< မာကု 9 >

1 ထို​နောက်​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​တန်​ခိုး​အာ​ဏာ​နှင့်​တ​ကွ ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​တည်​သည်​ကို​မ​မြင်​မီ ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည်​မ​သေ​ရ​ကြ'' ဟု မိန့်​တော်​မူ​၏။
And he said unto them, Verily I say unto you, There be some here of them that stand [by], which shall in no wise taste of death, till they see the kingdom of God come with power.
2 ခြောက်​ရက်​မျှ​ကြာ​သော်​သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​မြင့်​သော​တောင်​ပေါ်​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။ အ​ခြား​တစ်​စုံ​တစ် ယောက်​မျှ​မ​ပါ​ချေ။ သူ​တို့​၏​ရှေ့​တွင်​ကိုယ်​တော် ၏​အ​ဆင်း​သဏ္ဌာန်​တော်​သည်​ပြောင်း​လဲ​လေ​၏။-
And after six days Jesus taketh with him Peter, and James, and John, and bringeth them up into a high mountain apart by themselves: and he was transfigured before them:
3 အ​ဝတ်​တော်​သည်​တောက်​ပ​လျက်​လွန်​မင်း​စွာ ဖြူ​ဖွေး​လာ​၏။ ဤ​မျှ​ဖြူ​ဖွေး​စေ​ရန်​ဤ​လော​က တွင်​မည်​သည့်​ခ​ဝါ​သည်​မျှ​မ​တတ်​နိုင်​ရာ။-
and his garments became glistering, exceeding white; so as no fuller on earth can whiten them.
4 တ​ပည့်​တော်​သုံး​ဦး​တို့​၏​ရှေ့​တွင် ဧ​လိ​ယ​နှင့် မော​ရှေ​ပေါ်​လာ​၍​သ​ခင်​ယေ​ရှု​နှင့်​စ​ကား ပြော​နေ​ကြ​၏။-
And there appeared unto them Elijah with Moses: and they were talking with Jesus.
5 ထို​အ​ခါ​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ထိုင်​ဖွယ်​ကောင်း​ပါ​၏။ ကိုယ်​တော်​ရှင်​အ​တွက် တဲ​တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တဲ​တစ်​ဆောင်၊ ဧ​လိ​ယ အ​တွက်​တဲ​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို​အ​ကျွန်ုပ်​တို့ ဆောက်​ပါ​ရ​စေ'' ဟု​သ​ခင်​ယေ​ရှု​အား​လျှောက် ထား​၏။-
And Peter answereth and saith to Jesus, Rabbi, it is good for us to be here: and let us make three tabernacles; one for thee, and one for Moses, and one for Elijah.
6 တ​ပည့်​တော်​တို့​သည်​လွန်​မင်း​စွာ​ကြောက်​လန့်​လျက် ရှိ​ကြ​သ​ဖြင့် ပေ​တ​ရု​သည်​မည်​သို့​လျှောက်​ထား​ရ မည်​ကို​မ​သိ​၍​ယင်း​သို့​လျှောက်​ထား​လိုက်​သ​တည်း။
For he wist not what to answer; for they became sore afraid.
7 ထို​နောက်​မိုး​တိမ်​တိုက်​တစ်​ခု​သည်​ပေါ်​လာ​၍​သူ​တို့ အ​ပေါ်​သို့​တိမ်​ရိပ်​ကျ​လေ​သည်။ ``ဤ​သူ​ကား​ငါ ၏​ချစ်​သား​ဖြစ်​၏။ သူ​၏​စ​ကား​ကို​နား​ထောင် လော့'' ဟု​မိုး​တိမ်​က​အ​သံ​တော်​ထွက်​ပေါ်​လာ​၏။-
And there came a cloud overshadowing them: and there came a voice out of the cloud, This is my beloved Son: hear ye him.
8 ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​ပတ်​လည် သို့​လှည့်​ကြည့်​ကြ​သော်​လည်း သ​ခင်​ယေ​ရှု​မှ​တစ် ပါး​အ​ခြား​မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ကြ​တော့​ပေ။
And suddenly looking round about, they saw no one any more, save Jesus only with themselves.
9 ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တောင် ပေါ်​မှ​ဆင်း​ကြ​၏။ ထို​သို့​ဆင်း​ကြ​စဉ်​ကိုယ်​တော် က ``သင်​တို့​တွေ့​မြင်​ခဲ့​သည့်​အ​ခြင်း​အ​ရာ​ကို လူ​သား​သေ​ခြင်း​မှ​မ​ထ​မြောက်​မီ​အ​ဘယ်​သူ အား​မျှ​မ​ပြော​ကြ​နှင့်'' ဟု​တ​ပည့်​တော်​တို့​အား ပညတ်​တော်​မူ​၏။
And as they were coming down from the mountain, he charged them that they should tell no man what things they had seen, save when the Son of man should have risen again from the dead.
10 ၁၀ သူ​တို့​သည်​ဤ​အ​မိန့်​ကို​လိုက်​နာ​ကြ​သော်​လည်း ``သေ​ခြင်း​မှ​ထ​မြောက်​သည်​ဆို​သည်​ကား​အ​ဘယ် နည်း'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​လျက်​နေ​ကြ​၏။-
And they kept the saying, questioning among themselves what the rising again from the dead should mean.
11 ၁၁ ထို​နောက်​ကိုယ်​တော်​အား ``ကျမ်း​တတ်​ဆ​ရာ​တို့ က ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​ကြွ​လာ​လိမ့်​မည်​ဟု အ​ဘယ်​ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​မေး​လျှောက် ကြ​၏။
And they asked him, saying, The scribes say that Elijah must first come.
12 ၁၂ ကိုယ်​တော်​က ``အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​အ​သင့် ပြင်​ဆင်​ရန် ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​ကြွ​လာ​ရ သည်​ကား​မှန်​၏။ သို့​ရာ​တွင်​ကျမ်း​စာ​တော်​က လူ​သား​သည်​များ​စွာ​သော​ဒုက္ခ​ဆင်း​ရဲ​ကို​လည်း ကောင်း၊ ပစ်​ပယ်​ခြင်း​ကို​လည်း​ကောင်း​ခံ​ရ​မည်​ဟု အ​ဘယ်​ကြောင့်​ဆို​သ​နည်း။-
And he said unto them, Elijah indeed cometh first, and restoreth all things: and how is it written of the Son of man, that he should suffer many things and be set at nought?
13 ၁၃ ဧ​လိ​ယ​သည်​ကြွ​လာ​ခဲ့​ပြီ။ ကျမ်း​စာ​လာ​သည် အ​တိုင်း လူ​တို့​သည်​သူ့​အား​ပြု​လို​ရာ​ပြု​ခဲ့​ကြ ပြီ​ဟု​သင်​တို့​အား​ငါ​ဆို​သည်'' ဟု​မိန့်​တော်​မူ​၏။
But I say unto you, that Elijah is come, and they have also done unto him whatsoever they listed, even as it is written of him.
14 ၁၄ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​သုံး​ဦး​တို့​သည် အ​ခြား တ​ပည့်​တော်​များ​ရှိ​ရာ​သို့​ရောက်​လာ​ကြ​သော​အ​ခါ လူ​ပ​ရိ​သတ်​ကြီး​ကို​မြင်​ကြ​၏။ တ​ပည့်​တော်​တို့ သည်​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​အ​ခြေ​အ​တင် ပြော​ဆို​နေ​ကြ​၏။-
And when they came to the disciples, they saw a great multitude about them, and scribes questioning with them.
15 ၁၅ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ အံ့​သြ​ကြ​လျက်​အ​ထံ​တော်​သို့​ပြေး​၍​နှုတ်​ခွန်း ဆက်​ကြ​၏။-
And straightway all the multitude, when they saw him, were greatly amazed, and running to him saluted him.
16 ၁၆ ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``သင်​တို့​သည် ဤ​သူ​တို့​နှင့်​အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို အ​ခြေ​အ​တင်​ပြော​ဆို​နေ​ကြ​သ​နည်း'' ဟု​မေး တော်​မူ​၏။
And he asked them, What question ye with them?
17 ၁၇ ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​မိ​မိ​၏​သား​ငယ်​ကို​အ​ထံ​တော် သို့​ခေါ်​ခဲ့​ပါ​သည်။ သူ​သည်​ဆွံ့​အ​သည့်​နတ် ပူး​ဝင်​နေ​သူ​ဖြစ်​ပါ​သည်။-
And one of the multitude answered him, Master, I brought unto thee my son, which hath a dumb spirit;
18 ၁၈ နတ်​ပူး​ဝင်​သည့်​အ​ခါ​တိုင်း​သူ​သည်​မြေ​ပေါ်​မှာ လဲ​ကျ​တတ်​ပါ​၏။ ပါး​စပ်​မှ​အ​မြှုပ်​များ​ထွက် လျက်​အံ​သွား​များ​ကြိတ်​တတ်​ပါ​သည်။ ထို​နောက် သူ​၏​ကိုယ်​သည်​တောင့်​မာ​လာ​ပါ​သည်။ အ​ရှင်​၏ တ​ပည့်​များ​အား​ထို​နတ်​ကို​နှင်​ထုတ်​ပေး​ရန် အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သော်​လည်း​သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ'' ဟု​ကိုယ်​တော်​အား​လျှောက် ထား​၏။
and wheresoever it taketh him, it dasheth him down: and he foameth, and grindeth his teeth, and pineth away: and I spake to thy disciples that they should cast it out; and they were not able.
19 ၁၉ ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​လှ ပါ​သည်​တ​ကား။ ငါ​သည်​သင်​တို့​နှင့်​မည်​မျှ​ကြာ အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင်​သင်​တို့​အား သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-
And he answereth them and saith, O faithless generation, how long shall I be with you? how long shall I bear with you? bring him unto me.
20 ၂၀ သူ​တို့​သည်​ထို​သူ​ငယ်​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့ ကြ​၏။ နတ်​သည်​ကိုယ်​တော်​ကို​မြင်​လျှင်​မြင်​ချင်း​သူ​ငယ် အား ပြင်း​ထန်​စွာ​တုန်​တက်​စေ​သ​ဖြင့် သူ​ငယ်​သည် ပါး​စပ်​မှ​အ​မြှုပ်​များ​ထွက်​လျက်​မြေ​သို့​လဲ ကျ​လူး​လှိမ့်​နေ​၏။-
And they brought him unto him: and when he saw him, straightway the spirit tare him grievously; and he fell on the ground, and wallowed foaming.
21 ၂၁ သ​ခင်​ယေ​ရှု​က ``ဤ​သို့​ဖြစ်​ပျက်​နေ​သည်​မှာ ကြာ​ပြီ​လော'' ဟု​သူ​ငယ်​၏​ဖ​ခင်​အား​မေး တော်​မူ​၏။ ဖ​ခင်​က ``က​လေး​အ​ရွယ်​မှ​ပင်​ဖြစ်​ပါ​သည်။-
And he asked his father, How long time is it since this hath come unto him? And he said, From a child.
22 ၂၂ နတ်​သည်​သူ​ငယ်​အား​သေ​စေ​ရန်​ကြိမ်​ဖန်​များ​စွာ မီး​ထဲ​သို့​ဖြစ်​စေ၊ ရေ​ထဲ​သို့​ဖြစ်​စေ​လဲ​စေ​တတ်​ပါ သည်။ အ​ရှင်​တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​အား သ​နား​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ'' ဟု​ပြန်​လည် လျှောက်​ထား​၏။
And oft-times it hath cast him both into the fire and into the waters, to destroy him: but if thou canst do anything, have compassion on us, and help us.
23 ၂၃ သ​ခင်​ယေ​ရှု​က ``တတ်​နိုင်​တော်​မူ​လျှင်'' ဟု အ​ဘယ်​ကြောင့်​ဆို​ဘိ​သ​နည်း။ ယုံ​ကြည်​ခြင်း ရှိ​သူ​အ​ဖို့​မ​ဖြစ်​နိုင်​သော​အ​ရာ​မ​ရှိ'' ဟု ထို​သူ​အား​မိန့်​တော်​မူ​၏။-
And Jesus said unto him, If thou canst! All things are possible to him that believeth.
24 ၂၄ ချက်​ချင်း​ပင်​သူ​ငယ်​၏​အ​ဖ​က ``အ​ကျွန်ုပ်​အ​ကယ် ပင်​ယုံ​ကြည်​ပါ​၏။ ယုံ​ကြည်​ခြင်း​မ​ပြည့်​စုံ​သည့် အ​တွက်​အ​ကျွန်ုပ်​အား​မ​စ​တော်​မူ​ပါ'' ဟု​ကျယ် စွာ​လျှောက်​ထား​၏။
Straightway the father of the child cried out, and said, I believe; help thou mine unbelief.
25 ၂၅ အ​ထံ​တော်​သို့​လူ​ပ​ရိ​သတ်​များ​ပြေး​လာ​ကြ သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ``ဆွံ့​အ​နား​ပင်း သော​နတ်၊ သူ​ငယ်​ထံ​မှ​ထွက်​လော့။ အ​ဘယ်​အ​ခါ​မျှ ပြန်​၍​မ​ပူး​မ​ဝင်​နှင့်၊ ငါ​အ​မိန့်​ရှိ​သည်'' ဟု​ညစ် ညမ်း​သော​နတ်​အား​မိန့်​တော်​မူ​၏။-
And when Jesus saw that a multitude came running together, he rebuked the unclean spirit, saying unto him, Thou dumb and deaf spirit, I command thee, come out of him, and enter no more into him.
26 ၂၆ နတ်​သည်​အော်​ဟစ်​ပြီး​လျှင် သူ​ငယ်​ကို​ပြင်း​စွာ​တုန် တက်​စေ​၏။ ထို​နောက်​သူ့​ထံ​မှ​ထွက်​သွား​၏။ သူ​ငယ် သည်​သူ​သေ​ကဲ့​သို့​ဖြစ်​နေ​သ​ဖြင့် လူ​အ​များ ပင် ``သူ​ငယ်​သေ​ပြီ'' ဟု​ပြော​ကြ​၏။-
And having cried out, and torn him much, he came out: and [the child] became as one dead; insomuch that the more part said, He is dead.
27 ၂၇ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​သူ​ငယ်​၏​လက်​ကို ကိုင်​လျက်​ထူ​မ​တော်​မူ​၏။ ထို​အ​ခါ​သူ​ငယ်​သည် ထ​လေ​၏။
But Jesus took him by the hand, and raised him up; and he arose.
28 ၂၈ ကိုယ်​တော်​သည်​အိမ်​သို့​ပြန်​ရောက်​၍​တစ်​ကိုယ်​တည်း ရှိ​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ် တို့​သည်​ထို​နတ်​ကို​အ​ဘယ်​ကြောင့်​နှင်​ထုတ်​၍ မ​ရ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
And when he was come into the house, his disciples asked him privately, [saying], We could not cast it out.
29 ၂၉ ကိုယ်​တော်​က ``ဆု​တောင်း​ခြင်း​မှ​တစ်​ပါး အ​ခြား အ​ဘယ်​နည်း​နှင့်​မျှ​ဤ​နတ်​မျိုး​ကို​နှင်​ထုတ်​၍ မ​ရ'' ဟု​မိန့်​တော်​မူ​၏။
And he said unto them, This kind can come out by nothing, save by prayer.
30 ၃၀ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ထို​အ​ရပ်​မှ ထွက်​ခွာ​ကြ​ပြီး​လျှင် ဂါ​လိ​လဲ​ပြည်​ကို​ဖြတ် သွား​ကြ​၏။ ယင်း​သို့​ဖြတ်​သွား​ကြောင်း​ကို​ကိုယ် တော်​သည်​မည်​သူ့​အား​မျှ​သိ​စေ​တော်​မ​မူ​လို။-
And they went forth from thence, and passed through Galilee; and he would not that any man should know it.
31 ၃၁ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ``လူ​တို့ ၏​လက်​တွင်း​သို့​လူ​သား​ကို​အပ်​နှံ​ကြ​လိမ့်​မည်။ သူ့​ကို​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​ကြာ သော်​သူ​သည်​သေ​ခြင်း​မှ​ထ​မြောက်​လိမ့်​မည်'' ဟု တ​ပည့်​တော်​တို့​အား​သွန်​သင်​တော်​မူ​လျက်​ရှိ သော​ကြောင့်​ဖြစ်​၏။-
For he taught his disciples, and said unto them, The Son of man is delivered up into the hands of men, and they shall kill him; and when he is killed, after three days he shall rise again.
32 ၃၂ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​လည်​ကြ။ သို့​ရာ​တွင်​ကိုယ်​တော်​အား​မ​မေး မ​လျှောက်​ဝံ့​ကြ။
But they understood not the saying, and were afraid to ask him.
33 ၃၃ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​က​ပေ​ရ နောင်​မြို့​သို့​ရောက်​ကြ​၏။ အိမ်​ထဲ​သို့​ဝင်​ပြီး နောက် ကိုယ်​တော်​က ``သင်​တို့​သည်​လမ်း​တွင် အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို​ဆွေး​နွေး ကြ​သ​နည်း'' ဟု​တ​ပည့်​တို့​အား​မေး​တော်​မူ​၏။-
And they came to Capernaum: and when he was in the house he asked them, What were ye reasoning in the way?
34 ၃၄ သူ​တို့​သည်​ဆိတ်​ဆိတ်​နေ​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​မိ​မိ​တို့​အ​နက် အ​ဘယ်​သူ​သည်​အ​ကြီး မြတ်​ဆုံး​ဖြစ်​သည်​ကို​လမ်း​တွင်​ဆွေး​နွေး​ငြင်း​ခုံ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-
But they held their peace: for they had disputed one with another in the way, who [was] the greatest.
35 ၃၅ ကိုယ်​တော်​သည်​ထိုင်​တော်​မူ​ပြီး​လျှင်​တစ်​ကျိပ်​နှစ် ပါး​တို့​ကို​ခေါ်​တော်​မူ​၍ ``အ​မြင့်​ဆုံး​သို့​ရောက် လို​သူ​သည်​အ​နိမ့်​ဆုံး​မှာ​နေ​ရ​မည်။ လူ​ခပ်​သိမ်း တို့​၏​အ​စေ​ခံ​လည်း​ဖြစ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
And he sat down, and called the twelve; and he saith unto them, If any man would be first, he shall be last of all, and minister of all.
36 ၃၆ ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တစ်​ယောက်​ကို ခေါ်​၍ တ​ပည့်​တော်​တို့​အ​လယ်​တွင်​ထား​တော် မူ​၏။-
And he took a little child, and set him in the midst of them: and taking him in his arms, he said unto them,
37 ၃၇ ထို​နောက်​ထို​သူ​ငယ်​ကို​ပွေ့​တော်​မူ​လျက် ``ငါ ၏​နာ​မ​ကို​ထောက်​၍ ဤ​သို့​သော​သူ​ငယ်​တစ်​စုံ တစ်​ယောက်​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​သာ​လက်​ခံ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လည်း​လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။
Whosoever shall receive one of such little children in my name, receiveth me: and whosoever receiveth me, receiveth not me, but him that sent me.
38 ၃၈ ယော​ဟန်​က ``အ​ရှင်​ဘု​ရား၊ အ​ရှင်​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​နေ​သူ​လူ တစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​တွေ့​မြင်​ခဲ့​ပါ​သည်။ သူ​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​မ​လိုက်။ သို့​မ​လိုက် သ​ဖြင့်​အ​ကျွန်ုပ်​တို့​သည် သူ့​အား​အ​ရှင်​၏​နာ​မ တော်​ကို​အ​သုံး​မ​ပြု​ရန်​တား​မြစ်​ခဲ့​ပါ​၏'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​၏။-
John said unto him, Master, we saw one casting out devils in thy name: and we forbade him, because he followed not us.
39 ၃၉ သ​ခင်​ယေ​ရှု​က ``သူ့​ကို​မ​တား​မြစ်​ကြ​နှင့်၊ ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​အံ့​ဖွယ်​သော​အ​မှု​ကို​ပြု ပြီး​နောက် ငါ့​အား​ပုတ်​ခတ်​ပြော​ဆို​နိုင်​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။-
But Jesus said, Forbid him not: for there is no man which shall do a mighty work in my name, and be able quickly to speak evil of me.
40 ၄၀ ငါ​တို့​အား​မ​ဆန့်​ကျင်​သူ​သည်​ငါ​တို့​ဘက်​သား ဖြစ်​၏။-
For he that is not against us is for us.
41 ၄၁ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏ တ​ပည့်​များ​ဖြစ်​သည်​ကို​ထောက်​လျက် သင်​တို့​အား သောက်​ရေ​တစ်​ခွက်​ကို​ပေး​သူ​သည်​မု​ချ​အ​ကျိုး ခံ​စား​ရ​လိမ့်​မည်။
For whosoever shall give you a cup of water to drink, because ye are Christ’s, verily I say unto you, he shall in no wise lose his reward.
42 ၄၂ ``ငါ့​ကို​ယုံ​ကြည်​ကိုး​စား​မှု​ပျက်​ပြား​စေ​ရန် ဤ က​လေး​သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို​မှောက်​မှား လမ်း​လွဲ​စေ​သော​သူ​သည် လည်​တွင်​ကြိတ်​ဆုံ​ကျောက် ကို​ဆွဲ​လျက်​ပင်​လယ်​ထဲ​သို့​ပစ်​ချ​ခံ​ရ​လျှင်​သူ့ အ​ဖို့​သာ​၍​ကောင်း​၏။-
And whosoever shall cause one of these little ones that believe on me to stumble, it were better for him if a great millstone were hanged about his neck, and he were cast into the sea.
43 ၄၃ သင်​၏​လက်​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​လက်​ကို​ဖြတ်​ပစ်​လော့။- (လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း​ရာ) င​ရဲ​မီး ထဲ​သို့​လက်​နှစ်​ဖက်​အ​စုံ​အ​လင်​နှင့်​ကျ​ရောက် ရ​သည်​ထက်၊ လက်​တစ်​ဖက်​ချို့​တဲ့​လျက်​ထာ​ဝ​ရ အ​သက်​ကို​ရ​ခြင်း​က​သာ​၍​ကောင်း​၏။- (Geenna g1067)
And if thy hand cause thee to stumble, cut it off: it is good for thee to enter into life maimed, rather than having thy two hands to go into hell, into the unquenchable fire. (Geenna g1067)
44 ၄၄
45 ၄၅ သင်​၏​ခြေ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​ခြေ​ကို​ဖြတ်​ပစ်​လော့။- သင်​သည်​(လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း​ရာ) င​ရဲ​သို့​ခြေ​နှစ်​ဖက်​အ​စုံ​အ​လင်​နှင့်​ကျ​ရ​သည် ထက် ခြေ​တစ်​ဖက်​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက် ကို​ရ​ခြင်း​က​သာ​၍​ကောင်း​၏။- (Geenna g1067)
And if thy foot cause thee to stumble, cut it off: it is good for thee to enter into life halt, rather than having thy two feet to be cast into hell. (Geenna g1067)
46 ၄၆
47 ၄၇ သင်​၏​မျက်​စိ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြား စေ​လျှင် ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့၊ မျက်​စိ​တစ်​စုံ​နှင့် င​ရဲ​သို့​ကျ​ရ​သည်​ထက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သို့​မျက်​စိ​တစ်​လုံး​ချို့​တဲ့​လျက်​ဝင်​ရ​သည်​က​သာ​၍ ကောင်း​၏။- (Geenna g1067)
And if thine eye cause thee to stumble, cast it out: it is good for thee to enter into the kingdom of God with one eye, rather than having two eyes to be cast into hell; (Geenna g1067)
48 ၄၈ ထို​နေ​ရာ​သည်​ဖျက်​ဆီး​နေ​သော​လောက်​ကောင်​များ မ​သေ၊ မီး​မ​ငြိမ်း​ရာ​နေ​ရာ​ဖြစ်​သည်။
where their worm dieth not, and the fire is not quenched.
49 ၄၉ ``ယဇ်​ကောင်​ကို​ဆား​ခပ်​၍​သန့်​စင်​စေ​သ​ကဲ့​သို့ မီး​သည်​လူ​ခပ်​သိမ်း​တို့​ကို​သန့်​စင်​စေ​လိမ့်​မည်။-
For every one shall be salted with fire.
50 ၅၀ ဆား​သည်​အ​သုံး​ဝင်​၏။ သို့​သော်​ဆား​မှ​အ​ငန်​ကင်း ပျောက်​သွား​ပါ​မူ သင်​တို့​သည်​ယင်း​ကို​အ​ဘယ်​သို့ ပြန်​၍​ငန်​အောင်​ပြု​နိုင်​ပါ​မည်​နည်း။ ``သင်​တို့​၌​မိတ်​ဖွဲ့​ခြင်း​တည်း​ဟူ​သော​ဆား​ရှိ​စေ ပြီး​လျှင် အ​ချင်း​ချင်း​ငြိမ်း​ချမ်း​စွာ​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
Salt is good: but if the salt have lost its saltness, wherewith will ye season it? Have salt in yourselves, and be at peace one with another.

< မာကု 9 >