< မာကု 9 >
1 ၁ ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားတန်ခိုးအာဏာနှင့်တကွ ဘုရား သခင်၏နိုင်ငံတော်တည်သည်ကိုမမြင်မီ ဤ အရပ်ရှိလူအချို့တို့သည်မသေရကြ'' ဟု မိန့်တော်မူ၏။
atha sa tAnavAdIt yuSmabhyamahaM yathArthaM kathayAmi, IzvararAjyaM parAkrameNopasthitaM na dRSTvA mRtyuM nAsvAdiSyante, atra daNDAyamAnAnAM madhyepi tAdRzA lokAH santi|
2 ၂ ခြောက်ရက်မျှကြာသော်သခင်ယေရှုသည်ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုမြင့်သောတောင်ပေါ်သို့ ခေါ်ဆောင်သွားတော်မူ၏။ အခြားတစ်စုံတစ် ယောက်မျှမပါချေ။ သူတို့၏ရှေ့တွင်ကိုယ်တော် ၏အဆင်းသဏ္ဌာန်တော်သည်ပြောင်းလဲလေ၏။-
atha SaDdinebhyaH paraM yIzuH pitaraM yAkUbaM yohanaJca gRhItvA gireruccasya nirjanasthAnaM gatvA teSAM pratyakSe mUrtyantaraM dadhAra|
3 ၃ အဝတ်တော်သည်တောက်ပလျက်လွန်မင်းစွာ ဖြူဖွေးလာ၏။ ဤမျှဖြူဖွေးစေရန်ဤလောက တွင်မည်သည့်ခဝါသည်မျှမတတ်နိုင်ရာ။-
tatastasya paridheyam IdRzam ujjvalahimapANaDaraM jAtaM yad jagati kopi rajako na tAdRk pANaDaraM karttAM zaknoti|
4 ၄ တပည့်တော်သုံးဦးတို့၏ရှေ့တွင် ဧလိယနှင့် မောရှေပေါ်လာ၍သခင်ယေရှုနှင့်စကား ပြောနေကြ၏။-
aparaJca eliyo mUsAzca tebhyo darzanaM dattvA yIzunA saha kathanaM karttumArebhAte|
5 ၅ ထိုအခါပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေထိုင်ဖွယ်ကောင်းပါ၏။ ကိုယ်တော်ရှင်အတွက် တဲတစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ်တို့ ဆောက်ပါရစေ'' ဟုသခင်ယေရှုအားလျှောက် ထား၏။-
tadA pitaro yIzumavAdIt he guro'smAkamatra sthitiruttamA, tataeva vayaM tvatkRte ekAM mUsAkRte ekAm eliyakRte caikAM, etAstisraH kuTI rnirmmAma|
6 ၆ တပည့်တော်တို့သည်လွန်မင်းစွာကြောက်လန့်လျက် ရှိကြသဖြင့် ပေတရုသည်မည်သို့လျှောက်ထားရ မည်ကိုမသိ၍ယင်းသို့လျှောက်ထားလိုက်သတည်း။
kintu sa yaduktavAn tat svayaM na bubudhe tataH sarvve bibhayAJcakruH|
7 ၇ ထိုနောက်မိုးတိမ်တိုက်တစ်ခုသည်ပေါ်လာ၍သူတို့ အပေါ်သို့တိမ်ရိပ်ကျလေသည်။ ``ဤသူကားငါ ၏ချစ်သားဖြစ်၏။ သူ၏စကားကိုနားထောင် လော့'' ဟုမိုးတိမ်ကအသံတော်ထွက်ပေါ်လာ၏။-
etarhi payodastAn chAdayAmAsa, mamayAM priyaH putraH kathAsu tasya manAMsi nivezayateti nabhovANI tanmedyAnniryayau|
8 ၈ ထိုအခါတပည့်တော်တို့သည်မိမိတို့ပတ်လည် သို့လှည့်ကြည့်ကြသော်လည်း သခင်ယေရှုမှတစ် ပါးအခြားမည်သူ့ကိုမျှမတွေ့ရကြတော့ပေ။
atha haThAtte caturdizo dRSTvA yIzuM vinA svaiH sahitaM kamapi na dadRzuH|
9 ၉ ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်ကိုယ်တော် က ``သင်တို့တွေ့မြင်ခဲ့သည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။
tataH paraM gireravarohaNakAle sa tAn gADham dUtyAdideza yAvannarasUnoH zmazAnAdutthAnaM na bhavati, tAvat darzanasyAsya vArttA yuSmAbhiH kasmaicidapi na vaktavyA|
10 ၁၀ သူတို့သည်ဤအမိန့်ကိုလိုက်နာကြသော်လည်း ``သေခြင်းမှထမြောက်သည်ဆိုသည်ကားအဘယ် နည်း'' ဟုအချင်းချင်းဆွေးနွေးလျက်နေကြ၏။-
tadA zmazAnAdutthAnasya kobhiprAya iti vicAryya te tadvAkyaM sveSu gopAyAJcakrire|
11 ၁၁ ထိုနောက်ကိုယ်တော်အား ``ကျမ်းတတ်ဆရာတို့ က ဦးစွာပထမဧလိယကြွလာလိမ့်မည်ဟု အဘယ်ကြောင့်ဆိုပါသနည်း'' ဟုမေးလျှောက် ကြ၏။
atha te yIzuM papracchuH prathamata eliyenAgantavyam iti vAkyaM kuta upAdhyAyA AhuH?
12 ၁၂ ကိုယ်တော်က ``အမှုအရာခပ်သိမ်းကိုအသင့် ပြင်ဆင်ရန် ဦးစွာပထမဧလိယကြွလာရ သည်ကားမှန်၏။ သို့ရာတွင်ကျမ်းစာတော်က လူသားသည်များစွာသောဒုက္ခဆင်းရဲကိုလည်း ကောင်း၊ ပစ်ပယ်ခြင်းကိုလည်းကောင်းခံရမည်ဟု အဘယ်ကြောင့်ဆိုသနည်း။-
tadA sa pratyuvAca, eliyaH prathamametya sarvvakAryyANi sAdhayiSyati; naraputre ca lipi ryathAste tathaiva sopi bahuduHkhaM prApyAvajJAsyate|
13 ၁၃ ဧလိယသည်ကြွလာခဲ့ပြီ။ ကျမ်းစာလာသည် အတိုင်း လူတို့သည်သူ့အားပြုလိုရာပြုခဲ့ကြ ပြီဟုသင်တို့အားငါဆိုသည်'' ဟုမိန့်တော်မူ၏။
kintvahaM yuSmAn vadAmi, eliyArthe lipi ryathAste tathaiva sa etya yayau, lokA: svecchAnurUpaM tamabhivyavaharanti sma|
14 ၁၄ ကိုယ်တော်နှင့်တပည့်တော်သုံးဦးတို့သည် အခြား တပည့်တော်များရှိရာသို့ရောက်လာကြသောအခါ လူပရိသတ်ကြီးကိုမြင်ကြ၏။ တပည့်တော်တို့ သည်ကျမ်းတတ်ဆရာများနှင့်အခြေအတင် ပြောဆိုနေကြ၏။-
anantaraM sa ziSyasamIpametya teSAM catuHpArzve taiH saha bahujanAn vivadamAnAn adhyApakAMzca dRSTavAn;
15 ၁၅ လူအပေါင်းတို့သည်ကိုယ်တော်ကိုမြင်သောအခါ အံ့သြကြလျက်အထံတော်သို့ပြေး၍နှုတ်ခွန်း ဆက်ကြ၏။-
kintu sarvvalokAstaM dRSTvaiva camatkRtya tadAsannaM dhAvantastaM praNemuH|
16 ၁၆ ကိုယ်တော်ကတပည့်တော်တို့အား ``သင်တို့သည် ဤသူတို့နှင့်အဘယ်အကြောင်းအရာများကို အခြေအတင်ပြောဆိုနေကြသနည်း'' ဟုမေး တော်မူ၏။
tadA yIzuradhyApakAnaprAkSId etaiH saha yUyaM kiM vivadadhve?
17 ၁၇ ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်သည်မိမိ၏သားငယ်ကိုအထံတော် သို့ခေါ်ခဲ့ပါသည်။ သူသည်ဆွံ့အသည့်နတ် ပူးဝင်နေသူဖြစ်ပါသည်။-
tato lokAnAM kazcidekaH pratyavAdIt he guro mama sUnuM mUkaM bhUtadhRtaJca bhavadAsannam AnayaM|
18 ၁၈ နတ်ပူးဝင်သည့်အခါတိုင်းသူသည်မြေပေါ်မှာ လဲကျတတ်ပါ၏။ ပါးစပ်မှအမြှုပ်များထွက် လျက်အံသွားများကြိတ်တတ်ပါသည်။ ထိုနောက် သူ၏ကိုယ်သည်တောင့်မာလာပါသည်။ အရှင်၏ တပည့်များအားထိုနတ်ကိုနှင်ထုတ်ပေးရန် အကျွန်ုပ်တောင်းပန်ပါသော်လည်းသူတို့သည် မတတ်နိုင်ကြပါ'' ဟုကိုယ်တော်အားလျှောက် ထား၏။
yadAsau bhUtastamAkramate tadaiva pAtasati tathA sa pheNAyate, dantairdantAn gharSati kSINo bhavati ca; tato hetostaM bhUtaM tyAjayituM bhavacchiSyAn niveditavAn kintu te na zekuH|
19 ၁၉ ကိုယ်တော်က ``သင်တို့သည်ယုံကြည်ခြင်းကင်းမဲ့လှ ပါသည်တကား။ ငါသည်သင်တို့နှင့်မည်မျှကြာ အောင်နေရမည်နည်း။ မည်မျှကြာအောင်သင်တို့အား သည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံသို့ခေါ်ခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။-
tadA sa tamavAdIt, re avizvAsinaH santAnA yuSmAbhiH saha kati kAlAnahaM sthAsyAmi? aparAn kati kAlAn vA va AcArAn sahiSye? taM madAsannamAnayata|
20 ၂၀ သူတို့သည်ထိုသူငယ်ကိုအထံတော်သို့ခေါ်ခဲ့ ကြ၏။ နတ်သည်ကိုယ်တော်ကိုမြင်လျှင်မြင်ချင်းသူငယ် အား ပြင်းထန်စွာတုန်တက်စေသဖြင့် သူငယ်သည် ပါးစပ်မှအမြှုပ်များထွက်လျက်မြေသို့လဲ ကျလူးလှိမ့်နေ၏။-
tatastatsannidhiM sa AnIyata kintu taM dRSTvaiva bhUto bAlakaM dhRtavAn; sa ca bhUmau patitvA pheNAyamAno luloTha|
21 ၂၁ သခင်ယေရှုက ``ဤသို့ဖြစ်ပျက်နေသည်မှာ ကြာပြီလော'' ဟုသူငယ်၏ဖခင်အားမေး တော်မူ၏။ ဖခင်က ``ကလေးအရွယ်မှပင်ဖြစ်ပါသည်။-
tadA sa tatpitaraM papraccha, asyedRzI dazA kati dinAni bhUtA? tataH sovAdIt bAlyakAlAt|
22 ၂၂ နတ်သည်သူငယ်အားသေစေရန်ကြိမ်ဖန်များစွာ မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ဖြစ်စေလဲစေတတ်ပါ သည်။ အရှင်တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့အား သနားသဖြင့်ကူမတော်မူပါ'' ဟုပြန်လည် လျှောက်ထား၏။
bhUtoyaM taM nAzayituM bahuvArAn vahnau jale ca nyakSipat kintu yadi bhavAna kimapi karttAM zaknoti tarhi dayAM kRtvAsmAn upakarotu|
23 ၂၃ သခင်ယေရှုက ``တတ်နိုင်တော်မူလျှင်'' ဟု အဘယ်ကြောင့်ဆိုဘိသနည်း။ ယုံကြည်ခြင်း ရှိသူအဖို့မဖြစ်နိုင်သောအရာမရှိ'' ဟု ထိုသူအားမိန့်တော်မူ၏။-
tadA yIzustamavadat yadi pratyetuM zaknoSi tarhi pratyayine janAya sarvvaM sAdhyam|
24 ၂၄ ချက်ချင်းပင်သူငယ်၏အဖက ``အကျွန်ုပ်အကယ် ပင်ယုံကြည်ပါ၏။ ယုံကြည်ခြင်းမပြည့်စုံသည့် အတွက်အကျွန်ုပ်အားမစတော်မူပါ'' ဟုကျယ် စွာလျှောက်ထား၏။
tatastatkSaNaM tadbAlakasya pitA proccai rUvan sAzrunetraH provAca, prabho pratyemi mamApratyayaM pratikuru|
25 ၂၅ အထံတော်သို့လူပရိသတ်များပြေးလာကြ သည်ကိုကိုယ်တော်မြင်တော်မူလျှင် ``ဆွံ့အနားပင်း သောနတ်၊ သူငယ်ထံမှထွက်လော့။ အဘယ်အခါမျှ ပြန်၍မပူးမဝင်နှင့်၊ ငါအမိန့်ရှိသည်'' ဟုညစ် ညမ်းသောနတ်အားမိန့်တော်မူ၏။-
atha yIzu rlokasaGghaM dhAvitvAyAntaM dRSTvA tamapUtabhUtaM tarjayitvA jagAda, re badhira mUka bhUta tvametasmAd bahirbhava punaH kadApi mAzrayainaM tvAmaham ityAdizAmi|
26 ၂၆ နတ်သည်အော်ဟစ်ပြီးလျှင် သူငယ်ကိုပြင်းစွာတုန် တက်စေ၏။ ထိုနောက်သူ့ထံမှထွက်သွား၏။ သူငယ် သည်သူသေကဲ့သို့ဖြစ်နေသဖြင့် လူအများ ပင် ``သူငယ်သေပြီ'' ဟုပြောကြ၏။-
tadA sa bhUtazcItzabdaM kRtvA tamApIDya bahirjajAma, tato bAlako mRtakalpo babhUva tasmAdayaM mRtaityaneke kathayAmAsuH|
27 ၂၇ သို့ရာတွင်သခင်ယေရှုသည်သူငယ်၏လက်ကို ကိုင်လျက်ထူမတော်မူ၏။ ထိုအခါသူငယ်သည် ထလေ၏။
kintu karaM dhRtvA yIzunotthApitaH sa uttasthau|
28 ၂၈ ကိုယ်တော်သည်အိမ်သို့ပြန်ရောက်၍တစ်ကိုယ်တည်း ရှိတော်မူသောအခါ တပည့်တော်တို့က ``အကျွန်ုပ် တို့သည်ထိုနတ်ကိုအဘယ်ကြောင့်နှင်ထုတ်၍ မရပါသနည်း'' ဟုမေးလျှောက်ကြ၏။
atha yIzau gRhaM praviSTe ziSyA guptaM taM papracchuH, vayamenaM bhUtaM tyAjayituM kuto na zaktAH?
29 ၂၉ ကိုယ်တော်က ``ဆုတောင်းခြင်းမှတစ်ပါး အခြား အဘယ်နည်းနှင့်မျှဤနတ်မျိုးကိုနှင်ထုတ်၍ မရ'' ဟုမိန့်တော်မူ၏။
sa uvAca, prArthanopavAsau vinA kenApyanyena karmmaNA bhUtamIdRzaM tyAjayituM na zakyaM|
30 ၃၀ ကိုယ်တော်နှင့်တပည့်တော်တို့သည်ထိုအရပ်မှ ထွက်ခွာကြပြီးလျှင် ဂါလိလဲပြည်ကိုဖြတ် သွားကြ၏။ ယင်းသို့ဖြတ်သွားကြောင်းကိုကိုယ် တော်သည်မည်သူ့အားမျှသိစေတော်မမူလို။-
anantaraM sa tatsthAnAditvA gAlIlmadhyena yayau, kintu tat kopi jAnIyAditi sa naicchat|
31 ၃၁ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ``လူတို့ ၏လက်တွင်းသို့လူသားကိုအပ်နှံကြလိမ့်မည်။ သူ့ကိုသတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက်ကြာ သော်သူသည်သေခြင်းမှထမြောက်လိမ့်မည်'' ဟု တပည့်တော်တို့အားသွန်သင်တော်မူလျက်ရှိ သောကြောင့်ဖြစ်၏။-
aparaJca sa ziSyAnupadizan babhASe, naraputro narahasteSu samarpayiSyate te ca taM haniSyanti taistasmin hate tRtIyadine sa utthAsyatIti|
32 ၃၂ တပည့်တော်တို့သည်ကိုယ်တော်၏စကားတော်ကို နားမလည်ကြ။ သို့ရာတွင်ကိုယ်တော်အားမမေး မလျှောက်ဝံ့ကြ။
kintu tatkathAM te nAbudhyanta praSTuJca bibhyaH|
33 ၃၃ ကိုယ်တော်နှင့်တပည့်တော်တို့သည်ကပေရ နောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲသို့ဝင်ပြီး နောက် ကိုယ်တော်က ``သင်တို့သည်လမ်းတွင် အဘယ်အကြောင်းအရာများကိုဆွေးနွေး ကြသနည်း'' ဟုတပည့်တို့အားမေးတော်မူ၏။-
atha yIzuH kapharnAhUmpuramAgatya madhyegRhaJcetya tAnapRcchad vartmamadhye yUyamanyonyaM kiM vivadadhve sma?
34 ၃၄ သူတို့သည်ဆိတ်ဆိတ်နေကြ၏။ အဘယ်ကြောင့် ဆိုသော်မိမိတို့အနက် အဘယ်သူသည်အကြီး မြတ်ဆုံးဖြစ်သည်ကိုလမ်းတွင်ဆွေးနွေးငြင်းခုံ ခဲ့ကြသောကြောင့်ဖြစ်၏။-
kintu te niruttarAstasthu ryasmAtteSAM ko mukhya iti vartmAni te'nyonyaM vyavadanta|
35 ၃၅ ကိုယ်တော်သည်ထိုင်တော်မူပြီးလျှင်တစ်ကျိပ်နှစ် ပါးတို့ကိုခေါ်တော်မူ၍ ``အမြင့်ဆုံးသို့ရောက် လိုသူသည်အနိမ့်ဆုံးမှာနေရမည်။ လူခပ်သိမ်း တို့၏အစေခံလည်းဖြစ်ရမည်'' ဟုမိန့်တော်မူ၏။-
tataH sa upavizya dvAdazaziSyAn AhUya babhASe yaH kazcit mukhyo bhavitumicchati sa sarvvebhyo gauNaH sarvveSAM sevakazca bhavatu|
36 ၃၆ ကိုယ်တော်သည်ကလေးသူငယ်တစ်ယောက်ကို ခေါ်၍ တပည့်တော်တို့အလယ်တွင်ထားတော် မူ၏။-
tadA sa bAlakamekaM gRhItvA madhye samupAvezayat tatastaM kroDe kRtvA tAnavAdAt
37 ၃၇ ထိုနောက်ထိုသူငယ်ကိုပွေ့တော်မူလျက် ``ငါ ၏နာမကိုထောက်၍ ဤသို့သောသူငယ်တစ်စုံ တစ်ယောက်ကိုလက်ခံသူသည်ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသူသည်ငါ့ကိုသာလက်ခံသည် မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို လည်းလက်ခံ၏'' ဟုမိန့်တော်မူ၏။
yaH kazcidIdRzasya kasyApi bAlasyAtithyaM karoti sa mamAtithyaM karoti; yaH kazcinmamAtithyaM karoti sa kevalam mamAtithyaM karoti tanna matprerakasyApyAtithyaM karoti|
38 ၃၈ ယောဟန်က ``အရှင်ဘုရား၊ အရှင်၏နာမတော် ကိုအမှီပြု၍နတ်မိစ္ဆာတို့ကိုနှင်ထုတ်နေသူလူ တစ်ယောက်ကို အကျွန်ုပ်တို့တွေ့မြင်ခဲ့ပါသည်။ သူသည်အကျွန်ုပ်တို့နှင့်အတူမလိုက်။ သို့မလိုက် သဖြင့်အကျွန်ုပ်တို့သည် သူ့အားအရှင်၏နာမ တော်ကိုအသုံးမပြုရန်တားမြစ်ခဲ့ပါ၏'' ဟု ကိုယ်တော်အားလျှောက်ထား၏။-
atha yohan tamabravIt he guro, asmAkamananugAminam ekaM tvAnnAmnA bhUtAn tyAjayantaM vayaM dRSTavantaH, asmAkamapazcAdgAmitvAcca taM nyaSedhAma|
39 ၃၉ သခင်ယေရှုက ``သူ့ကိုမတားမြစ်ကြနှင့်၊ ငါ ၏နာမကိုအမှီပြု၍အံ့ဖွယ်သောအမှုကိုပြု ပြီးနောက် ငါ့အားပုတ်ခတ်ပြောဆိုနိုင်မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။-
kintu yIzuravadat taM mA niSedhat, yato yaH kazcin mannAmnA citraM karmma karoti sa sahasA mAM nindituM na zaknoti|
40 ၄၀ ငါတို့အားမဆန့်ကျင်သူသည်ငါတို့ဘက်သား ဖြစ်၏။-
tathA yaH kazcid yuSmAkaM vipakSatAM na karoti sa yuSmAkameva sapakSaH|
41 ၄၁ အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏ တပည့်များဖြစ်သည်ကိုထောက်လျက် သင်တို့အား သောက်ရေတစ်ခွက်ကိုပေးသူသည်မုချအကျိုး ခံစားရလိမ့်မည်။
yaH kazcid yuSmAn khrISTaziSyAn jJAtvA mannAmnA kaMsaikena pAnIyaM pAtuM dadAti, yuSmAnahaM yathArthaM vacmi, sa phalena vaJcito na bhaviSyati|
42 ၄၂ ``ငါ့ကိုယုံကြည်ကိုးစားမှုပျက်ပြားစေရန် ဤ ကလေးသူငယ်တစ်စုံတစ်ယောက်ကိုမှောက်မှား လမ်းလွဲစေသောသူသည် လည်တွင်ကြိတ်ဆုံကျောက် ကိုဆွဲလျက်ပင်လယ်ထဲသို့ပစ်ချခံရလျှင်သူ့ အဖို့သာ၍ကောင်း၏။-
kintu yadi kazcin mayi vizvAsinAmeSAM kSudraprANinAm ekasyApi vighnaM janayati, tarhi tasyaitatkarmma karaNAt kaNThabaddhapeSaNIkasya tasya sAgarAgAdhajala majjanaM bhadraM|
43 ၄၃ သင်၏လက်သည်သင်၏ယုံကြည်ခြင်းကိုပျက် ပြားစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။- (လောက်ကောင်များမသေ၊ မီးမငြိမ်းရာ) ငရဲမီး ထဲသို့လက်နှစ်ဖက်အစုံအလင်နှင့်ကျရောက် ရသည်ထက်၊ လက်တစ်ဖက်ချို့တဲ့လျက်ထာဝရ အသက်ကိုရခြင်းကသာ၍ကောင်း၏။- (Geenna )
ataH svakaro yadi tvAM bAdhate tarhi taM chindhi;
yasmAt yatra kITA na mriyante vahnizca na nirvvAti, tasmin anirvvANAnalanarake karadvayavastava gamanAt karahInasya svargapravezastava kSemaM| (Geenna )
45 ၄၅ သင်၏ခြေသည်သင်၏ယုံကြည်ခြင်းကိုပျက် ပြားစေလျှင် ထိုခြေကိုဖြတ်ပစ်လော့။- သင်သည်(လောက်ကောင်များမသေ၊ မီးမငြိမ်းရာ) ငရဲသို့ခြေနှစ်ဖက်အစုံအလင်နှင့်ကျရသည် ထက် ခြေတစ်ဖက်ချို့တဲ့လျက်ထာဝရအသက် ကိုရခြင်းကသာ၍ကောင်း၏။- (Geenna )
yadi tava pAdo vighnaM janayati tarhi taM chindhi,
yato yatra kITA na mriyante vahnizca na nirvvAti, tasmin 'nirvvANavahnau narake dvipAdavatastava nikSepAt pAdahInasya svargapravezastava kSemaM| (Geenna )
47 ၄၇ သင်၏မျက်စိသည်သင်၏ယုံကြည်ခြင်းကိုပျက်ပြား စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့၊ မျက်စိတစ်စုံနှင့် ငရဲသို့ကျရသည်ထက် ဘုရားသခင်၏နိုင်ငံတော် သို့မျက်စိတစ်လုံးချို့တဲ့လျက်ဝင်ရသည်ကသာ၍ ကောင်း၏။- (Geenna )
svanetraM yadi tvAM bAdhate tarhi tadapyutpATaya, yato yatra kITA na mriyante vahnizca na nirvvAti,
48 ၄၈ ထိုနေရာသည်ဖျက်ဆီးနေသောလောက်ကောင်များ မသေ၊ မီးမငြိမ်းရာနေရာဖြစ်သည်။
tasmina 'nirvvANavahnau narake dvinetrasya tava nikSepAd ekanetravata IzvararAjye pravezastava kSemaM| (Geenna )
49 ၄၉ ``ယဇ်ကောင်ကိုဆားခပ်၍သန့်စင်စေသကဲ့သို့ မီးသည်လူခပ်သိမ်းတို့ကိုသန့်စင်စေလိမ့်မည်။-
yathA sarvvo bali rlavaNAktaH kriyate tathA sarvvo jano vahnirUpeNa lavaNAktaH kAriSyate|
50 ၅၀ ဆားသည်အသုံးဝင်၏။ သို့သော်ဆားမှအငန်ကင်း ပျောက်သွားပါမူ သင်တို့သည်ယင်းကိုအဘယ်သို့ ပြန်၍ငန်အောင်ပြုနိုင်ပါမည်နည်း။ ``သင်တို့၌မိတ်ဖွဲ့ခြင်းတည်းဟူသောဆားရှိစေ ပြီးလျှင် အချင်းချင်းငြိမ်းချမ်းစွာနေကြလော့'' ဟုမိန့်တော်မူ၏။
lavaNaM bhadraM kintu yadi lavaNe svAdutA na tiSThati, tarhi katham AsvAdyuktaM kariSyatha? yUyaM lavaNayuktA bhavata parasparaM prema kuruta|