< မဿဲ 11 >
1 ၁ သခင်ယေရှုသည်ထိုသို့တပည့်တော်တစ်ကျိပ် နှစ်ပါးတို့အား သြဝါဒပေးတော်မူပြီးနောက် အနီးအနားရှိမြို့များတွင် ဟောပြောသွန်သင် ရန်ထိုအရပ်မှထွက်ခွာတော်မူ၏။
I, nako hayisika mu kumana Jesu a va layi Valutwana vakwe vene nkumi ni vovele, cha yenda kuzwaho ni kutanga kuluta ni ku kutaza mu mileneñi yabo.
2 ၂ ခရစ်တော်ပြုတော်မူသောအမှုအရာများ အကြောင်းကို ယောဟန်သည်ထောင်ထဲတွင်ကြား သိရသောအခါ မိမိ၏တပည့်များကိုစေ လွှတ်၍၊-
Linu Joani na nga zuwa mwi ntolongo inkenzo za Kereste, cha tumina iñusa ni valutwana vakwe
3 ၃ ``အရှင်သည်ကြွလာတော်မူမည်ဟုဆိုသော အရှင်ပေလော။ သို့မဟုတ်အကျွန်ုပ်တို့သည် အခြားအရှင်တစ်ပါးကိုစောင့်မျှော်ရကြ ပါမည်လော'' ဟုမေးလျှောက်စေ၏။-
mi chi va wamba kwali, “Kana njiwe yo Keza, kapa kwina zumwi muntu utu swanela kulola?”
4 ၄ သခင်ယေရှုကထိုသူတို့အား ``သင်တို့မြင်ရ ကြားရသည့်အရာများကိုယောဟန်ထံသွား ၍ပြောပြကြလော့။-
Jesu ave tabi mi cha wamba kuvali, “Mu yende mi mukavihe kwa Joani zi mwa vona ni kuzuwa.
5 ၅ မျက်မမြင်တို့သည်မျက်စိအလင်းကိုရရှိ ကြ၏။ ခြေမစွမ်းမသန်သူတို့သည်လမ်းလျှောက် ကြ၏။ အရေပြားရောဂါစွဲသူတို့သည်သန့်စင် သွားကြ၏။ နားပင်းသူတို့သည်ကြားရကြ၏။ သေသူတို့သည်အသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သည်သတင်းကောင်းကိုကြားရကြ၏။-
Zivofu va tambula kuvona, zihole zi yenda, ve mbingwa ba jolola, va sa zuwi va zuwe, va fwile va vukile vuhalo, mi vantu va saka ku zuwa linzwi va kutazwe.
6 ၆ ငါ၏အပေါ်၌ယုံမှားခြင်းကင်းသူတို့သည် မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။
Imbuyoti yi ve kwa vo, vasa nya nsilizi linzwi.”
7 ၇ ယောဟန်၏တပည့်များပြန်သွားကြသောအခါ သခင်ယေရှုသည် ယောဟန်နှင့်စပ်လျဉ်း၍လူပရိ သတ်တို့အား ``သင်တို့သည်အဘယ်ကြောင့်တော ကန္တာရသို့သွားကြသနည်း။ လေတိုက်၍လှုပ်သော ကူပင်ကိုကြည့်ရှုကြရန်လော။-
A va vakwame ha va yenda nzila yabo, Kereste cha tanga ku wambila chi chaba ka za Joani, “Zile muyendele nzi mwi Halaupa ku kalwela mpe zi hungiswa luhuho?
8 ၈ ထိုသို့မဟုတ်ပါမူအဘယ်ကြောင့်နည်း။ ဝတ် ကောင်းစားလှဝတ်ဆင်ထားသူကိုကြည့်ရှုကြ ရန်လော။ ဝတ်ကောင်းစားလှဝတ်ဆင်ထားသူများ ကားမင်းအိမ်စိုးအိမ်များတွင်နေထိုင်ကြ၏။-
Linu zile muyendelezi ku kavona - muntu yo zavele zizwato zi huva? Initi, avo vazwata zizwato zi huvilila vahale muzubo ya simwine.
9 ၉ ထိုသူတို့ကိုကြည့်ရှုရန်မဟုတ်ပါမူအဘယ် ကြောင့်သွားကြသနည်း။ ပရောဖက်ကိုကြည့်ရှု ကြရန်လော။ မှန်ပေ၏။ သင်တို့သည်ပရောဖက် ထက်ကြီးမြတ်သူကိုမြင်ရကြလေပြီဟု သင်တို့အားငါဆို၏။-
Chi nzi chi muyendela kuka bona, mupolofita? Ee, ni wamba kwenu, mi hahulu kuhita mupolofita.
10 ၁၀ ယောဟန်ကားကျမ်းစာတော်တွင်၊ `နားထောင်လော့။ သင်၏လမ်းကိုအသင့်ဖြစ်စေရန်၊ ငါ၏စေတမန်ကိုသင့်အလျင်စေလွှတ်မည်' ဟု ဖော်ပြထား၏။- ယောဟန်ကားထိုစေတမန်ပင်တည်း။-
Nji yena za kwe, zi ñoleletwe, 'Mu vone, ni tumina muhikana wangu havusu vwenu, ye se a lukise inzila yenu, havusu bwenu.'
11 ၁၁ လူ့သမိုင်းတွင်ယောဟန်ထက်ကြီးမြတ်သူတစ်ဦး တစ်ယောက်မျှမရှိဟု သင်တို့အားငါဆို၏။ သို့ရာ တွင်ကောင်းကင်နိုင်ငံတော်၌ အသိမ်ငယ်ဆုံးသော သူသည်ယောဟန်ထက်ကြီးမြတ်၏။-
Ni wamba kwenu, che niti, kwa vo, vava pepwa ku vanakazi, kakwina mukando kwa Joani Mukolobezi. Linu munini mu mubuso we Reeza, kwiwulu njo mukando.
12 ၁၂ ဗတ္တိဇံဆရာယောဟန်စတင်ဟောပြောချိန်မှ အစပြု၍ ယနေ့တိုင်အောင်ကောင်းကင်နိုင်ငံ တော်သည် အကြမ်းဖက်သမားတို့၏တိုက်ခိုက် မှုကိုခံရ၏။ အကြမ်းဖက်သမားတို့သည်ထို နိုင်ငံတော်ကိုသိမ်းယူရန်ကြိုးစားကြ၏။-
Ku zwa muma zuva a Joani Mukolobezi ku sika sunu, mubuso we Reeza uhindwa chamata mi vakwame vakali va u hinda cha kunyanga.
13 ၁၃ ယောဟန်ပေါ်ထွန်းလာချိန်တိုင်အောင်ပရောဖက် အပေါင်းနှင့်မောရှေ၏ပညတ်ကျမ်းကနိုင်ငံ တော်အကြောင်းကိုဖော်ပြခဲ့ကြပေသည်။-
Vapolofita vonse ni mulao, vava polofiti konji kusika kwa Joani Mukolobazi.
14 ၁၄ ထိုဖော်ပြချက်များကိုသင်တို့လက်ခံကြ ပါလျှင် ယောဟန်သည်ပေါ်ထွန်းလာရမည့် ဧလိယပင်ဖြစ်ကြောင်းကိုလည်းလက်ခံ ကြလိမ့်မည်။-
Heba no tavela kutambula, uzu Elia, iye yo swanela kukeza.
15 ၁၅ ကြားတတ်သောနားရှိသူတို့ကြားကြကုန်လော့။
Uzo, wina matwi akuzuwa, mu musiye atekeleze.
16 ၁၆ ``ငါသည်ဤခေတ်လူတို့ကိုအဘယ်သို့ပုံနှိုင်း ရမည်နည်း။ သူတို့သည်စျေးရပ်ကွက်တွင်ထိုင်လျက် နေသည့်ကလေးသူငယ်များနှင့်တူကြ၏။ သူငယ် တစ်စုကအခြားတစ်စုအား `ငါတို့သည်တီးမှုတ် သော်လည်းသင်တို့မကမခုန်ကြ။-
Kani, vamba nye, ni chinzi kolu lusika? Kuswana sina vahwile, va kwete kuzanina ama wuzikizo a musika, vekele ni vali sumpa,
17 ၁၇ ငါတို့သည်ငိုချင်းကိုဆိုသော်လည်းသင်တို့ မငိုမကြွေးကြ' ဟုဟစ်အော်ပြောဆိုကြ၏။-
ni bati, 'twa miliizikize mpeeta kono kana mwa zana. Twa silisa, kono kana mwa donsa zinsozi.'
18 ၁၈ ဗတ္တိဇံဆရာယောဟန်သည်အစာရှောင်လျက် မသောက်မစားဘဲ သင်တို့ထံလာသောအခါ သင်တို့က `ဤသူသည်နတ်မိစ္ဆာပူးဝင်သူဖြစ် သည်' ဟုဆိုကြ၏။-
Kana Joani kana vezi kuku lya chinkwa, kapa kuñywa i waine, mi ni vata kuti wina, 'Madimona.'
19 ၁၉ လူသားသည်စားလျက်သောက်လျက်လာသော အခါ၌မူသင်တို့က `ကြည့်လော့။ ဤသူသည် စားကြူးသောက်ကြူးသူဖြစ်၏။ အခွန်ခံသူတို့ နှင့်အခြားအပယ်ခံတို့၏မိတ်ဆွေဖြစ်၏' ဟု ဆိုကြပြန်၏။ ဘုရားသခင်၏ဉာဏ်ပညာတော် သည်မှန်ကန်ကြောင်းကို ထိုပညာတော်မှသက် ရောက်လာသည့်အကျိုးတရားများကသက် သေပြကြ၏'' ဟုမိန့်တော်မူ၏။
Mwana'Muntu, abezi ku lya, ni kuñywa, ni vata kuti, 'Mu vwene, mukwame mulyabi, ni vudakwa, mulikana va telisi va mutelo, ni batenda zibi!' Kono vutali vu vwene kete chi vu tendwa.”
20 ၂၀ အံ့သြဖွယ်နိမိတ်လက္ခဏာများကိုပြတော် မူခဲ့သည့်မြို့များသည်နောင်တမရကြသဖြင့် ကိုယ်တော်သည်ထိုမြို့တို့အားဤသို့ပြစ်တင် ဆုံးမတော်မူ၏။ ကိုယ်တော်က၊
Kuzwa aho, Jesu cha tanga ku kalimela minzi yonse ya vatendi I makazo mwa teni, kakuti kena vava vaki,
21 ၂၁ ``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲ ဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ သင်တို့တွင်ငါပြုခဲ့ သည့်အံ့ဖွယ်အမှုအရာများကိုတုရုနှင့်ဇိဒုံမြို့ တို့တွင်သာပြုခဲ့ပါမူ ထိုမြို့တို့သည်ရှေးမဆွကပင် လျှင်လျှော်တေကိုဝတ်၍ပြာနှင့်လူးလျက်နောင်တ ရကြလိမ့်မည်။-
“Wina bumayi iwe Koranizini! Wina bumayi iwe Betsaida! Heva zikando ziva tendwa mu minzi ya Tire ni Sidoni ziba tendwa inwe ni ziva voleli kale za kuzwata masaka ni kulivumbeka mufuse.
22 ၂၂ သို့ရာတွင်တရားစီရင်တော်မူရာနေ့၌ သင်တို့သည် တုရုနှင့်ဇိဒုံမြို့တို့ထက်ပို၍အပြစ်ဒဏ်ခံရကြ ပေအံ့။-
Kono kakuve kuhuva kwi koto ye katulo ya Tire ni Sidoni kuhita yenu.
23 ၂၃ အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံတိုင်အောင် မြှောက်စားခြင်းကိုခံရလိမ့်မည်ဟုထင်မှတ်ပါသ လော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းကိုခံရလတ္တံ့။ အဘယ်ကြောင့်ဆိုသော်သင့်ထံတွင် ငါပြုခဲ့သည့် အံ့ဖွယ်အမှုအရာများကိုသောဒုံမြို့တွင်သာပြု ခဲ့ပါမူ ထိုမြို့သည်ယနေ့တိုင်အောင်တည်လျက် ရှိပေမည်။- (Hadēs )
I we, Kapenauma, uzeza kuti mo yende kwiwulu? Nanta, mo bozwe mwi Hele. Sina mwa Sodoma muva tendelwe zikando ni kwenu, ni ziba shali bulyo kusikila lya sunu. (Hadēs )
24 ၂၄ တရားစီရင်တော်မူရာနေ့၌သင်သည်သောဒုံမြို့ ထက်ပို၍အပြစ်ဒဏ်ခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။
Kono, niti kwenu, ka ku huvahale munkanda ya Sodoma che nako ye nkatulo, kuhita kwenu.”
25 ၂၅ ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
Che nako iyo Jesu avati, “Ni lumbeka Tayo Ireeza, Simwine wewulu ne nkanda, kakuti aba humbili vatali, ku zuwisisa ni kwi zivahaza kwavo, va sali tutite, sina vahwile,
26 ၂၆ အို အဖခမည်းတော်၊ ဤသို့ဖြစ်ရသည်မှာကိုယ်တော် ရှင်၏အလိုတော်အတိုင်းပင်ဖြစ်ပါ၏'' ဟုမြွက်ဆို တော်မူသည်။
Ee, che niti, Tayo, kutendwe intanto yako.
27 ၂၇ ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။
Zintu zonse zi va tendwa cha Ngu kuzwila kwa Tayo, Mi kakwina nanga umwina wizi mwana konji Tayo, mi kakwina umwina wizi Tayo konji Mwana, mi kuzumwi sina Mwana' yo lakeze kulitondeza kwali.
28 ၂၈ လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။-
Mwize kwa ngu, mwense mu lemenwe ni ku suntika, mi kani mihe mpumulo.
29 ၂၉ ငါသည်နူးညံ့သိမ်မွေ့၍စိတ်နှလုံးနှိမ့်ချ၏။ ထို ကြောင့်ငါတင်သောထမ်းပိုးကိုထမ်း၍ ငါ၏ထံတွင် နည်းနာခံယူကြလော့။ သင်တို့သည်သုခချမ်းသာ ရရှိကြလိမ့်မည်။-
Muhinde i jokwe lya ngu mulikulike mi mulitute kwangu, kakuti nina chisemo ni nkulo indotu, mi ka muwanine inhuho zenu impumulo.
30 ၃၀ ငါထမ်းစေသောထမ်းပိုးသည်အထမ်းရလွယ်၍ ငါတင်သောဝန်သည်လည်းပေါ့၏'' ဟုမိန့်တော်မူ သည်။
Kakuti i jokwe lyangu ihuva mi muziyo wangu muhuva.”