော်တို့ ဆာလောင်မွတ်သိပ်သောအခါအဘယ်သို့ပြုခဲ့ ကြောင်း သင်တို့တစ်ခါမျှမဖတ်ဖူးပါသလော။-
Dar El le-a zis: “N-ați citit ce a făcut David și cei ce erau cu el, când i-a fost foame?
4 ၄ သူနှင့်သူ့အဖော်တို့သည်ဘုရားသခင်၏ ဗိမာန်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များသာ စားအပ်သောရှေ့တော်မုန့်ကိုစားဖူးသည် မဟုတ်လော။-
cum a intrat în casa lui Dumnezeu și a mâncat pâinea de spectacol, pe care nu era îngăduit să o mănânce nici el, nici cei care erau cu el, ci numai preoții?
5 ၅ ထိုမှတစ်ပါးဗိမာန်တော်တွင်ယဇ်ပုရောဟိတ် တို့သည် ဥပုသ်နေ့ဆိုင်ရာပညတ်ကိုချိုးဖောက် သော်လည်းအပြစ်မသင့်ကြောင်း မောရှေ၏ ပညတ်ကျမ်းတွင်မဖတ်ဖူးကြပါသလော။-
Sau n-ați citit în Lege că, în ziua Sabatului, preoții din templu profanează Sabatul și sunt nevinovați?
6 ၆ ဤအရပ်တွင်ဗိမာန်တော်ထက်ကြီးမြတ်သော အရာရှိ၏ဟုသင်တို့အားငါဆို၏။-
Dar Eu vă spun că unul mai mare decât templul este aici.
7 ၇ `ငါသည်သနားကြင်နာခြင်းကိုယဇ်ပူဇော်ခြင်း ထက်ပို၍နှစ်သက်၏' ဟုကျမ်းစကား၏အနက် အဋ္ဌိပ္ပါယ်ကိုနားလည်ပါမူ သင်တို့သည်အပြစ် မရှိသူများကိုပြစ်တင်ရှုတ်ချကြလိမ့်မည် မဟုတ်။-
Dar dacă ați fi știut ce înseamnă acest lucru: “Eu doresc milă, și nu jertfă”, nu i-ați fi condamnat pe cei fără vină.
8 ၈ လူသားသည်ဥပုသ်နေ့၏အရှင်ဖြစ်သည်'' ဟု မိန့်တော်မူ၏။
Căci Fiul Omului este Domnul Sabatului.”
9 ၉ ကိုယ်တော်သည်ထိုအရပ်မှကြွတော်မူ၍ တရားဇရပ်တစ်ခုသို့ဝင်တော်မူ၏။-
A plecat de acolo și a intrat în sinagoga lor.
10 ၁၀ တရားဇရပ်ထဲတွင်လက်တစ်ဖက်သေသူလူ တစ်ယောက်ရှိ၏။ လူအချို့တို့သည်ကိုယ်တော်ကို ပြစ်တင်စွပ်စွဲလို၍ ``ဥပုသ်နေ့၌အနာရောဂါ ပျောက်ကင်းစေအပ်ပါသလော'' ဟုမေးလျှောက် ကြ၏။
Și iată că era acolo un om cu o mână uscată. L-au întrebat: “Este îngăduit să vindeci în ziua de Sabat?”, ca să-l acuze.
11 ၁၁ ကိုယ်တော်က ``အကယ်၍သင်တို့၏သိုးတစ်ကောင် သည်ဥပုသ်နေ့၌တွင်းထဲသို့ကျသည်ရှိသော် ထို သိုးကိုမဆွဲမတင်ဘဲနေမည့်သူသင်တို့တွင် ရှိပါသလော။-
El le-a zis: “Cine dintre voi are o oaie și, dacă aceasta cade într-o groapă în ziua de Sabat, nu se va apuca de ea și n-o va scoate afară?
12 ၁၂ လူသည်သိုးထက်များစွာပို၍အဖိုးထိုက်သည် မဟုတ်ပါလော။ သို့ဖြစ်၍ဥပုသ်နေ့၌ကောင်း သောအမှုကိုပြုလုပ်နိုင်ခွင့်ရှိ၏'' ဟုမိန့်တော် မူသည်။-
Cu cât este mai valoros atunci un om decât o oaie! De aceea este permis să faci binele în ziua de Sabat”.
13 ၁၃ ထိုနောက်ကိုယ်တော်ကလက်သေသူအား ``သင်၏ လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည် လက်ကိုဆန့်လိုက်လျှင်ထိုလက်သည်အခြားလက် တစ်ဖက်ကဲ့သို့အကောင်းပကတိဖြစ်လာ၏။-
Apoi i-a spus omului: “Întinde-ți mâna”. El a întins-o; și ea a fost refăcută întreagă, la fel ca cealaltă.
14 ၁၄ ဖာရိရှဲတို့သည်တရားဇရပ်မှထွက်သွားကြ ပြီးလျှင် ကိုယ်တော်ကိုသတ်ရန်ကြံစည်တိုင်ပင် ကြ၏။
Dar fariseii au ieșit și au uneltit împotriva lui, ca să-l nimicească.
15 ၁၅ ယင်းသို့ကြံစည်ကြောင်းကိုသခင်ယေရှုကြား သိတော်မူသောအခါ ထိုအရပ်မှကြွသွားတော် မူ၏။ များစွာသောလူတို့သည်နောက်တော်သို့လိုက် ကြ၏။ ကိုယ်တော်သည်ဖျားနာသူတို့၏ရောဂါ များကိုပျောက်ကင်းစေတော်မူ၏။-
Isus, aflând aceasta, s-a retras de acolo. L-au urmat mulțimi mari de oameni; și El i-a vindecat pe toți,
16 ၁၆ သို့ရာတွင်မိမိ၏အကြောင်းကိုသူတစ်ပါးတို့ အားမပြောကြားရန် ထိုသူတို့ကိုပညတ်တော် မူ၏။-
și le-a poruncit să nu-L facă cunoscut,
17 ၁၇ ဤသို့ပညတ်တော်မူရခြင်းမှာပရောဖက် ဟေရှာယမှတစ်ဆင့် ဘုရားသခင်ပေးတော်မူ သောဗျာဒိတ်တော်အတိုင်းဖြစ်ပျက်လာစေရန် ပင်ဖြစ်သတည်း။ ထိုဗျာဒိတ်တော်ကား၊
ca să se împlinească ceea ce fusese spus prin profetul Isaia, care zicea
18 ၁၈ ``ငါနှစ်သက်မြတ်နိုးသူ၊ငါရွေးချယ်သော အစေခံကိုကြည့်ကြလော့။ ငါ၏ဝိညာဉ်တော်ကိုသူ၏အပေါ်သို့ သက်ရောက်စေမည်။ သူသည်ငါချမှတ်တော်မူသည့်တရား စီရင်ချက်ကို၊ လူမျိုးတကာတို့အားကြေညာလိမ့်မည်။
“Iată robul Meu, pe care l-am ales, iubitul meu, în care sufletul meu este binevoitor. Voi pune Duhul Meu peste el. El va proclama dreptatea națiunilor.
19 ၁၉ သို့ရာတွင်သူသည်ငြင်းခုံခြင်း၊သို့မဟုတ် ဟစ်အော်ခြင်းကိုပြုလိမ့်မည်မဟုတ်၊ လမ်းတွင်သူ၏အသံကိုအဘယ်သူမျှ ကြားရလိမ့်မည်မဟုတ်။
El nu se va zbate și nu va striga, nici nu-i va auzi cineva vocea pe străzi.
20 ၂၀ သူသည်ကွေ့ကောက်လျက်ရှိသောကူပင်ကိုမချိုး၊ မီးမတောက်ဘဲတငွေ့ငွေ့လောင်နေသော မီးစာကိုမငြိမ်းသတ်။ သူသည်တရားမျှတမှုစိုးမိုးလာသည်တိုင်အောင် လုပ်ဆောင်လိမ့်မည်။
El nu va rupe trestia zdrobită. El nu va stinge nici un fân care fumegă, până când va conduce justiția la victorie.
21 ၂၁ လူမျိုးတကာတို့သည်လည်းသူ့ကိုကိုးစားလိမ့်မည်'' ဟူ၍ဖြစ်၏။
În numele Lui vor nădăjdui neamurile.”
22 ၂၂ နတ်မိစ္ဆာပူးဝင်နေသဖြင့်မျက်စိမမြင်၊ ဆွံ့အ နေသူလူတစ်ယောက်ကို လူအချို့တို့သည်အထံ တော်သို့ခေါ်ခဲ့ကြ၏။ ကိုယ်တော်သည်နတ်မိစ္ဆာကို နှင်ထုတ်တော်မူသဖြင့် ထိုသူသည်မျက်စိမြင် လာပြီးလျှင်စကားပြောလေ၏။-
Atunci a fost adus la El un orb și mut, posedat de un demon, și L-a vindecat, astfel că orbul și mutul vorbea și vedea.
23 ၂၃ လူပရိသတ်တို့သည်များစွာအံ့သြကြ လျက် ``ဤသူသည်ဒါဝိဒ်၏သားတော်ဖြစ်ပါ မည်လော'' ဟုဆိုကြ၏။
Toată mulțimea era uimită și zicea: “Oare poate fi acesta fiul lui David?”
24 ၂၄ ဤသို့ပြောဆိုသည်ကိုဖာရိရှဲတို့ကြားသိကြ သောအခါ ``ဤသူသည်နတ်မိစ္ဆာဘုရင်ဗေလ ဇေဗုလကိုအမှီပြု၍နတ်မိစ္ဆာများကိုနှင်ထုတ် သူဖြစ်၏'' ဟုဆိုကြ၏။
Dar fariseii, când au auzit, au zis: “Omul acesta nu scoate demoni decât prin Beelzebul, prințul demonilor.”
25 ၂၅ ထိုသူတို့၏စိတ်နှလုံးအကြံအစည်ကိုသိတော်မူ သဖြင့်ကိုယ်တော်က ``နိုင်ငံတစ်ခုတွင်လူတို့သည် စိတ်ဝမ်းကွဲပြားလျက် အချင်းချင်းတိုက်ခိုက်နေလျှင် ထိုနိုင်ငံသည်မကြာမီပျက်စီးလိမ့်မည်။ ထိုနည်း တူလူတို့စိတ်ဝမ်းကွဲပြားလျက်နေသောမြို့ သို့မဟုတ်အိမ်ထောင်သည်မရပ်မတည်နိုင်ရာ။-
Cunoscându-le gândurile, Isus le-a zis: “Orice împărăție împărțită împotriva ei însăși este dărâmată, și orice cetate sau casă împărțită împotriva ei însăși nu va rămâne în picioare.
26 ၂၆ သို့ဖြစ်၍စာတန်၏အုပ်စိုးမှုကိုဝန်ခံသူတို့ သည်အချင်းချင်းတိုက်ခိုက်လျက်နေပါလျှင် သူ၏နိုင်ငံသည်အဘယ်သို့တည်တံ့နိုင်ပါ မည်နည်း။-
Dacă Satana îl alungă pe Satana, el este dezbinat împotriva lui însuși. Cum va rămâne atunci împărăția lui în picioare?
27 ၂၇ ငါသည်ဗေလဇေဗုလကိုအမှီပြု၍နတ် မိစ္ဆာများကိုနှင်ထုတ်သည်ဆိုပါလျှင် သင်တို့၏ တပည့်များကားမည်သူကိုအမှီပြု၍နှင်ထုတ် ကြပါသနည်း။ သင်တို့မှားယွင်းကြောင်းကိုသင် တို့တပည့်များ၏အပြုအမူကပင်သက်သေ ခံ၏။-
Dacă Eu, prin Beelzebul, scot afară demoni, prin cine îi scot copiii voștri? De aceea ei vor fi judecătorii voștri.
28 ၂၈ ငါသည်ဗေလဇေဗုလ၏တန်ခိုးအားဖြင့် မဟုတ်၊ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုး အားဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်သည်။ ထို သို့မှန်လျှင်ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့တွင်တည်လျက်ရှိပေပြီ။
Dar dacă eu, prin Duhul lui Dumnezeu, scot afară demoni, atunci Împărăția lui Dumnezeu a venit peste voi.
29 ၂၉ ``အဘယ်သူသည်ခွန်အားကြီးသူကိုဦးစွာ မချည်မနှောင်ဘဲ သူ၏အိမ်သို့ဝင်၍ဥစ္စာပစ္စည်း များကိုလုယူနိုင်ပါမည်နည်း။ ချည်နှောင်ပြီး မှသာလုယူနိုင်ပေမည်။
Sau cum poate cineva să intre în casa celui puternic și să-i jefuiască bunurile, dacă nu-l leagă mai întâi pe cel puternic? Atunci îi va jefui casa.
30 ၃၀ ``ငါ့ဘက်မှာမနေသူသည်ငါ့ကိုဆန့်ကျင် သူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသူသည် ကြဲဖြန့်သူဖြစ်၏။-
Cine nu este cu Mine, este împotriva Mea, și cine nu se adună cu Mine, risipește.
31 ၃၁ ထိုအကြောင်းကြောင့်သင်တို့အားငါဆိုသည် ကား၊ အပြစ်ဟူသမျှအတွက်လည်းကောင်း၊ ပြစ် မှားပြောဆိုသည့်စကားဟူသမျှအတွက် လည်းကောင်း လူတို့အပြစ်ဖြေလွှတ်နိုင်ခွင့်ရှိ၏။ သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားပြောဆို သူသည်အပြစ်ဖြေလွှတ်နိုင်ခွင့်မရှိ။-
De aceea vă spun că orice păcat și orice blasfemie va fi iertat oamenilor, dar blasfemia împotriva Duhului nu va fi iertată oamenilor.
32 ၃၂ လူသားကိုပြစ်မှားပြောဆိုသူသည်အပြစ်ဖြေ လွှတ်နိုင်၏။ သို့ရာတွင်သန့်ရှင်းသောဝိညာဉ်တော် ကိုပြစ်မှားပြောဆိုသောသူမူကားယခုဘဝ နောင်ဘဝတွင်အပြစ်ဖြေလွှတ်လိမ့်မည်မဟုတ်။ (aiōn )
Oricine va spune un cuvânt împotriva Fiului Omului, îi va fi iertat, dar oricine va vorbi împotriva Duhului Sfânt, nu-i va fi iertat, nici în veacul acesta, nici în cel viitor. (aiōn )
33 ၃၃ ``အသီးကောင်းကိုရလိုလျှင်အပင်ကောင်းကို စိုက်ရမည်။ အပင်ညံ့သည်အသီးညံ့ကိုသီး လိမ့်မည်။ အသီးကိုထောက်၍အပင်အကြောင်း ကိုသိရ၏။-
“Ori faceți pomul bun și rodul lui bun, ori faceți pomul stricat și rodul lui stricat, căci pomul se cunoaște după rodul lui.
34 ၃၄ အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်ဆိုးယုတ် သူများဖြစ်သဖြင့် အဘယ်သို့လျှင်ကောင်းမြတ် သည့်စကားကိုပြောနိုင်ကြပါမည်နည်း။ စိတ် နှလုံး၌ပြည့်လျှံနေသည့်အရာများကိုနှုတ် ကဖော်ပြတတ်၏။-
Voi, urmași ai viperelor, cum puteți, fiind răi, să vorbiți lucruri bune? Căci din belșugul inimii, gura vorbește.
35 ၃၅ ကောင်းမြတ်သောသူသည်မိမိ၏ကောင်းမြတ်သော စိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှကောင်းမြတ်သော အရာကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သောသူသည် မိမိဆိုးယုတ်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်း မှဆိုးယုတ်သောအရာများကိုထုတ်ဖော်တတ်၏။
Omul bun din comoara sa bună scoate lucruri bune, iar omul rău din comoara sa rea scoate lucruri rele.
36 ၃၆ ``သင်တို့အားငါဆိုသည်ကားတရားစီရင်တော် မူရာနေ့၌လူတို့သည်မိမိတို့အကျိုးမဲ့ပြောဆို သောစကားများအတွက်စစ်ဆေးစီရင်ခြင်းကို ခံရကြလတ္တံ့။-
Eu vă spun că orice cuvânt deșert pe care-l spun oamenii, vor da socoteală de el în ziua judecății.
37 ၃၇ သင်တို့အပြစ်ဒဏ်ခံထိုက်သည်မခံထိုက်သည် ကိုသင်တို့ပြောဆိုသည့်စကားများအရ ဘုရားသခင်စီရင်ဆုံးဖြတ်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
Căci prin cuvintele voastre veți fi îndreptățiți, iar prin cuvintele voastre veți fi osândiți.”
38 ၃၈ အချို့သောကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ က ``ဆရာတော်၊ အကျွန်ုပ်တို့အားနိမိတ်လက္ခဏာ တစ်ခုကိုပြတော်မူပါ'' ဟုလျှောက်ထားကြ၏။
Atunci unii dintre cărturari și farisei au răspuns: “Învățătorule, vrem să vedem un semn de la Tine.”
39 ၃၉ ကိုယ်တော်က ``ဆိုးညစ်၍ဘုရားမဲ့သောဤခေတ် လူတို့သည်နိမိတ်လက္ခဏာကိုတောင်းဆိုကြပါ သည်တကား။ သင်တို့သည်ယောန၏နိမိတ်လက္ခ ဏာမှတစ်ပါး အဘယ်နိမိတ်လက္ခဏာကိုမျှ တွေ့မြင်ရလိမ့်မည်မဟုတ်။-
Dar El le-a răspuns: “Un neam rău și adulterin caută un semn; dar nu i se va da alt semn decât semnul proorocului Iona.
40 ၄၀ ယောနသည်ငါးကြီး၏ဝမ်းထဲတွင်သုံးရက်တိုင် တိုင်နေရသကဲ့သို့ လူသားသည်လည်းမြေကြီး ထဲတွင်သုံးရက်နေရလတ္တံ့။-
Căci, după cum Iona a stat trei zile și trei nopți în pântecele peștelui uriaș, tot așa și Fiul Omului va sta trei zile și trei nopți în inima pământului.
41 ၄၁ နိနေဝေမြို့သားတို့သည်ယောန၏ဟောပြောချက် ကြောင့်နောင်တရခဲ့ကြ၏။ သို့ဖြစ်၍သူတို့သည် တရားစီရင်တော်မူရာနေ့၌ထ၍သင်တို့အား ပြစ်တင်စွပ်စွဲကြလိမ့်မည်။ ဤအရပ်တွင်ယောန ထက်ကြီးမြတ်သည့်အရာရောက်ရှိနေလေပြီ။
Bărbații din Ninive vor sta în picioare la judecată cu acest neam și îl vor condamna, pentru că s-au pocăit la propovăduirea lui Iona; și iată că cineva mai mare decât Iona este aici.
42 ၄၂ ဒက္ခိဏပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရန် ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာရောက်ခဲ့၏။ သို့ဖြစ်၍တရားစီရင်တော်မူရာနေ့၌သူသည် ထ၍သင်တို့အားပြစ်တင်စွပ်စွဲလိမ့်မည်။ ဤ အရပ်တွင်ရှောလမုန်မင်းထက်ကြီးမြတ်သည့် အရာရောက်ရှိနေလေပြီဟုငါဆို၏။
Împărăteasa Sudului se va ridica la judecata cu acest neam și-l va osândi, pentru că a venit de la marginile pământului să asculte înțelepciunea lui Solomon; și iată, cineva mai mare decât Solomon este aici.
43 ၄၃ ``ညစ်ညမ်းသောနတ်သည်မိမိပူးဝင်နေသူလူ ထဲမှထွက်သည့်အခါခြောက်သွေ့ရာအရပ်တွင် လှည့်လည်၍နားနေစရာကိုရှာတတ်၏။ ယင်း သို့ရှာ၍မတွေ့သောအခါ၊
“Când un duh necurat iese din om, trece prin locuri fără apă, căutând odihnă, și nu o găsește.
44 ၄၄ `ငါယခင်နေခဲ့သည့်နေရာသို့ပင်ပြန်ပါအံ့' ဟုဆို၏။ ထိုနေရာသို့ပြန်ရောက်သောအခါ သပ်ရပ်စွာလှည်းကျင်းထားသည်ကိုတွေ့သဖြင့်၊
Atunci el spune: “Mă voi întoarce în casa mea de unde am venit.” Și când se întoarce, o găsește goală, măturată și pusă în ordine.
45 ၄၅ သူသည်သွား၍မိမိထက်ညစ်ညမ်းသောနတ် ခုနစ်ဦးကိုခေါ်ခဲ့ပြီးလျှင်ထိုနေရာတွင်နေ လေ၏။ သို့ဖြစ်၍နတ်ပူးဝင်သူ၏နောက်ဖြစ်အင် သည်ပထမဖြစ်အင်ထက်ဆိုးရွားလေတော့၏။ ဤဆိုးညစ်သောလူတို့သည်လည်းထိုနည်းအတိုင်း ပင်ခံစားရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
Atunci se duce și ia cu el alte șapte duhuri mai rele decât el, intră înăuntru și locuiesc acolo. Ultima stare a acelui om devine mai rea decât prima. Tot așa va fi și cu această generație rea.”
46 ၄၆ ကိုယ်တော်သည်လူပရိသတ်တို့အားဟောပြော သွန်သင်လျက်နေတော်မူစဉ်မယ်တော်နှင့်ညီတော် များရောက်လာ၍ကိုယ်တော်နှင့်တွေ့လိုသဖြင့် အပြင်တွင်စောင့်လျက်နေကြ၏။-
Pe când vorbea El încă mulțimilor, iată că mama și frații Lui stăteau afară și căutau să vorbească cu El.
47 ၄၇ လူတစ်ယောက်က ``အရှင်၏မယ်တော်နှင့်ညီတော် များသည်အရှင်နှင့်တွေ့လို၍အပြင်တွင်စောင့် နေကြပါသည်'' ဟုလျှောက်၏။-
Cineva i-a zis: “Iată, mama ta și frații tăi stau afară și caută să vorbească cu tine.”
48 ၄၈ ကိုယ်တော်က ``ငါ့အမိကားမည်သူနည်း။ ငါ့ညီ၊ ငါ့အစ်ကိုများကားမည်သူနည်း'' ဟုပြန်၍ မေးတော်မူ၏။-
Dar el a răspuns celui ce-i vorbea: “Cine este mama mea? Cine sunt frații mei?”
49 ၄၉ ထိုနောက်ကိုယ်တော်သည်တပည့်တော်တို့ကို ညွှန်ပြလျက် ``ငါ့အမိ၊ ငါ့ညီ၊ ငါ့အစ်ကိုများ ကားဤသူတို့တည်း။-
El a întins mâna spre ucenicii Săi și a zis: “Iată mama Mea și frații Mei!
50 ၅၀ ကောင်းကင်ဘုံရှင်ငါ့ခမည်းတော်၏အလိုတော် အတိုင်းဆောင်ရွက်သူမှန်သမျှသည်ငါ့ညီ၊ ငါ့ အစ်ကို၊ ငါ့အစ်မ၊ ငါ့နှမ၊ ငါ့အမိတို့ပေ တည်း'' ဟုမိန့်တော်မူ၏။
Căci oricine face voia Tatălui Meu, care este în ceruri, acela este fratele Meu, sora Mea și mama Mea.”