< မဿဲ 10 >

1 သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​သော​တ​ပည့် တော်​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​နောက် ညစ်​ညမ်း​သော​နတ်​များ​ကို​နှင်​ထုတ်​နိုင်​ရန်​နှင့် ရော​ဂါ​အ​မျိုး​မျိုး​ကို​ပျောက်​ကင်း​စေ​နိုင်​ရန် တန်​ခိုး​အာ​ဏာ​ကို​ပေး​အပ်​တော်​မူ​၏။-
அநந்தரம்’ யீஸு² ர்த்³வாத³ஸ²ஸி²ஷ்யாந் ஆஹூயாமேத்⁴யபூ⁴தாந் த்யாஜயிதும்’ ஸர்வ்வப்ரகாரரோகா³ந் பீடா³ஸ்²ச ஸ²மயிதும்’ தேப்⁴ய​: ஸாமர்த்²யமதா³த்|
2 တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​၏​နာ​မည်​များ​ကား ပေ​တ​ရု​ခေါ်​ရှိ​မုန်​နှင့်​သူ့​ညီ​အန္ဒြေ၊-
தேஷாம்’ த்³வாத³ஸ²ப்ரேஷ்யாணாம்’ நாமாந்யேதாநி| ப்ரத²மம்’ ஸி²மோந் யம்’ பிதரம்’ வத³ந்தி, தத​: பரம்’ தஸ்ய ஸஹஜ ஆந்த்³ரிய​: , ஸிவதி³யஸ்ய புத்ரோ யாகூப்³
3 ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​ဖြစ်​ကြ​သော​ယာ​ကုပ် နှင့်​ယော​ဟန်၊ ဖိလိပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​သူ​မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်​နှင့် သဒ္ဒဲ၊-
தஸ்ய ஸஹஜோ யோஹந்; பி²லிப் ப³ர்த²லமய் தோ²மா​: கரஸம்’க்³ராஹீ மதி²​: , ஆல்பே²யபுத்ரோ யாகூப்³,
4 မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ကိုယ်​တော်​ကို သစ္စာ​ဖောက်​သူ​ယု​ဒ​ရှ​ကာ​ရုတ်​တို့​တည်း။
கிநாநீய​: ஸி²மோந், ய ஈஷ்கரியோதீயயிஹூதா³​: க்²ரீஷ்டம்’ பரகரே(அ)ர்பயத்|
5 တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အား​သ​ခင်​ယေ​ရှု သည်​အောက်​ပါ​သြ​ဝါ​ဒ​များ​ကို​ပေး​၍​စေ​လွှတ် တော်​မူ​၏။ ``သင်​တို့​သည်​လူ​မျိုး​ခြား​များ​နေ​ထိုင် ရာ​ဒေ​သ​များ​နှင့်​ရှ​မာ​ရိ​မြို့​များ​သို့​မ​သွား ကြ​ဘဲ၊-
ஏதாந் த்³வாத³ஸ²ஸி²ஷ்யாந் யீஸு²​: ப்ரேஷயந் இத்யாஜ்ஞாபயத், யூயம் அந்யதே³ஸீ²யாநாம்’ பத³வீம்’ ஸே²மிரோணீயாநாம்’ கிமபி நக³ரஞ்ச ந ப்ரவிஸ்²யே
6 သိုး​ပျောက်​များ​ဖြစ်​သော​ဣသ​ရေ​လ​အ​မျိုး​သား တို့​ထံ​သို့​သွား​၍၊-
இஸ்ராயேல்கோ³த்ரஸ்ய ஹாரிதா யே யே மேஷாஸ்தேஷாமேவ ஸமீபம்’ யாத|
7 သူ​တို့​အား `ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ' ဟု​ဟော​ပြော​ကြ​လော့။-
க³த்வா க³த்வா ஸ்வர்க³ஸ்ய ராஜத்வம்’ ஸவித⁴மப⁴வத், ஏதாம்’ கதா²ம்’ ப்ரசாரயத|
8 မ​ကျန်း​မာ​သူ​တို့​ကို​ကျန်း​မာ​စေ​ကြ​လော့။ သေ​သူ တို့​အား​ပြန်​၍​ရှင်​စေ​ကြ​လော့။ အ​ရေ​ပြား​ရော​ဂါ သည်​တို့​ကို​သန့်​စင်​စေ​ကြ​လော့။ နတ်​မိစ္ဆာ​တို့​ကို​နှင် ထုတ်​ကြ​လော့။ သင်​တို့​သည်​ကျေး​ဇူး​တော်​ကို​အ​ခ မဲ့​ခံ​စား​ရ​ကြ​ပြီ​ဖြစ်​၍ သူ​တစ်​ပါး​တို့​အား​အ​ခ မ​ယူ​ဘဲ​ပေး​ကမ်း​ကြ​လော့။-
ஆமயக்³ரஸ்தாந் ஸ்வஸ்தா²ந் குருத, குஷ்டி²ந​: பரிஷ்குருத, ம்ரு’தலோகாந் ஜீவயத, பூ⁴தாந் த்யாஜயத, விநா மூல்யம்’ யூயம் அலப⁴த்⁴வம்’ விநைவ மூல்யம்’ விஸ்²ராணயத|
9 ခါး​ပန်း​တွင်​ရွှေ၊ ငွေ၊ ပိုက်​ဆံ​တို့​ကို​မ​ဆောင်​ကြ​နှင့်။-
கிந்து ஸ்வேஷாம்’ கடிப³ந்தே⁴ஷு ஸ்வர்ணரூப்யதாம்ராணாம்’ கிமபி ந க்³ரு’ஹ்லீத|
10 ၁၀ အ​လှူ​ခံ​လွယ်​အိတ်၊ အင်္ကျီ​အ​ပို၊ ဖိ​နပ်​နှင့်​တောင် ဝှေး​တို့​ကို​မ​ယူ​ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော် လုပ်​သား​သည်​ရိက္ခာ​ကို​ရ​ထိုက်​သော​ကြောင့်​ဖြစ်​၏။
அந்யச்ச யாத்ராயை சேலஸம்புடம்’ வா த்³விதீயவஸநம்’ வா பாது³கே வா யஷ்டி​: , ஏதாந் மா க்³ரு’ஹ்லீத, யத​: கார்ய்யக்ரு’த் ப⁴ர்த்தும்’ யோக்³யோ ப⁴வதி|
11 ၁၁ ``မည်​သည့်​မြို့​ရွာ​သို့​မ​ဆို​သင်​တို့​ဝင်​သော​အ​ခါ သင်​တို့​အား​ကြို​ဆို​လက်​ခံ​မည့်​သူ​ကို​ရှာ​ကြ​လော့။ ထို​မြို့​ရွာ​မှ​ထွက်​ခွာ​၍​မ​သွား​မ​ချင်း​ထို​သူ​၏ ထံ​တွင်​တည်း​ခို​ကြ​လော့။-
அபரம்’ யூயம்’ யத் புரம்’ யஞ்ச க்³ராமம்’ ப்ரவிஸ²த², தத்ர யோ ஜநோ யோக்³யபாத்ரம்’ தமவக³த்ய யாநகாலம்’ யாவத் தத்ர திஷ்ட²த|
12 ၁၂ အိမ်​သို့​ဝင်​သော​အ​ခါ​မင်္ဂလာ​ရှိ​ပါ​စေ​ဟူ​၍ နှုတ်​ခွန်း​ဆက်​ကြ​လော့။-
யதா³ யூயம்’ தத்³கே³ஹம்’ ப்ரவிஸ²த², ததா³ தமாஸி²ஷம்’ வத³த|
13 ၁၃ ထို​အိမ်​သူ​အိမ်​သား​တို့​သည်​ထိုက်​တန်​သူ​များ​ဖြစ် လျှင် သင်​တို့​ပေး​သည့်​ကောင်း​ချီး​မင်္ဂလာ​သည်​သူ​တို့ အ​ပေါ်​သက်​ရောက်​လိမ့်​မည်။ ထို​သို့​ခံ​စား​ထိုက်​သူ များ​မ​ဟုတ်​ပါ​မူ​သင်​တို့​၏​ကောင်း​ချီး​မင်္ဂလာ​သည် သင်​တို့​ထံ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​လိမ့်​မည်။-
யதி³ ஸ யோக்³யபாத்ரம்’ ப⁴வதி, தர்ஹி தத்கல்யாணம்’ தஸ்மை ப⁴விஷ்யதி, நோசேத் ஸாஸீ²ர்யுஷ்மப்⁴யமேவ ப⁴விஷ்யதி|
14 ၁၄ သင်​တို့​ကို​လက်​မ​ခံ​လို၊ သင်​တို့​ဟော​ပြော​သည့် တ​ရား​ကို​လည်း​မ​နာ​ယူ​လို​သည့်​အိမ်၊ သို့​မ​ဟုတ် မြို့​မှ​ထွက်​ခွာ​ခဲ့​ကြ​လော့။ ထို​နောက်​သင်​တို့​ခြေ ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ​လော့။-
கிந்து யே ஜநா யுஷ்மாகமாதித்²யம்’ ந வித³த⁴தி யுஷ்மாகம்’ கதா²ஞ்ச ந ஸ்²ரு’ண்வந்தி தேஷாம்’ கே³ஹாத் புராத்³வா ப்ரஸ்தா²நகாலே ஸ்வபதூ³லீ​: பாதயத|
15 ၁၅ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ထို​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ထက်​ပို​၍ အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်။
யுஷ்மாநஹம்’ தத்²யம்’ வச்மி விசாரதி³நே தத்புரஸ்ய த³ஸா²த​: ஸிதோ³மமோராபுரயோர்த³ஸா² ஸஹ்யதரா ப⁴விஷ்யதி|
16 ၁၆ ``သိုး​များ​အား​ဝံ​ပု​လွေ​စု​ထဲ​သို့​စေ​လွှတ်​သ​ကဲ့ သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။ သို့​ဖြစ်​၍​မြွေ​ကဲ့​သို့ ပါး​နပ်​လိမ္မာ​ကာ​ချိုး​ကဲ့​သို့​အ​ဆိပ်​ကင်း​၍​နူး​ညံ့ သိမ်​မွေ့​ကြ​လော့။-
பஸ்²யத, வ்ரு’கயூத²மத்⁴யே மேஷ​: யதா²விஸ்ததா² யுஷ்மாந ப்ரஹிணோமி, தஸ்மாத்³ யூயம் அஹிரிவ ஸதர்கா​: கபோதாஇவாஹிம்’ஸகா ப⁴வத|
17 ၁၇ သ​တိ​နှင့်​နေ​ကြ​လော့။ လူ​တို့​သည်​သင်​တို့​အား တ​ရား​ခုံ​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။-
ந்ரு’ப்⁴ய​: ஸாவதா⁴நா ப⁴வத; யதஸ்தை ர்யூயம்’ ராஜஸம்’ஸதி³ ஸமர்பிஷ்யத்⁴வே தேஷாம்’ ப⁴ஜநகே³ஹே ப்ரஹாரிஷ்யத்⁴வே|
18 ၁၈ သင်​တို့​သည်​ငါ့​အ​တွက်​ကြောင့်​အာ​ဏာ​ပိုင်​များ နှင့်​ရှင်​ဘု​ရင်​များ​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့် မည်။ သို့​ဖြစ်​၍​ထို​သူ​တို့​အား​လည်း​ကောင်း၊ လူ​မျိုး တ​ကာ​တို့​အား​လည်း​ကောင်း​ငါ​၏​အ​ကြောင်း သ​တင်း​ကောင်း​ကို​ကြေ​ညာ​ခွင့်​ရ​လိမ့်​မည်။-
யூயம்’ மந்நாமஹேதோ​: ஸா²ஸ்த்ரு’ணாம்’ ராஜ்ஞாஞ்ச ஸமக்ஷம்’ தாநந்யதே³ஸி²நஸ்²சாதி⁴ ஸாக்ஷித்வார்த²மாநேஷ்யத்⁴வே|
19 ၁၉ ထို​သူ​တို့​လက်​သို့​အ​အပ်​ခံ​ရ​သော​အ​ခါ​မည်​သို့ ပြော​ဆို​ရ​မည်၊ မည်​သည့်​စ​ကား​ကို​ပြော​ရ​မည်​ကို ကြို​တင်​၍​မ​စိုး​ရိမ်​ကြ​နှင့်။-
கிந்த்வித்த²ம்’ ஸமர்பிதா யூயம்’ கத²ம்’ கிமுத்தரம்’ வக்ஷ்யத² தத்ர மா சிந்தயத, யதஸ்ததா³ யுஷ்மாபி⁴ ர்யத்³ வக்தவ்யம்’ தத் தத்³த³ண்டே³ யுஷ்மந்மந​: ஸு ஸமுபஸ்தா²ஸ்யதி|
20 ၂၀ သင်​တို့​ပြော​ဆို​ရ​မည့်​စ​ကား​များ​ကို​ထို​အ​ချိန်​၌ ပင်​သင်​တို့​ရ​ရှိ​ကြ​လိမ့်​မည်။ ယင်း​စ​ကား​များ​သည် သင်​တို့​၏​စ​ကား​များ​မ​ဟုတ်။ သင်​တို့​အ​ဖ​ဘု​ရား ၏​ဝိ​ညာဉ်​တော်​က​သင်​တို့​အား​ဖြင့်​မိန့်​တော်​မူ​သော စ​ကား​များ​ဖြစ်​လိမ့်​မည်။
யஸ்மாத் ததா³ யோ வக்ஷ்யதி ஸ ந யூயம்’ கிந்து யுஷ்மாகமந்தரஸ்த²​: பித்ராத்மா|
21 ၂၁ ``ညီ​အစ်​ကို​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​သေ​စေ ရန်​အပ်​ကြ​လိမ့်​မည်။ မိ​ဘ​တို့​သည်​သား​သ​မီး​များ သေ​စေ​ရန်​အပ်​ကြ​လိမ့်​မည်။ သား​သမီး​တို့​သည်​လည်း မိ​ဘ​များ​ကို​တော်​လှန်​၍​သတ်​ဖြတ်​စေ​ကြ​လိမ့်​မည်။-
ஸஹஜ​: ஸஹஜம்’ தாத​: ஸுதஞ்ச ம்ரு’தௌ ஸமர்பயிஷ்யதி, அபத்யாகி³ ஸ்வஸ்வபித்ரோ ர்விபக்ஷீபூ⁴ய தௌ கா⁴தயிஷ்யந்தி|
22 ၂၂ သင်​တို့​သည်​ငါ​၏​အ​တွက်​ကြောင့်​အ​မုန်း​ခံ​ရ​ကြ လိမ့်​မည်။ သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည် သူ​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။-
மந்நமஹேதோ​: ஸர்வ்வே ஜநா யுஷ்மாந் ரு’தீயிஷ்யந்தே, கிந்து ய​: ஸே²ஷம்’ யாவத்³ தை⁴ர்ய்யம்’ க்⁴ரு’த்வா ஸ்தா²ஸ்யதி, ஸ த்ராயிஷ்யதே|
23 ၂၃ သင်​တို့​ကို​မြို့​တစ်​မြို့​က​ညှဉ်း​ဆဲ​နှိပ်​စက်​လျှင် အ​ခြား​တစ်​မြို့​သို့​ထွက်​ပြေး​ကြ​လော့။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့ သည်​ဣသ​ရေ​လ​မြို့​ရှိ​သ​မျှ​တို့​တွင်​လုပ်​ဆောင် စ​ရာ​မ​ပြီး​စီး​မီ​လူ​သား​သည်​ကြွ​လာ​တော် မူ​လတ္တံ့။
தை ர்யதா³ யூயமேகபுரே தாடி³ஷ்யத்⁴வே, ததா³ யூயமந்யபுரம்’ பலாயத்⁴வம்’ யுஷ்மாநஹம்’ தத்²யம்’ வச்மி யாவந்மநுஜஸுதோ நைதி தாவத்³ இஸ்ராயேல்தே³ஸீ²யஸர்வ்வநக³ரப்⁴ரமணம்’ ஸமாபயிதும்’ ந ஸ²க்ஷ்யத²|
24 ၂၄ ``တ​ပည့်​သည်​ဆ​ရာ​ထက်​မ​သာ။ ကျွန်​သည်​လည်း သခင်​ထက်​မ​သာ။-
கு³ரோ​: ஸி²ஷ்யோ ந மஹாந், ப்ரபோ⁴ர்தா³ஸோ ந மஹாந்|
25 ၂၅ ထို့​ကြောင့်​တ​ပည့်​သည်​ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လျှင်​ကျေ နပ်​လောက်​ပေ​ပြီ။ အိမ်​ထောင်​ဦး​စီး​ကို​ဗေ​လ​ဇေ ဗု​လ​ဟု​ခေါ်​ဝေါ်​ကြ​ပါ​လျှင်​အိမ်​သူ​အိမ်​သား တို့​ကို​သာ​၍​ဆိုး​ရွား​သော​နာ​မည်​များ​ဖြင့်​ခေါ် ဝေါ်​ကြ​လိမ့်​မည်။
யதி³ ஸி²ஷ்யோ நிஜகு³ரோ ர்தா³ஸஸ்²ச ஸ்வப்ரபோ⁴​: ஸமாநோ ப⁴வதி தர்ஹி தத்³ யதே²ஷ்டம்’| சேத்தைர்க்³ரு’ஹபதிர்பூ⁴தராஜ உச்யதே, தர்ஹி பரிவாரா​: கிம்’ ததா² ந வக்ஷ்யந்தே?
26 ၂၆ ``သို့​ဖြစ်​၍​လူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ ဖုံး​အုပ်​ထား သည့်​အ​ရာ​ဟူ​သ​မျှ​သည်​ထင်​ပေါ်​လာ​ရ​လိမ့်​မည်။ လျှို့​ဝှက်​မှု​ဟူ​သ​မျှ​သည်​လည်း​ပေါ်​လွင်​၍​လာ​ရ လိမ့်​မည်။-
கிந்து தேப்⁴யோ யூயம்’ மா பி³பீ⁴த, யதோ யந்ந ப்ரகாஸி²ஷ்யதே, தாத்³ரு’க் சா²தி³தம்’ கிமபி நாஸ்தி, யச்ச ந வ்யஞ்சிஷ்யதே, தாத்³ரு’க்³ கு³ப்தம்’ கிமபி நாஸ்தி|
27 ၂၇ အ​မှောင်​တွင်​သင်​တို့​အား​ငါ​ပြော​သော​စ​ကား ကို​အ​လင်း​တွင်​ပြော​ကြား​ကြ​လော့။ တီး​တိုး ကြား​ရ​သည့်​စ​ကား​ကို​အိမ်​မိုး​ထက်​မှ​ကြွေး ကြော်​ကြ​လော့။-
யத³ஹம்’ யுஷ்மாந் தமஸி வச்மி தத்³ யுஷ்மாபி⁴ர்தீ³ப்தௌ கத்²யதாம்’; கர்ணாப்⁴யாம்’ யத் ஸ்²ரூயதே தத்³ கே³ஹோபரி ப்ரசார்ய்யதாம்’|
28 ၂၈ ကိုယ်​ခန္ဓာ​ကို​ဖျက်​ဆီး​နိုင်​သော်​လည်း​ဝိ​ညာဉ်​ကို မ​ဖျက်​ဆီး​နိုင်​သော​သူ​များ​အား​မ​ကြောက်​ကြ နှင့်။ ကိုယ်​ခန္ဓာ​နှင့်​ဝိ​ညာဉ်​ကို​င​ရဲ​တွင်​ဖျက်​ဆီး နိုင်​သော​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​ကြောက်​ကြ လော့။- (Geenna g1067)
யே காயம்’ ஹந்தும்’ ஸ²க்நுவந்தி நாத்மாநம்’, தேப்⁴யோ மா பை⁴ஷ்ட; ய​: காயாத்மாநௌ நிரயே நாஸ²யிதும்’, ஸ²க்நோதி, ததோ பி³பீ⁴த| (Geenna g1067)
29 ၂၉ စာ​က​လေး​နှစ်​ကောင်​ကို​အဿရိ​တစ်​ပြား​ဖြင့်​ဝယ် နိုင်​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​ထို​စာ​က​လေး တစ်​ကောင်​မျှ​သင်​တို့​အ​ဖ​အ​ခွင့်​မ​ပြု​ဘဲ​မ​သေ မ​ပျောက်​ရ။-
த்³வௌ சடகௌ கிமேகதாம்ரமுத்³ரயா ந விக்ரீயேதே? ததா²பி யுஷ்மத்தாதாநுமதிம்’ விநா தேஷாமேகோபி பு⁴வி ந பததி|
30 ၃၀ သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​၏။-
யுஷ்மச்சி²ரஸாம்’ ஸர்வ்வகசா க³ணிதாம்’​: ஸந்தி|
31 ၃၁ သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည်​စာ က​လေး​အ​မြောက်​အ​မြား​ထက်​လွန်​စွာ​ပို​၍ အ​ဖိုး​ထိုက်​ကြ​၏။
அதோ மா பி³பீ⁴த, யூயம்’ ப³ஹுசடகேப்⁴யோ ப³ஹுமூல்யா​: |
32 ၃၂ ``သို့​ဖြစ်​၍​ငါ့​ကို​အ​ရှင်​သ​ခင်​အ​ဖြစ်​လူ​တို့ ရှေ့​တွင်​ထုတ်​ဖော်​ဝန်​ခံ​သူ​ကို​ငါ​၏​တ​ပည့်​အ​ဖြစ် ဖြင့် ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ထုတ်​ဖော်​ဝန်​ခံ​မည်။-
யோ மநுஜஸாக்ஷாந்மாமங்கீ³குருதே தமஹம்’ ஸ்வர்க³ஸ்த²தாதஸாக்ஷாத³ங்கீ³கரிஷ்யே|
33 ၃၃ သို့​ရာ​တွင်​ငါ့​ကို​လူ​တို့​ရှေ့​တွင်​ပစ်​ပယ်​သူ​ကို ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ပစ်​ပယ်​မည်။
ப்ரு’த்²வ்யாமஹம்’ ஸா²ந்திம்’ தா³துமாக³தஇதி மாநுப⁴வத, ஸா²ந்திம்’ தா³தும்’ ந கிந்த்வஸிம்’|
34 ၃၄ ``ဤ​လော​က​ကို​ငြိမ်း​ချမ်း​သာ​ယာ​မှု​ပေး​ရန်​ငါ လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငါ​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ပေး​ရန်​လာ​သည်​မ​ဟုတ်။ ခိုက်​ရန်​ဖြစ် ပွား​ကြ​စေ​ရန်​သာ​ငါ​လာ​၏။-
பித்ரு’மாத்ரு’ஸ்²சஸ்²ரூபி⁴​: ஸாகம்’ ஸுதஸுதாப³தூ⁴ ர்விரோத⁴யிதுஞ்சாக³தேஸ்மி|
35 ၃၅ သား​နှင့်​အ​ဖ၊ သ​မီး​နှင့်​အမိ၊ ချွေး​မ​နှင့်​ယောက္ခ​မ တို့​ရန်​ဖက်​ဖြစ်​စေ​ရန်​ငါ​လာ​သ​တည်း။-
தத​: ஸ்வஸ்வபரிவாரஏவ ந்ரு’ஸ²த்ரு ர்ப⁴விதா|
36 ၃၆ လူ​တစ်​ဦး​တစ်​ယောက်​၏​အ​ဆိုး​ဆုံး​ရန်​သူ​များ ကား သူ​၏​အိမ်​သူ​အိမ်​သား​များ​ပင်​ဖြစ်​လိမ့်​မည်။-
ய​: பிதரி மாதரி வா மத்தோதி⁴கம்’ ப்ரீயதே, ஸ ந மத³ர்ஹ​: ;
37 ၃၇ မိ​ဘ​ကို​ငါ့​ထက်​ပို​၍​ချစ်​သူ​သည်​ငါ​၏​တ​ပည့် မ​ဖြစ်​ထိုက်၊ သား​သ​မီး​ကို​ငါ့​ထက်​ပို​၍​ချစ်​သူ သည်​ငါ​၏​တ​ပည့်​မ​ဖြစ်​ထိုက်။-
யஸ்²ச ஸுதே ஸுதாயாம்’ வா மத்தோதி⁴கம்’ ப்ரீயதே, ஸேபி ந மத³ர்ஹ​: |
38 ၃၈ ကိုယ့်​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍ ငါ့​နောက်​ကို မ​လိုက်​သော​သူ​သည်​ငါ​၏​တ​ပည့်​မ​ဖြစ်​ထိုက်။-
ய​: ஸ்வக்ருஸ²ம்’ க்³ரு’ஹ்லந் மத்பஸ்²சாந்நைதி, ஸேபி ந மத³ர்ஹ​: |
39 ၃၉ မိ​မိ​အ​သက်​လုံ​ခြုံ​မှု​ရ​ရှိ​ရန်​ကြိုး​ပမ်း​သူ သည်​အ​သက်​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက် အ​သက်​ဆုံး​ရှုံး​သူ​သည်​မိ​မိ​အ​သက်​လုံ​ခြုံ မှု​ရ​ရှိ​လိမ့်​မည်။
ய​: ஸ்வப்ராணாநவதி, ஸ தாந் ஹாரயிஷ்யதே, யஸ்து மத்க்ரு’தே ஸ்வப்ராணாந் ஹாரயதி, ஸ தாநவதி|
40 ၄၀ ``သင်​တို့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ သော​အ​ရှင်​ကို​လက်​ခံ​၏။-
யோ யுஷ்மாகமாதித்²யம்’ வித³தா⁴தி, ஸ மமாதித்²யம்’ வித³தா⁴தி, யஸ்²ச மமாதித்²யம்’ வித³தா⁴தி, ஸ மத்ப்ரேரகஸ்யாதித்²யம்’ வித³தா⁴தி|
41 ၄၁ ဘု​ရား​သ​ခင်​၏​စေ​တ​မန်​ဖြစ်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​စေ​တ​မန်​အား​လက်​ခံ​သူ​သည် ထို​စေ​တ​မန်​ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ လိမ့်​မည်။ သူ​တော်​ကောင်း​ဖြစ်​ခြင်း​ကို​ထောက်​၍ သူ​တော်​ကောင်း​ကို​လက်​ခံ​သူ​သည် သူ​တော်​ကောင်း ခံ​စား​ရ​သော​အ​ကျိုး​ကို​ခံ​စား​ရ​လိမ့်​မည်။-
யோ ப⁴விஷ்யத்³வாதீ³தி ஜ்ஞாத்வா தஸ்யாதித்²யம்’ வித⁴த்தே, ஸ ப⁴விஷ்யத்³வாதி³ந​: ப²லம்’ லப்ஸ்யதே, யஸ்²ச தா⁴ர்ம்மிக இதி விதி³த்வா தஸ்யாதித்²யம்’ வித⁴த்தே ஸ தா⁴ர்ம்மிகமாநவஸ்ய ப²லம்’ ப்ராப்ஸ்யதி|
42 ၄၂ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​တ​ပည့်​များ​အ​နက်​အ​သိမ်​ငယ်​ဆုံး​သူ တစ်​စုံ​တစ်​ယောက်​အား ငါ​၏​မျက်​နှာ​ကို​ထောက် ၍​သောက်​ရေ​တစ်​ခွက်​ကို​ပေး​သော​သူ​သည်​အ​ကျိုး ကို​မ​ခံ​စား​ဘဲ​မ​နေ​ရ။''
யஸ்²ச கஸ்²சித் ஏதேஷாம்’ க்ஷுத்³ரநராணாம் யம்’ கஞ்சநைகம்’ ஸி²ஷ்ய இதி விதி³த்வா கம்’ஸைகம்’ ஸீ²தலஸலிலம்’ தஸ்மை த³த்தே, யுஷ்மாநஹம்’ தத்²யம்’ வதா³மி, ஸ கேநாபி ப்ரகாரேண ப²லேந ந வஞ்சிஷ்யதே|

< မဿဲ 10 >