< မာကု 1 >
1 ၁ ဘုရားသခင်၏သားတော်ယေရှုခရစ်အကြောင်း သတင်းကောင်းစတင်ပုံကိုဖော်ပြပါအံ့။-
Pathen Capa Jesuh Khrih kah olthangthen a tongnah.
2 ၂ ပရောဖက်ဟေရှာယကျမ်းတွင်၊ ``ဘုရားသခင်က နားထောင်ကြလော့။ ငါသည်သင်၏လမ်းကိုအဆင်သင့်ဖြစ်စေရန် ငါ၏တမန်ကိုသင့်အလျင်စေလွှတ်မည်။
Tonghma Isaiah dongah a daek tangtae bangla, “Nang hmai ah kamah kah puencawn kan tueih ne, anih loh na longpuei te a rhoekbah ni.
3 ၃ တောကန္တာရ၌အသံတစ်ခုသည် ``ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းကိုဖြောင့်တန်းအောင်ပြုကြလော့'' ဟု ကြွေးကြော်လျက်နေ၏။ ဟူ၍ဖော်ပြပါရှိသည်။
Khosoek ah pang ol loh, “Boeipa kah longpuei te rhoekbah uh'a caehlong te a dueng la saii uh,” a ti.
4 ၄ ယင်းသို့ဟေရှာယကဖော်ပြသည်နှင့်အညီ ဗတ္တိဇံ ဆရာယောဟန်သည်တောကန္တာရတွင်ပေါ်ထွန်းလာ၏။ သူသည်လူတို့အား ``နောင်တရ၍ဗတ္တိဇံကိုခံယူ ကြလော့။ သို့မှသာဘုရားသခင်သည်သင်တို့၏ အပြစ်များကိုဖြေလွှတ်တော်မူလိမ့်မည်'' ဟု ဟောပြော၏။-
Johan tah khosoek ah aka nuem la om tih tholh khodawkngainah dongah yutnah baptisma a kawng thui.
5 ၅ ယေရုရှလင်မြို့နှင့်ယုဒပြည်ကျေးလက်တောရွာ တို့မှ လူအပေါင်းတို့သည်ယောဟန်ထံသို့သွားကြ ကုန်၏။ မိမိတို့အပြစ်များကိုဖော်ပြဝန်ခံလျက် ယော်ဒန်မြစ်တွင်ယောဟန်ထံမှဗတ္တိဇံကိုခံယူကြ၏။
Te dongah Judah kho boeih neh Jerusalem pum loh anih taengla khong uh. Te vaengah a tholhnah te a phong uh tih Jordan tuiva ah Johan loh a nuem.
6 ၆ ယောဟန်သည်ကုလားအုပ်မွေးအဝတ်ကြမ်းကို ဝတ်ထား၏။ သားရေခါးပန်းကိုစည်းထား၏။ ကျိုင်းကောင်နှင့်ပျားရည်ကိုမှီဝဲ၏။-
Te vaengah aka om Johan loh kalauk mul a bai tih, a pumpu ah maehpho cihin a naak tih tangboeng neh kohong khoitui te a caak.
7 ၇ သူက ``ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ၏ နောက်တွင်ပေါ်ထွန်းလာလိမ့်မည်။ ငါသည်ထိုအရှင် ၏ဖိနပ်ကြိုးကိုမျှငုံ့၍မဖြည်ထိုက်။-
A hoe vaengah, “Kai lakah aka len tah kai hnukah ha pawk. A taengah ka buluk tih a khokhom rhui hlam ham pataeng ka koih pawh.
8 ၈ ငါသည်သင်တို့အားရေဖြင့်ဗတ္တိဇံမင်္ဂလာကို ပေး၏။ ထိုအရှင်ကားသန့်ရှင်းသောဝိညာဉ်တော် ဖြင့် ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့'' ဟု လူတို့အားဟောပြောလေသည်။
Kai loh nangmih te tui ah kan nuem, dae anih long tah nangmih te Mueihla Cim ah n'nuem ni,” a ti.
9 ၉ ထိုနောက်များမကြာမီသခင်ယေရှုသည် ဂါလိလဲ ပြည်နာဇရက်မြို့မှကြွလာတော်မူ၍ ယော်ဒန်မြစ် တွင်ယောဟန်ထံမှဗတ္တိဇံမင်္ဂလာကိုခံတော်မူသည်။-
Tekah khohnin a pha vaengah Jesuh khaw Galilee kah Nazareth lamkah halo tih, Jordan ah Johan loh a nuem.
10 ၁၀ ရေမှတက်တော်မူစဉ်မိုးကောင်းကင်ကွဲဟ၍ မိမိ အပေါ်သို့ဝိညာဉ်တော်သည်ချိုးငှက်အသွင်ဖြင့် ဆင်းသက်သည်ကိုမြင်တော်မူ၏။-
Tui khui lamkah koe a thoh vaengah vaan te ong uh tih Mueihla te vahu bangla a soah a rhum te a hmuh.
11 ၁၁ ကောင်းကင်မှလည်း ``သင်ကားငါနှစ်သက်မြတ်နိုး ရာ ငါ၏ချစ်သာ၈ပေတည်း'' ဟုအသံတော်ထွက် ပေါ်လာ၏။
Te vaengah vaan lamkah ol ha thoeng tih, “Nang tah Capa ka thintlola na om, nang taengah ka lungtlun,” a ti.
12 ၁၂ ချက်ချင်းပင်ဝိညာဉ်တော်သည် ကိုယ်တော်ကို တောကန္တာရသို့ပို့ဆောင်တော်မူ၏။-
Te phoeiah anih te Mueihla loh khosoek la thaeng a khuen.
13 ၁၃ တောကန္တာရတွင်စာတန်သည်ကိုယ်တော်အား အရက် လေးဆယ်ပတ်လုံးစုံစမ်းသွေးဆောင်လေသည်။ ထို အရပ်တွင်တောတိရစ္ဆာန်များလည်းရှိ၏။ သို့ရာ တွင်ကောင်းကင်တမန်တို့သည်လာ၍ ကိုယ်တော် ကိုလုပ်ကျွေးကြ၏။
Khosoek ah khohnin sawmli a om vaengah Satan loh a cuek. Te vaengah satlung taengah khaw om dae anih te puencawn rhoek loh a khut uh.
14 ၁၄ ယောဟန်အကျဉ်းခံရပြီးနောက်သခင်ယေရှုသည် ဂါလိလဲပြည်သို့ကြွလာ၍ ``ချိန်းချက်တော်မူရာ အချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော်တည် လုနီးပြီ။ နောင်တရ၍သတင်းကောင်းကိုခံယူ ယုံကြည်ကြလော့'' ဟုဘုရားသခင်ထံမှ သတင်းကောင်းကိုဟောပြောတော်မူ၏။
Tedae Johan te a voeih uh phoeiah Jesuh tah Galilee la pawk. Te vaengah Pathen kah olthangthen te a hoe.
Te vaengah, “A tue te soep coeng tih Pathen ram tah yoei coeng, yut uh lamtah olthangthen te tangnah uh laeh,” a ti.
16 ၁၆ ကိုယ်တော်သည်ဂါလိလဲကမ်းခြေတွင်လျှောက်သွား တော်မူစဉ် ရှိမုန်နှင့်ညီအန္ဒြေကိုမြင်တော်မူ၏။ သူတို့ သည်တံငါသည်များဖြစ်သည်အလျောက် အိုင်ထဲ တွင်ကွန်ပစ်နေကြသတည်း။-
Tedae Galilee tuili kaengah a caeh vaengah, Simon neh Simon mana Andrew tah tuihoi la om rhoi tih tuili ah lawk ana voeih rhoi te a hmuh.
17 ၁၇ သခင်ယေရှုက ``လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်'' ဟု ထိုသူတို့အားမိန့်တော်မူ၏။-
Te dongah Jesuh loh amih rhoi te, “Kai hnukah bang rhoi lamtah nangmih rhoi te hlang aka tu tuihoi la om ham kang khueh eh?,” a ti nah.
18 ၁၈ ထိုသူတို့သည်ချက်ချင်း မိမိတို့၏ပိုက်ကွန်များ ကိုစွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။
Te dongah lawk na te pak a hlah rhoi tih Jesuh te a vai rhoi.
19 ၁၉ ကိုယ်တော်သည်ဆက်လက်၍အနည်းငယ်လျှောက် သွားသောအခါ ဇေဗေဒဲ၏သားများဖြစ်ကြ သောယာကုပ်နှင့်ညီယောဟန်ကိုမြင်တော်မူ၏။ သူတို့သည်လှေထဲတွင်ပိုက်ကွန်များကိုအသင့် ပြင်လျက်နေကြ၏။-
Tedae hawt a caeh vaengah Zebedee capa James neh a mana Johan te a hmuh. Te vaengah amih rhoi te lawng khuiah lawk a bo rhoi.
20 ၂၀ ကိုယ်တော်သည်သူတို့ကိုမြင်လျှင်ချက်ချင်းခေါ်ယူ တော်မူသဖြင့် သူတို့သည်ဖခင်ဇေဗေဒဲကိုလူ ငှားများနှင့်လှေထဲတွင်ထားခဲ့၍နောက်တော်သို့ လိုက်ကြ၏။
Te dongah amih rhoi te pahoi a khue hatah a napa Zebedee neh lawng khuiah a kutloh rhoek te pak a hlah tih amah hnukah cet rhoi.
21 ၂၁ ကိုယ်တော်နှင့်တပည့်တော်တို့သည် ကပေရနောင်မြို့သို့ ရောက်လာကြ၏။ ဥပုသ်နေ့၌သခင်ယေရှုသည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင်တော်မူ၏။-
Kapernaum la a kun uh vaengkah Sabbath ah tah tunim la tlek kun tih a thuituen.
22 ၂၂ ကိုယ်တော်သည်ကျမ်းတတ်ဆရာတို့သွန်သင်သကဲ့သို့ မဟုတ်ဘဲ အာဏာရှိသူကဲ့သို့သွန်သင်တော်မူ၏။ သို့ ဖြစ်၍လူတို့သည်ကိုယ်တော်၏သွန်သင်ပုံကိုအံ့သြ ကြ၏။
Te vaengah anih kah thuituennah soah let uh. Amih a thuituen te saithainah aka khueh la om tih cadaek rhoek bangla om pawh.
23 ၂၃ ထိုအချိန်၌တရားဇရပ်ထဲတွင် ညစ်ညမ်းသောနတ် ပူးဝင်နေသူတစ်ဦးရှိ၏။-
Amih kah tunim ah hlang pakhat tah mueihla thae neh lawt om.
24 ၂၄ ထိုသူက ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ် တို့အားအဘယ်သို့ပြုလိုတော်မူပါသနည်း။ အကျွန်ုပ် တို့အားဖျက်ဆီးရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူပေတည်း'' ဟုဟစ်အော်၏။
Te vaengah pang tih, “Nazareth Jesuh kaimih neh nang te mebang tloe lae? Kaimih he poci sak ham nim na pawk? Nang unim ti khaw kam ming ta, Pathen kah hlangcim la,” a ti nah.
25 ၂၅ သခင်ယေရှုက ``ဆိတ်ဆိတ်နေလော့။ ထွက်ခဲ့ လော့'' ဟုအမိန့်ပေးတော်မူ၏။-
Tedae Jesuh loh anih te a ho tih, “Paa lamtah anih lamloh cet laeh,” a ti nah.
26 ၂၆ ညစ်ညမ်းသောနတ်သည်လူကိုပြင်းစွာတုန်တက် စေပြီးလျှင် ကျယ်စွာဟစ်အော်၍ထွက်ခွာသွား၏။-
Te vaengah mueihla thae loh anih te a suvaih sak. Te phoeiah ol a len la pang tih anih lamloh coe.
27 ၂၇ လူအပေါင်းတို့သည်လွန်စွာအံ့သြကြလျက် ``ဤ အချင်းအရာကားအဘယ်သို့နည်း။ သြဝါဒသစ် တစ်မျိုးပေလော။ သူသည်ညစ်ညမ်းသောနတ်များကို အာဏာနှင့်အမိန့်ပေး၍ နတ်တို့ကလိုက်နာကြ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။-
Te vaengah boeih a ngaihmang uh. Te dongah amamih te oelh uh thae tih, “Metlam nim he? Saithainah neh thuituennah a thai loh, mueihla thae rhoek pataeng a tueih vaengah a ol a ngai uh,” a ti uh.
28 ၂၈ ချက်ချင်းပင်ကိုယ်တော်၏သတင်းသည် ဂါလိလဲ ပြည်တစ်ပြည်လုံးရှိကျေးလက်တောရွာအပေါင်း သို့ပြန့်သွားလေသည်။
Te dongah a olthang tah Galilee pingpang khotomrhali boeih ah cet khonghak.
29 ၂၉ ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တရားဇရပ်မှထွက်ခွာ၍ ရှိမုန်နှင့်အန္ဒြေ၏အိမ်သို့ ကြွတော်မူ၏။ ယာကုပ်နှင့်ယောဟန်တို့လည်း လိုက်ပါသွားကြ၏။
Te phoeiah tunim lamloh tlek cet uh tih James neh Johan khaw, Simon neh Andrew im la pawk uh.
30 ၃၀ ရှိမုန်၏ယောက္ခမမိန်းမသူသည်အိပ်ရာပေါ်တွင် ဖျားလျက်ရှိ၏။ သူ၏အကြောင်းကိုကိုယ်တော်အား ချက်ချင်းပင်လျှောက်ထားကြ၏။-
Tedae Simon masae tah tlo tih yalh. Te dongah anih ham te Jesuh taengah tlek a thui uh.
31 ၃၁ ကိုယ်တော်သည်သူ့ထံသို့သွား၍လက်ကိုကိုင်ဆွဲ ထူမတော်မူ၏။ ထိုအခါသူသည်အဖျားပျောက် ၍ဧည့်သည်ဝတ်ကိုပြုလေ၏။-
Te dongah a paan tih a kut te a tuuk pah. Anih te a thoh vaengah anih te satloh loh a hlah tih amih te a kok.
32 ၃၂ နေဝင်၍ညချမ်းအချိန်ရောက်သောအခါ လူတို့သည် ရောဂါသည်များနှင့်နတ်မိစ္ဆာပူးဝင်သူများကို အထံတော်သို့ဆောင်ခဲ့ကြ၏။-
Hlaem a pha tih khomik a tlak vaengah tloh aka khueh rhoek neh rhaithae aka kaem boeih te Jesuh taengla a khuen uh.
33 ၃၃ တစ်မြို့လုံးမှလူတို့သည် အိမ်တံခါးဝတွင် လာရောက်စုရုံးလျက်ရှိနေကြ၏။-
Te vaengah kho pum ah aka om te thohka ah tingtun uh.
34 ၃၄ ကိုယ်တော်သည်ရောဂါအမျိုးမျိုးစွဲကပ်သူ အမြောက်အမြားကို ကျန်းမာစေတော်မူ၏။ များစွာ သောနတ်မိစ္ဆာတို့ကိုနှင်ထုတ်တော်မူ၏။ ထိုနတ်တို့သည် ကိုယ်တော်မည်သူဖြစ်ကြောင်းကိုသိကြ၏။ သို့ဖြစ် သောကြောင့်ကိုယ်တော်သည် သူတို့အားစကား ပြောခွင့်ပေးတော်မမူ။
Te phoeiah tlohtat soeprhep aka khueh hlangtlo muep a hoeih sak. Rhaithae khaw muep a haek. Tedae amah te aming uh dongah rhaithae rhoek te cal sak pawh.
35 ၃၅ နောက်တစ်နေ့မိုးမလင်းမီကိုယ်တော်သည်အိပ်ရာ မှထတော်မူ၏။ ထိုနောက်ဆိတ်ငြိမ်ရာအရပ်သို့ ထွက်ကြွတော်မူပြီးလျှင် ဆုတောင်းပတ္ထနာပြုတော် မူ၏။-
Tedae khohmuep aih. ah yueya thoo tih aka nong te khosoek hmuen la cet tih thangthui.
36 ၃၆ ရှိမုန်နှင့်အပေါင်းဖော်များသည်ကိုယ်တော်ကို လိုက်ရှာကြ၏။-
Te vaengah Simon neh a taengkah rhoek loh Jesuh hnuk a dawn uh.
37 ၃၇ တွေ့သောအခါ ``ကိုယ်တော်ကိုလူအပေါင်းတို့ ရှာနေကြပါသည်'' ဟုလျှောက်ကြ၏။
Tedae Jesuh te a hmuh uh vaengah a taengah, “Nang te boeih n'toem,” a ti nauh.
38 ၃၈ ကိုယ်တော်က ``အနီးအနားရှိရွာများသို့သွားကြ ကုန်စို့။ ထိုရွာများတွင်လည်းငါတရားဟောရမည်။ ထို့ကြောင့်ငါကြွလာခဲ့ခြင်းဖြစ်သည်'' ဟုတပည့် တော်တို့အားမိန့်တော်မူ၏။
Te vaengah amih te, “Kho om nah takuem ah cet uh sih lamtah, teah khawka hoeeh. Te hamni ka lo rhoe,” a ti nah.
39 ၃၉ ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး လှည့်လည်တော်မူ၍ တရားဇရပ်များတွင်တရား ဟောတော်မူ၏။ ထို့အပြင်နတ်မိစ္ဆာများကိုနှင် ထုတ်တော်မူ၏။
Te dongah Galilee pum ah cet tih amih kah tunim ah olthangthen a hoe phoeiah rhaithae te a vai.
40 ၄၀ အရေပြားရောဂါစွဲကပ်သူလူတစ်ယောက်သည် ကိုယ်တော်၏ရှေ့မှောက်သို့လာရောက်ဒူးထောက် ၍ ``အရှင်အလိုတော်ရှိလျှင် အကျွန်ုပ်ကိုရောဂါ မှသန့်စင်စေနိုင်ပါသည်'' ဟုလျှောက်ထား တောင်းပန်၏။
Te vaengah, hmaibae pakhat tah anih taengah pawk tih a hloep phoeiah a cungkueng thil. Te phoeiah Jesuh te, “Boeipa na ngaih koinih kai he nan cim sak thai ni,” a ti nah.
41 ၄၁ ကိုယ်တော်သည်သနားတော်မူသဖြင့် လက်တော်ကို ဆန့်၍ထိုသူ့ကိုတို့ထိတော်မူ၏။ ``ငါအလိုရှိ၏။ သန့်စင်စေ'' ဟုမိန့်တော်မူ၏။-
Te vaengah a thinphat tih a kut te a yueng. Anih te a taek tih, “Ka ngaih ta, cim saeh,” a ti nah.
42 ၄၂ မိန့်တော်မူသည့်ခဏ၌ ထိုသူသည်ရောဂါပျောက် ၍သန့်စင်သွားလေသည်။-
Te vaengah hmaibae tah anih lamloh pahoi nong tih cim.
43 ၄၃ ချက်ချင်းပင်သခင်ယေရှုသည်ထိုသူအား ``ဤ အဖြစ်အပျက်အကြောင်းကိုမည်သူ့အားမျှ မပြောနှင့်၊ ယဇ်ပုရောဟိတ်ထံသို့မူသွား၍သင်၏ ကိုယ်ကိုပြလော့။ သင်သန့်စင်သွားသည့်အတွက် လူတို့ရှေ့တွင်သက်သေပြရန် မောရှေမိန့်မှာသည့် ပူဇော်သကာကိုဆက်သလော့'' ဟုကြပ်တည်းစွာ သတိပေး၍ထွက်ခွာသွားစေတော်မူ၏။
Te phoeiah thanueih ah anih te tlek a tueih.
Tedae anih te, “Na thui loeng loeng pawt ham ngaithuen. Namah cet lamtah khosoih na tueng phoeiah na cimcaihnah dongah Moses loh a uen te tah nawn pah. Te tew amih taengah paipueinah la om saeh,” a ti nah.
45 ၄၅ ထိုသူသည်ထွက်ခွာ၍သွား၏။ သို့ရာတွင်မိမိ၏ အဖြစ်အပျက်အကြောင်းကို အနှံ့အပြား ပြောကြားလေသည်။ ထိုသတင်းသည်လွန်စွာ ပြန့်သွားရကားသခင်ယေရှုသည် အဘယ်မြို့သို့မျှ အထင်အရှားမဝင်နိုင်တော့ချေ။ ဆိတ်ကွယ်ရာ မြို့ပြင်ဒေသများမှာသာနေရ၏။ သို့သော် အရပ်ရပ်မှလူအပေါင်းတို့သည်အထံတော် သို့လာရောက်ကြကုန်၏။
Tedae a caeh neh a tong tih pung a hoe dongah ol te yilhcet. Te dongah Jesuh tah kho khuiah loloh kun thai voel pawh. Te phoeiah tah khosoek hmuen ah vawl om dae anih te a taengvai lamloh a paan uh.