< မာကု 7 >
1 ၁ ဖာရိရှဲတို့နှင့်ယေရုရှလင်မြို့မှရောက်လာ ကြသောကျမ်းတတ်ဆရာအချို့တို့သည် သခင်ယေရှုထံတော်တွင်ချဉ်းကပ်ကြ၏။-
Kangi Vafalisayu vangi na Vawula va Malagizu vevahumili ku Yelusalemu valundumini palongolo ya Yesu.
2 ၂ သူတို့သည်မဆေးကြောမစင်ကြယ်သော လက်များနှင့် တပည့်တော်တို့စားသောက်နေ ကြသည်ကိုတွေ့မြင်ကြ၏။
Vavaweni vawuliwa vangi va Yesu vilya chakulya kwa mawoko changasamba ngati cheyiganikiwa na malagizu.
3 ၃ (ဖာရိရှဲများနှင့်ယုဒအမျိုးသားအပေါင်း တို့သည် ရှေးလူကြီးတို့၏ထုံးတမ်းစဉ်လာများ ကိုလိုက်နာကျင့်သုံးကြ၏။ လက်ကိုလက်ကောက် ဝတ်အထိ ဦးစွာမဆေးကြောဘဲအစားအစာ စားလေ့မရှိကြ။-
Muni Vafalisayu na Vayawudi vangi vayovalili kulanda mivelu ya vagogo wavi, muni valyayi lepi changasamba mawoko bwina.
4 ၄ စျေးမှဝယ်ယူသည့်အရာအားလုံးကိုမဆေး မကြောရလျှင်မစားကြ။ အိုး၊ ခွက်၊ ကြေးဖလား နှင့်ခုတင်များကိုဆေးကြောနည်းမှစသောထုံး တမ်းစဉ်လာများကို သူတို့သည်လိုက်နာကျင့်သုံး ကြ၏။)
Kavili vakagula chakulya kuhuma pandu pakugulisila vindu, vilya lepi mbaka vasanja hoti. Mewa vavi na mivelu yingi ya namuna ya kusanja vikombi na viviga na vyombo ya shaba.
5 ၅ သို့ဖြစ်၍ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများ က ``အဘယ်ကြောင့်ကိုယ်တော်၏တပည့်များသည် ရှေးလူကြီးများ၏ထုံးတမ်းစဉ်လာများကို မလိုက်နာကြသနည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။-
Hinu, Vafalisayu na Vawula va Malagizu vangi vakamkota Yesu, “Ndava kyani vawuliwa vaku vilanda lepi mambu ga kadeni kuhuma kwa vagogo vitu, ndava vilya changasamba mawoko?”
6 ၆ ကိုယ်တော်က ``သင်တို့၏အကြောင်းပရောဖက် ဟေရှာယဟောကြားချက်မှာမှန်လှပါသည် တကား။ သင်တို့သည်ကြောင်သူတော်များဖြစ် ကြ၏။ ထို့ကြောင့်ဟေရှာယသည်သင်တို့ကို ရည်မှတ်လျက်၊ `ဤလူမျိုးသည်ငါ့အားနှုတ်ဖြင့်ဂုဏ်ပြုချီး ကူးကြ၏။ သူတို့၏စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။
Yesu akavayangula, “Vandu mwavahomela! Isaya mweavi Mlota wa Chapanga, alotili chakaka kuvavala nyenye peayandiki, ‘Chapanga ijova, vandu venava vakunitopesa kwa malovi ndu, nambu mitima yavi yivii kutali na nene.
7 ၇ သူတို့သည်လူ့ပညတ်များကိုဘုရားဟော တရားသဖွယ်သင်ကြားပို့ချကြ၏။ သို့ဖြစ်၍ငါ့အားသူတို့ဆည်းကပ်ကိုးကွယ်ခြင်း သည် အချည်းနှီးဖြစ်၏' ဟုဘုရားသခင်မိန့်တော်မူကြောင်းဖော်ပြချေ သည်။
Kunigundamila kwavi chindu lepi, muni mambu geviwula ndi malagizu ga vandu ndu. Ngati malagizu ga Chapanga.’”
8 ၈ ``သင်တို့သည်ဘုရားသခင်၏ပညတ်တော်ကို ပစ်ပယ်၍ လူတို့၏ထုံးတမ်းစဉ်လာများကိုလိုက် နာကြ၏'' ဟုမိန့်တော်မူ၏။
“Nyenye mulekili mihilu ya Chapanga na kukamulila mawuliwu ga vandu.”
9 ၉ ဆက်လက်၍ကိုယ်တော်က``သင်တို့သည်မိမိတို့ ၏ထုံးတမ်းစဉ်လာများအတိုင်းကျင့်သုံးနိုင် ကြစေရန် ဘုရားသခင်၏ပညတ်တို့ကိုပစ် ပယ်ပုံမှာကျွမ်းကျင်လေစွတကား။-
Yesu akayendelela kujova, “Nyenye mumanyili kuyepa cha kuchenjela mihilu ya Chapanga na kulanda mivelu yinu!
10 ၁၀ `သင်၏မိဘကိုရိုသေမြတ်နိုးလော့။ မိဘကို ကျိန်ဆဲသောသူသည်သေဒဏ်ခံစေ' ဟုမောရှေ ကပညတ်ခဲ့၏။-
Muni Musa alagizi, ‘Muvatopesa dadi waku na nyina waku,’ Na, ‘Mweakumliga dadi waki amala nyina waki, yikumugana akomiwa.’
11 ၁၁ သို့သော်သင်တို့က `လူတစ်ဦးတစ်ယောက်သည် အဖသို့မဟုတ်အမိအားအကျိုးပြုစေမည့် ပစ္စည်းတစ်စုံတစ်ရာရှိသော်လည်း ယင်းပစ္စည်းကို `ကော်ဘန်' (ဘုရားသခင်အဖို့လှူပြီးပစ္စည်း ဖြစ်သည်) ဟုဆိုလျှင်၊-
Nambu nyenye muwula, ngati mundu avi na chindu chakumtangatila dadi waki amala nyina waki, nambu akajova, chindu chenicho ndi ‘Kolibani,’ Mana yaki njombi kwa Chapanga,
12 ၁၂ သူသည်မိဘဝတ်ကိုပြုရန်မလိုဟုသွန်သင် ကြ၏။-
hinu yikumugana lepi kumtangatila dadi waki amala nyina waki.
13 ၁၃ ဤသို့လျှင်သင်တို့လက်ဆင့်ကမ်းပေးအပ်ကြ သည့်ထုံးတမ်းစဉ်လာများဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပစ်ပယ်ကြ၏။ အလားတူ အခြားအကျင့်ဋ္ဌလေ့များစွာတို့ကိုလည်း သင်တို့ပြုကြသေး၏'' ဟုမိန့်တော်မူ၏။
Chenichi ndi chemukulivevesa Lilovi la Chapanga ndava ya mawuliwu ga kuhalilana. Kangi mkita mambu gamahele ngati genago.”
14 ၁၄ ထိုနောက်ကိုယ်တော်သည်လူပရိသတ်တို့အား အထံတော်သို့တစ်ဖန်ခေါ်တော်မူပြီးလျှင် ``ငါ့ စကားကိုသင်တို့အားလုံးနာယူသိမှတ်ကြ လော့။-
Yesu aukemili kangi msambi wa vandu, akavajovela, “Muniyuwanilayi mwavoha na kumanya malovi aga.
15 ၁၅ လူ၏အပြင်အပမှဝင်သည့်အရာသည်လူကို မညစ်ညမ်းစေနိုင်။ အတွင်းမှထွက်သည့်အရာ သည်သာလူကိုညစ်ညမ်းစေနိုင်၏။-
Kawaka chakulya cheilya mundu chechihotola kumuhakasa palongolo ya Chapanga. Nambu mambu gegihuma mugati ya mundu ndi gegihotola kumuhakasa.
16 ၁၆ (နားရှိသူတို့ကြားကြကုန်လော့)'' ဟု မိန့်တော်မူ၏။-
Mweavi na makutu ga kuyuwana na amanyayi!”
17 ၁၇ ကိုယ်တော်သည်ပရိသတ်ရှိရာမှကြွ၍အိမ်ထဲ သို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူခဲ့သည့်ပုံဥပမာ၏အနက် အဋ္ဌိပ္ပါယ်ကိုမေးမြန်းကြ၏။-
Paaulekili msambi wa vandu na kuyingila mu nyumba, vawuliwa vaki vakamkota mana ya luhumu lula.
18 ၁၈ ကိုယ်တော်က ``သင်တို့သည်ဤမျှပင်အသိဉာဏ် ကင်းမဲ့လျက်နေကြသလော။ လူ၏အတွင်းသို့ ပြင်ပမှဝင်သည့်အရာတစ်စုံတစ်ခုမျှစိတ် နှလုံးထဲသို့မဝင်။ အစာအိမ်သို့သာဝင်ပြီး လျှင် အိမ်သာတွင်းသို့သက်ဆင်းသွားသောကြောင့် လူ၏ကိုယ်တွင်းသို့ဝင်သည့်အရာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့နားမ လည်ကြသလော'' ဟုမိန့်တော်မူ၏။ (ဤသို့ မိန့်တော်မူခြင်းအားဖြင့် မစားအပ်သည့် အစားအစာဟူ၍မရှိကြောင်းရှင်းပြ တော်မူသတည်း။)
Mwene akavajovela, “Wu, hati nyenye mwimanya lepi? Kawaka chakulya chechikumyingila mundu chihotola lepi, kumuhakasa mundu palongolo ya Chapanga.
Ndava muni chikumyingila lepi mumtima, nambu mulileme, kangi chihumiswa kundindima.” Ndava ya kujova chenicho Yesu ayidikili vyakulya vyoha viliwayi.
20 ၂၀ ဆက်လက်၍ကိုယ်တော်က ``လူ၏ကိုယ်တွင်းမှ ထွက်သည့်အရာသာလျှင် လူကိုညစ်ညမ်းစေ၏။-
Yesu akayendelela kujova, “Chechihuma mumtima wa mundu chihotola kumuhakasa palongolo ya Chapanga.
21 ၂၁ လူအတွင်းရှိစိတ်နှလုံးထဲမှညစ်ညမ်းသော အကြံအစည်များထွက်လာ၏။ ကာမဂုဏ် လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လူ့အသက် ကိုသတ်ခြင်း၊-
Muni mugati ya mumtima wa mundu, gihuma maholo gahakau, ukemi na kuyiva na kukoma,
22 ၂၂ သူ့အိမ်ရာကိုပြစ်မှားခြင်း၊ လောဘလွန်ကူး ခြင်း၊ ဆိုးယုတ်မိုက်မဲခြင်း၊ လိမ်လည်လှည့်စား ခြင်း၊ တရားလက်လွတ်ပြုမူခြင်း၊ မနာလိုခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ မာနထောင်လွှားခြင်း၊ လျှပ်ပေါ်လော်လည်ခြင်း-
ugoni na unota na udese na uhakau na kuyiva na kunogela vindu vya vangi na luhonda na wihu na ng'omo na uyimu na maligu.
23 ၂၃ အစရှိသောဆိုးညစ်သည့်အရာအားလုံးတို့ သည် လူကိုယ်တွင်းမှထွက်လာ၍လူကိုညစ်ညမ်း စေ၏။'' ဟုမိန့်တော်မူ၏။
Gahakau goha ago gihuma mumtima wa mundu, genago ndi gakumhakasa mundu palongolo ya Chapanga.”
24 ၂၄ ကိုယ်တော်သည်ထိုအရပ်မှထွက်ခွာတော်မူ၍ တုရုနယ်သို့ကြွတော်မူ၏။ ရောက်လျှင်အိမ်တစ် အိမ်တွင်တည်းခိုတော်မူ၏။ ကိုယ်တော်ရောက်ရှိ တော်မူကြောင်းမည်သူကိုမျှသိစေတော်မမူ လို။ သို့ရာတွင်ပုန်းကွယ်၍နေတော်မမူနိုင်။-
Yesu awukili penapo akahamba kumuji wa Tilo. Kwenuko ayingili munyumba yimonga, mwene aganili lepi mundu amanyayi kuvya avili mugati, nambu ahotwili lepi kujifiya.
25 ၂၅ ညစ်ညမ်းသောနတ်ပူးဝင်နေသောသူငယ်မတစ် ဦး၏မိခင်သည် ကိုယ်တော်ရောက်ရှိသည့်သတင်း ကိုကြားလျှင်ချက်ချင်းလာ၍ခြေတော်ရင်းတွင် ပျပ်ဝပ်၏။-
Mdala mmonga, msikana waki avili na mzuka, peayuwini malovi ga Yesu, kanyata akabwela akafugama palongolo ya magendelu ga Yesu.
26 ၂၆ သူသည်ရှုရိဖိနိတ်ပြည်သူဂရိအမျိုးသမီး ဖြစ်၏။ မိမိ၏သမီးထံမှနတ်မိစ္ဆာကိုနှင်ထုတ် တော်မူရန်ကိုယ်တော်အားတောင်းပန်၏။-
Mdala mwenuyo, avi Mgiliki, ndi mkolonjinji wa muji wa Foinike mulima wa ku Silia. Hinu akamuyupa Yesu amuwusa mzuka msikana waki.
27 ၂၇ ကိုယ်တော်က ``သားသမီးတို့ကိုဦးစွာဝအောင် ကျွေးရ၏။ သားသမီးတို့၏အစားအစာကို ယူ၍ခွေးတို့အားမကျွေးအပ်'' ဟုသူ့အား မိန့်တော်မူ၏။
Yesu akavajovela, vana vayukuta hoti, “Chabwina lepi kutola chakulya cha kuvayukutisa vana na kugatagila mabwa.”
28 ၂၈ ထိုအမျိုးသမီးက ``မှန်ပါ၏အရှင်။ သို့ရာတွင် သားသမီးတို့၏စားကြွင်းစားကျန်များကို စားပွဲအောက်မှခွေးတို့စားရကြပါသည်'' ဟု ပြန်လည်လျှောက်ထား၏။
Nambu mdala yula akamyangula, “Chakaka, Bambu, hati mabwa gegavi pahi ya meza gilya masigalilu ga chakulya cha vana.”
29 ၂၉ ထိုအခါကိုယ်တော်က ``သင်ဤသို့လျောက်ပတ်စွာ လျှောက်ထားသည့်အတွက်ကြောင့်အိမ်သို့ပြန်လော့။ နတ်မိစ္ဆာသည်သင့်သမီးထံမှထွက်ခွာသွားလေ ပြီ'' ဟုမိန့်တော်မူ၏။
Yesu akamjovela, “Ndava ya lilovi lenilo, wuyayi kunyumba yaku. Mzuka umuwukili msikana waku!”
30 ၃၀ ထိုအမျိုးသမီးသည်မိမိအိမ်သို့ပြန်ရောက်သော် နတ်မိစ္ဆာထွက်သွားသဖြင့် အိပ်ရာထဲမှာငြိမ်သက် စွာလဲလျောင်းနေသောမိမိ၏သမီးငယ်ကိုတွေ့ ရ၏။
Hinu, akahamba kunyumba yaki, amkolili msikana waki agonili palusongwani, na mzuka wamali kumuwuka.
31 ၃၁ တုရုဒေသမှအပြန်တွင်ကိုယ်တော်သည်ဇိဒုန် ဒေသကိုလည်းကောင်း၊ ဒေကာပေါလိပြည် အလယ်ပိုင်းကိုလည်းကောင်းဖြတ်၍ ဂါလိလဲ အိုင်သို့ကြွတော်မူ၏။-
Kangi Yesu akawuka kumuji wa Tilo, akapitila pagati ya ku Sidoni, akahamba mbaka kunyanja ya Galilaya kuvedukila pamulima wa Dekapoli mana yaki miji kumi.
32 ၃၂ လူအချို့တို့သည်ဆွံ့အနားပင်းသူတစ်ယောက် ကိုအထံတော်သို့ဆောင်ခဲ့ကြ၏။ ``သူ၏အပေါ် တွင်လက်တော်ကိုတင်တော်မူပါ'' ဟုလျှောက်ထား တောင်းပန်ကြ၏။-
Ndi vakamletela ngayuwa nambu mewawa avi ngajova kwa Yesu, vakamuyupa amvikilayi mawoko muni amlamisa.
33 ၃၃ သခင်ယေရှုသည်လူပရိသတ်ထဲမှထိုသူ တစ်ယောက်တည်းကို လူရှင်းရာသို့ခေါ်သွားတော် မူပြီးနောက် သူ၏နားများအတွင်းသို့လက်ညှိုး တော်ကိုထိုးထည့်တော်မူ၏။ တံတွေးထွေး၍ သူ၏လျှာကိုလည်းတို့တော်မူ၏။-
Yesu akamvika pamuhana na msambi wa vandu mundu uyo. Akamsopa ngonji mumakutu. Kangi akahunya mata mulungoji lwaki na kumpamisa mululimi lwa mundu yula.
34 ၃၄ ထိုနောက်ကောင်းကင်သို့မျှော်ကြည့်လျက်သက် ပြင်းချကာ ``ဧဖသ'' ဟုမိန့်တော်မူ၏။ ဧဖသ အနက်ကား ``ပွင့်စေ'' ဟူသတည်း။
Kangi Yesu akalola kunani kwa Chapanga, akakeka kwa likakala, akamjovela, “Efata,” Mana yaki “Dindukayi.”
35 ၃၅ ချက်ချင်းပင်ထိုသူ၏နားတို့သည်ပွင့်၍ သူ ၏လျှာသည်သွက်လက်လာသဖြင့် သူသည် ပီသစွာစကားပြောလေသည်။-
Lukumbi lulalula akatumbula kuyuwana bwina, mewawa lulimi lwaki lukajova bwina.
36 ၃၆ ကိုယ်တော်သည်ထိုအဖြစ်အပျက်အကြောင်း ကို မည်သူအားမျှမပြောကြရန်လူတို့အား တားမြစ်တော်မူ၏။ သို့သော်လည်းကိုယ်တော် တားမြစ်တော်မူလေ၊ သူတို့သည်ထိုသတင်း ကိုကြေညာလေဖြစ်၏။-
Yesu akavalagiza vakotoka kumjovela mundu lijambu lila. Nambu cheayonjokisi kuvabesa, ndi chevadandisi malovi gala.
37 ၃၇ ထိုအဖြစ်အပျက်အကြောင်းကိုကြားရသည့် လူအပေါင်းတို့သည်လွန်မင်းစွာအံ့သြကြ လျက် ``ကိုယ်တော်သည်ခပ်သိမ်းသောအမှုတို့ ကိုလျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသူတို့ ကိုကြားစေတော်မူပြီ။ ဆွံ့အသူတို့ကိုစကား ပြောစေတော်မူပြီ'' ဟုပြောဆိုကြ၏။
Vandu vakangisi neju, vakajova, “Avakitili goha gabwina hati vangayuwa kuyuwana, na vangajova kujova!”