< မဿဲ 11 >
1 ၁ သခင်ယေရှုသည်ထိုသို့တပည့်တော်တစ်ကျိပ် နှစ်ပါးတို့အား သြဝါဒပေးတော်မူပြီးနောက် အနီးအနားရှိမြို့များတွင် ဟောပြောသွန်သင် ရန်ထိုအရပ်မှထွက်ခွာတော်မူ၏။
Když Ježíš skončil s pokyny pro svých dvanáct učedníků, šel, aby učil a kázal v tamějších městech.
2 ၂ ခရစ်တော်ပြုတော်မူသောအမှုအရာများ အကြောင်းကို ယောဟန်သည်ထောင်ထဲတွင်ကြား သိရသောအခါ မိမိ၏တပည့်များကိုစေ လွှတ်၍၊-
Jan Křtitel ve vězení uslyšel o Ježíšových činech, poslal za ním své dva žáky a ti se ho zeptali:
3 ၃ ``အရှင်သည်ကြွလာတော်မူမည်ဟုဆိုသော အရှင်ပေလော။ သို့မဟုတ်အကျွန်ုပ်တို့သည် အခြားအရှင်တစ်ပါးကိုစောင့်မျှော်ရကြ ပါမည်လော'' ဟုမေးလျှောက်စေ၏။-
„Jsi opravdu ten zaslíbený Mesiáš, nebo máme čekat jiného?“
4 ၄ သခင်ယေရှုကထိုသူတို့အား ``သင်တို့မြင်ရ ကြားရသည့်အရာများကိုယောဟန်ထံသွား ၍ပြောပြကြလော့။-
Ježíš jim na to odpověděl: „Vraťte se k Janovi a povězte mu o tom, co jste viděli a slyšeli:
5 ၅ မျက်မမြင်တို့သည်မျက်စိအလင်းကိုရရှိ ကြ၏။ ခြေမစွမ်းမသန်သူတို့သည်လမ်းလျှောက် ကြ၏။ အရေပြားရောဂါစွဲသူတို့သည်သန့်စင် သွားကြ၏။ နားပင်းသူတို့သည်ကြားရကြ၏။ သေသူတို့သည်အသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သည်သတင်းကောင်းကိုကြားရကြ၏။-
slepí vidí, chromí chodí, malomocní jsou uzdravováni, hluší slyší, mrtví vstávají k životu a ti, kteří u lidí neznamenají nic, jsou ujišťováni, že Bůh s nimi počítá.
6 ၆ ငါ၏အပေါ်၌ယုံမှားခြင်းကင်းသူတို့သည် မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။
Šťastný je ten, kdo mne přijímá bez výhrad.“
7 ၇ ယောဟန်၏တပည့်များပြန်သွားကြသောအခါ သခင်ယေရှုသည် ယောဟန်နှင့်စပ်လျဉ်း၍လူပရိ သတ်တို့အား ``သင်တို့သည်အဘယ်ကြောင့်တော ကန္တာရသို့သွားကြသနည်း။ လေတိုက်၍လှုပ်သော ကူပင်ကိုကြည့်ရှုကြရန်လော။-
Když Janovi žáci odešli, řekl o něm Ježíš zástupu: „Když jste šli za Janem na poušť, jistě jste v něm nenašli slabocha – ‚kam vítr, tam plášť‘;
8 ၈ ထိုသို့မဟုတ်ပါမူအဘယ်ကြောင့်နည်း။ ဝတ် ကောင်းစားလှဝတ်ဆင်ထားသူကိုကြည့်ရှုကြ ရန်လော။ ဝတ်ကောင်းစားလှဝတ်ဆင်ထားသူများ ကားမင်းအိမ်စိုးအိမ်များတွင်နေထိုင်ကြ၏။-
ani jste nenašli žádnou vysoce postavenou osobu – takoví chodí pěkně oblečeni a bydlí v palácích.
9 ၉ ထိုသူတို့ကိုကြည့်ရှုရန်မဟုတ်ပါမူအဘယ် ကြောင့်သွားကြသနည်း။ ပရောဖက်ကိုကြည့်ရှု ကြရန်လော။ မှန်ပေ၏။ သင်တို့သည်ပရောဖက် ထက်ကြီးမြတ်သူကိုမြင်ရကြလေပြီဟု သင်တို့အားငါဆို၏။-
Šli jste za ním jako za prorokem a měli jste pravdu. Ujišťuji vás, že on je ještě víc než prorok. Proroci a celý Starý zákon až po Jana vyhlíželi Mesiáše. Chcete-li pochopit to, co míním, Jan je novým Elijášem, o kterém proroci říkali, že má přijít před začátkem království.
10 ၁၀ ယောဟန်ကားကျမ်းစာတော်တွင်၊ `နားထောင်လော့။ သင်၏လမ်းကိုအသင့်ဖြစ်စေရန်၊ ငါ၏စေတမန်ကိုသင့်အလျင်စေလွှတ်မည်' ဟု ဖော်ပြထား၏။- ယောဟန်ကားထိုစေတမန်ပင်တည်း။-
To o něm se píše v Písmu, že půjde přede mnou, ohlásí můj příchod a připraví mi cestu k lidským srdcím.
11 ၁၁ လူ့သမိုင်းတွင်ယောဟန်ထက်ကြီးမြတ်သူတစ်ဦး တစ်ယောက်မျှမရှိဟု သင်တို့အားငါဆို၏။ သို့ရာ တွင်ကောင်းကင်နိုင်ငံတော်၌ အသိမ်ငယ်ဆုံးသော သူသည်ယောဟန်ထက်ကြီးမြတ်၏။-
Opravdu, mezi všemi lidmi, kteří se kdy narodili, není nikdo, kdo by převyšoval svým posláním Jana Křtitele; a přece i nejskromnější z mých následovníků se dostal dál než on.
12 ၁၂ ဗတ္တိဇံဆရာယောဟန်စတင်ဟောပြောချိန်မှ အစပြု၍ ယနေ့တိုင်အောင်ကောင်းကင်နိုင်ငံ တော်သည် အကြမ်းဖက်သမားတို့၏တိုက်ခိုက် မှုကိုခံရ၏။ အကြမ်းဖက်သမားတို့သည်ထို နိုင်ငံတော်ကိုသိမ်းယူရန်ကြိုးစားကြ၏။-
Od doby, kdy Jan Křtitel začal kázat a křtít, Boží vláda se prosazuje, ale násilí jí škodí. Kdo slyšíš, rozuměj!
13 ၁၃ ယောဟန်ပေါ်ထွန်းလာချိန်တိုင်အောင်ပရောဖက် အပေါင်းနှင့်မောရှေ၏ပညတ်ကျမ်းကနိုင်ငံ တော်အကြောင်းကိုဖော်ပြခဲ့ကြပေသည်။-
14 ၁၄ ထိုဖော်ပြချက်များကိုသင်တို့လက်ခံကြ ပါလျှင် ယောဟန်သည်ပေါ်ထွန်းလာရမည့် ဧလိယပင်ဖြစ်ကြောင်းကိုလည်းလက်ခံ ကြလိမ့်မည်။-
15 ၁၅ ကြားတတ်သောနားရှိသူတို့ကြားကြကုန်လော့။
16 ၁၆ ``ငါသည်ဤခေတ်လူတို့ကိုအဘယ်သို့ပုံနှိုင်း ရမည်နည်း။ သူတို့သည်စျေးရပ်ကွက်တွင်ထိုင်လျက် နေသည့်ကလေးသူငယ်များနှင့်တူကြ၏။ သူငယ် တစ်စုကအခြားတစ်စုအား `ငါတို့သည်တီးမှုတ် သော်လည်းသင်တို့မကမခုန်ကြ။-
K čemu mám přirovnat tuto generaci? Je jako hrající si děti, které sedí na návsi a pokřikují nespokojeně na své kamarády:
17 ၁၇ ငါတို့သည်ငိုချင်းကိုဆိုသော်လည်းသင်တို့ မငိုမကြွေးကြ' ဟုဟစ်အော်ပြောဆိုကြ၏။-
‚Hráli jsme vám a vy jste netancovali, smutně jsme vám zpívali a vy jste neplakali.‘
18 ၁၈ ဗတ္တိဇံဆရာယောဟန်သည်အစာရှောင်လျက် မသောက်မစားဘဲ သင်တို့ထံလာသောအခါ သင်တို့က `ဤသူသည်နတ်မိစ္ဆာပူးဝင်သူဖြစ် သည်' ဟုဆိုကြ၏။-
Přišel Jan, žil odříkavě a měli ho za fanatika.
19 ၁၉ လူသားသည်စားလျက်သောက်လျက်လာသော အခါ၌မူသင်တို့က `ကြည့်လော့။ ဤသူသည် စားကြူးသောက်ကြူးသူဖြစ်၏။ အခွန်ခံသူတို့ နှင့်အခြားအပယ်ခံတို့၏မိတ်ဆွေဖြစ်၏' ဟု ဆိုကြပြန်၏။ ဘုရားသခင်၏ဉာဏ်ပညာတော် သည်မှန်ကန်ကြောင်းကို ထိုပညာတော်မှသက် ရောက်လာသည့်အကျိုးတရားများကသက် သေပြကြ၏'' ဟုမိန့်တော်မူ၏။
Přišel jsem já, Syn člověka, žiji normálně a říkají, že jsem žrout a pijan vína, přítel celníků a nejhorší lůzy. Ale Boží moudrost prokáže, co je pravda!“
20 ၂၀ အံ့သြဖွယ်နိမိတ်လက္ခဏာများကိုပြတော် မူခဲ့သည့်မြို့များသည်နောင်တမရကြသဖြင့် ကိုယ်တော်သည်ထိုမြို့တို့အားဤသို့ပြစ်တင် ဆုံးမတော်မူ၏။ ကိုယ်တော်က၊
Tvrdá slova měl Ježíš pro města, která byla svědky mnoha jeho mocných činů, a přece nečinila pokání:
21 ၂၁ ``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲ ဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ သင်တို့တွင်ငါပြုခဲ့ သည့်အံ့ဖွယ်အမှုအရာများကိုတုရုနှင့်ဇိဒုံမြို့ တို့တွင်သာပြုခဲ့ပါမူ ထိုမြို့တို့သည်ရှေးမဆွကပင် လျှင်လျှော်တေကိုဝတ်၍ပြာနှင့်လူးလျက်နောင်တ ရကြလိမ့်မည်။-
„Běda ti, Korozaim, běda ti, Betsaido! Kdybych udělal v Týru a Sidónu takové zázraky jako u vás, už dávno by jejich obyvatelé činili pokání a projevili nejhlubší lítost nad svými vinami.
22 ၂၂ သို့ရာတွင်တရားစီရင်တော်မူရာနေ့၌ သင်တို့သည် တုရုနှင့်ဇိဒုံမြို့တို့ထက်ပို၍အပြစ်ဒဏ်ခံရကြ ပေအံ့။-
Proto vám říkám, že Týru a Sidónu bude v den soudu snáze než vám.
23 ၂၃ အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံတိုင်အောင် မြှောက်စားခြင်းကိုခံရလိမ့်မည်ဟုထင်မှတ်ပါသ လော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းကိုခံရလတ္တံ့။ အဘယ်ကြောင့်ဆိုသော်သင့်ထံတွင် ငါပြုခဲ့သည့် အံ့ဖွယ်အမှုအရာများကိုသောဒုံမြို့တွင်သာပြု ခဲ့ပါမူ ထိုမြို့သည်ယနေ့တိုင်အောင်တည်လျက် ရှိပေမည်။- (Hadēs )
A ty, Kafarnaum, myslíš, že poroste tvá sláva až k nebi? Do propasti věčné záhuby padneš! Kdybych udělal v Sodomě takové zázraky jako u vás, stála by dodnes. (Hadēs )
24 ၂၄ တရားစီရင်တော်မူရာနေ့၌သင်သည်သောဒုံမြို့ ထက်ပို၍အပြစ်ဒဏ်ခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။
Znovu vám říkám, že zemi Sodomské bude lehčeji v den soudu než tobě!“
25 ၂၅ ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
Potom se Ježíš modlil: „Otče, Pane nebe i země, děkuji ti, že pravdu skrýváš před těmi, kteří se považují za moudré a učené, a odkrýváš ji nepatrným a prostým.
26 ၂၆ အို အဖခမည်းတော်၊ ဤသို့ဖြစ်ရသည်မှာကိုယ်တော် ရှင်၏အလိုတော်အတိုင်းပင်ဖြစ်ပါ၏'' ဟုမြွက်ဆို တော်မူသည်။
Je to, Otče, jak sis přál.
27 ၂၇ ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။
Otec mi svěřil všechno, jenom Otec zná Syna a Otce zná jenom Syn a ti, kterým ho Syn zjeví.
28 ၂၈ လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။-
Pojďte ke mně všichni, kteří pracujete a nesete tíhu břemen, najdete u mne klid a úlevu.
29 ၂၉ ငါသည်နူးညံ့သိမ်မွေ့၍စိတ်နှလုံးနှိမ့်ချ၏။ ထို ကြောင့်ငါတင်သောထမ်းပိုးကိုထမ်း၍ ငါ၏ထံတွင် နည်းနာခံယူကြလော့။ သင်တို့သည်သုခချမ်းသာ ရရှိကြလိမ့်မည်။-
To, co na vás já vložím, netlačí a není těžké. Učte se ode mne, mám tiché a pokorné srdce. U mne získáte mír a odpočinutí své duše.“
30 ၃၀ ငါထမ်းစေသောထမ်းပိုးသည်အထမ်းရလွယ်၍ ငါတင်သောဝန်သည်လည်းပေါ့၏'' ဟုမိန့်တော်မူ သည်။