< မာကု 5 >
1 ၁ ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂါလိလဲအိုင် တစ်ဖက်ကမ်းတွင်ရှိသောဂါရစဒေသသို့ ရောက်ကြ၏။-
О И много Му се моли да не ги отпраща вън от страната.
2 ၂ ကိုယ်တော်လှေထဲကထွက်ကြွတော်မူသည့်ခဏ ၌နတ်ပူးဝင်နေသူလူတစ်ယောက်သည် သင်္ချိုင်း တစပြင်မှထွက်လာပြီးလျှင်ကိုယ်တော်နှင့် တွေ့ဆုံ၏။-
И като излезе от ладията, начаса Го срещна от гробищата човек с нечист дух.
3 ၃ သူသည်သင်္ချိုင်းဂူများအကြားတွင်နေ၏။ သူ့ အားမည်သူမျှသံကြိုးနှင့်ချည်နှောင်၍မထား နိုင်။-
Той живееше в гробищата, и никой вече не можеше да го върже нито с верига;
4 ၄ သူ့အားကြိမ်ဖန်များစွာသံကြိုးများဖြင့်ချည် နှောင်ခဲ့ဖူးကြ၏။ သံကြိုးနှင့်လက်ထိတ်ခြေထိတ် များခတ်ခဲ့ဖူးကြ၏။ သံကြိုးနှင့်လက်ထိတ်ခြေ ထိတ်များသာပြတ်သွားခဲ့၏။ မည်သူမျှသူ့အား နှိမ်နင်း၍မရ။-
защото много пъти бяха го вързвали с окови и с вериги; но той бе разкъсвал веригите и счупвал оковите; и никой нямаше сила да го укроти.
5 ၅ သူသည်သင်္ချိုင်းဂူများအကြားတွင်လည်းကောင်း၊ တောင်ကုန်းများအထက်တွင်လည်းကောင်းနေ့ည မပြတ်ဟစ်အော်လျက် မိမိကိုယ်ကိုကျောက်စောင်း များဖြင့်အနာတရဖြစ်စေ၏။
И всякога, нощем и денем, в гробищата и по бърдата, той викаше и се изпосичаше с камъни.
6 ၆ သူသည်သခင်ယေရှုကိုအဝေးမှမြင်လျှင် ပြေး ၍ရှေ့တော်၌ပျပ်ဝပ်ကာ ``အမြင့်မြတ်ဆုံးသော ဘုရားသခင်၏သားတော်ယေရှု၊ အရှင်သည် အကျွန်ုပ်ကိုမည်သို့ပြုလိုတော်မူပါသနည်း။ အကျွန်ုပ်အားညှဉ်းဆဲတော်မမူပါနှင့်။ ဘုရား သခင်ကိုအမှီပြု၍အကျွန်ုပ်တောင်းပန်ပါ၏'' ဟုကျယ်စွာဟစ်အော်၏။-
А като видя Исуса отдалеч, завтече се и Му се поклони;
и изкрещя със силен глас и рече: Какво имаш Ти с мен, Исусе, Сине на Всевишния Бог? Заклевам Те в Бога, недей ме мъчи.
8 ၈ ယင်းသို့ဟစ်အော်ရသည့်အကြောင်းမှာ သခင် ယေရှုက ``ညစ်ညမ်းသောနတ်၊ ဤလူအထဲမှ ထွက်ခဲ့လော့'' ဟုအမိန့်ပေးလိုက်သောကြောင့် ဖြစ်၏။
(Защото му казваше: Излез от човека, душе нечисти).
9 ၉ ကိုယ်တော်က ``သင်၏နာမည်ကားအဘယ်နည်း'' ဟုမေး၏။ ထိုသူက ``အကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များသောကြောင့် အကျွန်ုပ်တို့ကိုလေဂေါင်ဟု ခေါ်ပါသည်'' ဟုပြန်၍လျှောက်ထားပြီးနောက်၊-
И Исус го попита: Как ти е името? А той Му каза: Легион ми е името; защото сме мнозина.
10 ၁၀ မိမိတို့အားထိုဒေသမှနှင်ထုတ်တော်မမူရန် အတန်တန်တောင်းပန်လေ၏။
И много Му се моли да не ги отпраща вън от страната.
11 ၁၁ ထိုအချိန်၌တောင်ကုန်းအနီးတွင်ဝက်အုပ် ကြီးကျက်စားလျက်ရှိ၏။-
А там по бърдото пасеше голямо стадо свине.
12 ၁၂ ညစ်ညမ်းသောနတ်များက ``အကျွန်ုပ်တို့အား ထို ဝက်များကိုပူးဝင်ရန်ခွင့်ပြုတော်မူပါ'' ဟု တောင်းပန်ကြ၏။-
И бесовете Му се молиха, казвайки: Прати ни в свинете, за да влезем в тях.
13 ၁၃ ကိုယ်တော်သည်ခွင့်ပြုတော်မူ၏။ ညစ်ညမ်းသော နတ်တို့သည် ထိုလူ၏ထံမှထွက်ခွာ၍ဝက်များ ကိုပူးဝင်ကြ၏။ ကောင်ရေနှစ်ထောင်ခန့်ရှိသော ထိုဝက်အုပ်သည်ချောက်ကမ်းပါးအတိုင်းအိုင် ထဲသို့ပြေးဆင်းလျက်နစ်မြုပ်ဆုံးပါးကြ ကုန်၏။
Исус им позволи. И нечистите духове излязоха и влязоха в свинете; и стадото, на брой около две хиляди, се спусна по стръмнината в езерото, и се издавиха в езерото.
14 ၁၄ ဝက်ထိန်းများသည်ထွက်ပြေးကြ၏။ မြို့နှင့် ကျေးလက်တောရွာများတွင်ထိုအဖြစ်အပျက် အကြောင်းအရာများကိုအနှံ့အပြားပြော ကြားကြ၏။ လူတို့သည်ဖြစ်ပျက်ပုံကိုသိလို ၍လာရောက်ကြည့်ရှုကြ၏။-
А ония, които ги пасяха, побягнаха и известиха това в града и по селата. И жителите дойдоха да видят какво е станало.
15 ၁၅ သူတို့သည်သခင်ယေရှုထံသို့ရောက်ရှိကြ သောအခါ လေဂေါင်နတ်ပူးဝင်ခဲ့သူသည် အဝတ် ကိုဝတ်ဆင်ကာလူကောင်းပကတိအဖြစ်ထိုင် နေသည်ကိုမြင်လျှင်ကြောက်ကြ၏။-
И като дохождат при Исуса, виждат хванатия по-преди от бесове, в когото е бил легиона, че седи облечен и смислен; и убояха се.
16 ၁၆ မျက်မြင်သက်သေများကနတ်မိစ္ဆာပူးဝင်ခဲ့သူ နှင့်ဝက်များ၏အဖြစ်အပျက်ကိုထိုသူတို့ အားပြောပြကြ၏။
И ония, които бяха видели, разказваха им за станалото с хванатия от бесовете, и за свинете.
17 ၁၇ ထို့ကြောင့်သူတို့သည်မိမိတို့ဒေသမှထွက်ခွာ သွားတော်မူရန် သခင်ယေရှုအားတောင်းပန် ကြ၏။
И те почнаха да Му се молят да си отиде от техните предели.
18 ၁၈ ကိုယ်တော်သည်လှေပေါ်သို့တက်တော်မူစဉ် နတ်မိစ္ဆာ ပူးဝင်ခဲ့သူကနောက်တော်သို့လိုက်ခွင့်ပြုရန် လျှောက်ထားတောင်းပန်၏။
И когато влизаше в ладията, тоя, който бе по-напред хванат от бесове, Му се молеше да бъде заедно с Него.
19 ၁၉ ကိုယ်တော်ကားခွင့်ပြုတော်မမူ။ ``သင်၏အိမ်သို့ သွားလော့။ ဘုရားသခင်သည်သင့်အားမည်မျှ ကျေးဇူးပြုတော်မူကြောင်းနှင့် မည်သို့သနား တော်မူကြောင်းကိုဆွေမျိုးသားချင်းတို့အား ပြောပြလော့'' ဟုမိန့်တော်မူ၏။
Обаче Той не го допусна, но му каза: Иди си у дома при своите, и кажи им какви неща ти стори Господ и как се смили за тебе.
20 ၂၀ ထိုသူသည်ထွက်သွား၍မိမိအားသခင်ယေရှု သည် အဘယ်သို့ကျေးဇူးပြုတော်မူကြောင်း ကို ဒေကာပေါလိဟုနာမည်တွင်သောပြည် တစ်လျှောက်လုံးတွင်အနှံ့အပြားပြောကြား လေ၏။ ကြားရသောသူအပေါင်းတို့သည် အံ့သြကြ၏။
И човекът тръгна и почна да разгласява в Декапол какви неща му стори Исус; и всички се чудеха.
21 ၂၁ သခင်ယေရှုသည်အိုင်တစ်ဖက်သို့လှေဖြင့်တစ်ဖန် ကူးတော်မူပြန်သောအခါ များစွာသောလူတို့သည် အထံတော်သို့စုရုံးလာကြ၏။ ကိုယ်တော်သည်အိုင် ကမ်းခြေတွင်ရှိနေတော်မူစဉ်၊-
Когато Исус пак премина с ладията на отвъдната страна, събра се при Него голямо множество; и Той беше край езерото.
22 ၂၂ ယာဣရုဆိုသူတရားဇရပ်အုပ်ချုပ်ရေးမှူး သည်ရောက်လာ၏။-
И дохожда един от началниците на синагогата, на име Яир, и като Го вижда, пада пред нозете Му,
23 ၂၃ သူသည်ကိုယ်တော်ကိုမြင်သောအခါခြေတော်ရင်း တွင်ပျပ်ဝပ်လျက် ``အကျွန်ုပ်၏သမီးငယ်သည်သေလု နီးပါးဖြစ်နေပါသည်။ သူ့အားရောဂါပျောက်လျက် အသက်ရှင်စေရန် ကိုယ်တော်ကြွတော်မူ၍သူ၏ အပေါ်၌လက်တော်ကိုတင်တော်မူပါ'' ဟုအနူး အညွတ်လျှောက်ထားတောင်းပန်၏။
и много Му се моли, казвайки: Малката ми дъщеря бере душа; моля Ти се да дойдеш и положиш ръце на нея, за да оздравее и да живее.
24 ၂၄ သခင်ယေရှုသည်ယာဣရုနှင့်အတူလိုက်သွား၏။ များစွာသောလူပရိသတ်သည်နောက်တော်က လိုက်သဖြင့်ကိုယ်တော်ကိုတိုးဝှေ့မိကြ၏။
И Той отиде с него; и едно голямо множество вървеше подире Му, и хората Го притискаха.
25 ၂၅ အမျိုးသမီးတစ်ယောက်သည်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်လျက်ပြင်းစွာဝေဒနာခံ ခဲ့ရ၏။-
И една жена, която бе имала кръвотечение дванадесет години,
26 ၂၆ များစွာသောဆရာဝန်တို့၏ကုသမှုကိုခံခဲ့ ရ၏။ မိမိ၌ရှိသမျှကြေးငွေများပင်ကုန်ချေ ပြီ။ မည်သို့မျှသက်သာရာမရဘဲအခြေအနေ ပို၍ပင်ဆိုးရွားလာ၏။-
и беше много пострадала от мнозина лекари, и беше иждивила целия си имот без да види някаква полза, а напротив беше й станало по-зле,
27 ၂၇ သူသည်သခင်ယေရှု၏အကြောင်းကိုကြားသိ သဖြင့် ``ကိုယ်တော်၏အဝတ်တော်ကိုလက်နှင့် တို့ထိရလျှင်ငါ၏ရောဂါပျောက်လိမ့်မည်'' ဟု တစ်ကိုယ်တည်းပြောဆိုလျက်လူအပေါင်းတို့ ကြားမှတိုးဝင်ကာ ကိုယ်တော်၏နောက်သို့ရောက် ရှိလာ၏။-
като чу отзивите за Исуса, дойде между народа изотзад и се допря до дрехата Му.
Защото си казваше: Ако само се допра до дрехата Му, ще оздравея.
29 ၂၉ ထိုနောက်အဝတ်တော်ကိုတို့ထိလေ၏။ ထိုသို့တို့ထိ လိုက်သည်နှင့်တစ်ပြိုင်နက်သွေးအသွန်ရပ်၍သွား သဖြင့် သူသည်ရောဂါပျောက်ကင်းသွားသည့် အဖြစ်ကိုသိရှိလာ၏။-
И на часа пресекна кръвотечението й, и тя усети в тялото си, че се изцели от болестта.
30 ၃၀ သခင်ယေရှုသည်အထံတော်မှတန်ခိုးထွက်သွား သည်ကိုချက်ချင်းသိတော်မူ၏။ ပရိသတ်ဘက်သို့ လှည့်တော်မူ၍ ``ငါ၏အဝတ်ကိုမည်သူတို့ထိ သနည်း'' ဟုမေးတော်မူ၏။
И веднага Исус като усети в Себе Си, че е излязла от Него сила, обърна се всред народа и каза: Кой се допря до дрехите Ми?
31 ၃၁ တပည့်တော်တို့က ``အရှင့်ကိုတိုးဝှေ့သောလူထု ကြီးကိုတွေ့မြင်တော်မူပါလျက် ငါ့အားမည်သူ တို့ထိသနည်းဟုမေးတော်မူပါသလော'' ဟု လျှောက်ထားကြ၏။
Учениците Му казаха: Ти виждаш, че народът те притиска, и казваш ли: Кой се допря до Мене?
32 ၃၂ သို့ရာတွင်ကိုယ်တော်သည်မိမိအား အဘယ်သူ တို့ထိသည်ကိုသိရန်ပတ်လည်သို့ကြည့်တော် မူ၏။-
Но Той се озърташе за да види тая, която бе сторила това.
33 ၃၃ အဝတ်တော်ကိုတို့ထိသောအမျိုးသမီးသည် မိမိခံစားရသည့်အဖြစ်ကိုသိသဖြင့် ကြောက်ရွံ့ တုန်လှုပ်လျက်ရှေ့တော်သို့လာရောက်ပျပ်ဝပ်ကာ ဟုတ်တိုင်းမှန်ရာကိုအကုန်အစင်လျှောက်ထား၏။
А жената, уплашена и разтреперана, като знаеше станалото с нея, дойде и падна пред Него и Му каза цялата истина.
34 ၃၄ ကိုယ်တော်က ``ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာသွားလော့။ ရောဂါပျောက်ကင်းစေ'' ဟုမိန့်တော်မူ၏။
А Той й рече: Дъщерьо, твоята вяра те изцели; иди си с мир, и бъди здрава от болестта си.
35 ၃၅ ယင်းသို့မိန့်တော်မူချိန်၌ယာဣရု၏အိမ်မှလူ အချို့တို့ရောက်လာကြပြီးလျှင် ``အရှင်၏သမီး သည်သေဆုံးပါပြီ။ ဆရာတော်ကိုအဘယ်ကြောင့် ဒုက္ခပေးပါတော့မည်နည်း'' ဟုဆိုကြ၏။
Докато Той още говореше, дохождат от къщата на началника на синагогата и казват: Дъщеря ти умря; защо вече затрудняваш Учителя?
36 ၃၆ သို့သော်သခင်ယေရှုသည်ထိုသူတို့၏စကားကို ကြားလျှင် ``မစိုးရိမ်နှင့်။ သင့်မှာယုံကြည်ခြင်းသာ ရှိစေလော့'' ဟုတရားဇရပ်အုပ်ချုပ်ရေးမှူးအား မိန့်တော်မူ၏။-
А Исус, като дочу думата, която говореха, каза на началника на синагогата: Не бой се, само вярвай.
37 ၃၇ ထိုနောက်ပေတရု၊ ယာကုပ်နှင့်ယာကုပ်၏ညီ ယောဟန်တို့မှတစ်ပါး မည်သူကိုမျှကိုယ်တော် နှင့်အတူလိုက်ခွင့်ပြုတော်မမူ။-
И никому не позволи да Го придружи, освен на Петра, Якова и Якововия брат Йоан.
38 ၃၈ ယာဣရု၏အိမ်သို့ရောက်လျှင်လူတို့ရုတ်ရုတ်သဲသဲ ဖြစ်လျက် ကျယ်လောင်စွာမြည်တမ်းငိုယိုလျက်နေ ကြသည်ကိုမြင်တော်မူ၏။-
И като дохождат до къщата на началника на синагогата, Той вижда вълнение и мнозина, които плачеха и пищяха много.
39 ၃၉ ကိုယ်တော်သည်အိမ်ထဲသို့ဝင်၍ထိုသူတို့အား ``သင် တို့အဘယ်ကြောင့်ရုတ်ရုတ်သဲသဲဖြစ်နေကြသနည်း။ အဘယ်ကြောင့်ငိုယိုနေကြသနည်း။ သူငယ်မသည် သေသည်မဟုတ်၊အိပ်လျက်သာနေ၏'' ဟုမိန့်တော် မူ၏။
И като влезе, каза им: Защо правите вълнение и плачете? Детето не е умряло, а спи.
40 ၄၀ ထိုအခါလူတို့သည်ကိုယ်တော်ကိုပြောင်လှောင်ကြ ၏။ ကိုယ်တော်သည်သူတို့ကိုအပြင်သို့နှင်ထုတ်တော် မူပြီးလျှင် သူငယ်မ၏မိဘများနှင့်တပည့်တော် သုံးယောက်တို့ကိုခေါ်၍ သူငယ်မရှိရာအခန်းထဲ သို့ဝင်တော်မူ၏။-
А те Му се присмиваха. Но Той като изкара навън всичките, взема бащата и майката на детето, и ония, които бяха с Него, и влиза там гдето беше детето.
41 ၄၁ သူငယ်မ၏လက်ကိုဆုပ်ကိုင်ကာ ``တလိသကုမိ'' ဟုမိန့်တော်မူ၏။ အဋ္ဌိပ္ပါယ်ကား ``ကလေးမ၊ ထလော့။ သင့်အားငါအမိန့်ရှိ၏'' ဟူဆိုလိုသည်။
И като хвана детето за ръка, каза му: Талита куми; което значи: Момиче, тебе казвам: Стани.
42 ၄၂ ကိုယ်တော်မိန့်တော်မူသည့်ခဏ၌ သူငယ်မသည် ထ၍လမ်းလျှောက်လေ၏။ (သူငယ်မကားတစ်ဆယ့် နှစ်နှစ်သမီးဖြစ်သတည်း။) ထိုအခါလူတို့ သည်လွန်စွာအံ့သြကြကုန်သည်။-
И момичето веднага стана и ходеше, защото беше на дванадесет години. И внезапно те се смаяха твърде много.
43 ၄၃ ကိုယ်တော်က ``ဤအကြောင်းကိုအဘယ်သူအား မျှမပြောနှင့်'' ဟုသူတို့အားကြပ်တည်းစွာပညတ် တော်မူပြီးနောက် ``သူငယ်မအားအစားအစာ ကျွေးလော့'' ဟုမိန့်တော်မူ၏။
И много им заръча, никой да не узнае това; и заповяда да й дадат да яде.