< မာကု 1 >

1 ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​အ​ကြောင်း သ​တင်း​ကောင်း​စ​တင်​ပုံ​ကို​ဖော်​ပြ​ပါ​အံ့။-
Commencement de l'évangile de Jésus-Christ fils de Dieu:
2 ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​တွင်၊ ``ဘု​ရား​သ​ခင်​က နား​ထောင်​ကြ​လော့။ ငါ​သည်​သင်​၏​လမ်း​ကို​အ​ဆင်​သင့်​ဖြစ်​စေ​ရန် ငါ​၏​တ​မန်​ကို​သင့်​အ​လျင်​စေ​လွှတ်​မည်။
Selon qu'il est écrit dans le prophète: « Voici, J'envoie devant toi Mon messager, lequel frayera ton chemin,
3 တော​ကန္တာ​ရ​၌​အ​သံ​တစ်​ခု​သည် ``ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ ထို​အ​ရှင်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့'' ဟု ကြွေး​ကြော်​လျက်​နေ​၏။ ဟူ​၍​ဖော်​ပြ​ပါ​ရှိ​သည်။
Voix d'un crieur dans le désert: Préparez le chemin du Seigneur, redressez Ses sentiers,
4 ယင်း​သို့​ဟေ​ရှာ​ယ​က​ဖော်​ပြ​သည်​နှင့်​အ​ညီ ဗတ္တိ​ဇံ ဆ​ရာ​ယော​ဟန်​သည်​တော​ကန္တာ​ရ​တွင်​ပေါ်​ထွန်း​လာ​၏။ သူ​သည်​လူ​တို့​အား ``နောင်​တ​ရ​၍​ဗတ္တိ​ဇံ​ကို​ခံ​ယူ ကြ​လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်'' ဟု ဟော​ပြော​၏။-
Jean le baptiseur apparut dans le désert, prêchant un baptême de repentance pour la rémission des péchés.
5 ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​ကျေး​လက်​တော​ရွာ တို့​မှ လူ​အ​ပေါင်း​တို့​သည်​ယော​ဟန်​ထံ​သို့​သွား​ကြ ကုန်​၏။ မိ​မိ​တို့​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​လျက် ယော်​ဒန်​မြစ်​တွင်​ယော​ဟန်​ထံ​မှ​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ကြ​၏။
Et tout le pays de Judée et tous les Hiérosolymitains se portaient vers lui, et ils se faisaient baptiser par lui dans le fleuve du Jourdain.
6 ယော​ဟန်​သည်​ကု​လား​အုပ်​မွေး​အ​ဝတ်​ကြမ်း​ကို ဝတ်​ထား​၏။ သား​ရေ​ခါး​ပန်း​ကို​စည်း​ထား​၏။ ကျိုင်း​ကောင်​နှင့်​ပျား​ရည်​ကို​မှီ​ဝဲ​၏။-
Et Jean était vêtu de poils de chameau, et d'une ceinture de cuir autour des reins, et il se nourrissait de sauterelles et de miel sauvage.
7 သူ​က ``ငါ့​ထက်​ကြီး​မြတ်​သော​အ​ရှင်​သည် ငါ​၏ နောက်​တွင်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ငါ​သည်​ထို​အ​ရှင် ၏​ဖိ​နပ်​ကြိုး​ကို​မျှ​ငုံ့​၍​မ​ဖြည်​ထိုက်။-
Et il prêchait en disant: « Il vient après moi, celui qui est plus puissant que moi, et je ne suis pas digne de délier en me baissant la courroie de ses sandales;
8 ငါ​သည်​သင်​တို့​အား​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ပေး​၏။ ထို​အ​ရှင်​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဖြင့် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့'' ဟု လူ​တို့​အား​ဟော​ပြော​လေ​သည်။
pour moi je vous ai baptisés d'eau, mais lui vous baptisera d'esprit saint. »
9 ထို​နောက်​များ​မ​ကြာ​မီ​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ ပြည်​နာ​ဇ​ရက်​မြို့​မှ​ကြွ​လာ​တော်​မူ​၍ ယော်​ဒန်​မြစ် တွင်​ယော​ဟန်​ထံ​မှ​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​တော်​မူ​သည်။-
Il advint en ce temps-là que Jésus vint de Nazaret de Galilée, et se fit baptiser dans le Jourdain par Jean.
10 ၁၀ ရေ​မှ​တက်​တော်​မူ​စဉ်​မိုး​ကောင်း​ကင်​ကွဲ​ဟ​၍ မိ​မိ အ​ပေါ်​သို့​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင်​ဖြင့် ဆင်း​သက်​သည်​ကို​မြင်​တော်​မူ​၏။-
Et au moment où il sortait de l'eau il vit les cieux s'entr'ouvrir et l'esprit comme une colombe descendre vers lui;
11 ၁၁ ကောင်း​ကင်​မှ​လည်း ``သင်​ကား​ငါ​နှစ်​သက်​မြတ်​နိုး ရာ ငါ​၏​ချစ်​သာ၈​ပေ​တည်း'' ဟု​အ​သံ​တော်​ထွက် ပေါ်​လာ​၏။
et une voix vint des cieux: « Tu es Mon fils bien-aimé, en toi J'ai pris plaisir. »
12 ၁၂ ချက်​ချင်း​ပင်​ဝိ​ညာဉ်​တော်​သည် ကိုယ်​တော်​ကို တော​ကန္တာ​ရ​သို့​ပို့​ဆောင်​တော်​မူ​၏။-
Et aussitôt l'esprit le pousse au désert.
13 ၁၃ တော​ကန္တာ​ရ​တွင်​စာ​တန်​သည်​ကိုယ်​တော်​အား အ​ရက် လေး​ဆယ်​ပတ်​လုံး​စုံ​စမ်း​သွေး​ဆောင်​လေ​သည်။ ထို အ​ရပ်​တွင်​တော​တိ​ရစ္ဆာန်​များ​လည်း​ရှိ​၏။ သို့​ရာ တွင်​ကောင်း​ကင်​တ​မန်​တို့​သည်​လာ​၍ ကိုယ်​တော် ကို​လုပ်​ကျွေး​ကြ​၏။
Et il était dans le désert pendant quarante jours tenté par Satan, et il était avec les bêtes, et les anges le servaient.
14 ၁၄ ယော​ဟန်​အ​ကျဉ်း​ခံ​ရ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့​ကြွ​လာ​၍ ``ချိန်း​ချက်​တော်​မူ​ရာ အ​ချိန်​ကျ​ပြီ။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် လု​နီး​ပြီ။ နောင်​တ​ရ​၍​သ​တင်း​ကောင်း​ကို​ခံ​ယူ ယုံ​ကြည်​ကြ​လော့'' ဟု​ဘု​ရား​သ​ခင်​ထံ​မှ သ​တင်း​ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။
Et après que Jean eut été livré, Jésus vint en Galilée, prêchant l'évangile de Dieu,
15 ၁၅
et disant: « Le temps est accompli, et le royaume de Dieu s'approche; repentez-vous et croyez à l'évangile. »
16 ၁၆ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ကမ်း​ခြေ​တွင်​လျှောက်​သွား တော်​မူ​စဉ် ရှိ​မုန်​နှင့်​ညီ​အန္ဒြေ​ကို​မြင်​တော်​မူ​၏။ သူ​တို့ သည်​တံ​ငါ​သည်​များ​ဖြစ်​သည်​အ​လျောက် အိုင်​ထဲ တွင်​ကွန်​ပစ်​နေ​ကြ​သ​တည်း။-
Et en passant le long de la mer de Galilée il vit Simon, et André le frère de Simon, qui pêchaient au filet dans la mer, car ils étaient pêcheurs;
17 ၁၇ သ​ခင်​ယေ​ရှု​က ``လာ​ကြ။ ငါ့​နောက်​သို့​လိုက်​ကြ။ သင်​တို့​ကို​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​စေ​မည်'' ဟု ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။-
et Jésus leur dit: « Marchez après moi, et je vous ferai devenir des pêcheurs d'hommes. »
18 ၁၈ ထို​သူ​တို့​သည်​ချက်​ချင်း မိ​မိ​တို့​၏​ပိုက်​ကွန်​များ ကို​စွန့်​ပစ်​၍​နောက်​တော်​သို့​လိုက်​ကြ​၏။
Et ayant aussitôt quitté leurs filets, ils le suivaient.
19 ၁၉ ကိုယ်​တော်​သည်​ဆက်​လက်​၍​အ​နည်း​ငယ်​လျှောက် သွား​သော​အ​ခါ ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ သော​ယာ​ကုပ်​နှင့်​ညီ​ယော​ဟန်​ကို​မြင်​တော်​မူ​၏။ သူ​တို့​သည်​လှေ​ထဲ​တွင်​ပိုက်​ကွန်​များ​ကို​အ​သင့် ပြင်​လျက်​နေ​ကြ​၏။-
Et ayant un peu continué sa route, il vit Jacques le fils de Zébédée et Jean son frère, qui, eux aussi arrangeaient, leurs filets dans leur barque.
20 ၂၀ ကိုယ်​တော်​သည်​သူ​တို့​ကို​မြင်​လျှင်​ချက်​ချင်း​ခေါ်​ယူ တော်​မူ​သ​ဖြင့် သူ​တို့​သည်​ဖ​ခင်​ဇေ​ဗေ​ဒဲ​ကို​လူ ငှား​များ​နှင့်​လှေ​ထဲ​တွင်​ထား​ခဲ့​၍​နောက်​တော်​သို့ လိုက်​ကြ​၏။
Et aussitôt il les appela; et ayant laissé leur père Zébédée dans la barque avec les mercenaires, ils s'en allèrent après, lui.
21 ၂၁ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် က​ပေ​ရ​နောင်​မြို့​သို့ ရောက်​လာ​ကြ​၏။ ဥ​ပုသ်​နေ့​၌​သ​ခင်​ယေ​ရှု​သည် တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ဟော​ပြော​သွန်​သင်​တော်​မူ​၏။-
Et il entrait à Capharnaoum, et étant aussitôt entré le jour du sabbat dans la synagogue; il enseignait;
22 ၂၂ ကိုယ်​တော်​သည်​ကျမ်း​တတ်​ဆ​ရာ​တို့​သွန်​သင်​သ​ကဲ့​သို့ မ​ဟုတ်​ဘဲ အာ​ဏာ​ရှိ​သူ​ကဲ့​သို့​သွန်​သင်​တော်​မူ​၏။ သို့ ဖြစ်​၍​လူ​တို့​သည်​ကိုယ်​တော်​၏​သွန်​သင်​ပုံ​ကို​အံ့​သြ ကြ​၏။
et ils étaient stupéfaits de son enseignement, car il les enseignait comme ayant autorité, et non pas comme les scribes.
23 ၂၃ ထို​အ​ချိန်​၌​တ​ရား​ဇ​ရပ်​ထဲ​တွင် ညစ်​ညမ်း​သော​နတ် ပူး​ဝင်​နေ​သူ​တစ်​ဦး​ရှိ​၏။-
Et il se trouvait aussitôt dans leur synagogue un homme possédé d'un esprit impur, et il s'écria:
24 ၂၄ ထို​သူ​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ အ​ရှင်​သည်​အ​ကျွန်ုပ် တို့​အား​အ​ဘယ်​သို့​ပြု​လို​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ် တို့​အား​ဖျက်​ဆီး​ရန်​ကြွ​လာ​တော်​မူ​ပါ​သ​လော။ အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ​၏။ အ​ရှင် ကား​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သော သန့်​ရှင်း​မြင့်​မြတ်​သူ​ပေ​တည်း'' ဟု​ဟစ်​အော်​၏။
« Que nous veux-tu, toi aussi, Jésus Nazarénien? Es-tu venu pour nous faire périr? Je sais qui tu es: le saint de Dieu. »
25 ၂၅ သ​ခင်​ယေ​ရှု​က ``ဆိတ်​ဆိတ်​နေ​လော့။ ထွက်​ခဲ့ လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။-
Et Jésus le réprimanda, en-disant: « Tais-toi, et sors de lui. »
26 ၂၆ ညစ်​ညမ်း​သော​နတ်​သည်​လူ​ကို​ပြင်း​စွာ​တုန်​တက် စေ​ပြီး​လျှင် ကျယ်​စွာ​ဟစ်​အော်​၍​ထွက်​ခွာ​သွား​၏။-
Et l'impur, après l'avoir jeté en de violentes convulsions et avoir poussé de grands cris, sortit de lui.
27 ၂၇ လူ​အ​ပေါင်း​တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ အ​ချင်း​အ​ရာ​ကား​အ​ဘယ်​သို့​နည်း။ သြ​ဝါ​ဒ​သစ် တစ်​မျိုး​ပေ​လော။ သူ​သည်​ညစ်​ညမ်း​သော​နတ်​များ​ကို အာ​ဏာ​နှင့်​အ​မိန့်​ပေး​၍ နတ်​တို့​က​လိုက်​နာ​ကြ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-
Et ils étaient tous dans l'épouvante, en sorte qu'ils discutaient en disant: « Qu'est-ce que ceci? Enseignement étrange! Il commande avec autorité même aux esprits impurs, et ils lui obéissent! »
28 ၂၈ ချက်​ချင်း​ပင်​ကိုယ်​တော်​၏​သ​တင်း​သည် ဂါ​လိ​လဲ ပြည်​တစ်​ပြည်​လုံး​ရှိ​ကျေး​လက်​တော​ရွာ​အ​ပေါင်း သို့​ပြန့်​သွား​လေ​သည်။
Et sa renommée se répandit aussitôt de tous côtés, dans toute la contrée voisine de la Galilée.
29 ၂၉ ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တ​ရား​ဇ​ရပ်​မှ​ထွက်​ခွာ​၍ ရှိ​မုန်​နှင့်​အန္ဒြေ​၏​အိမ်​သို့ ကြွ​တော်​မူ​၏။ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​လည်း လိုက်​ပါ​သွား​ကြ​၏။
Et aussitôt étant sorti de la synagogue, il entra dans la maison de Simon et d'André avec Jacques et Jean.
30 ၃၀ ရှိ​မုန်​၏​ယောက္ခ​မ​မိန်း​မ​သူ​သည်​အိပ်​ရာ​ပေါ်​တွင် ဖျား​လျက်​ရှိ​၏။ သူ​၏​အ​ကြောင်း​ကို​ကိုယ်​တော်​အား ချက်​ချင်း​ပင်​လျှောက်​ထား​ကြ​၏။-
Or la belle-mère de Simon était couchée ayant la fièvre; et aussitôt ils lui parlent d'elle;
31 ၃၁ ကိုယ်​တော်​သည်​သူ့​ထံ​သို့​သွား​၍​လက်​ကို​ကိုင်​ဆွဲ ထူ​မ​တော်​မူ​၏။ ထို​အ​ခါ​သူ​သည်​အ​ဖျား​ပျောက် ၍​ဧည့်​သည်​ဝတ်​ကို​ပြု​လေ​၏။-
et s'étant approché il la fit lever en la prenant par la main; et la fièvre la quitta, et elle les servait.
32 ၃၂ နေ​ဝင်​၍​ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ လူ​တို့​သည် ရော​ဂါ​သည်​များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။-
Or, quand le soir fut venu, lorsque le soleil fut couché, on lui apportait tous les malades et les démoniaques;
33 ၃၃ တစ်​မြို့​လုံး​မှ​လူ​တို့​သည် အိမ်​တံ​ခါး​ဝ​တွင် လာ​ရောက်​စု​ရုံး​လျက်​ရှိ​နေ​ကြ​၏။-
et la ville entière était rassemblée devant la porte.
34 ၃၄ ကိုယ်​တော်​သည်​ရော​ဂါ​အ​မျိုး​မျိုး​စွဲ​ကပ်​သူ အ​မြောက်​အ​မြား​ကို ကျန်း​မာ​စေ​တော်​မူ​၏။ များ​စွာ သော​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​တော်​မူ​၏။ ထို​နတ်​တို့​သည် ကိုယ်​တော်​မည်​သူ​ဖြစ်​ကြောင်း​ကို​သိ​ကြ​၏။ သို့​ဖြစ် သော​ကြောင့်​ကိုယ်​တော်​သည် သူ​တို့​အား​စ​ကား ပြော​ခွင့်​ပေး​တော်​မ​မူ။
Et il guérit plusieurs malades atteints de diverses maladies, et il chassa plusieurs démons, et il ne permettait pas aux démons de parler, parce qu'ils savaient qu'il était le Christ.
35 ၃၅ နောက်​တစ်​နေ့​မိုး​မ​လင်း​မီ​ကိုယ်​တော်​သည်​အိပ်​ရာ မှ​ထ​တော်​မူ​၏။ ထို​နောက်​ဆိတ်​ငြိမ်​ရာ​အ​ရပ်​သို့ ထွက်​ကြွ​တော်​မူ​ပြီး​လျှင် ဆု​တောင်း​ပတ္ထနာ​ပြု​တော် မူ​၏။-
Et sur le matin, pendant qu'il faisait très sombre, il sortit, après s'être levé, pour se rendre dans un lieu désert, et là il priait.
36 ၃၆ ရှိ​မုန်​နှင့်​အ​ပေါင်း​ဖော်​များ​သည်​ကိုယ်​တော်​ကို လိုက်​ရှာ​ကြ​၏။-
Et Simon et ceux qui étaient avec lui se mirent à sa poursuite,
37 ၃၇ တွေ့​သော​အ​ခါ ``ကိုယ်​တော်​ကို​လူ​အ​ပေါင်း​တို့ ရှာ​နေ​ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
et ils le trouvèrent, et ils lui disent: « Tous te cherchent. »
38 ၃၈ ကိုယ်​တော်​က ``အ​နီး​အ​နား​ရှိ​ရွာ​များ​သို့​သွား​ကြ ကုန်​စို့။ ထို​ရွာ​များ​တွင်​လည်း​ငါ​တ​ရား​ဟော​ရ​မည်။ ထို့​ကြောင့်​ငါ​ကြွ​လာ​ခဲ့​ခြင်း​ဖြစ်​သည်'' ဟု​တ​ပည့် တော်​တို့​အား​မိန့်​တော်​မူ​၏။
Et il leur dit: « Allons ailleurs dans les bourgades suivantes, afin que j'y prêche aussi, car c'est pour cela que je suis sorti. »
39 ၃၉ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​တစ်​လျှောက်​လုံး လှည့်​လည်​တော်​မူ​၍ တ​ရား​ဇ​ရပ်​များ​တွင်​တ​ရား ဟော​တော်​မူ​၏။ ထို့​အ​ပြင်​နတ်​မိစ္ဆာ​များ​ကို​နှင် ထုတ်​တော်​မူ​၏။
Et il parcourut toute la Galilée, prêchant dans leurs synagogues, et expulsant les démons.
40 ၄၀ အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​တစ်​ယောက်​သည် ကိုယ်​တော်​၏​ရှေ့​မှောက်​သို့​လာ​ရောက်​ဒူး​ထောက် ၍ ``အ​ရှင်​အ​လို​တော်​ရှိ​လျှင် အ​ကျွန်ုပ်​ကို​ရော​ဂါ မှ​သန့်​စင်​စေ​နိုင်​ပါ​သည်'' ဟု​လျှောက်​ထား တောင်း​ပန်​၏။
Et un lépreux vient à lui, qui le sollicitait en lui disant: « Seigneur!… car, si tu le veux, tu peux me guérir. »
41 ၄၁ ကိုယ်​တော်​သည်​သ​နား​တော်​မူ​သ​ဖြင့် လက်​တော်​ကို ဆန့်​၍​ထို​သူ့​ကို​တို့​ထိ​တော်​မူ​၏။ ``ငါ​အ​လို​ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​၏။-
Et étant ému de compassion, il le toucha en étendant la main, et il lui dit: « Je le veux, soit guéri. »
42 ၄၂ မိန့်​တော်​မူ​သည့်​ခ​ဏ​၌ ထို​သူ​သည်​ရော​ဂါ​ပျောက် ၍​သန့်​စင်​သွား​လေ​သည်။-
Et aussitôt la lèpre le quitta et il fut guéri.
43 ၄၃ ချက်​ချင်း​ပင်​သ​ခင်​ယေ​ရှု​သည်​ထို​သူ​အား ``ဤ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ မ​ပြော​နှင့်၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​မူ​သွား​၍​သင်​၏ ကိုယ်​ကို​ပြ​လော့။ သင်​သန့်​စင်​သွား​သည့်​အ​တွက် လူ​တို့​ရှေ့​တွင်​သက်​သေ​ပြ​ရန် မော​ရှေ​မိန့်​မှာ​သည့် ပူ​ဇော်​သကာ​ကို​ဆက်​သ​လော့'' ဟု​ကြပ်​တည်း​စွာ သ​တိ​ပေး​၍​ထွက်​ခွာ​သွား​စေ​တော်​မူ​၏။
Et l'ayant vertement tancé, il le renvoya immédiatement,
44 ၄၄
et il lui dit: « Garde-toi d'en rien dire à personne; mais va, montre-toi au prêtre et présente pour ta purification ce qu'a prescrit Moïse pour leur servir d'attestation. »
45 ၄၅ ထို​သူ​သည်​ထွက်​ခွာ​၍​သွား​၏။ သို့​ရာ​တွင်​မိ​မိ​၏ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။ ထို​သ​တင်း​သည်​လွန်​စွာ ပြန့်​သွား​ရ​ကား​သ​ခင်​ယေ​ရှု​သည် အ​ဘယ်​မြို့​သို့​မျှ အ​ထင်​အ​ရှား​မ​ဝင်​နိုင်​တော့​ချေ။ ဆိတ်​ကွယ်​ရာ မြို့​ပြင်​ဒေ​သ​များ​မှာ​သာ​နေ​ရ​၏။ သို့​သော် အ​ရပ်​ရပ်​မှ​လူ​အ​ပေါင်း​တို့​သည်​အ​ထံ​တော် သို့​လာ​ရောက်​ကြ​ကုန်​၏။
Mais, quand l'autre fut sorti, il se mit à beaucoup parler et à divulguer l'affaire, en sorte qu'il ne pouvait plus entrer publiquement dans aucune ville, mais il se tenait au dehors dans des lieux déserts, et on venait à lui de partout.

< မာကု 1 >