< မာကု 5 >

1 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဂါ​လိ​လဲ​အိုင် တစ်​ဖက်​ကမ်း​တွင်​ရှိ​သော​ဂါ​ရ​စ​ဒေ​သ​သို့ ရောက်​ကြ​၏။-
Vậy họ đến bờ bên kia, thuộc vùng Ga-đa-ren.
2 ကိုယ်​တော်​လှေ​ထဲ​က​ထွက်​ကြွ​တော်​မူ​သည့်​ခ​ဏ ၌​နတ်​ပူး​ဝင်​နေ​သူ​လူ​တစ်​ယောက်​သည် သင်္ချိုင်း တ​စ​ပြင်​မှ​ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့် တွေ့​ဆုံ​၏။-
Lúc Chúa Giê-xu bước lên bờ, một người bị quỷ ám từ trong nghĩa địa chạy đến gặp Ngài.
3 သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​နေ​၏။ သူ့ အား​မည်​သူ​မျှ​သံ​ကြိုး​နှင့်​ချည်​နှောင်​၍​မ​ထား နိုင်။-
Anh ấy sống trong bãi tha ma, mạnh mẽ dữ tợn vô cùng.
4 သူ့​အား​ကြိမ်​ဖန်​များ​စွာ​သံ​ကြိုး​များ​ဖြင့်​ချည် နှောင်​ခဲ့​ဖူး​ကြ​၏။ သံ​ကြိုး​နှင့်​လက်​ထိတ်​ခြေ​ထိတ် များ​ခတ်​ခဲ့​ဖူး​ကြ​၏။ သံ​ကြိုး​နှင့်​လက်​ထိတ်​ခြေ ထိတ်​များ​သာ​ပြတ်​သွား​ခဲ့​၏။ မည်​သူ​မျှ​သူ့​အား နှိမ်​နင်း​၍​မ​ရ။-
Mỗi khi bị xiềng tay còng chân, anh liền bứt xiềng đập còng bỏ đi, chẳng ai đủ sức trị nổi.
5 သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​လည်း​ကောင်း၊ တောင်​ကုန်း​များ​အ​ထက်​တွင်​လည်း​ကောင်း​နေ့​ည မ​ပြတ်​ဟစ်​အော်​လျက် မိ​မိ​ကိုယ်​ကို​ကျောက်​စောင်း များ​ဖြင့်​အ​နာ​တ​ရ​ဖြစ်​စေ​၏။
Suốt ngày đêm, anh lang thang giữa nghĩa trang, trên đồi núi, kêu la và lấy đá nhọn rạch mình.
6 သူ​သည်​သ​ခင်​ယေ​ရှု​ကို​အ​ဝေး​မှ​မြင်​လျှင် ပြေး ၍​ရှေ့​တော်​၌​ပျပ်​ဝပ်​ကာ ``အ​မြင့်​မြတ်​ဆုံး​သော ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု၊ အ​ရှင်​သည် အ​ကျွန်ုပ်​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​အား​ညှဉ်း​ဆဲ​တော်​မ​မူ​ပါ​နှင့်။ ဘု​ရား သ​ခင်​ကို​အ​မှီ​ပြု​၍​အ​ကျွန်ုပ်​တောင်း​ပန်​ပါ​၏'' ဟု​ကျယ်​စွာ​ဟစ်​အော်​၏။-
Khi Chúa Giê-xu còn ở từ xa, anh đã thấy Ngài, vội chạy đến quỳ xuống thờ lạy.
7
Anh run rẩy hét lên: “Giê-xu, Con Đức Chúa Trời Chí Cao! Ngài định làm gì tôi? Nhân danh Đức Chúa Trời, xin đừng hành hại tôi!”
8 ယင်း​သို့​ဟစ်​အော်​ရ​သည့်​အ​ကြောင်း​မှာ သ​ခင် ယေ​ရှု​က ``ညစ်​ညမ်း​သော​နတ်၊ ဤ​လူ​အ​ထဲ​မှ ထွက်​ခဲ့​လော့'' ဟု​အ​မိန့်​ပေး​လိုက်​သော​ကြောင့် ဖြစ်​၏။
Anh nói thế vì Chúa Giê-xu ra lệnh: “Ác quỷ, hãy ra khỏi người này.”
9 ကိုယ်​တော်​က ``သင်​၏​နာ​မည်​ကား​အ​ဘယ်​နည်း'' ဟု​မေး​၏။ ထို​သူ​က ``အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​သော​ကြောင့် အ​ကျွန်ုပ်​တို့​ကို​လေ​ဂေါင်​ဟု ခေါ်​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ထား​ပြီး​နောက်၊-
Chúa Giê-xu hỏi: “Mày tên gì?” Đáp: “Tôi tên Quân Đoàn, vì chúng tôi rất đông.”
10 ၁၀ မိ​မိ​တို့​အား​ထို​ဒေ​သ​မှ​နှင်​ထုတ်​တော်​မ​မူ​ရန် အ​တန်​တန်​တောင်း​ပန်​လေ​၏။
Bọn quỷ cầu xin Ngài đừng đuổi chúng ra khỏi vùng đó.
11 ၁၁ ထို​အ​ချိန်​၌​တောင်​ကုန်း​အ​နီး​တွင်​ဝက်​အုပ် ကြီး​ကျက်​စား​လျက်​ရှိ​၏။-
Trên sườn núi, có bầy heo đông đúc đang ăn.
12 ၁၂ ညစ်​ညမ်း​သော​နတ်​များ​က ``အ​ကျွန်ုပ်​တို့​အား ထို ဝက်​များ​ကို​ပူး​ဝင်​ရန်​ခွင့်​ပြု​တော်​မူ​ပါ'' ဟု တောင်း​ပန်​ကြ​၏။-
Bọn quỷ nài nỉ: “Xin Chúa cho chúng tôi nhập vào bầy heo đó.”
13 ၁၃ ကိုယ်​တော်​သည်​ခွင့်​ပြု​တော်​မူ​၏။ ညစ်​ညမ်း​သော နတ်​တို့​သည် ထို​လူ​၏​ထံ​မှ​ထွက်​ခွာ​၍​ဝက်​များ ကို​ပူး​ဝင်​ကြ​၏။ ကောင်​ရေ​နှစ်​ထောင်​ခန့်​ရှိ​သော ထို​ဝက်​အုပ်​သည်​ချောက်​ကမ်း​ပါး​အ​တိုင်း​အိုင် ထဲ​သို့​ပြေး​ဆင်း​လျက်​နစ်​မြုပ်​ဆုံး​ပါး​ကြ ကုန်​၏။
Chúa Giê-xu cho phép. Bọn quỷ ra khỏi người bị ám, nhập vào bầy heo. Cả bầy heo độ 2.000 con, liền lao đầu qua bờ đá rơi xuống biển, chết chìm hết.
14 ၁၄ ဝက်​ထိန်း​များ​သည်​ထွက်​ပြေး​ကြ​၏။ မြို့​နှင့် ကျေး​လက်​တော​ရွာ​များ​တွင်​ထို​အ​ဖြစ်​အ​ပျက် အ​ကြောင်း​အ​ရာ​များ​ကို​အ​နှံ့​အ​ပြား​ပြော ကြား​ကြ​၏။ လူ​တို့​သည်​ဖြစ်​ပျက်​ပုံ​ကို​သိ​လို ၍​လာ​ရောက်​ကြည့်​ရှု​ကြ​၏။-
Bọn chăn heo chạy vào thành và thôn xóm gần đó báo tin. Mọi người đổ xô ra xem cho tường tận.
15 ၁၅ သူ​တို့​သည်​သ​ခင်​ယေ​ရှု​ထံ​သို့​ရောက်​ရှိ​ကြ သော​အ​ခါ လေ​ဂေါင်​နတ်​ပူး​ဝင်​ခဲ့​သူ​သည် အ​ဝတ် ကို​ဝတ်​ဆင်​ကာ​လူ​ကောင်း​ပ​က​တိ​အ​ဖြစ်​ထိုင် နေ​သည်​ကို​မြင်​လျှင်​ကြောက်​ကြ​၏။-
Họ đến gần Chúa Giê-xu, thấy người vốn bị quỷ ám ngồi đó, áo quần tươm tất, trí óc tỉnh táo, thì họ khiếp sợ.
16 ၁၆ မျက်​မြင်​သက်​သေ​များ​က​နတ်​မိစ္ဆာ​ပူး​ဝင်​ခဲ့​သူ နှင့်​ဝက်​များ​၏​အ​ဖြစ်​အ​ပျက်​ကို​ထို​သူ​တို့ အား​ပြော​ပြ​ကြ​၏။
Những người chứng kiến việc ấy đều thuật lại từng chi tiết về người bị quỷ ám và những con heo.
17 ၁၇ ထို့​ကြောင့်​သူ​တို့​သည်​မိ​မိ​တို့​ဒေ​သ​မှ​ထွက်​ခွာ သွား​တော်​မူ​ရန် သ​ခင်​ယေ​ရှု​အား​တောင်း​ပန် ကြ​၏။
Đoàn dân nài xin Chúa Giê-xu đi nơi khác.
18 ၁၈ ကိုယ်​တော်​သည်​လှေ​ပေါ်​သို့​တက်​တော်​မူ​စဉ် နတ်​မိစ္ဆာ ပူး​ဝင်​ခဲ့​သူ​က​နောက်​တော်​သို့​လိုက်​ခွင့်​ပြု​ရန် လျှောက်​ထား​တောင်း​ပန်​၏။
Vì thế, Chúa Giê-xu lui về thuyền. Người vốn bị quỷ ám xin đi theo Ngài.
19 ၁၉ ကိုယ်​တော်​ကား​ခွင့်​ပြု​တော်​မ​မူ။ ``သင်​၏​အိမ်​သို့ သွား​လော့။ ဘု​ရား​သ​ခင်​သည်​သင့်​အား​မည်​မျှ ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​နှင့် မည်​သို့​သ​နား တော်​မူ​ကြောင်း​ကို​ဆွေ​မျိုး​သား​ချင်း​တို့​အား ပြော​ပြ​လော့'' ဟု​မိန့်​တော်​မူ​၏။
Nhưng Chúa Giê-xu bảo: “Con về nhà, kể cho bạn hữu nghe những việc diệu kỳ Đức Chúa Trời đã làm cho con, và lòng nhân từ của Ngài đối với con.”
20 ၂၀ ထို​သူ​သည်​ထွက်​သွား​၍​မိ​မိ​အား​သ​ခင်​ယေ​ရှု သည် အ​ဘယ်​သို့​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း ကို ဒေ​ကာ​ပေါ​လိ​ဟု​နာ​မည်​တွင်​သော​ပြည် တစ်​လျှောက်​လုံး​တွင်​အ​နှံ့​အ​ပြား​ပြော​ကြား လေ​၏။ ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည် အံ့​သြ​ကြ​၏။
Người ấy đi khắp vùng Mười Thành, rao giảng những việc lớn lao Chúa Giê-xu đã làm cho mình; mọi người nghe chuyện đều kinh ngạc.
21 ၂၁ သ​ခင်​ယေ​ရှု​သည်​အိုင်​တစ်​ဖက်​သို့​လှေ​ဖြင့်​တစ်​ဖန် ကူး​တော်​မူ​ပြန်​သော​အ​ခါ များ​စွာ​သော​လူ​တို့​သည် အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​၏။ ကိုယ်​တော်​သည်​အိုင် ကမ်း​ခြေ​တွင်​ရှိ​နေ​တော်​မူ​စဉ်၊-
Khi Chúa Giê-xu vượt biển trở lại bờ bên kia, dân chúng tụ họp quanh Ngài.
22 ၂၂ ယာ​ဣ​ရု​ဆို​သူ​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး သည်​ရောက်​လာ​၏။-
Giai-ru, viên quản lý nhà hội đến và quỳ trước mặt Chúa,
23 ၂၃ သူ​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ​ခြေ​တော်​ရင်း တွင်​ပျပ်​ဝပ်​လျက် ``အ​ကျွန်ုပ်​၏​သ​မီး​ငယ်​သည်​သေ​လု နီး​ပါး​ဖြစ်​နေ​ပါ​သည်။ သူ့​အား​ရော​ဂါ​ပျောက်​လျက် အ​သက်​ရှင်​စေ​ရန် ကိုယ်​တော်​ကြွ​တော်​မူ​၍​သူ​၏ အ​ပေါ်​၌​လက်​တော်​ကို​တင်​တော်​မူ​ပါ'' ဟု​အ​နူး အ​ညွတ်​လျှောက်​ထား​တောင်း​ပန်​၏။
khẩn khoản: “Con gái tôi sắp chết, xin Thầy làm ơn đến đặt tay trên mình nó cứu nó sống.”
24 ၂၄ သ​ခင်​ယေ​ရှု​သည်​ယာ​ဣ​ရု​နှင့်​အ​တူ​လိုက်​သွား​၏။ များ​စွာ​သော​လူ​ပ​ရိ​သတ်​သည်​နောက်​တော်​က လိုက်​သ​ဖြင့်​ကိုယ်​တော်​ကို​တိုး​ဝှေ့​မိ​ကြ​၏။
Chúa Giê-xu đi với ông, dân chúng chen lấn chung quanh Ngài.
25 ၂၅ အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ဆယ့်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​ရော​ဂါ​စွဲ​ကပ်​လျက်​ပြင်း​စွာ​ဝေ​ဒ​နာ​ခံ ခဲ့​ရ​၏။-
Trong đám đông, có một phụ nữ bị bệnh rong huyết đã mười hai năm.
26 ၂၆ များ​စွာ​သော​ဆ​ရာ​ဝန်​တို့​၏​ကု​သ​မှု​ကို​ခံ​ခဲ့ ရ​၏။ မိ​မိ​၌​ရှိ​သ​မျှ​ကြေး​ငွေ​များ​ပင်​ကုန်​ချေ ပြီ။ မည်​သို့​မျှ​သက်​သာ​ရာ​မ​ရ​ဘဲ​အ​ခြေ​အ​နေ ပို​၍​ပင်​ဆိုး​ရွား​လာ​၏။-
Bà khổ sở vì lâu nay đã chạy lắm thầy nhiều thuốc, hao tốn tiền của mà vẫn không khỏi bệnh.
27 ၂၇ သူ​သည်​သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​ကို​ကြား​သိ သ​ဖြင့် ``ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို​လက်​နှင့် တို့​ထိ​ရ​လျှင်​ငါ​၏​ရော​ဂါ​ပျောက်​လိမ့်​မည်'' ဟု တစ်​ကိုယ်​တည်း​ပြော​ဆို​လျက်​လူ​အ​ပေါင်း​တို့ ကြား​မှ​တိုး​ဝင်​ကာ ကိုယ်​တော်​၏​နောက်​သို့​ရောက် ရှိ​လာ​၏။-
Bà nghe đồn về quyền năng của Chúa Giê-xu, nên len vào đám đông, đến sau lưng Chúa và sờ áo Ngài.
28 ၂၈
Bà tự nhủ: “Ta chỉ cần sờ áo Chúa là được lành!”
29 ၂၉ ထို​နောက်​အ​ဝတ်​တော်​ကို​တို့​ထိ​လေ​၏။ ထို​သို့​တို့​ထိ လိုက်​သည်​နှင့်​တစ်​ပြိုင်​နက်​သွေး​အ​သွန်​ရပ်​၍​သွား သ​ဖြင့် သူ​သည်​ရော​ဂါ​ပျောက်​ကင်း​သွား​သည့် အ​ဖြစ်​ကို​သိ​ရှိ​လာ​၏။-
Ngay khi bà sờ áo Chúa, huyết liền cầm lại, bà biết mình đã lành bệnh!
30 ၃၀ သ​ခင်​ယေ​ရှု​သည်​အ​ထံ​တော်​မှ​တန်​ခိုး​ထွက်​သွား သည်​ကို​ချက်​ချင်း​သိ​တော်​မူ​၏။ ပ​ရိ​သတ်​ဘက်​သို့ လှည့်​တော်​မူ​၍ ``ငါ​၏​အ​ဝတ်​ကို​မည်​သူ​တို့​ထိ သ​နည်း'' ဟု​မေး​တော်​မူ​၏။
Lập tức, Chúa Giê-xu nhận biết có quyền lực chữa bệnh từ Ngài phát ra, nên nhìn quanh đám đông và hỏi: “Ai vừa sờ áo Ta?”
31 ၃၁ တ​ပည့်​တော်​တို့​က ``အ​ရှင့်​ကို​တိုး​ဝှေ့​သော​လူ​ထု ကြီး​ကို​တွေ့​မြင်​တော်​မူ​ပါ​လျက် ငါ့​အား​မည်​သူ တို့​ထိ​သ​နည်း​ဟု​မေး​တော်​မူ​ပါ​သ​လော'' ဟု လျှောက်​ထား​ကြ​၏။
Các môn đệ thưa: “Bao nhiêu người đang chen lấn quanh Thầy, sao Thầy còn hỏi ai đụng vào Thầy?”
32 ၃၂ သို့​ရာ​တွင်​ကိုယ်​တော်​သည်​မိ​မိ​အား အ​ဘယ်​သူ တို့​ထိ​သည်​ကို​သိ​ရန်​ပတ်​လည်​သို့​ကြည့်​တော် မူ​၏။-
Nhưng Chúa cứ nhìn quanh, tìm người đã sờ áo Ngài.
33 ၃၃ အ​ဝတ်​တော်​ကို​တို့​ထိ​သော​အ​မျိုး​သ​မီး​သည် မိ​မိ​ခံ​စား​ရ​သည့်​အ​ဖြစ်​ကို​သိ​သ​ဖြင့် ကြောက်​ရွံ့ တုန်​လှုပ်​လျက်​ရှေ့​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​ကာ ဟုတ်​တိုင်း​မှန်​ရာ​ကို​အ​ကုန်​အ​စင်​လျှောက်​ထား​၏။
Người phụ nữ run rẩy, sợ hãi, biết mình đã lành bệnh, đến quỳ dưới chân Chúa, trình bày tất cả sự thật.
34 ၃၄ ကိုယ်​တော်​က ``ငါ့​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကျန်း​မာ​စေ​ပြီ။ စိတ်​ချမ်း​သာ​စွာ​သွား​လော့။ ရော​ဂါ​ပျောက်​ကင်း​စေ'' ဟု​မိန့်​တော်​မူ​၏။
Chúa nói với bà: “Con ơi, đức tin con đã chữa cho con lành. Con về nhà bình an, mạnh khỏe.”
35 ၃၅ ယင်း​သို့​မိန့်​တော်​မူ​ချိန်​၌​ယာ​ဣ​ရု​၏​အိမ်​မှ​လူ အ​ချို့​တို့​ရောက်​လာ​ကြ​ပြီး​လျှင် ``အ​ရှင်​၏​သ​မီး သည်​သေ​ဆုံး​ပါ​ပြီ။ ဆ​ရာ​တော်​ကို​အ​ဘယ်​ကြောင့် ဒုက္ခ​ပေး​ပါ​တော့​မည်​နည်း'' ဟု​ဆို​ကြ​၏။
Trong khi Chúa còn đang nói, người nhà Giai-ru đến báo tin: “Con gái ông chết rồi! Đừng làm phiền Thầy nữa!”
36 ၃၆ သို့​သော်​သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​စ​ကား​ကို ကြား​လျှင် ``မ​စိုး​ရိမ်​နှင့်။ သင့်​မှာ​ယုံ​ကြည်​ခြင်း​သာ ရှိ​စေ​လော့'' ဟု​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​အား မိန့်​တော်​မူ​၏။-
Nhưng Chúa Giê-xu chẳng quan tâm đến lời trình báo. Ngài bảo Giai-ru: “Đừng sợ. Hãy vững lòng tin.”
37 ၃၇ ထို​နောက်​ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယာ​ကုပ်​၏​ညီ ယော​ဟန်​တို့​မှ​တစ်​ပါး မည်​သူ​ကို​မျှ​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ခွင့်​ပြု​တော်​မ​မူ။-
Chúa Giê-xu không cho ai đi theo Ngài, ngoài Phi-e-rơ, Gia-cơ, và Giăng.
38 ၃၈ ယာ​ဣ​ရု​၏​အိမ်​သို့​ရောက်​လျှင်​လူ​တို့​ရုတ်​ရုတ်​သဲ​သဲ ဖြစ်​လျက် ကျယ်​လောင်​စွာ​မြည်​တမ်း​ငို​ယို​လျက်​နေ ကြ​သည်​ကို​မြင်​တော်​မူ​၏။-
Khi đến nhà Giai-ru, Ngài thấy cả nhà huyên náo vì những tiếng than khóc kêu la.
39 ၃၉ ကိုယ်​တော်​သည်​အိမ်​ထဲ​သို့​ဝင်​၍​ထို​သူ​တို့​အား ``သင် တို့​အ​ဘယ်​ကြောင့်​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​နေ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်​ငို​ယို​နေ​ကြ​သ​နည်း။ သူ​ငယ်​မ​သည် သေ​သည်​မ​ဟုတ်၊​အိပ်​လျက်​သာ​နေ​၏'' ဟု​မိန့်​တော် မူ​၏။
Vừa bước vào, Chúa hỏi mọi người: “Tại sao khóc lóc ồn ào thế? Em bé chỉ ngủ chứ không chết đâu.”
40 ၄၀ ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ ၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​အ​ပြင်​သို့​နှင်​ထုတ်​တော် မူ​ပြီး​လျှင် သူ​ငယ်​မ​၏​မိ​ဘ​များ​နှင့်​တ​ပည့်​တော် သုံး​ယောက်​တို့​ကို​ခေါ်​၍ သူ​ငယ်​မ​ရှိ​ရာ​အ​ခန်း​ထဲ သို့​ဝင်​တော်​မူ​၏။-
Họ quay lại chế nhạo Ngài, nhưng Ngài bảo mọi người lui ra, rồi đưa cha cô bé và ba môn đệ vào phòng.
41 ၄၁ သူ​ငယ်​မ​၏​လက်​ကို​ဆုပ်​ကိုင်​ကာ ``တ​လိ​သ​ကု​မိ'' ဟု​မိန့်​တော်​မူ​၏။ အ​ဋ္ဌိပ္ပါယ်​ကား ``က​လေး​မ၊ ထ​လော့။ သင့်​အား​ငါ​အ​မိန့်​ရှိ​၏'' ဟူ​ဆို​လို​သည်။
Cầm tay nó, Chúa gọi: “Con ơi, dậy đi!”
42 ၄၂ ကိုယ်​တော်​မိန့်​တော်​မူ​သည့်​ခ​ဏ​၌ သူ​ငယ်​မ​သည် ထ​၍​လမ်း​လျှောက်​လေ​၏။ (သူ​ငယ်​မ​ကား​တစ်​ဆယ့် နှစ်​နှစ်​သ​မီး​ဖြစ်​သ​တည်း။) ထို​အ​ခါ​လူ​တို့ သည်​လွန်​စွာ​အံ့​သြ​ကြ​ကုန်​သည်။-
Cô bé liền đứng dậy, bước đi. (Nó đã được mười hai tuổi). Cha mẹ nó ngạc nhiên, sững sờ.
43 ၄၃ ကိုယ်​တော်​က ``ဤ​အ​ကြောင်း​ကို​အ​ဘယ်​သူ​အား မျှ​မ​ပြော​နှင့်'' ဟု​သူ​တို့​အား​ကြပ်​တည်း​စွာ​ပ​ညတ် တော်​မူ​ပြီး​နောက် ``သူ​ငယ်​မ​အား​အ​စား​အ​စာ ကျွေး​လော့'' ဟု​မိန့်​တော်​မူ​၏။
Chúa Giê-xu dặn họ đừng đồn việc đó ra, và bảo cho cô bé ăn.

< မာကု 5 >