< မာကု 8 >
1 ၁ မကြာမီလူပရိသတ်ကြီးစုရုံးမိပြန်၏။ သူ တို့မှာစားစရာမရှိကြသဖြင့် ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်တော်မူ၍၊-
Neil päevil oli taas suur rahvahulk kokku tulnud. Ja kuna neil ei olnud midagi süüa, kutsus Jeesus jüngrid enese juurde ning ütles neile:
2 ၂ ``ဤလူတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် ရှိနေခဲ့ကြ၏။ ယခုသူတို့မှာစားစရာမရှိ ကြ။ သို့ဖြစ်၍သူတို့ကိုငါသနားတော်မူသည်။-
„Mul on rahvast kahju. Nad on juba kolm päeva minu juures olnud ja neil pole midagi süüa.
3 ၃ အချို့သောသူတို့သည်ခရီးဝေးမှလာရောက်ခဲ့ ကြ၏။ သူတို့ကိုမကျွေးမွေးဘဲအိမ်သို့ပြန်စေ ပါလျှင် သူတို့သည်လမ်းခရီးတွင်မူးလဲကုန် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Kui ma lasen nad koju minna näljastena, siis nad nõrkevad teel, sest mõned neist on tulnud kaugelt.“
4 ၄ တပည့်တော်တို့က ``ဤတောကန္တာရတွင်အဘယ် သို့လျှင် ထိုသူတို့ကိုကျွေးနိုင်လောက်အောင်အစား အစာရနိုင်ပါမည်နည်း'' ဟုပြန်၍လျှောက်ကြ၏။
Jüngrid vastasid talle: „Kust peaks keegi siin kõrvalises paigas leiba saama kõigi nende inimeste toitmiseks?“
5 ၅ ကိုယ်တော်က ``သင်တို့တွင်မုန့်မည်မျှရှိသနည်း'' ဟုမေးတော်မူ၏။ တပည့်တော်တို့က ``မုန့်ခုနစ်လုံးရှိပါသည်'' ဟုလျှောက်ကြ၏။
„Mitu leiba teil on?“küsis Jeesus. „Seitse, “vastasid nad.
6 ၆ ကိုယ်တော်သည်လူအပေါင်းတို့ကိုမြေပေါ်တွင် ထိုင်စေတော်မူပြီးလျှင်မုန့်ခုနစ်လုံးကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်များကိုဖဲ့တော်မူ၍လူတို့ အားဝေပေးကြ၏။ သူတို့၌ငါးအနည်းငယ် လည်းရှိ၏။-
Jeesus käskis rahval maha istuda. Ta võttis need seitse leiba, tänas, murdis ja andis oma jüngritele jagamiseks, ja nemad viisid rahvale.
7 ၇ ကိုယ်တော်သည်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းပြီးနောက် ထိုငါးကိုလည်းလူတို့အား ဝေပေးရန် တပည့်တော်တို့ကိုစေခိုင်းတော်မူ၏။-
Neil olid ka mõned väikesed kalad ja Jeesus õnnistas neid ning käskis samuti jagada rahvale.
8 ၈ လူတို့သည်ဝစွာစားရကြ၏။ စားကြွင်းစားကျန် များကိုပင်တောင်းခုနစ်တောင်းအပြည့်ကောက်သိမ်း ရကြ၏။-
Inimesed sõid ja said söönuks. Ja jüngrid korjasid ülejäänud palukesi seitse korvitäit.
9 ၉ မုန့်စားသူဦးရေကားလေးထောင်မျှရှိသတည်း။ ကိုယ်တော်သည်လူတို့ကိုထိုအရပ်မှထွက်ခွာ သွားစေတော်မူ၏။-
Sööjaid oli aga umbes neli tuhat meest. Siis Jeesus laskis neil minna.
10 ၁၀ ထိုနောက်ချက်ချင်းပင်တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်၍ ဒါလမနုသဒေသသို့ကြွ တော်မူ၏။
Ta astus kohe koos oma jüngritega paati ja suundus Dalmanuuta aladele.
11 ၁၁ ဖာရိရှဲအချို့တို့သည်ရောက်လာ၍ ကိုယ်တော်နှင့် အခြေအတင်ဆွေးနွေးကြ၏။ သူတို့သည်ပရိ ယာယ်ဆင်၍ ``ဘုရားသခင်သည်ကိုယ်တော်အား နှစ်သက်တော်မူကြောင်းသက်သေပြရန် နိမိတ် လက္ခဏာတစ်ပါးကိုပြတော်မူပါ'' ဟုကိုယ်တော် အားတောင်းဆိုကြ၏။-
Variserid tulid ja hakkasid Jeesust küsitlema. Et teda proovile panna, nõudsid nad temalt tunnustähte taevast.
12 ၁၂ ကိုယ်တော်သည်သက်ပြင်းချတော်မူပြီးလျှင် ``ယခု ခေတ်လူတို့သည်အဘယ်ကြောင့်နိမိတ်လက္ခဏာကို တောင်းဆိုကြသနည်း။ အမှန်အကန်ငါဆိုသည် ကား ဤသူတို့အားထိုသို့သောနိမိတ်လက္ခဏာကို ပြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
Jeesus ohkas sügavalt ja ütles: „Miks see sugupõlv nõuab tunnustähte? Tõesti, ma ütlen teile, sellele sugupõlvele ei anta tunnustähte!“
13 ၁၃ ကိုယ်တော်သည်ထိုသူတို့ထံမှထွက်ကြွတော်မူ၍ လှေပေါ်သို့တစ်ဖန်တက်တော်မူပြီးလျှင်အိုင် တစ်ဖက်သို့ကူးတော်မူ၏။
Ning ta jättis nad maha, astus taas paati ning siirdus vastaskaldale.
14 ၁၄ တပည့်တော်တို့သည်အစားအစာများကို မယူခဲ့မိကြ။ လှေပေါ်၌မုန့်တစ်လုံးသာရှိ၏။-
Ent jüngrid olid unustanud kaasa võtta toitu, neil ei olnud paadis kaasas muud kui üksainuke leib.
15 ၁၅ ကိုယ်တော်က ``သင်တို့သည်ဖာရိရှဲများ၏ တဆေးနှင့်ဟေရုဒ်၏တဆေးကိုသတိနှင့် ရှောင်ကြလော့'' ဟုတပည့်တော်တို့အားမိန့် တော်မူ၏။
„Vaadake ette, hoiduge variseride juuretisest ja Heroodese juuretisest!“hoiatas neid Jeesus.
16 ၁၆ တပည့်တော်တို့သည်မိမိတို့၌စားစရာမပါ သည့်အကြောင်းကို အချင်းချင်းပြောဆိုလျက် နေကြ၏။
Nemad aga arutasid omavahel: „Ta räägib sellest, et meil ei ole leiba!“
17 ၁၇ ယင်းသို့ပြောဆိုနေသည်ကိုသခင်ယေရှုသိ တော်မူလျှင် ``သင်တို့သည်စားစရာမပါသည့် အဖြစ်ကိုအဘယ်ကြောင့်ပြောဆိုနေကြသနည်း။ ယခုတိုင်အောင်မသိနားမလည်သေးသလော။ သင်တို့၏အသိဉာဏ်သည်အဘယ်ကြောင့်ဤမျှ ထိုင်းမှိုင်းနေသနည်း။-
Seda märgates ütles Jeesus neile: „Miks te leiva puudumise üle arutate? Kas te ikka veel ei taipa ega saa aru? Kas teie süda on ikka veel tuim?
18 ၁၈ သင်တို့သည်မျက်စိရှိလျက်မမြင်ကြပါ သလော။ နားရှိလျက်မကြားကြပါသလော။-
Kas teil on silmad, aga te ei näe, kas teil on kõrvad, aga te ei kuule? Kas teil ei ole meeles,
19 ၁၉ ငါသည်လူငါးထောင်ကိုကျွေးရန်မုန့်ငါးလုံး ဖဲ့ခဲ့သည်ကို သင်တို့သတိမရကြသလော။ ထိုအခါကမုန့်ကျိုးမုန့်ပဲ့များကိုတောင်း မည်မျှအပြည့်ကောက်သိမ်းရကြသနည်း'' ဟု သူတို့အားမေးတော်မူ၏။ တပည့်တော်တို့က ``တစ်ဆယ့်နှစ်တောင်းကောက် သိမ်းရပါသည်'' ဟုပြန်၍လျှောက်ကြ၏။
kui ma viis leiba murdsin viiele tuhandele? Mitu korvitäit palukesi jäi üle?“„Kaksteist, “vastasid nemad.
20 ၂၀ နောက်တစ်ဖန် ကိုယ်တော်က ``ငါသည်လူလေး ထောင်ကိုမုန့်ကျွေးရန် မုန့်ခုနစ်လုံးကိုဖဲ့ခဲ့စဉ် အခါက မုန့်ကျိုးမုန့်ပဲ့များကိုတောင်းမည်မျှ အပြည့် ကောက်သိမ်းရကြသနည်း'' ဟုမေး တော်မူ၏။ တပည့်တော်တို့က ``ခုနစ်တောင်းကောက်သိမ်း ကြပါသည်'' ဟုလျှောက်ကြ၏။
„Kui ma seitse leiba murdsin neljale tuhandele, mitu korvitäit palukesi siis jäi üle?“Nad vastasid: „Seitse.“
21 ၂၁ ကိုယ်တော်က ``သို့ဖြစ်ပါလျက်သင်တို့သည် ယခု တိုင်အောင်မသိနားမလည်ဘဲရှိနေကြသေး သလော'' ဟုမေးတော်မူ၏။
„Kas te ikka veel ei saa aru?“küsis Jeesus.
22 ၂၂ ကိုယ်တော်နှင့်တပည့်တော်တို့သည်ဗက်ဇဲဒရွာ သို့ရောက်ကြ၏။ ထိုအခါလူတို့သည်မျက်မမြင် တစ်ယောက်ကိုအထံတော်သို့ခေါ်ခဲ့ပြီးလျှင် ထို သူအားလက်တော်နှင့်တို့ထိတော်မူရန် တောင်းပန်ကြ၏။-
Nii nad saabusid Betsaidasse. Tema juurde toodi pime mees ja anuti, et Jeesus teda puudutaks.
23 ၂၃ ကိုယ်တော်သည်မျက်မမြင်ကိုလက်ဆွဲကာရွာ အပြင်သို့ခေါ်သွားတော်မူ၏။ သူ၏မျက်စိများ ကိုတံတွေးနှင့်ထွေး၍ သူ၏အပေါ်မှာလက်တော် ကိုတင်တော်မူ၏။ ထိုနောက် ``သင်ယခုမျက်စိ မြင်ပြီလော'' ဟုမေးတော်မူ၏။
Jeesus talutas kättpidi mehe külast välja, sülitas tema silmadesse, pani käed ta peale ja küsis: „Kas sa näed midagi?“
24 ၂၄ သူသည်မော်ကြည့်ကာ ``အကျွန်ုပ်သည်လူများ ကိုမြင်ရပါသည်။ သို့ရာတွင်သူတို့သည်သစ်ပင် များလမ်းလျှောက်နေသကဲ့သို့ဖြစ်နေပါသည်'' ဟုလျှောက်၏။
Pime vaatas üles ja ütles: „Ma näen inimesi, nad on nagu puud, mis kõnnivad.“
25 ၂၅ ထိုအခါကိုယ်တော်သည် ထိုသူ၏မျက်စိများ အပေါ်၌လက်တော်ကိုတင်တော်မူပြန်၏။ ယခု အကြိမ်၌ထိုသူသည်အားစိုက်၍ကြည့်လိုက်ရာ မျက်စိအလင်းကိုပြန်လည်ရရှိသဖြင့် အရာ ခပ်သိမ်းကိုရှင်းလင်းစွာမြင်လေ၏။-
Seejärel pani Jeesus uuesti käed ta silmadele ja ta sai täiesti terveks ja nägi kõike selgesti.
26 ၂၆ ကိုယ်တော်သည်သူ့အား ``ရွာထဲသို့မဝင်နှင့်'' ဟုအမိန့်ပေး၍အိမ်သို့ပြန်စေတော်မူ၏။
Jeesus käskis tal minna koju, öeldes: „Ära minegi külasse!“
27 ၂၇ သခင်ယေရှုနှင့်တပည့်တော်တို့သည် ကဲသရိ ဖိလိပ္ပုကျေးရွာများသို့သွားကြ၏။ လမ်းတွင် ကိုယ်တော်က ``လူတို့သည်ငါ့ကိုအဘယ်သူ ဖြစ်သည်ဟု ပြောဆိုနေကြသနည်း'' ဟု တပည့်တော်တို့အားမေးတော်မူ၏။-
Siis Jeesus ja ta jüngrid läksid edasi Filippuse Kaisarea küladesse. Teel küsis ta jüngritelt: „Kelle ütlevad inimesed mind olevat?“
28 ၂၈ ``လူအချို့ကအရှင်သည်ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ အချို့ကဧလိယဖြစ်သည်။ အချို့က မူပရောဖက်တစ်ပါးဖြစ်သည်ဟူ၍ပြောဆိုကြ ပါသည်'' ဟုတပည့်တော်တို့လျှောက်ထားကြ၏။
„Mõned ütlevad Ristija Johannese, mõned Eelija, mõned ühe prohveteist, “vastasid nad talle.
29 ၂၉ ထိုအခါကိုယ်တော်က ``သင်တို့ကမူငါ့ကို အဘယ်သူဟုဆိုကြပါသနည်း'' ဟုမေး တော်မူ၏။ ပေတရုက ``အရှင်သည်မေရှိယဖြစ်ပါ သည်'' ဟုဖြေဆိုလျှောက်ထား၏။
„Aga teie?“küsis Jeesus. „Kelle teie ütlete mind olevat?“Peetrus vastas talle: „Sina oled Messias!“
30 ၃၀ ထိုအခါကိုယ်တော်က ``ငါမည်သူဖြစ်ကြောင်းကို အဘယ်သူအားမျှမပြောနှင့်'' ဟုတပည့်တော် တို့အားပညတ်တော်မူ၏။
Aga Jeesus hoiatas neid rangelt, et nad sellest kellelegi ei räägiks.
31 ၃၁ ကိုယ်တော်က ``လူသားသည်ဒုက္ခဝေဒနာများစွာ ခံတော်မူရမည်။ ဘာသာရေးခေါင်းဆောင်များ၊ ယဇ် ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများ သည်လူသားကိုပစ်ပယ်ကြလိမ့်မည်။ သူသည် အသတ်ခံရမည်။ သို့သော်အသတ်ခံရပြီးနောက် သုံးရက်ကြာသော်ရှင်ပြန်ထမြောက်လိမ့်မည်'' ဟု တပည့်တော်တို့အားသွန်သင်တော်မူ၏။-
Siis Jeesus hakkas neid õpetama, et Inimese Poeg peab palju kannatama ning hüljatama vanemate ja ülempreestrite ja kirjatundjate poolt ja tapetama ning kolme päeva pärast üles tõusma.
32 ၃၂ ဤသွန်သင်ချက်ကိုကိုယ်တော်သည်ပွင့်လင်းစွာ မိန့်ကြားတော်မူသတည်း။ ထို့ကြောင့်ပေတရု သည် ကိုယ်တော်ကိုနေရာတစ်ခုသို့ပင့်ခေါ်ပြီး လျှင်အပြစ်တင်စကားလျှောက်လေသည်။-
Ta rääkis sellest avalikult. Peetrus aga viis ta kõrvale ja hakkas teda noomima.
33 ၃၃ ကိုယ်တော်သည်တပည့်တော်တို့ကိုလှည့်ကြည့် တော်မူလျက် ပေတရုအား ``အချင်းစာတန်၊ ငါ့ထံမှခွာသွားလော့။ သင်သည်ဘုရားသခင် ၏ရှုထောင့်ကမတွေး၊ လူ၏ရှုထောင့်ကသာ တွေး၏'' ဟုဆုံးမတော်မူ၏။
Ent Jeesus pöördus, ja vaadates oma jüngreid, sõitles Peetrust: „Tagane minust, saatan! Sa oled mulle takistuseks, sest sa ei mõtle Jumala, vaid inimese viisil.“
34 ၃၄ ကိုယ်တော်သည်တပည့်တော်တို့နှင့်ပရိသတ်ကို အထံတော်သို့ခေါ်တော်မူပြီးလျှင် ``ငါ့တပည့် ဖြစ်လိုသူသည်ကိုယ်ကျိုးစွန့်ရမည်။ ကိုယ့် လက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့ လိုက်ရမည်။-
Ja Jeesus kutsus rahvahulga koos oma jüngritega enese juurde ja ütles neile: „Kui keegi tahab käia minu järel, siis salaku ta end maha, võtku oma rist ja järgnegu mulle!
35 ၃၅ မိမိ၏အသက်ကိုကယ်ဆယ်လိုသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက်နှင့် နှုတ်ကပတ်တရားတော်အတွက်အသက် ဆုံးရှုံးရသူသည် မိမိ၏အသက်ကိုကယ် ဆယ်လိမ့်မည်။-
Sest kes tahab päästa oma elu, kaotab selle, aga kes kaotab oma elu minu ja evangeeliumi pärast, päästab selle.
36 ၃၆ လူသည်ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရ သော်လည်း မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။-
Sest mis kasu on inimesel sellest, kui ta võidaks terve maailma, aga teeks kahju oma hingele?
37 ၃၇ မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ် အရာနှင့်ရွေးယူနိုင်မည်နည်း။-
Sest mis oleks inimesel anda oma hinge eest?
38 ၃၈ ဘုရားတရားမဲ့၍ဆိုးသွမ်းသောဤခေတ်ဤ အခါ၌ မည်သူမဆိုငါနှင့်ငါ၏သြဝါဒ ကြောင့်ရှက်လျှင် လူသားသည်လည်းခမည်းတော် ၏ဘုန်းအသရေကိုဆောင်၍သန့်ရှင်းသော ကောင်းကင်တမန်တို့နှင့်ကြွလာသောအခါ ထိုသူကြောင့်ရှက်တော်မူလတ္တံ့'' ဟုသူတို့ အားမိန့်တော်မူ၏။
Jah, kes iganes häbeneb mind ja minu sõnu selle abielurikkuja ja patuse sugupõlve ees, seda häbeneb ka Inimese Poeg, kui ta tuleb oma Isa auhiilguses koos pühade inglitega.“