< မာကု 2 >

1 ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​လာ​၏။ အိမ်​သို့​ကိုယ်​တော်​ရောက်​ရှိ​နေ​သည့်​သ​တင်း​ကို လူ​တို့​ကြား​ကြ​ကုန်​၏။-
Well a few days later, He again entered Capernaum, and it was heard that He was at home.
2 ထို့​ကြောင့်​အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​သူ​များ လှ​သ​ဖြင့် အိမ်​ဥ​ပ​စာ​မှာ​ခြေ​ချ​စ​ရာ​မ​ရှိ တော့​ပေ။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား​တ​ရား တော်​ကို​ဟော​ပြော​လျက်​နေ​တော်​မူ​၏။-
Without delay so many were gathered together that there was no more room, not even around the door, and He was speaking the Word to them.
3 ထို​အ​ခါ​လူ​လေး​ယောက်​တို့​သည်​လေ​ဖြတ်​သူ တစ်​ဦး​ကို ထမ်း​စင်​ဖြင့်​အ​ထံ​တော်​သို့​ယူ​ဆောင် လာ​ကြ​၏။-
Then four men came, carrying a paralytic to Him.
4 ပ​ရိ​သတ်​တိုး​မ​ပေါက်​သ​ဖြင့် သူ​တို့​သည်​ကိုယ်​တော် အ​နီး​သို့​မ​ချဉ်း​ကပ်​နိုင်​ကြ။ ထို့​ကြောင့်​ကိုယ်​တော် ရှိ​သည့်​နေ​ရာ​အ​ထက်​မှ​ခေါင်​မိုး​ကို​ဖောက်​ထွင်း​၍ လူ​မ​မာ​လဲ​လျောင်း​နေ​သော​ထမ်း​စင်​ကို​လျော​ချ ကြ​၏။-
And not being able to get near Him because of the crowd, they removed the roof where He was; upon breaking through they lowered the pallet on which the paralytic was lying.
5 သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မြင် တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား၊ သင်​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။-
So seeing their faith Jesus says to the paralytic, “Son, your sins are forgiven you.”
6 သို့​သော်​လည်း​ထို​အ​ရပ်​မှာ​ထိုင်​လျက်​ရှိ​ကြ သော​ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​က၊-
Now some of the scribes were sitting there, and reasoning in their hearts:
7 ``ဤ​သူ​သည်​အ​ဘယ်​ကြောင့်​ဤ​သို့​ဆို​ပါ​သ​နည်း။ သူ​သည်​ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော​ဆို​လေ ပြီ။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး​အ​ဘယ်​သူ​သည် အ​ပြစ်​ကို​ဖြေ​လွှတ်​နိုင်​ပါ​မည်​နည်း'' ဟူ​၍ တွေး​တော​နေ​ကြ​လေ​သည်။-
“Why does this guy speak blasphemies like that? Who can forgive sins but God alone?”
8 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​သည်​ကို ချက်​ချင်း​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့ သည်​အ​ဘယ်​ကြောင့်​ဤ​သို့​တွေး​တော​နေ​ကြ သ​နည်း။-
Immediately Jesus perceived in His spirit what they were reasoning within themselves and said to them: “Why are you reasoning these things in your hearts?
9 လေ​ဖြတ်​သူ​အား​အ​ဘယ်​သို့​ပြော​ရန်​ပို​၍​လွယ်​ကူ သ​နည်း။ `သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန် ပို​၍​လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ် `နေ​ရာ​မှ ထ​လော့၊ သင်​၏​ထမ်း​စင်​ကို​ထမ်း​၍​လှမ်း​သွား လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ​သ​လော။-
Which is easier: to say to the paralytic, ‘Your sins have been forgiven’, or to say, ‘Get up, pick up your pallet and start walking!’?
10 ၁၀ လူ​သား​သည်​လော​က​တွင်​အ​ပြစ်​ဖြေ​လွှတ်​ပိုင် သည်​ကို သင်​တို့​အား​သိ​မြင်​စေ​အံ့'' ဟု​ဆို​လျက် လက်​ခြေ​သေ​သူ​အား၊-
But so that you may know that the Son of the Man has authority on the earth to forgive sins”—He says to the paralytic:
11 ၁၁ ``နေ​ရာ​မှ​ထ​၍​ထမ်း​စင်​ကို​ထမ်း​၍​အိမ်​သို့​ပြန် လော့'' ဟု​မိန့်​တော်​မူ​၏။
“To you I say, get up, pick up your pallet and go to your house!”
12 ၁၂ လူ​ပ​ရိ​သတ်​ရှေ့​မှောက်​၌​ပင်​ထို​သူ​သည်​ထ​၍ ထမ်း​စင်​ကို​ထမ်း​ပြီး​လျှင်​ထွက်​သွား​လေ​သည်။ ယင်း​သို့​ထ​၍​ထွက်​သွား​သ​ဖြင့်​လူ​အ​ပေါင်း တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​၏။ ``ဤ​အ​ချင်း အ​ရာ​မျိုး​ကို​ငါ​တို့​အ​ဘယ်​အ​ခါ​က​မျှ မ​မြင်​စ​ဖူး'' ဟု​ဆို​ကာ​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​၏။
So forthwith he got up, picked up his pallet and went out in front of them all; so that all were amazed and glorified God, saying, “We never saw anything like this!”
13 ၁၃ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​အိုင်​ကမ်း​ခြေ​သို့​တစ်​ဖန် ကြွ​တော်​မူ​ပြန်​၏။ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ထံ​သို့​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​ကို ဟော​ပြော​သွန်​သင်​တော်​မူ​၏။-
Then He went out again by the sea; and the whole crowd came to Him, and He began to teach them.
14 ၁၄ ကိုယ်​တော်​သည်​ဆက်​လက်​၍​လျှောက်​သွား​တော်​မူ ပြန်​သော​အ​ခါ အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​အာ​လ​ဖဲ ၏​သား​လေ​ဝိ​ထိုင်​နေ​သည်​ကို​မြင်​တော်​မူ​၏။ သူ့ ကို​ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့် တော်​မူ​လျှင်​သူ​သည်​ထ​၍​နောက်​တော်​သို့​လိုက် လေ​၏။
As He passed by, He saw Levi the son of Alphaeus sitting at the tax office, and He said to him, “Follow me!” So he got up and followed Him.
15 ၁၅ ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လေ​ဝိ​၏​အိမ်​တွင် တ​ပည့်​တော်​တို့​နှင့်​အ​တူ​စား​သောက်​လျက်​ရှိ​စဉ်၊ အ​ခွန်​ခံ​သူ​နှင့်​အ​ပယ်​ခံ​သူ​အ​မြောက်​အ​မြား သည်​လည်း ကိုယ်​တော်​နှင့်​လိုက်​ပါ​လာ​ကြ​သ​ဖြင့် ကိုယ်​တော်​နှင့်​တ​ကွ​တ​ပည့်​တော်​တို့​နှင့်​အ​တူ စား​သောက်​လျက်​ရှိ​ကြ​၏။-
Now it happened, as He was reclining at the table in his house, that many tax collectors and sinners joined Jesus and His disciples at the table; for there were many and they followed Him.
16 ၁၆ ဤ​သို့​ထို​သူ​တို့​နှင့်​ကိုယ်​တော်​ထိုင်​၍​စား​သောက်​နေ သည်​ကို ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ကျမ်း​တတ်​ဆ​ရာ​တို့​မြင် လျှင် ``အ​ဘယ်​ကြောင့်​ကိုယ်​တော်​သည်​အ​ခွန်​ခံ​သူ များ၊ အ​ပြစ်​ကူး​သူ​များ​နှင့်​ထိုင်​၍​စား​သောက်​နေ ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​မေး​မြန်း ကြ​၏။
The scribes and the Pharisees, seeing Him eating with the tax collectors and sinners, said to His disciples, “Why is it that He is eating and drinking with the tax collectors and sinners?”
17 ၁၇ ယင်း​သို့​မေး​မြန်း​သည်​ကို သ​ခင်​ယေ​ရှု​ကြား​တော် မူ​လျှင် ``ကျန်း​မာ​သူ​သည်​ဆ​ရာ​ဝန်​ကို​မ​လို။ ဖျား နာ​သူ​သာ​လျှင်​လို​၏။ ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ သူ​များ​ကို​ခေါ်​ရန်​ကြွ​လာ​သည်​မ​ဟုတ်။ အ​ပြစ် ကူး​သူ​များ​ကို​ခေါ်​ရန်​ကြွ​လာ​သ​တည်း'' ဟု ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။
Upon hearing it Jesus said to them: “It is not the healthy who have need of a doctor, but those who are sick. I did not come to call the righteous, but sinners to repentance.”
18 ၁၈ တစ်​နေ့​၌​ယော​ဟန်​၏​တ​ပည့်​များ​နှင့်​ဖာ​ရိ​ရှဲ​တို့ သည်​အ​စာ​ရှောင်​လျက်​နေ​ကြ​၏။ လူ​အ​ချို့​တို့​သည် ကိုယ်​တော့်​ထံ​လာ​၍ ``ယော​ဟန်​၏​တ​ပည့်​များ​နှင့် ဖာ​ရိ​ရှဲ​တို့​သည်​အ​စာ​ရှောင်​ကြ​ပါ​သည်။ အ​ရှင် ၏​တ​ပည့်​များ​မူ​ကား​အ​ဘယ်​ကြောင့်​အ​စာ မ​ရှောင်​ကြ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
Now John's disciples and those of the Pharisees were fasting; and they came and said to Him, “Why do John's disciples and those of the Pharisees fast, but your disciples do not?”
19 ၁၉ သ​ခင်​ယေ​ရှု​က ``မင်္ဂ​လာ​ဆောင်​သ​တို့​သား​၏ အ​ပေါင်း​အ​ဖော်​များ​သည် သ​တို့​သား​နှင့်​အ​တူ ရှိ​နေ​ချိန်​၌​အ​စာ​ရှောင်​နိုင်​ပါ​မည်​လော။ သ​တို့ သား​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည် အ​စာ​မ​ရှောင်​နိုင်​ကြ​ရာ။-
So Jesus said to them: “Can the groomsmen fast while the bridegroom is with them? As long as they have the bridegroom to themselves they cannot fast.
20 ၂၀ သို့​ရာ​တွင်​သူ​တို့​ထံ​မှ​သ​တို့​သား​ကို ခွဲ​ခွာ ယူ​ဆောင်​သွား​မည့်​နေ့​ရက်​ရောက်​ရှိ​လာ​သော အ​ခါ သူ​တို့​သည်​အ​စာ​ရှောင်​ကြ​လိမ့်​မည်။
But the time will come when the bridegroom will be taken away from them, and then they will fast, in those days.
21 ၂၁ ``မည်​သူ​မျှ​ပိတ်​စ​သစ်​နှင့်​အ​ထည်​ဟောင်း​ကို ဖာ​ရိုး​မ​ရှိ။ ဖာ​ခဲ့​လျှင်​ပိတ်​စ​သစ်​က​ရုန်း​သ​ဖြင့် စုတ်​ပြဲ​ရာ​ပို​၍​ဆိုး​ပေ​မည်။-
“Further, no one sews a patch of unshrunk cloth on an old garment, or else the new tears away some of the old, and a worse hole results.
22 ၂၂ ထို​မှ​တစ်​ပါး​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​ဟောင်း တွင်​ထည့်​ရိုး​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​စ​ပျစ်​ရည်​သစ်​သည် သား​ရေ​ဘူး​ကို​ပေါက်​ပြဲ​စေ​သ​ဖြင့် စ​ပျစ်​ရည်​နှင့် သား​ရေ​ဘူး​ပါ​ပျက်​စီး​သွား​လိမ့်​မည်။ စ​ပျစ်​ရည် သစ်​ကို​သား​ရေ​ဘူး​သစ်​တွင်​ထည့်​ရ​မည်'' ဟု​ထို သူ​တို့​အား​မိန့်​တော်​မူ​၏။
And no one puts new wine into old wineskins, or else the new wine bursts the wineskins, the wine spills out and the skins will be ruined; rather, new wine must be put into new wineskins.”
23 ၂၃ ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့် အ​တူ ဂျုံ​ခင်း​ကို​ဖြတ်​၍​လျှောက်​သွား​စဉ်​တ​ပည့် တော်​တို့​သည်​ဂျုံ​နှံ​များ​ကို​ဆွတ်​ခူး​ကြ​၏။-
Now it happened, on a Sabbath, that He was passing through some grain fields, and His disciples began to make a path, picking the heads of grain.
24 ၂၄ ထို​အ​ခါ​ဖာ​ရိ​ရှဲ​များ​က ``ကြည့်​ပါ၊ ဥ​ပုသ်​နေ့ ၌​မ​ပြု​အပ်​သော​အ​မှု​ကို သူ​တို့​သည်​အ​ဘယ် ကြောင့်​ပြု​ကြ​ပါ​သ​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။
So the Pharisees said to Him, “Just look, why are they doing on a Sabbath that which is not permitted?”
25 ၂၅ ကိုယ်​တော်​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော်​တစ်​စု တို့​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ အ​ဘယ်​သို့​ပြု​ခဲ့ ကြောင်း​ကို​သင်​တို့​တစ်​ခါ​မျှ​မ​ဖတ်​ဖူး​သ လော။-
And He said to them: “Did you never read what David did when he was in need and hungry, he and those with him?
26 ၂၆ ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဗျာ​သာ​လက်​ထက်​တွင် ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သို့ ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​မှ​တစ်​ပါး​မည်​သူ​မျှ မ​စား​ထိုက်​သော​ရှေ့​တော်​မုန့်​ကို​စား​၍ မိ​မိ အ​ပေါင်း​အ​ဖော်​များ​အား​လည်း​ထို​မုန့်​ကို ပေး​ဖူး​သည်​မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။
How he entered the house of God (making Abiathar high priest) and ate the consecrated bread, which only priests are permitted to eat, and shared it with those who were with him?”
27 ၂၇ ထို​နောက်​ကိုယ်​တော်​က ``လူ​၏​အ​ကျိုး​ငှာ​ဥ​ပုသ် နေ့​ကို​ပြ​ဋ္ဌာန်း​ထား​၏။ ဥ​ပုသ်​နေ့​၏​အ​ကျိုး​ငှာ လူ​ကို​ဖန်​ဆင်း​ထား​သည်​မ​ဟုတ်။-
Then He said to them: “The Sabbath was made for man, not man for the Sabbath.
28 ၂၈ သို့​ဖြစ်​၍​လူ​သား​သည်​ဥ​ပုသ်​နေ့​၏​အ​ရှင် ဖြစ်​တော်​မူ​၏'' ဟု​ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။
Therefore the Son of the Man is Lord even of the Sabbath.”

< မာကု 2 >