< မာကု 16 >
1 ၁ ဥပုသ်နေ့ကုန်လွန်သွားသောအခါ မာဂဒလ ရွာသူမာရိ၊ ယာကုပ်၏အမိမာရိနှင့်ရှာလုံတို့ သည် သခင်ယေရှု၏အလောင်းတော်ကိုသုတ်လိမ်း ရန်ဆီမွှေးများကိုဝယ်ယူကြ၏။-
YA anae esta malofan y sabado, si Maria Magdalena, yan si Maria nanan Santiago, yan si Salome, manmamajan paopao, para ufato ya umapalalae güe.
2 ၂ တနင်္ဂနွေနေ့နံနက်စောစောနေထွက်ချိန်၌ သူတို့ သည်သင်္ချိုင်းတော်သို့သွားကြ၏။-
Ya taftataf gui egaan, gui finenana na jaane gui semana, manmato gui naftan gui quinajulo y atdao.
3 ၃ လမ်းတွင်သူတို့သည်``သင်္ချိုင်းဂူဝမှကျောက်တုံး ကို ငါတို့အတွက်အဘယ်သူတွန်းလှိမ့်ပေးပါ မည်နည်း'' ဟုအချင်းချင်းပြောဆိုကြ၏။ (ထိုကျောက်တုံးကားအလွန်ကြီးမားသော ကျောက်တုံးဖြစ်သည်။) ထိုနောက်ကြည့်လိုက် သောအခါကျောက်တုံးမှာလှိမ့်ထားနှင့်ပြီး ဖြစ်သည်ကိုတွေ့ကြ၏။-
Ya ilegñija entre sija: Jaye uninagalileg y acho gui pettan y naftan?
Ya anae maaatan, malie na esta managalileg y acho, sa gosdangculo.
5 ၅ သူတို့သည်ဂူထဲကိုဝင်မိလျှင်လက်ယာဘက်မှာ ဝတ်ဖြူစင်ကြယ်နှင့်လူငယ်လူရွယ်တစ်ဦးထိုင် နေသည်ကိုမြင်ကြ၏။ ထိုအခါသူတို့သည် ထိတ်လန့်ကြ၏။
Ya manjalom gui naftan, malie un patgon na taotao, na matatachong gui agapa na banda, minagagon apaca na anaco; ya ninafangosmaañao.
6 ၆ ထိုသူက``မထိတ်လန့်ကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်တွင်တင်၍ အသတ်ခံရသူ နာဇရက်မြို့သားယေရှုကိုရှာလျက်နေကြ သည်မဟုတ်လော။ ထိုအရှင်သည်ဤအရပ်တွင် မရှိ။ သြေခင်းမှထမြောက်တော်မူပြီ။ ဤနေရာ သည်ထိုအရှင်၏အလောင်းတော်ကိုထားသော နေရာဖြစ်၏။ ကြည့်ကြလော့။-
Ya ilegña nu sija: Chamiyo fanmaaañao: inaliligao si Jesus Nasareno, ni y maatane gui quiluus: esta cajulo; taegüe güine; liija y lugat anae mapopolo güe.
7 ၇ သင်တို့သည်ပေတရုနှင့်အခြားတပည့်တော်များ ထံသို့သွား၍``ကိုယ်တော်သည်ဂါလိလဲပြည်သို့ သင်တို့အလျင်ကြွနှင့်တော်မူလိမ့်မည်။ ယခင်က သင်တို့အားမိန့်မှာတော်မူခဲ့သည့်အတိုင်း ကိုယ်တော် ကိုဂါလိလဲပြည်မှာဖူးတွေ့ရကြလိမ့်မည်ဟု ပြောကြားလော့'' ဟုဆို၏။
Janao infanjanao, ya insangane y disipuluña, yan si Pedro: Güiya jumanao gui menanmiyo guiya Galilea; ayo nae inlie güe, ni y guinin mansinangane jamyo.
8 ၈ အမျိုးသမီးများသည်ထိတ်လန့်တွေဝေလျက် သင်္ချိုင်းဂူမှထွက်ပြေးကြ၏။ သူတို့သည်ကြောက်ရွံ့ သောကြောင့်အဘယ်သူအားမျှစကားမပြောကြ။
Ya manmapos juyong, ya manmalago gui naftan, sa jumuyong manlalaolao yan manmanman; ya ti ufanmanangane jafa ni y taotao; sa mangosmanmaañao.
9 ၉ (note: The most reliable and earliest manuscripts do not include Mark 16:9-20.) အဆုံးသတ်သည့်နည်းဟောင်းတစ်မျိုး [တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။-
(note: The most reliable and earliest manuscripts do not include Mark 16:9-20.) Lao anae cajulo si Jesus, taftataf gui egaan gui finenana na jaane gui semana, umalie finena, yan Maria Magdalena, ni y guinin janajuyong siete na anite.
10 ၁၀ သူသည်ကိုယ်တော်၏တပည့်များထံသို့သွား၍ ထိုသတင်းကိုပြောကြား၏။ သူတို့သည်ငိုယို ပူဆွေးလျက်နေကြ၏။-
Ya mapos güe, ya jasangane ayo y guinin mangachochongña, ni y mantriste, yan manatanges.
11 ၁၁ ကိုယ်တော်အသက်ရှင်လျက်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်အားမာရိတွေ့မြင်ခဲ့ ရကြောင်းကိုလည်းကောင်း၊ ကြားသောအခါ မယုံကြ။
Ya sija, anae jajungog na esta lâlâ ya umalie yan Mana, ti majonggue.
12 ၁၂ ထိုနောက်တပည့်တော်နှစ်ယောက်သည်ကျေးတောသို့ သွားကြစဉ် ကိုယ်တော်သည်ခြားနားသောအသွင် ကိုဆောင်လျက်သူတို့အားကိုယ်ထင်ပြတော်မူ၏။-
Ya anae manmalofan estesija, manmalie talo yan dos, lao otro jechuraña; gui anae manjajanao gui fangualuan.
13 ၁၃ သူတို့သည်အခြားတပည့်တော်များထံသို့ သွား၍ ထိုသတင်းကိုပြောကြား၏။ သို့ရာ တွင်သူတို့သည်မယုံကြ။
Ya manmapos, ya manmasangane y palo disipulo: lao ti majonggue.
14 ၁၄ ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။-
Despues di ayo, manmalie yan y onse gui anae mañochocho, ya jalalatde ni y ti manjengguenñija, yan y majetog corasonñija, sa ti majonggue ayo sija y lumie güe despues di cumajulo.
15 ၁၅ ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။-
Ya ilegña nu sija; Janao fanmalag todo y tano, ya predica y ibangelio todo y ninajuyong sija.
16 ၁၆ ယုံကြည်၍ဗတ္တိဇံမင်္ဂလာခံယူသူမှန်သမျှ ကို ဘုရားသခင်သည်ကယ်တင်တော်မူလိမ့်မည်။ မယုံကြည်သူမှန်သမျှကိုမူအြုပစ်ဒဏ်စီရင် တော်မူလိမ့်မည်။-
Jaye y manjonggue ya matagpange, usatba; lao ayo y ti manjonggue; umasentensia.
17 ၁၇ ယုံကြည်သူတို့သည်အံ့သြဖွယ်နိမိတ်လက္ခဏာများ ကိုပြနိုင်ကြလိမ့်မည်။ ငါ၏နာမကိုအမှီပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ကြလိမ့်မည်။ ထူးခြား သောဘာသာစကားများကိုပြောဆိုကြလိမ့်မည်။-
Ya este sija na señat ufantinattitiye ayo sija y manmanjonggue: Pot y naanjo ujayute juyong y anite sija; ufanguentos ni y nuebo na finijo;
18 ၁၈ မြွေဆိုးများကိုကိုင်ဖမ်းသော်လည်းကောင်း၊ သေစေ တတ်သောအဆိပ်ကိုသောက်သော်လည်းကောင်းသူ တို့၌ဘေးဥပါဒ်မြဖစ်။ မကျန်းမာသူများ အပေါ်တွင်လက်ကိုတင်၍ကျန်းမာစေကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Ufanmangajat culebla sija, ya, yanguin manguimen jafa na beneno; ti uninafanlamen: ya ujapolo y canaeñija gui manmalango sija, ya ujanafanjomlo.
19 ၁၉ ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။-
Enao y Señot, despues di mansinangane sija, rinisibe ni y langet, ya matachong gui agapa Yuus.
20 ၂၀ တပည့်တော်တို့သည်အရပ်တကာသို့သွားရောက် ၍ တရားဟောပြောကြ၏။ သခင်ဘုရားသည် သူတို့နှင့်အတူလုပ်ဆောင်၍ သူတို့ဟောပြောသော တရားတော်မှန်ကန်ကြောင်းကိုသက်သေပြရန် သူတို့အားနိမိတ်လက္ခဏာများပြနိုင်သော တန်ခိုးကိုပေးတော်မူ၏။] ရှင်မာကုခရစ်ဝင်ပြီး၏။
Ya manmapos, ya mapredica y sinangan gui todo y lugat, mañisija manmachocho yan y Señot, ya manafitme y sinangan ni y umatitiye na señat. Amen.