< မာကု 4 >
1 ၁ ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေတွင် တစ် ဖန်ဟောပြောသွန်သင်တော်မူပြန်၏။ လူပရိသတ် ကြီးသည်အထံတော်သို့လာရောက်စုဝေးကြ၏။ ပရိသတ်ကြီးမားသဖြင့် ကိုယ်တော်သည်အိုင်ထဲ ရှိလှေတစ်စင်းပေါ်သို့တက်၍ထိုင်တော်မူ၏။ လူ အပေါင်းတို့သည်ကမ်းခြေရေစပ်တွင်ရှိနေကြ၏။-
Di nuovo si mise a insegnare lungo il mare. E si riunì attorno a lui una folla enorme, tanto che egli salì su una barca e là restò seduto, stando in mare, mentre la folla era a terra lungo la riva.
2 ၂ ကိုယ်တော်ကပုံဥပမာဆောင်၍များစွာသော အကြောင်းအရာများကိုသွန်သင်တော်မူ၏။-
Insegnava loro molte cose in parabole e diceva loro nel suo insegnamento:
3 ၃ သို့သွန်သင်ရာတွင်ကိုယ်တော်က ``နားထောင် ကြလော့။ မျိုးကြဲသူတစ်ယောက်သည်မျိုးကြဲ ရန်ထွက်ခွာသွား၏။-
«Ascoltate. Ecco, uscì il seminatore a seminare.
4 ၄ မျိုးကြဲသောအခါအချို့မျိုးစေ့တို့သည်လမ်း တွင်ကျသဖြင့် ငှက်တို့သည်လာ၍စားကြ၏။-
Mentre seminava, una parte cadde lungo la strada e vennero gli uccelli e la divorarono.
5 ၅ အချို့မျိုးစေ့တို့သည်မြေဆီလွှာပါးသည့် ကျောက်ခံမြေပေါ်တွင်ကျ၍ မြေသားတိမ် သဖြင့်အပင်များလျင်မြန်စွာပေါက်သော် လည်း၊-
Un'altra cadde fra i sassi, dove non c'era molta terra, e subito spuntò perché non c'era un terreno profondo;
6 ၆ နေပူသောအခါအမြစ်မစွဲသဖြင့်ညှိုးနွမ်း ခြောက်သွေ့လေ၏။-
ma quando si levò il sole, restò bruciata e, non avendo radice, si seccò.
7 ၇ အချို့မျိုးစေ့တို့သည်ဆူးတောတွင်ကျ၍ဆူး ပင်များကြီးထွားလာပြီးလျှင် အပင်ငယ်တို့ ကိုလွှမ်းမိုးသဖြင့်သီးနှံမဖြစ်ပွားနိုင်။-
Un'altra cadde tra le spine; le spine crebbero, la soffocarono e non diede frutto.
8 ၈ အချို့မျိုးစေတို့ကားမြေကောင်းမြေသန့်တွင် ကျသဖြင့် အပင်များပေါက်၍ကြီးထွားလာ လျက်အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆ တစ်ရာသီးနှံများကိုထွက်စေကြ၏'' ဟု မိန့်တော်မူ၏။
E un'altra cadde sulla terra buona, diede frutto che venne su e crebbe, e rese ora il trenta, ora il sessanta e ora il cento per uno».
9 ၉ ထိုနောက်ကိုယ်တော်က ``ကြားတတ်သောနားရှိ သူတို့ကြားကြကုန်လော့'' ဟုမိန့်တော်မူ၏။
E diceva: «Chi ha orecchi per intendere intenda!».
10 ၁၀ လူပရိသတ်ကင်းရှင်းချိန်၌တပည့်တော်တစ် ဆယ့်နှစ်ဦးနှင့်တကွ နောက်တော်ပါးမှလိုက်လာ သူတို့သည် ပုံဥပမာများ၏အနက်အဋ္ဌိပ္ပါယ် ကိုကိုယ်တော်အားမေးလျှောက်ကြ၏။-
Quando poi fu solo, i suoi insieme ai Dodici lo interrogavano sulle parabole. Ed egli disse loro:
11 ၁၁ ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော ခက်ခဲနက်နဲသည့် အကြောင်းအရာတို့ကိုသိနိုင်ခွင့်ရရှိကြ၏။ ယင်းသို့သိနိုင်ခွင့်မရသောသူတို့ကား ပုံ ဥပမာများအားဖြင့်သာကြားသိရပေသည်။-
«A voi è stato confidato il mistero del regno di Dio; a quelli di fuori invece tutto viene esposto in parabole,
12 ၁၂ အဘယ်ကြောင့်ဆိုသော်၊ `သူတို့သည်ကြည့်လျက်နှင့်လည်းမမြင်၊ ကြားလျက်နှင့်လည်းနားမလည်ကြ။ အကယ်၍သူတို့သာမြင်၍နားလည်ပါမူ ဘုရားသခင်ထံတော်သို့ပြောင်းလဲကြမည် ဖြစ်သဖြင့်၊ ကိုယ်တော်သည်သူတို့အားအပြစ် ဖြေလွှတ်တော်မူပေအံ့' ဟုကျမ်းစာလာသောကြောင့်ဖြစ်၏'' ဟူ၍မိန့်တော်မူ၏။
guardino, ma non vedano, ascoltino, ma non intendano, perché non si convertano e venga loro perdonato ». perché:
13 ၁၃ ကိုယ်တော်က ``သင်တို့သည်ဤပုံဥပမာကိုမျှ နားမလည်ကြလျှင် အဘယ်ပုံဥပမာကိုနား လည်နိုင်ကြမည်နည်း။-
Continuò dicendo loro: «Se non comprendete questa parabola, come potrete capire tutte le altre parabole?
14 ၁၄ လူအချို့တို့သည်လမ်းမြေတွင်ကျသည့်မျိုးစေ့နှင့် တူ၏။ မျိုးကြဲသူသည်ဘုရားသခင်၏နှုတ်ကပတ် တရားတော်မျိုးစေ့ကိုကြဲသဖြင့် လူတို့ကြားသည် နှင့်တစ်ပြိုင်နက်စာတန်သည်လာ၍ထိုတရားတော် ကိုသူ၏စိတ်နှလုံးမှနုတ်ယူသွား၏။-
Il seminatore semina la parola.
Quelli lungo la strada sono coloro nei quali viene seminata la parola; ma quando l'ascoltano, subito viene satana, e porta via la parola seminata in loro.
16 ၁၆ ထိုနည်းတူစွာအချို့သောသူတို့သည်ကျောက်ခံ မြေတွင်ကျသည့်မျိုးစေ့နှင့်တူ၏။ သူတို့သည် တရားတော်ကိုကြားလျှင်ကြားချင်းဝမ်းမြောက် စွာခံယူကြ၏။-
Similmente quelli che ricevono il seme sulle pietre sono coloro che, quando ascoltano la parola, subito l'accolgono con gioia,
17 ၁၇ သို့သော်ယင်းတရားတော်သည်စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ ထိုနောက်ဤတရားတော်ကြောင့်ဒုက္ခနှင့်နှိပ်စက် ညှဉ်းပန်းမှုကိုကြုံတွေ့ရသောအခါ သူတို့ သည်ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။-
ma non hanno radice in se stessi, sono incostanti e quindi, al sopraggiungere di qualche tribolazione o persecuzione a causa della parola, subito si abbattono.
18 ၁၈ အချို့သောသူတို့သည်ဆူးတောမြေတွင်ကျ သည့်မျိုးစေ့နှင့်တူ၏။ သူတို့သည်တရားတော် ကိုကြားရကြ၏။-
Altri sono quelli che ricevono il seme tra le spine: sono coloro che hanno ascoltato la parola,
19 ၁၉ သို့သော်ဘဝရပ်တည်မှုအတွက်စိုးရိမ်ကြောင့် ကြစရာများ၊ စည်းစိမ်ချမ်းသာခံစားလိုမှုများ နှင့်အခြားလိုအင်ဆန္ဒများပေါ်ပေါက်လာပြီးလျှင် ထိုတရားတော်ကိုလွှမ်းမိုးသဖြင့်တရားတော် မျိုးစေ့သည်မည်သို့မျှမသီးမပွင့်နိုင်။- (aiōn )
ma sopraggiungono le preoccupazioni del mondo e l'inganno della ricchezza e tutte le altre bramosie, soffocano la parola e questa rimane senza frutto. (aiōn )
20 ၂၀ အချို့သောသူများမူကားမြေကောင်းမြေသန့် တွင်ကျသည့်မျိုးစေ့နှင့်တူ၏။ သူတို့သည်တရား တော်ကိုကြား၍ခံယူကြသည်ဖြစ်ရာအဆ သုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာသီး နှံများကိုဆောင်ကုန်၏'' ဟုမိန့်တော်မူ၏။
Quelli poi che ricevono il seme su un terreno buono, sono coloro che ascoltano la parola, l'accolgono e portano frutto nella misura chi del trenta, chi del sessanta, chi del cento per uno».
21 ၂၁ ကိုယ်တော်က ``ဆီမီးကိုတောင်းဇလားနှင့်အုပ်ထား ရန်မဟုတ်။ ခုတင်အောက်တွင်ထားရန်လည်းမဟုတ်။ ဆီမီးခုံပေါ်မှာသာတင်ထားရန်မဟုတ်ပါလော။-
Diceva loro: «Si porta forse la lampada per metterla sotto il moggio o sotto il letto? O piuttosto per metterla sul lucerniere?
22 ၂၂ ကွယ်ဝှက်ထားသောအရာဟူသမျှသည်ပေါ်လာ ရပေမည်။ ဖုံးအုပ်ထားသောအရာသည်ပွင့်လာ ရမည်။-
Non c'è nulla infatti di nascosto che non debba essere manifestato e nulla di segreto che non debba essere messo in luce.
23 ၂၃ ကြားတတ်သောနားရှိသူတို့ကြားကြကုန်လော့'' ဟုထိုသူတို့အားမိန့်တော်မူ၏။
Se uno ha orecchi per intendere, intenda!».
24 ၂၄ ထိုမှတစ်ပါးလည်းကိုယ်တော်က ``သင်တို့ကြား သည့်အရာကိုဂရုစိုက်၍နားထောင်ကြလော့။ သင်တို့သည်သူတစ်ပါးအားစစ်ကြောသောတင်း တောင်းပမာဏအတိုင်း ဘုရားသခင်သည်သင် တို့အားစစ်ကြောတော်မူလိမ့်မည်။ ထိုထက်မက ပို၍ပြင်းထန်စွာစစ်ကြောတော်မူလိမ့်မည်။-
Diceva loro: «Fate attenzione a quello che udite: Con la stessa misura con la quale misurate, sarete misurati anche voi; anzi vi sarà dato di più.
25 ၂၅ ရှိသူအားထပ်၍ပေးလိမ့်မည်။ မရှိသူထံမှရှိ သမျှကိုပင်သိမ်းယူလိမ့်မည်'' ဟုမိန့်တော်မူ၏။
Poiché a chi ha, sarà dato e a chi non ha, sarà tolto anche quello che ha».
26 ၂၆ ထိုနောက်ကိုယ်တော်ကဆက်လက်၍ ``ဘုရားသခင် ၏နိုင်ငံတော်သည် မျိုးကြဲသူလူတစ်ယောက်ကြုံ တွေ့ရသည့်အဖြစ်အပျက်နှင့်တူ၏။-
Diceva: «Il regno di Dio è come un uomo che getta il seme nella terra;
27 ၂၇ သူသည်မြေတွင်မျိုးကိုကြဲပြီးနောက် နေ့ည အလိုက်အိပ်စက်တုံနိုးထတုံပြု၏။ ထိုအခိုက် မျိုးစေ့သည်အစို့ထိုး၍အပင်ပေါက်၏။ မည် သို့အစို့ထိုး၊ အပင်ပေါက်သည်ကိုသူမသိ။-
dorma o vegli, di notte o di giorno, il seme germoglia e cresce; come, egli stesso non lo sa.
28 ၂၈ မြေကြီးသည်အလိုအလျောက်ကောက်စပါး ကိုဖြစ်စေ၏။ ဦးစွာကောက်ညွန့်ကိုထွက်စေ၏။ ထိုနောက်ကောက်နှံကိုဖြစ်စေ၏။ ထိုနောက်ကောက် ဆန်ကိုအောင်စေ၏။-
Poiché la terra produce spontaneamente, prima lo stelo, poi la spiga, poi il chicco pieno nella spiga.
29 ၂၉ ကောက်သီးများမှည့်သောအခါကောက်ရိတ်ချိန်ကျ ပြီဖြစ်၍ ထိုသူသည်ချက်ချင်းပင်ကောက်ရိတ်စ ပြု၏'' ဟုမိန့်တော်မူ၏။
Quando il frutto è pronto, subito si mette mano alla falce, perché è venuta la mietitura».
30 ၃၀ တစ်ဖန်ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံတော် ကိုမည်သို့ဥပမာနှိုင်းရအံ့နည်း။ မည်သည့်ပုံ ဥပမာများအားဖြင့်ဖော်ပြရမည်နည်း။-
Diceva: «A che cosa possiamo paragonare il regno di Dio o con quale parabola possiamo descriverlo?
31 ၃၁ ဘုရားသခင်၏နိုင်ငံတော်သည်မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည်မြေ၌စိုက်စဉ်အခါ ကမ္ဘာ ပေါ်ရှိအစေ့တကာတို့ထက်သေးငယ်၏။-
Esso è come un granellino di senapa che, quando viene seminato per terra, è il più piccolo di tutti semi che sono sulla terra;
32 ၃၂ စိုက်ပြီးနောက်ကြီးပွားလာသောအခါ အခြား အပင်ငယ်များအားလုံးထက်ပို၍ကြီးမား၏။ အကိုင်းအခက်ကြီးများလည်းပေါ်ထွက်လာ၏။ ကောင်းကင်ငှက်များပင်ထိုအပင်အရိပ်ဝယ် နားနေနိုင်ကြ၏'' ဟုမိန့်တော်မူ၏။
ma appena seminato cresce e diviene più grande di tutti gli ortaggi e fa rami tanto grandi che gli uccelli del cielo possono ripararsi alla sua ombra».
33 ၃၃ ယင်းသို့လျှင်ကိုယ်တော်သည်ထိုသူတို့နားလည် နိုင်သည့်ပုံဥပမာများအားဖြင့် တရားတော် ကိုဟောပြောတော်မူ၏။-
Con molte parabole di questo genere annunziava loro la parola secondo quello che potevano intendere.
34 ၃၄ ပုံဥပမာနှင့်ကင်း၍ဟောတော်မမူ။ တပည့်တော် တို့အားလူပရိသတ်ကင်းရှင်းချိန်၌ ခပ်သိမ်း သောအရာတို့ကိုရှင်းလင်းဖော်ပြတော်မူ၏။
Senza parabole non parlava loro; ma in privato, ai suoi discepoli, spiegava ogni cosa.
35 ၃၅ ထိုနေ့၌ပင်ညနေချမ်းအချိန်ကျရောက်လာ သောအခါ ကိုယ်တော်ကတပည့်တော်တို့အား ``အိုင် တစ်ဖက်ကမ်းသို့ကူးကြကုန်အံ့'' ဟုမိန့်တော်မူ၏။-
In quel medesimo giorno, verso sera, disse loro: «Passiamo all'altra riva».
36 ၃၆ တပည့်တော်တို့သည်လည်းလူပရိသတ်ထံမှ ထွက်ခွာပြီးလျှင် ကိုယ်တော်ရောက်ရှိနေနှင့် ပြီးသည့်လှေပေါ်သို့တက်၍ရွက်လွှင့်ကြ၏။ အခြားလှေများလည်းပါ၏။-
E lasciata la folla, lo presero con sé, così com'era, nella barca. C'erano anche altre barche con lui.
37 ၃၇ ထိုအချိန်၌ရုတ်တရက်လေမုန်တိုင်းကျရောက် လာကာလှိုင်းရိုက်သွင်းသဖြင့်လှေသည်ရေနှင့် ပြည့်လုမတတ်ရှိလေ၏။-
Nel frattempo si sollevò una gran tempesta di vento e gettava le onde nella barca, tanto che ormai era piena.
38 ၃၈ ကိုယ်တော်ကားလှေပဲ့ပိုင်းတွင် မှီအုံးတစ်ခုပေါ် မှာအိပ်စက်လျက်နေတော်မူ၏။ တပည့်တော်တို့ သည်ကိုယ်တော်ကိုနှိုးကြ၏။ ``အရှင်ဘုရား၊ အကျွန်ုပ်တို့ရေနစ်သေဆုံးမည်ကိုဂရုပြု တော်မမူပါသလော'' ဟုမေးလျှောက်ကြ၏။
Egli se ne stava a poppa, sul cuscino, e dormiva. Allora lo svegliarono e gli dissero: «Maestro, non t'importa che moriamo?».
39 ၃၉ ကိုယ်တော်သည်အိပ်ရာမှနိုးတော်မူ၍ လေနှင့်လှိုင်း များအား ``ဆိတ်ဆိတ်နေလော့၊ ငြိမ်သက်လော့'' ဟု အမိန့်ပေးတော်မူ၏။ လေသည်ငြိမ်သွား၏။ လှိုင်း လည်းမထတော့ပေ။-
Destatosi, sgridò il vento e disse al mare: «Taci, calmati!». Il vento cessò e vi fu grande bonaccia.
40 ၄၀ ထိုနောက်ကိုယ်တော်ကတပည့်တော်တို့အား ``အဘယ်ကြောင့်ဤမျှကြောက်လန့်ကြသနည်း။ ယခုတိုင်အောင်ပင်သင်တို့သည် ငါ့အပေါ်၌ ယုံကြည်ကိုးစားမှုကင်းလျက်ရှိနေကြသေး သနည်း'' ဟုမေးတော်မူ၏။
Poi disse loro: «Perché siete così paurosi? Non avete ancora fede?».
41 ၄၁ ထိုအခါသူတို့သည်လွန်စွာထိတ်လန့်ကြ၏။ ``ဤ သူကားအဘယ်သူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြသည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။
E furono presi da grande timore e si dicevano l'un l'altro: «Chi è dunque costui, al quale anche il vento e il mare obbediscono?».