< မာကု 7 >

1 ဖာ​ရိ​ရှဲ​တို့​နှင့်​ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ ကြ​သော​ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​ထံ​တော်​တွင်​ချဉ်း​ကပ်​ကြ​၏။-
και συναγονται προς αυτον οι φαρισαιοι και τινες των γραμματεων ελθοντες απο ιεροσολυμων
2 သူ​တို့​သည်​မ​ဆေး​ကြော​မ​စင်​ကြယ်​သော လက်​များ​နှင့် တ​ပည့်​တော်​တို့​စား​သောက်​နေ ကြ​သည်​ကို​တွေ့​မြင်​ကြ​၏။
και ιδοντες τινας των μαθητων αυτου κοιναις χερσιν τουτ εστιν ανιπτοις εσθιοντας αρτους εμεμψαντο
3 (ဖာ​ရိ​ရှဲ​များ​နှင့်​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ရှေး​လူ​ကြီး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ ကို​လိုက်​နာ​ကျင့်​သုံး​ကြ​၏။ လက်​ကို​လက်​ကောက် ဝတ်​အ​ထိ ဦး​စွာ​မ​ဆေး​ကြော​ဘဲ​အ​စား​အ​စာ စား​လေ့​မ​ရှိ​ကြ။-
οι γαρ φαρισαιοι και παντες οι ιουδαιοι εαν μη πυγμη νιψωνται τας χειρας ουκ εσθιουσιν κρατουντες την παραδοσιν των πρεσβυτερων
4 စျေး​မှ​ဝယ်​ယူ​သည့်​အ​ရာ​အား​လုံး​ကို​မ​ဆေး မ​ကြော​ရ​လျှင်​မ​စား​ကြ။ အိုး၊ ခွက်၊ ကြေး​ဖ​လား နှင့်​ခု​တင်​များ​ကို​ဆေး​ကြော​နည်း​မှ​စ​သော​ထုံး တမ်း​စဉ်​လာ​များ​ကို သူ​တို့​သည်​လိုက်​နာ​ကျင့်​သုံး ကြ​၏။)
και απο αγορας εαν μη βαπτισωνται ουκ εσθιουσιν και αλλα πολλα εστιν α παρελαβον κρατειν βαπτισμους ποτηριων και ξεστων και χαλκειων και κλινων
5 သို့​ဖြစ်​၍​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ က ``အ​ဘယ်​ကြောင့်​ကိုယ်​တော်​၏​တ​ပည့်​များ​သည် ရှေး​လူ​ကြီး​များ​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို မ​လိုက်​နာ​ကြ​သ​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။-
επειτα επερωτωσιν αυτον οι φαρισαιοι και οι γραμματεις δια τι οι μαθηται σου ου περιπατουσιν κατα την παραδοσιν των πρεσβυτερων αλλα ανιπτοις χερσιν εσθιουσιν τον αρτον
6 ကိုယ်​တော်​က ``သင်​တို့​၏​အ​ကြောင်း​ပ​ရော​ဖက် ဟေ​ရှာ​ယ​ဟော​ကြား​ချက်​မှာ​မှန်​လှ​ပါ​သည် တ​ကား။ သင်​တို့​သည်​ကြောင်​သူ​တော်​များ​ဖြစ် ကြ​၏။ ထို့​ကြောင့်​ဟေ​ရှာ​ယ​သည်​သင်​တို့​ကို ရည်​မှတ်​လျက်၊ `ဤ​လူ​မျိုး​သည်​ငါ့​အား​နှုတ်​ဖြင့်​ဂုဏ်​ပြု​ချီး ကူး​ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​မူ​ကား​ငါ​နှင့်​ဝေး​လှ​၏။
ο δε αποκριθεις ειπεν αυτοις οτι καλως προεφητευσεν ησαιας περι υμων των υποκριτων ως γεγραπται ουτος ο λαος τοις χειλεσιν με τιμα η δε καρδια αυτων πορρω απεχει απ εμου
7 သူ​တို့​သည်​လူ့​ပညတ်​များ​ကို​ဘု​ရား​ဟော တ​ရား​သ​ဖွယ်​သင်​ကြား​ပို့​ချ​ကြ​၏။ သို့​ဖြစ်​၍​ငါ့​အား​သူ​တို့​ဆည်း​ကပ်​ကိုး​ကွယ်​ခြင်း သည် အ​ချည်း​နှီး​ဖြစ်​၏' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ကြောင်း​ဖော်​ပြ​ချေ သည်။
ματην δε σεβονται με διδασκοντες διδασκαλιας ενταλματα ανθρωπων
8 ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို ပစ်​ပယ်​၍ လူ​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် နာ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
αφεντες γαρ την εντολην του θεου κρατειτε την παραδοσιν των ανθρωπων βαπτισμους ξεστων και ποτηριων και αλλα παρομοια τοιαυτα πολλα ποιειτε
9 ဆက်​လက်​၍​ကိုယ်​တော်​က``သင်​တို့​သည်​မိ​မိ​တို့ ၏​ထုံး​တမ်း​စဉ်​လာ​များ​အ​တိုင်း​ကျင့်​သုံး​နိုင် ကြ​စေ​ရန် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တို့​ကို​ပစ် ပယ်​ပုံ​မှာ​ကျွမ်း​ကျင်​လေ​စွ​တ​ကား။-
και ελεγεν αυτοις καλως αθετειτε την εντολην του θεου ινα την παραδοσιν υμων τηρησητε
10 ၁၀ `သင်​၏​မိ​ဘ​ကို​ရို​သေ​မြတ်​နိုး​လော့။ မိ​ဘ​ကို ကျိန်​ဆဲ​သော​သူ​သည်​သေ​ဒဏ်​ခံ​စေ' ဟု​မော​ရှေ က​ပညတ်​ခဲ့​၏။-
μωσης γαρ ειπεν τιμα τον πατερα σου και την μητερα σου και ο κακολογων πατερα η μητερα θανατω τελευτατω
11 ၁၁ သို့​သော်​သင်​တို့​က `လူ​တစ်​ဦး​တစ်​ယောက်​သည် အ​ဖ​သို့​မ​ဟုတ်​အ​မိ​အား​အ​ကျိုး​ပြု​စေ​မည့် ပစ္စည်း​တစ်​စုံ​တစ်​ရာ​ရှိ​သော်​လည်း ယင်း​ပစ္စည်း​ကို `ကော်​ဘန်' (ဘု​ရား​သ​ခင်​အ​ဖို့​လှူ​ပြီး​ပစ္စည်း ဖြစ်​သည်) ဟု​ဆို​လျှင်၊-
υμεις δε λεγετε εαν ειπη ανθρωπος τω πατρι η τη μητρι κορβαν ο εστιν δωρον ο εαν εξ εμου ωφεληθης
12 ၁၂ သူ​သည်​မိ​ဘ​ဝတ်​ကို​ပြု​ရန်​မ​လို​ဟု​သွန်​သင် ကြ​၏။-
και ουκετι αφιετε αυτον ουδεν ποιησαι τω πατρι αυτου η τη μητρι αυτου
13 ၁၃ ဤ​သို့​လျှင်​သင်​တို့​လက်​ဆင့်​ကမ်း​ပေး​အပ်​ကြ သည့်​ထုံး​တမ်း​စဉ်​လာ​များ​ဖြင့် ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ပစ်​ပယ်​ကြ​၏။ အ​လား​တူ အ​ခြား​အ​ကျင့်​ဋ္ဌ​လေ့​များ​စွာ​တို့​ကို​လည်း သင်​တို့​ပြု​ကြ​သေး​၏'' ဟု​မိန့်​တော်​မူ​၏။
ακυρουντες τον λογον του θεου τη παραδοσει υμων η παρεδωκατε και παρομοια τοιαυτα πολλα ποιειτε
14 ၁၄ ထို​နောက်​ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား အ​ထံ​တော်​သို့​တစ်​ဖန်​ခေါ်​တော်​မူ​ပြီး​လျှင် ``ငါ့ စ​ကား​ကို​သင်​တို့​အား​လုံး​နာ​ယူ​သိ​မှတ်​ကြ လော့။-
και προσκαλεσαμενος παντα τον οχλον ελεγεν αυτοις ακουετε μου παντες και συνιετε
15 ၁၅ လူ​၏​အ​ပြင်​အ​ပ​မှ​ဝင်​သည့်​အ​ရာ​သည်​လူ​ကို မ​ညစ်​ညမ်း​စေ​နိုင်။ အ​တွင်း​မှ​ထွက်​သည့်​အ​ရာ သည်​သာ​လူ​ကို​ညစ်​ညမ်း​စေ​နိုင်​၏။-
ουδεν εστιν εξωθεν του ανθρωπου εισπορευομενον εις αυτον ο δυναται αυτον κοινωσαι αλλα τα εκπορευομενα απ αυτου εκεινα εστιν τα κοινουντα τον ανθρωπον
16 ၁၆ (နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့)'' ဟု မိန့်​တော်​မူ​၏။-
ει τις εχει ωτα ακουειν ακουετω
17 ၁၇ ကိုယ်​တော်​သည်​ပ​ရိ​သတ်​ရှိ​ရာ​မှ​ကြွ​၍​အိမ်​ထဲ သို့​ဝင်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သည့်​ပုံ​ဥ​ပ​မာ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​ကြ​၏။-
και οτε εισηλθεν εις οικον απο του οχλου επηρωτων αυτον οι μαθηται αυτου περι της παραβολης
18 ၁၈ ကိုယ်​တော်​က ``သင်​တို့​သည်​ဤ​မျှ​ပင်​အ​သိ​ဉာဏ် ကင်း​မဲ့​လျက်​နေ​ကြ​သ​လော။ လူ​၏​အ​တွင်း​သို့ ပြင်​ပ​မှ​ဝင်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​စိတ် နှ​လုံး​ထဲ​သို့​မ​ဝင်။ အ​စာ​အိမ်​သို့​သာ​ဝင်​ပြီး လျှင် အိမ်​သာ​တွင်း​သို့​သက်​ဆင်း​သွား​သော​ကြောင့် လူ​၏​ကိုယ်​တွင်း​သို့​ဝင်​သည့်​အ​ရာ​သည် လူ​ကို မ​ညစ်​ညမ်း​စေ​နိုင်​ကြောင်း​ကို သင်​တို့​နား​မ လည်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။ (ဤ​သို့ မိန့်​တော်​မူ​ခြင်း​အား​ဖြင့် မ​စား​အပ်​သည့် အ​စား​အ​စာ​ဟူ​၍​မ​ရှိ​ကြောင်း​ရှင်း​ပြ တော်​မူ​သ​တည်း။)
και λεγει αυτοις ουτως και υμεις ασυνετοι εστε ου νοειτε οτι παν το εξωθεν εισπορευομενον εις τον ανθρωπον ου δυναται αυτον κοινωσαι
19 ၁၉
οτι ουκ εισπορευεται αυτου εις την καρδιαν αλλ εις την κοιλιαν και εις τον αφεδρωνα εκπορευεται καθαριζον παντα τα βρωματα
20 ၂၀ ဆက်​လက်​၍​ကိုယ်​တော်​က ``လူ​၏​ကိုယ်​တွင်း​မှ ထွက်​သည့်​အ​ရာ​သာ​လျှင် လူ​ကို​ညစ်​ညမ်း​စေ​၏။-
ελεγεν δε οτι το εκ του ανθρωπου εκπορευομενον εκεινο κοινοι τον ανθρωπον
21 ၂၁ လူ​အ​တွင်း​ရှိ​စိတ်​နှ​လုံး​ထဲ​မှ​ညစ်​ညမ်း​သော အ​ကြံ​အ​စည်​များ​ထွက်​လာ​၏။ ကာ​မ​ဂုဏ် လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုး​ခြင်း၊ လူ့​အ​သက် ကို​သတ်​ခြင်း၊-
εσωθεν γαρ εκ της καρδιας των ανθρωπων οι διαλογισμοι οι κακοι εκπορευονται μοιχειαι πορνειαι φονοι
22 ၂၂ သူ့​အိမ်​ရာ​ကို​ပြစ်​မှား​ခြင်း၊ လော​ဘ​လွန်​ကူး ခြင်း၊ ဆိုး​ယုတ်​မိုက်​မဲ​ခြင်း၊ လိမ်​လည်​လှည့်​စား ခြင်း၊ တ​ရား​လက်​လွတ်​ပြု​မူ​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သ​ရေ​ကို​ဖျက်​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း၊ လျှပ်​ပေါ်​လော်​လည်​ခြင်း-
κλοπαι πλεονεξιαι πονηριαι δολος ασελγεια οφθαλμος πονηρος βλασφημια υπερηφανια αφροσυνη
23 ၂၃ အ​စ​ရှိ​သော​ဆိုး​ညစ်​သည့်​အ​ရာ​အား​လုံး​တို့ သည် လူ​ကိုယ်​တွင်း​မှ​ထွက်​လာ​၍​လူ​ကို​ညစ်​ညမ်း စေ​၏။'' ဟု​မိန့်​တော်​မူ​၏။
παντα ταυτα τα πονηρα εσωθεν εκπορευεται και κοινοι τον ανθρωπον
24 ၂၄ ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၍ တု​ရု​နယ်​သို့​ကြွ​တော်​မူ​၏။ ရောက်​လျှင်​အိမ်​တစ် အိမ်​တွင်​တည်း​ခို​တော်​မူ​၏။ ကိုယ်​တော်​ရောက်​ရှိ တော်​မူ​ကြောင်း​မည်​သူ​ကို​မျှ​သိ​စေ​တော်​မ​မူ လို။ သို့​ရာ​တွင်​ပုန်း​ကွယ်​၍​နေ​တော်​မ​မူ​နိုင်။-
και εκειθεν αναστας απηλθεν εις τα μεθορια τυρου και σιδωνος και εισελθων εις οικιαν ουδενα ηθελεν γνωναι και ουκ ηδυνηθη λαθειν
25 ၂၅ ညစ်​ညမ်း​သော​နတ်​ပူး​ဝင်​နေ​သော​သူ​ငယ်​မ​တစ် ဦး​၏​မိ​ခင်​သည် ကိုယ်​တော်​ရောက်​ရှိ​သည့်​သ​တင်း ကို​ကြား​လျှင်​ချက်​ချင်း​လာ​၍​ခြေ​တော်​ရင်း​တွင် ပျပ်​ဝပ်​၏။-
ακουσασα γαρ γυνη περι αυτου ης ειχεν το θυγατριον αυτης πνευμα ακαθαρτον ελθουσα προσεπεσεν προς τους ποδας αυτου
26 ၂၆ သူ​သည်​ရှု​ရိ​ဖိ​နိတ်​ပြည်​သူ​ဂ​ရိ​အ​မျိုး​သ​မီး ဖြစ်​၏။ မိ​မိ​၏​သ​မီး​ထံ​မှ​နတ်​မိစ္ဆာ​ကို​နှင်​ထုတ် တော်​မူ​ရန်​ကိုယ်​တော်​အား​တောင်း​ပန်​၏။-
ην δε η γυνη ελληνις συραφοινικισσα τω γενει και ηρωτα αυτον ινα το δαιμονιον εκβαλη εκ της θυγατρος αυτης
27 ၂၇ ကိုယ်​တော်​က ``သား​သ​မီး​တို့​ကို​ဦး​စွာ​ဝ​အောင် ကျွေး​ရ​၏။ သား​သ​မီး​တို့​၏​အ​စား​အ​စာ​ကို ယူ​၍​ခွေး​တို့​အား​မ​ကျွေး​အပ်'' ဟု​သူ့​အား မိန့်​တော်​မူ​၏။
ο δε ιησους ειπεν αυτη αφες πρωτον χορτασθηναι τα τεκνα ου γαρ καλον εστιν λαβειν τον αρτον των τεκνων και βαλειν τοις κυναριοις
28 ၂၈ ထို​အ​မျိုး​သ​မီး​က ``မှန်​ပါ​၏​အ​ရှင်။ သို့​ရာ​တွင် သား​သ​မီး​တို့​၏​စား​ကြွင်း​စား​ကျန်​များ​ကို စား​ပွဲ​အောက်​မှ​ခွေး​တို့​စား​ရ​ကြ​ပါသည်'' ဟု ပြန်​လည်​လျှောက်​ထား​၏။
η δε απεκριθη και λεγει αυτω ναι κυριε και γαρ τα κυναρια υποκατω της τραπεζης εσθιει απο των ψιχιων των παιδιων
29 ၂၉ ထို​အ​ခါ​ကိုယ်​တော်​က ``သင်​ဤ​သို့​လျောက်​ပတ်​စွာ လျှောက်​ထား​သည့်​အ​တွက်​ကြောင့်​အိမ်​သို့​ပြန်​လော့။ နတ်​မိစ္ဆာ​သည်​သင့်​သ​မီး​ထံ​မှ​ထွက်​ခွာ​သွား​လေ ပြီ'' ဟု​မိန့်​တော်​မူ​၏။
και ειπεν αυτη δια τουτον τον λογον υπαγε εξεληλυθεν το δαιμονιον εκ της θυγατρος σου
30 ၃၀ ထို​အ​မျိုး​သ​မီး​သည်​မိ​မိ​အိမ်​သို့​ပြန်​ရောက်​သော် နတ်​မိစ္ဆာ​ထွက်​သွား​သ​ဖြင့် အိပ်​ရာ​ထဲ​မှာ​ငြိမ်​သက် စွာ​လဲ​လျောင်း​နေ​သော​မိ​မိ​၏​သ​မီး​ငယ်​ကို​တွေ့ ရ​၏။
και απελθουσα εις τον οικον αυτης ευρεν το δαιμονιον εξεληλυθος και την θυγατερα βεβλημενην επι της κλινης
31 ၃၁ တု​ရု​ဒေ​သ​မှ​အ​ပြန်​တွင်​ကိုယ်​တော်​သည်​ဇိ​ဒုန် ဒေ​သ​ကို​လည်း​ကောင်း၊ ဒေ​ကာ​ပေါ​လိ​ပြည် အ​လယ်​ပိုင်း​ကို​လည်း​ကောင်း​ဖြတ်​၍ ဂါ​လိ​လဲ အိုင်​သို့​ကြွ​တော်​မူ​၏။-
και παλιν εξελθων ο ιησους εκ των οριων τυρου και σιδωνος ηλθεν προς την θαλασσαν της γαλιλαιας ανα μεσον των οριων δεκαπολεως
32 ၃၂ လူ​အ​ချို့​တို့​သည်​ဆွံ့​အ​နား​ပင်း​သူ​တစ်​ယောက် ကို​အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။ ``သူ​၏​အ​ပေါ် တွင်​လက်​တော်​ကို​တင်​တော်​မူ​ပါ'' ဟု​လျှောက်​ထား တောင်း​ပန်​ကြ​၏။-
και φερουσιν αυτω κωφον μογγιλαλον και παρακαλουσιν αυτον ινα επιθη αυτω την χειρα
33 ၃၃ သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​ထဲ​မှ​ထို​သူ တစ်​ယောက်​တည်း​ကို လူ​ရှင်း​ရာ​သို့​ခေါ်​သွား​တော် မူ​ပြီး​နောက် သူ​၏​နား​များ​အ​တွင်း​သို့​လက်​ညှိုး တော်​ကို​ထိုး​ထည့်​တော်​မူ​၏။ တံ​တွေး​ထွေး​၍ သူ​၏​လျှာ​ကို​လည်း​တို့​တော်​မူ​၏။-
και απολαβομενος αυτον απο του οχλου κατ ιδιαν εβαλεν τους δακτυλους αυτου εις τα ωτα αυτου και πτυσας ηψατο της γλωσσης αυτου
34 ၃၄ ထို​နောက်​ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက်​သက် ပြင်း​ချ​ကာ ``ဧ​ဖ​သ'' ဟု​မိန့်​တော်​မူ​၏။ ဧ​ဖ​သ အ​နက်​ကား ``ပွင့်​စေ'' ဟူ​သ​တည်း။
και αναβλεψας εις τον ουρανον εστεναξεν και λεγει αυτω εφφαθα ο εστιν διανοιχθητι
35 ၃၅ ချက်​ချင်း​ပင်​ထို​သူ​၏​နား​တို့​သည်​ပွင့်​၍ သူ ၏​လျှာ​သည်​သွက်​လက်​လာ​သ​ဖြင့် သူ​သည် ပီ​သ​စွာ​စ​ကား​ပြော​လေ​သည်။-
και ευθεως διηνοιχθησαν αυτου αι ακοαι και ελυθη ο δεσμος της γλωσσης αυτου και ελαλει ορθως
36 ၃၆ ကိုယ်​တော်​သည်​ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း ကို မည်​သူ​အား​မျှ​မ​ပြော​ကြ​ရန်​လူ​တို့​အား တား​မြစ်​တော်​မူ​၏။ သို့​သော်​လည်း​ကိုယ်​တော် တား​မြစ်​တော်​မူ​လေ၊ သူ​တို့​သည်​ထို​သ​တင်း ကို​ကြေ​ညာ​လေ​ဖြစ်​၏။-
και διεστειλατο αυτοις ινα μηδενι ειπωσιν οσον δε αυτος αυτοις διεστελλετο μαλλον περισσοτερον εκηρυσσον
37 ၃၇ ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​ရ​သည့် လူ​အ​ပေါင်း​တို့​သည်​လွန်​မင်း​စွာ​အံ့​သြ​ကြ လျက် ``ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​မှု​တို့ ကို​လျောက်​ပတ်​စွာ​ပြု​တော်​မူ​ပြီ။ နား​ပင်း​သူ​တို့ ကို​ကြား​စေ​တော်​မူ​ပြီ။ ဆွံ့​အ​သူ​တို့​ကို​စ​ကား ပြော​စေ​တော်​မူ​ပြီ'' ဟု​ပြော​ဆို​ကြ​၏။
και υπερπερισσως εξεπλησσοντο λεγοντες καλως παντα πεποιηκεν και τους κωφους ποιει ακουειν και τους αλαλους λαλειν

< မာကု 7 >