< မာကု 15 >
1 ၁ နံနက်စောစော၌ယဇ်ပုရောဟိတ်ကြီးတို့သည် ကျမ်းတတ်ဆရာများ၊ ဘာသာရေးခေါင်းဆောင် များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင်အပေါင်း တို့နှင့် အလျင်အမြန်တွေ့ဆုံ၍တိုင်ပင်ကြ၏။ ထိုနောက်သခင်ယေရှုကိုချည်နှောင်ကာ ပိလတ် မင်းထံသို့ခေါ်ဆောင်၍အပ်လိုက်ကြ၏။-
Немедленно поутру первосвященники со старейшинами и книжниками и весь синедрион составили совещание и, связав Иисуса, отвели и предали Пилату.
2 ၂ ပိလတ်မင်းက ``သင်သည်ယုဒရှင်ဘုရင်မှန် သလော'' ဟုကိုယ်တော်အားမေး၏။ ကိုယ်တော်က ``မင်းကြီးမေးသည့်အတိုင်းမှန်၏'' ဟုမိန့်တော်မူ၏။
Пилат спросил Его: Ты Царь Иудейский? Он же сказал ему в ответ: ты говоришь.
3 ၃ ယဇ်ပုရောဟိတ်ကြီးတို့သည်ကိုယ်တော်အပေါ် အပြစ်များစွာစွပ်စွဲကြ၏။-
И первосвященники обвиняли Его во многом.
4 ၄ သို့ဖြစ်၍တစ်ဖန်ပိလတ်မင်းကကိုယ်တော် အား ``သင်သည်မည်သို့မျှမဖြေဘဲနေပါ သလော။ သင့်အပေါ်မည်မျှအပြစ်တင်သည် ကိုကြည့်ပါ'' ဟုဆို၏။
Пилат же опять спросил Его: Ты ничего не отвечаешь? видишь, как много против Тебя обвинений.
5 ၅ သခင်ယေရှုသည်ဆိတ်ဆိတ်နေတော်မူသဖြင့် ပိလတ်မင်းသည်အံ့သြလေ၏။
Но Иисус и на это ничего не отвечал, так что Пилат дивился.
6 ၆ ပိလတ်မင်းသည်ပသခါပွဲအခါကျတိုင်း ပြည်သူတို့တောင်းသည့်အကျဉ်းသမား တစ်ယောက်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး လေ့ရှိ၏။-
На всякий же праздник отпускал он им одного узника, о котором просили.
7 ၇ ထိုအချိန်၌ပုန်ကန်ထကြွမှုနှင့်လူသတ်မှု ဖြင့် အကျဉ်းခံနေရသူများရှိ၏။ ထိုသူတို့ အထဲတွင်ဗာရဗ္ဗဆိုသူတစ်ဦးလည်းပါ၏။-
Тогда был в узах некто, по имени Варавва, со своими сообщниками, которые во время мятежа сделали убийство.
8 ၈ လူပရိသတ်တို့သည်ပွဲတော်အခါ၌အစဉ် အလာရှိသည်အတိုင်းတောင်းခံရန်ပိလတ် မင်းထံလာရောက်ကြသောအခါ၊-
И народ начал кричать и просить Пилата о том, что он всегда делал для них.
9 ၉ ပိလတ်မင်းက ``သင်တို့သည်ယုဒရှင်ဘုရင် အား လွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသလော'' ဟုမေး၏။-
Он сказал им в ответ: хотите ли, отпущу вам Царя Иудейского?
10 ၁၀ ထိုသို့မေးသည့်အကြောင်းမှာယဇ်ပုရောဟိတ် ကြီးတို့သည် သခင်ယေရှုအားမနာလိုသဖြင့် မိမိထံသို့ပို့အပ်ကြကြောင်းကိုသိသော ကြောင့်ဖြစ်၏။
Ибо знал, что первосвященники предали Его из зависти.
11 ၁၁ ယဇ်ပုရောဟိတ်ကြီးတို့လှုံ့ဆော်သဖြင့် လူအပေါင်း တို့သည်သခင်ယေရှုအစားဗာရဗ္ဗအားလွတ်ငြိမ်း ချမ်းသာခွင့်ပေးရန်တောင်းဆိုကြ၏။-
Но первосвященники возбудили народ просить, чтобы отпустил им лучше Варавву.
12 ၁၂ ပိလတ်မင်းက ``ယုဒရှင်ဘုရင်ဟုသင်တို့ခေါ် သူကို ငါအဘယ်သို့ပြုရမည်နည်း'' ဟုပြန်၍ မေး၏။
Пилат, отвечая, опять сказал им: что же хотите, чтобы я сделал с Тем, Которого вы называете Царем Иудейским
13 ၁၃ သူတို့က ``ထိုသူကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ပါ'' ဟုပြန်၍ဟစ်အော်ကြ၏။
Они опять закричали: распни Его.
14 ၁၄ ပိလတ်မင်းက ``အဘယ်ကြောင့်နည်း။ သူသည် အဘယ်အပြစ်ကိုကူးလွန်သနည်း'' ဟုမေး၏။ လူတို့သည် ``ထိုသူကိုလက်ဝါးကပ်တိုင်တွင်တင် ၍သတ်ပါ'' ဟုပို၍ပင်ကျယ်စွာဟစ်အော်ကြ၏။
Пилат сказал им: какое же зло сделал Он? Но они еще сильнее закричали: распни Его.
15 ၁၅ ပိလတ်မင်းသည်လူပရိသတ်ကိုကျေနပ်စေလို သဖြင့် ဗာရဗ္ဗကိုလွှတ်၍သခင်ယေရှုကိုကြိမ် ဒဏ်ခတ်ပြီးလျှင် လက်ဝါးကပ်တိုင်တွင်တင်၍ သတ်ရန်အပ်လိုက်၏။
Тогда Пилат, желая сделать угодное народу, отпустил им Варавву, а Иисуса, бив, предал на распятие.
16 ၁၆ စစ်သားများသည်ကိုယ်တော်ကိုဘုရင်ခံမင်း ၏အိမ်တော်ဝင်းသို့ခေါ်ဆောင်သွားပြီးလျှင် တပ်ခွဲတစ်ခုလုံးကိုစုရုံးစေ၏။-
А воины отвели Его внутрь двора, то есть в преторию, и собрали весь полк,
17 ၁၇ ထိုနောက်ကိုယ်တော်အားနီမောင်းသောအဝတ် ကိုဝတ်ဆင်စေ၍ ဆူးခက်ဖြင့်ရက်သောသရဖူ ကိုဆောင်းပေးပြီးနောက်၊-
и одели Его в багряницу и, сплетши терновый венец, возложили на Него;
18 ၁၈ ``ယုဒရှင်ဘုရင်သက်တော်ရှည်ပါစေသော'' ဟုပြက်ရယ်ပြုလျက်အရိုအသေပေးကြ၏။-
и начали приветствовать Его: радуйся, Царь Иудейский
19 ၁၉ ဦးခေါင်းတော်ကိုကူလုံးနှင့်ရိုက်ကြ၏။ ကိုယ် တော်ကိုတံတွေးနှင့်ထွေးကြ၏။ ရှေ့တော်၌ ဒူးထောက်လျက်ဦးညွှတ်ရှိခိုးကြ၏။-
И били Его по голове тростью, и плевали на Него, и, становясь на колени, кланялись Ему.
20 ၂၀ ဤသို့ပြောင်လှောင်ကြပြီးလျှင်နီမောင်းသော အဝတ်ကိုချွတ်၍ ကိုယ်တော်၏အဝတ်တော်ကို ပြန်ဝတ်ပေးကြ၏။ ထိုနောက်လက်ဝါးကပ်တိုင် တွင်တင်၍သတ်ရန်ကိုယ်တော်ကိုခေါ်ဆောင် သွားကြ၏။
Когда же насмеялись над Ним, сняли с Него багряницу, одели Его в собственные одежды Его и повели Его, чтобы распять Его.
21 ၂၁ ထိုအချိန်၌ (အာလေဇန္ဒြုနှင့်ရုဖုတို့၏အဖ၊ ကုရေနေပြည်သား) ရှိမုန်သည်ကျေးလက်တော ရွာဘက်မှလာ၏။ စစ်သားတို့သည်သူ့ကိုအတင်း အကြပ်ခေါ်၍ ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို ထမ်းစေ၏။-
И заставили проходящего некоего Киринеянина Симона, отца Александрова и Руфова, идущего с поля, нести крест Его.
22 ၂၂ ထိုနောက်ကိုယ်တော်ကိုဂေါလဂေါသနာမည် တွင်သောအရပ်သို့ခေါ်ဆောင်သွားကြ၏။ ဂေါလဂေါသ၏အနက်ကားဦးခေါင်းခွံ အရပ်ဟူ၏။-
И привели Его на место Голгофу, что значит: Лобное место.
23 ၂၃ သူတို့သည်မုရန်နှင့်ရောစပ်ထားသောစပျစ် ရည်ကို ကိုယ်တော်အားတိုက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည်သောက်တော်မမူ။-
И давали Ему пить вино со смирною; но Он не принял.
24 ၂၄ ထိုနောက်သူတို့သည်ကိုယ်တော်ကိုလက်ဝါးကပ် တိုင်တွင်တင်၍သတ်ကြ၏။ အဝတ်တော်များကို မဲချ၍ခွဲဝေယူကြ၏။-
Распявшие Его делили одежды Его, бросая жребий, кому что взять.
25 ၂၅ ကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင်တင်၍သတ် သည့်အချိန်မှာ နံနက်ကိုးနာရီဖြစ်၏။-
Был час третий, и распяли Его.
26 ၂၆ ကိုယ်တော်၏ပြစ်မှုကိုကမ္ပည်းရေးထိုး၍လက်ဝါး ကပ်တိုင်အထက်တွင်တင်ထားသည်ကား ``ယုဒ ရှင်ဘုရင်'' ဟူ၍ဖြစ်သတည်း။-
И была надпись вины Его: Царь Иудейский.
27 ၂၇ ကိုယ်တော်နှင့်အတူဋ္ဌားပြနှစ်ယောက်ကိုလက် ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက် တွင်တစ်ယောက်လက်ဝါးကပ်တိုင်တွင်တင်၍ သတ်ကြ၏။-
С Ним распяли двух разбойников, одного по правую, а другого по левую сторону Его.
28 ၂၈ (ဤသို့လျှင် ``ရာဇဝတ်မှုကူးလွန်သူများစာ ရင်းတွင်ကိုယ်တော်ပါဝင်၏'' ဟူသောကျမ်းစကား သည်မှန်၍လာတော့၏။)
И сбылось слово Писания: и к злодеям причтен.
29 ၂၉ လမ်းသွားလမ်းလာသူတို့သည်ခေါင်းညိတ်လျက် ``ဟဲ့ဗိမာန်တော်ကိုဖြိုဖျက်၍သုံးရက်အတွင်း ပြန်လည်တည်ဆောက်မည့်သူ၊-
Проходящие злословили Его, кивая головами своими и говоря: э! разрушающий храм, и в три дня созидающий!
30 ၃၀ လက်ဝါးကပ်တိုင်ပေါ်မှဆင်းခဲ့လော့။ သင့်ကိုယ် ကိုသင်ကယ်တင်လော့'' ဟုဆို၍ကိုယ်တော်ကို သရော်ကြ၏။-
спаси Себя Самого и сойди со креста.
31 ၃၁ ထိုနည်းတူစွာယဇ်ပုရောဟိတ်ကြီးများနှင့် ကျမ်းတတ်ဆရာများသည်ပြောင်လှောင်ကြ၏။ ``ဤသူသည်သူတစ်ပါးကိုကယ်တင်၏။ မိမိ ကိုယ်ကိုမူမကယ်တင်နိုင်ပါတကား။-
Подобно и первосвященники с книжниками, насмехаясь, говорили друг другу: других спасал, а Себя не может спасти.
32 ၃၂ ဣသရေလရှင်ဘုရင်၊ မေရှိယအရှင်သည် လက်ဝါးကပ်တိုင်မှယခုဆင်းခဲ့ပါစေ။ သို့ ဆင်းသည်ကိုမြင်ရလျှင်ငါတို့ယုံကြည် ပေအံ့'' ဟုအချင်းချင်းပြောဆိုလျက် သရော်ကြ၏။ ကိုယ်တော်နှင့်အတူလက်ဝါးကပ်တိုင်တွင် အတင်ခံရသောသူများကလည်း ကိုယ်တော် ကိုပြက်ရယ်ပြုကြ၏။
Христос, Царь Израилев, пусть сойдет теперь с креста, чтобы мы видели, и уверуем. И распятые с Ним поносили Его.
33 ၃၃ မွန်းတည့်ချိန်မှစ၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျ လေ၏။-
В шестом же часу настала тьма по всей земле и продолжалась до часа девятого.
34 ၃၄ မွန်းလွဲသုံးနာရီချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်စွာကြွေး ကြော်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူသနည်း'' ဟူ၏။
В девятом часу возопил Иисус громким голосом: Элои! Элои! ламма савахфани? - что значит: Боже Мой! Боже Мой! для чего Ты Меня оставил?
35 ၃၅ အနီးတွင်ရပ်နေသူလူအချို့တို့သည်ထို စကားကိုကြားလျှင် ``ကြည့်လော့။ သူသည် ဧလိယကိုခေါ်လျက်နေ၏'' ဟုဆိုကြ၏။-
Некоторые из стоявших тут, услышав, говорили: вот, Илию зовет.
36 ၃၆ လူတစ်ယောက်သည်ပြေး၍ပုံးရေကိုပင်လယ် ရေမြှုပ်ဖြင့်စုပ်ယူ၏။ ထိုနောက်ရေမြှုပ်ကိုကူ ရိုးအဖျားတွင်တပ်၍ ကိုယ်တော်အားသောက်ရန် ဆက်ကပ်လျက် ``သူ့ကိုကယ်ရန်ဧလိယလာ မလာငါတို့ကြည့်ကြကုန်အံ့'' ဟုဆို၏။
А один побежал, наполнил губку уксусом и, наложив на трость, давал Ему пить, говоря: постойте, посмотрим, придет ли Илия снять Его.
37 ၃၇ သခင်ယေရှုသည်ကျယ်စွာကြွေးကြော်တော် မူပြီးနောက်အသက်ချုပ်တော်မူ၏။-
Иисус же, возгласив громко, испустил дух.
38 ၃၈ ထိုအခါဗိမာန်တော်ကန့်လန့်ကာသည် အထက် စွန်းမှအောက်စွန်းတိုင်အောင်နှစ်ခြမ်းကွဲလေ၏။-
И завеса в храме разодралась надвое, сверху донизу.
39 ၃၉ ကိုယ်တော်၏ရှေ့တွင်ရပ်နေသူတပ်မှူးသည် ကိုယ် တော်အသက်ချုပ်တော်မူပုံကိုမြင်သဖြင့် ``ဤသူကားအကယ်ပင်ဘုရားသခင်၏ သားတော်ဖြစ်၏'' ဟုဆို၏။
Сотник, стоявший напротив Его, увидев, что Он, так возгласив, испустил дух, сказал: истинно Человек Сей был Сын Божий.
40 ၄၀ အမျိုးသမီးအချို့တို့သည်အဝေးကရပ် လျက်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလရွာသူမာရိ၊ ယာကုပ်ငယ်နှင့် ယောသေတို့၏အမိဖြစ်သူမာရိနှင့်ရှာလုံ တို့ပါ၏။-
Были тут и женщины, которые смотрели издали: между ними была и Мария Магдалина, и Мария, мать Иакова меньшего и Иосии, и Саломия,
41 ၄၁ သူတို့သည်ကိုယ်တော်ဂါလိလဲပြည်တွင်ရှိ တော်မူခဲ့စဉ် နောက်တော်သို့လိုက်၍လုပ်ကျွေး သမှုပြုကြသူများဖြစ်၏။ သူတို့အပြင် ကိုယ်တော်နှင့်ယေရုရှလင်မြို့သို့လိုက်လာ သောအခြားအမျိုးသမီးများလည်းထို အရပ်တွင်ရှိနေကြ၏။
которые и тогда, как Он был в Галилее, следовали за Ним и служили Ему, и другие многие, вместе с Ним пришедшие в Иерусалим.
42 ၄၂ ထိုနေ့ကား (ဥပုသ်နေ့အကြို) ပြင်ဆင်ရာအဖိတ် နေ့ဖြစ်၏။ ညနေချမ်းအချိန်ကျသောအခါ အရိမဿဲမြို့သားယောသပ်ရောက်ရှိလာ၏။ သူ သည်ဂုဏ်အသရေကြီးမြင့်သူ၊ တရားလွှတ်တော် အဖွဲ့ဝင်ဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်တည် မည့်အချိန်ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည် အရဲတင်းစွာပိလတ်မင်းထံသို့ဝင်ပြီးလျှင် သခင်ယေရှု၏အလောင်းတော်ကိုတောင်းလေ၏။-
И как уже настал вечер, - потому что была пятница, то есть день перед субботою,
пришел Иосиф из Аримафеи, знаменитый член совета, который и сам ожидал Царствия Божия, осмелился войти к Пилату, и просил тела Иисусова.
44 ၄၄ ပိလတ်မင်းသည်ကိုယ်တော်အသက်ချုပ်တော်မူ ပြီဖြစ်ကြောင်းကိုကြားသော် အံ့အားသင့်သွား သဖြင့်တပ်မှူးကိုခေါ်၍ ကိုယ်တော်အသက်ချုပ် တော်မူသည်မှာမည်မျှကြာပြီဖြစ်ကြောင်း ကိုစုံစမ်းမေးမြန်း၏။-
Пилат удивился, что Он уже умер, и, призвав сотника, спросил его, давно ли умер?
45 ၄၅ သူသည်တပ်မှူး၏အစီရင်ခံချက်ကိုကြား ရပြီးနောက် ယောသပ်အားအလောင်းတော်ကို ယူခွင့်ပြု၏။-
И, узнав от сотника, отдал тело Иосифу.
46 ၄၆ ယောသပ်သည်ပိတ်ချောကိုဝယ်ပြီးလျှင် အလောင်း တော်ကိုလက်ဝါးကပ်တိုင်မှချ၍ထိုပိတ်ဖြင့် ပတ်၏။ ထိုနောက်ကျောက်ဆောင်ကိုထွင်းထားသည့် သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ကာဂူဝကိုကျောက်တုံး ကြီးလှိမ့်၍ပိတ်ထားလိုက်၏။-
Он, купив плащаницу и сняв Его, обвил плащаницею, и положил Его во гробе, который был высечен в скале, и привалил камень к двери гроба.
47 ၄၇ အလောင်းတော်ကိုသင်္ဂြိုဟ်သည့်နေရာကို မာဂဒလရွာသူမာရိနှင့်ယောသေ၏ အမိမာရိတို့တွေ့မြင်ရကြ၏။
Мария же Магдалина и Мария Иосиева смотрели, где Его полагали.