< မာကု 15 >

1 နံ​နက်​စော​စော​၌​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည် ကျမ်း​တတ်​ဆ​ရာ​များ၊ ဘာ​သာ​ရေး​ခေါင်း​ဆောင် များ​နှင့်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း တို့​နှင့် အ​လျင်​အ​မြန်​တွေ့​ဆုံ​၍​တိုင်​ပင်​ကြ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​ကို​ချည်​နှောင်​ကာ ပိ​လတ် မင်း​ထံ​သို့​ခေါ်​ဆောင်​၍​အပ်​လိုက်​ကြ​၏။-
Et confestim mane consilium facientes summi sacerdotes cum senioribus, et scribis, et universo concilio, vincientes Jesum, duxerunt, et tradiderunt Pilato.
2 ပိ​လတ်​မင်း​က ``သင်​သည်​ယု​ဒ​ရှင်​ဘု​ရင်​မှန် သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။ ကိုယ်​တော်​က ``မင်း​ကြီး​မေး​သည့်​အ​တိုင်း​မှန်​၏'' ဟု​မိန့်​တော်​မူ​၏။
Et interrogavit eum Pilatus: Tu es rex Judæorum? At ille respondens, ait illi: Tu dicis.
3 ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည်​ကိုယ်​တော်​အ​ပေါ် အ​ပြစ်​များ​စွာ​စွပ်​စွဲ​ကြ​၏။-
Et accusabant eum summi sacerdotes in multis.
4 သို့​ဖြစ်​၍​တစ်​ဖန်​ပိ​လတ်​မင်း​က​ကိုယ်​တော် အား ``သင်​သည်​မည်​သို့​မျှ​မ​ဖြေ​ဘဲ​နေ​ပါ သ​လော။ သင့်​အ​ပေါ်​မည်​မျှ​အ​ပြစ်​တင်​သည် ကို​ကြည့်​ပါ'' ဟု​ဆို​၏။
Pilatus autem rursum interrogavit eum, dicens: Non respondes quidquam? vide in quantis te accusant.
5 သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော်​မူ​သ​ဖြင့် ပိ​လတ်​မင်း​သည်​အံ့​သြ​လေ​၏။
Jesus autem amplius nihil respondit, ita ut miraretur Pilatus.
6 ပိ​လတ်​မင်း​သည်​ပ​သ​ခါ​ပွဲ​အ​ခါ​ကျ​တိုင်း ပြည်​သူ​တို့​တောင်း​သည့်​အ​ကျဉ်း​သ​မား တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး လေ့​ရှိ​၏။-
Per diem autem festum solebat dimittere illis unum ex vinctis, quemcumque petissent.
7 ထို​အ​ချိန်​၌​ပုန်​ကန်​ထ​ကြွ​မှု​နှင့်​လူ​သတ်​မှု ဖြင့် အ​ကျဉ်း​ခံ​နေ​ရ​သူ​များ​ရှိ​၏။ ထို​သူ​တို့ အ​ထဲ​တွင်​ဗာ​ရဗ္ဗ​ဆို​သူ​တစ်​ဦး​လည်း​ပါ​၏။-
Erat autem qui dicebatur Barrabas, qui cum seditiosis erat vinctus, qui in seditione fecerat homicidium.
8 လူ​ပ​ရိ​သတ်​တို့​သည်​ပွဲ​တော်​အ​ခါ​၌​အ​စဉ် အ​လာ​ရှိ​သည်​အ​တိုင်း​တောင်း​ခံ​ရန်​ပိ​လတ် မင်း​ထံ​လာ​ရောက်​ကြ​သော​အ​ခါ၊-
Et cum ascendisset turba, cœpit rogare, sicut semper faciebat illis.
9 ပိ​လတ်​မင်း​က ``သင်​တို့​သည်​ယု​ဒ​ရှင်​ဘု​ရင် အား လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​လော'' ဟု​မေး​၏။-
Pilatus autem respondit eis, et dixit: Vultis dimittam vobis regem Judæorum?
10 ၁၀ ထို​သို့​မေး​သည့်​အ​ကြောင်း​မှာ​ယဇ်​ပု​ရော​ဟိတ် ကြီး​တို့​သည် သ​ခင်​ယေ​ရှု​အား​မ​နာ​လို​သ​ဖြင့် မိ​မိ​ထံ​သို့​ပို့​အပ်​ကြ​ကြောင်း​ကို​သိ​သော ကြောင့်​ဖြစ်​၏။
Sciebat enim quod per invidiam tradidissent eum summi sacerdotes.
11 ၁၁ ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​လှုံ့​ဆော်​သ​ဖြင့် လူ​အ​ပေါင်း တို့​သည်​သ​ခင်​ယေ​ရှု​အ​စား​ဗာ​ရဗ္ဗ​အား​လွတ်​ငြိမ်း ချမ်း​သာ​ခွင့်​ပေး​ရန်​တောင်း​ဆို​ကြ​၏။-
Pontifices autem concitaverunt turbam, ut magis Barabbam dimitteret eis.
12 ၁၂ ပိ​လတ်​မင်း​က ``ယု​ဒ​ရှင်​ဘု​ရင်​ဟု​သင်​တို့​ခေါ် သူ​ကို ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​ပြန်​၍ မေး​၏။
Pilatus autem iterum respondens, ait illis: Quid ergo vultis faciam regi Judæorum?
13 ၁၃ သူ​တို့​က ``ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ပါ'' ဟု​ပြန်​၍​ဟစ်​အော်​ကြ​၏။
At illi iterum clamaverunt: Crucifige eum.
14 ၁၄ ပိ​လတ်​မင်း​က ``အ​ဘယ်​ကြောင့်​နည်း။ သူ​သည် အ​ဘယ်​အ​ပြစ်​ကို​ကူး​လွန်​သ​နည်း'' ဟု​မေး​၏။ လူ​တို့​သည် ``ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင် ၍​သတ်​ပါ'' ဟု​ပို​၍​ပင်​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။
Pilatus vero dicebat illis: Quid enim mali fecit? At illi magis clamabant: Crucifige eum.
15 ၁၅ ပိ​လတ်​မင်း​သည်​လူ​ပ​ရိ​သတ်​ကို​ကျေ​နပ်​စေ​လို သ​ဖြင့် ဗာ​ရဗ္ဗ​ကို​လွှတ်​၍​သ​ခင်​ယေ​ရှု​ကို​ကြိမ် ဒဏ်​ခတ်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ သတ်​ရန်​အပ်​လိုက်​၏။
Pilatus autem volens populo satisfacere, dimisit illis Barabbam, et tradidit Jesum flagellis cæsum, ut crucifigeretur.
16 ၁၆ စစ်​သား​များ​သည်​ကိုယ်​တော်​ကို​ဘု​ရင်​ခံ​မင်း ၏​အိမ်​တော်​ဝင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် တပ်​ခွဲ​တစ်​ခု​လုံး​ကို​စု​ရုံး​စေ​၏။-
Milites autem duxerunt eum in atrium prætorii, et convocant totam cohortem,
17 ၁၇ ထို​နောက်​ကိုယ်​တော်​အား​နီ​မောင်း​သော​အ​ဝတ် ကို​ဝတ်​ဆင်​စေ​၍ ဆူး​ခက်​ဖြင့်​ရက်​သော​သ​ရ​ဖူ ကို​ဆောင်း​ပေး​ပြီး​နောက်၊-
et induunt eum purpura, et imponunt ei plectentes spineam coronam.
18 ၁၈ ``ယု​ဒ​ရှင်​ဘု​ရင်​သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ပြက်​ရယ်​ပြု​လျက်​အ​ရို​အ​သေ​ပေး​ကြ​၏။-
Et cœperunt salutare eum: Ave rex Judæorum.
19 ၁၉ ဦး​ခေါင်း​တော်​ကို​ကူ​လုံး​နှင့်​ရိုက်​ကြ​၏။ ကိုယ် တော်​ကို​တံ​တွေး​နှင့်​ထွေး​ကြ​၏။ ရှေ့​တော်​၌ ဒူး​ထောက်​လျက်​ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။-
Et percutiebant caput ejus arundine: et conspuebant eum, et ponentes genua, adorabant eum.
20 ၂၀ ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​နီ​မောင်း​သော အ​ဝတ်​ကို​ချွတ်​၍ ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို ပြန်​ဝတ်​ပေး​ကြ​၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​သတ်​ရန်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။
Et postquam illuserunt ei, exuerunt illum purpura, et induerunt eum vestimentis suis: et educunt illum ut crucifigerent eum.
21 ၂၁ ထို​အ​ချိန်​၌ (အာ​လေ​ဇန္ဒြု​နှင့်​ရု​ဖု​တို့​၏​အ​ဖ၊ ကု​ရေ​နေ​ပြည်​သား) ရှိ​မုန်​သည်​ကျေး​လက်​တော ရွာ​ဘက်​မှ​လာ​၏။ စစ်​သား​တို့​သည်​သူ့​ကို​အ​တင်း အ​ကြပ်​ခေါ်​၍ ကိုယ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​စေ​၏။-
Et angariaverunt prætereuntem quempiam, Simonem Cyrenæum venientem de villa, patrem Alexandri et Rufi, ut tolleret crucem ejus.
22 ၂၂ ထို​နောက်​ကိုယ်​တော်​ကို​ဂေါ​လ​ဂေါ​သ​နာ​မည် တွင်​သော​အ​ရပ်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ဂေါ​လ​ဂေါ​သ​၏​အ​နက်​ကား​ဦး​ခေါင်း​ခွံ အ​ရပ်​ဟူ​၏။-
Et perducunt illum in Golgotha locum: quod est interpretatum Calvariæ locus.
23 ၂၃ သူ​တို့​သည်​မု​ရန်​နှင့်​ရော​စပ်​ထား​သော​စ​ပျစ် ရည်​ကို ကိုယ်​တော်​အား​တိုက်​ကြ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည်​သောက်​တော်​မ​မူ။-
Et dabant ei bibere myrrhatum vinum: et non accepit.
24 ၂၄ ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။-
Et crucifigentes eum, diviserunt vestimenta ejus, mittentes sortem super eis, quis quid tolleret.
25 ၂၅ ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် သည့်​အ​ချိန်​မှာ နံ​နက်​ကိုး​နာ​ရီ​ဖြစ်​၏။-
Erat autem hora tertia: et crucifixerunt eum.
26 ၂၆ ကိုယ်​တော်​၏​ပြစ်​မှု​ကို​ကမ္ပည်း​ရေး​ထိုး​၍​လက်​ဝါး ကပ်​တိုင်​အ​ထက်​တွင်​တင်​ထား​သည်​ကား ``ယု​ဒ ရှင်​ဘု​ရင်'' ဟူ​၍​ဖြစ်​သ​တည်း။-
Et erat titulus causæ ejus inscriptus: Rex Judæorum.
27 ၂၇ ကိုယ်​တော်​နှင့်​အ​တူ​ဋ္ဌား​ပြ​နှစ်​ယောက်​ကို​လက် ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက် တွင်​တစ်​ယောက်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ သတ်​ကြ​၏။-
Et cum eo crucifigunt duos latrones: unum a dextris, et alium a sinistris ejus.
28 ၂၈ (ဤ​သို့​လျှင် ``ရာ​ဇ​ဝတ်​မှု​ကူး​လွန်​သူ​များ​စာ ရင်း​တွင်​ကိုယ်​တော်​ပါ​ဝင်​၏'' ဟူ​သော​ကျမ်း​စ​ကား သည်​မှန်​၍​လာ​တော့​၏။)
Et impleta est Scriptura, quæ dicit: Et cum iniquis reputatus est.
29 ၂၉ လမ်း​သွား​လမ်း​လာ​သူ​တို့​သည်​ခေါင်း​ညိတ်​လျက် ``ဟဲ့​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း ပြန်​လည်​တည်​ဆောက်​မည့်​သူ၊-
Et prætereuntes blasphemabant eum, moventes capita sua, et dicentes: Vah! qui destruis templum Dei, et in tribus diebus reædificas,
30 ၃၀ လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ဆင်း​ခဲ့​လော့။ သင့်​ကိုယ် ကို​သင်​ကယ်​တင်​လော့'' ဟု​ဆို​၍​ကိုယ်​တော်​ကို သ​ရော်​ကြ​၏။-
salvum fac temetipsum descendens de cruce.
31 ၃၁ ထို​နည်း​တူ​စွာ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​ပြောင်​လှောင်​ကြ​၏။ ``ဤ​သူ​သည်​သူ​တစ်​ပါး​ကို​ကယ်​တင်​၏။ မိ​မိ ကိုယ်​ကို​မူ​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။-
Similiter et summi sacerdotes illudentes, ad alterutrum cum scribis dicebant: Alios salvos fecit; seipsum non potest salvum facere.
32 ၃၂ ဣသ​ရေ​လ​ရှင်​ဘု​ရင်၊ မေ​ရှိ​ယ​အ​ရှင်​သည် လက်​ဝါး​ကပ်​တိုင်​မှ​ယ​ခု​ဆင်း​ခဲ့​ပါ​စေ။ သို့ ဆင်း​သည်​ကို​မြင်​ရ​လျှင်​ငါ​တို့​ယုံ​ကြည် ပေ​အံ့'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​လျက် သ​ရော်​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင် အ​တင်​ခံ​ရ​သော​သူ​များ​က​လည်း ကိုယ်​တော် ကို​ပြက်​ရယ်​ပြု​ကြ​၏။
Christus rex Israël descendat nunc de cruce, ut videamus, et credamus. Et qui cum eo crucifixi erant, convitiabantur ei.
33 ၃၃ မွန်း​တည့်​ချိန်​မှ​စ​၍​မွန်း​လွဲ​သုံး​နာ​ရီ​တိုင် အောင် မြေ​တစ်​ပြင်​လုံး​တွင်​မှောင်​အ​တိ​ကျ လေ​၏။-
Et facta hora sexta, tenebræ factæ sunt per totam terram usque in horam nonam.
34 ၃၄ မွန်း​လွဲ​သုံး​နာ​ရီ​ချိန်​၌​သ​ခင်​ယေ​ရှု​သည် ``ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ'' ဟု​ကျယ်​စွာ​ကြွေး ကြော်​တော်​မူ​၏။ ဆို​လို​သည့်​အ​နက်​ကား ``အ​ကျွန်ုပ် ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် ကို​စွန့်​ပစ်​တော်​မူ​သ​နည်း'' ဟူ​၏။
Et hora nona exclamavit Jesus voce magna, dicens: Eloi, eloi, lamma sabacthani? quod est interpretatum: Deus meus, Deus meus, ut quid dereliquisti me?
35 ၃၅ အ​နီး​တွင်​ရပ်​နေ​သူ​လူ​အ​ချို့​တို့​သည်​ထို စ​ကား​ကို​ကြား​လျှင် ``ကြည့်​လော့။ သူ​သည် ဧ​လိ​ယ​ကို​ခေါ်​လျက်​နေ​၏'' ဟု​ဆို​ကြ​၏။-
Et quidam de circumstantibus audientes, dicebant: Ecce Eliam vocat.
36 ၃၆ လူ​တစ်​ယောက်​သည်​ပြေး​၍​ပုံး​ရေ​ကို​ပင်​လယ် ရေ​မြှုပ်​ဖြင့်​စုပ်​ယူ​၏။ ထို​နောက်​ရေ​မြှုပ်​ကို​ကူ ရိုး​အ​ဖျား​တွင်​တပ်​၍ ကိုယ်​တော်​အား​သောက်​ရန် ဆက်​ကပ်​လျက် ``သူ့​ကို​ကယ်​ရန်​ဧ​လိ​ယ​လာ မ​လာ​ငါ​တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​၏။
Currens autem unus, et implens spongiam aceto, circumponensque calamo, potum dabat ei, dicens: Sinite, videamus si veniat Elias ad deponendum eum.
37 ၃၇ သ​ခင်​ယေ​ရှု​သည်​ကျယ်​စွာ​ကြွေး​ကြော်​တော် မူ​ပြီး​နောက်​အ​သက်​ချုပ်​တော်​မူ​၏။-
Jesus autem emissa voce magna expiravit.
38 ၃၈ ထို​အ​ခါ​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည် အ​ထက် စွန်း​မှ​အောက်​စွန်း​တိုင်​အောင်​နှစ်​ခြမ်း​ကွဲ​လေ​၏။-
Et velum templi scissum est in duo, a summo usque deorsum.
39 ၃၉ ကိုယ်​တော်​၏​ရှေ့​တွင်​ရပ်​နေ​သူ​တပ်​မှူး​သည် ကိုယ် တော်​အ​သက်​ချုပ်​တော်​မူ​ပုံ​ကို​မြင်​သ​ဖြင့် ``ဤ​သူ​ကား​အ​ကယ်​ပင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဖြစ်​၏'' ဟု​ဆို​၏။
Videns autem centurio, qui ex adverso stabat, quia sic clamans expirasset, ait: Vere hic homo Filius Dei erat.
40 ၄၀ အ​မျိုး​သ​မီး​အ​ချို့​တို့​သည်​အ​ဝေး​က​ရပ် လျက်​ကြည့်​နေ​ကြ​၏။ ထို​သူ​တို့​အ​ထဲ​တွင် မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ​နှင့်​ရှာ​လုံ တို့​ပါ​၏။-
Erant autem et mulieres de longe aspicientes: inter quas erat Maria Magdalene, et Maria Jacobi minoris, et Joseph mater, et Salome:
41 ၄၁ သူ​တို့​သည်​ကိုယ်​တော်​ဂါ​လိ​လဲ​ပြည်​တွင်​ရှိ တော်​မူ​ခဲ့​စဉ် နောက်​တော်​သို့​လိုက်​၍​လုပ်​ကျွေး သ​မှု​ပြု​ကြ​သူ​များ​ဖြစ်​၏။ သူ​တို့​အ​ပြင် ကိုယ်​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​လာ သော​အ​ခြား​အ​မျိုး​သ​မီး​များ​လည်း​ထို အ​ရပ်​တွင်​ရှိ​နေ​ကြ​၏။
et cum esset in Galilæa, sequebantur eum, et ministrabant ei, et aliæ multæ, quæ simul cum eo ascenderant Jerosolymam.
42 ၄၂ ထို​နေ့​ကား (ဥ​ပုသ်​နေ့​အ​ကြို) ပြင်​ဆင်​ရာ​အ​ဖိတ် နေ့​ဖြစ်​၏။ ည​နေ​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​ရောက်​ရှိ​လာ​၏။ သူ သည်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​သူ၊ တ​ရား​လွှတ်​တော် အ​ဖွဲ့​ဝင်​ဖြစ်​၏။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် မည့်​အ​ချိန်​ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည် အ​ရဲ​တင်း​စွာ​ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင် သ​ခင်​ယေ​ရှု​၏​အ​လောင်း​တော်​ကို​တောင်း​လေ​၏။-
Et cum jam sero esset factum (quia erat parasceve, quod est ante sabbatum),
43 ၄၃
venit Joseph ab Arimathæa nobilis decurio, qui et ipse erat exspectans regnum Dei, et audacter introivit ad Pilatum, et petiit corpus Jesu.
44 ၄၄ ပိ​လတ်​မင်း​သည်​ကိုယ်​တော်​အ​သက်​ချုပ်​တော်​မူ ပြီ​ဖြစ်​ကြောင်း​ကို​ကြား​သော် အံ့​အား​သင့်​သွား သ​ဖြင့်​တပ်​မှူး​ကို​ခေါ်​၍ ကိုယ်​တော်​အ​သက်​ချုပ် တော်​မူ​သည်​မှာ​မည်​မျှ​ကြာ​ပြီ​ဖြစ်​ကြောင်း ကို​စုံ​စမ်း​မေး​မြန်း​၏။-
Pilatus autem mirabatur si jam obiisset. Et accersito centurione, interrogavit eum si jam mortuus esset.
45 ၄၅ သူ​သည်​တပ်​မှူး​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား ရ​ပြီး​နောက် ယော​သပ်​အား​အ​လောင်း​တော်​ကို ယူ​ခွင့်​ပြု​၏။-
Et cum cognovisset a centurione, donavit corpus Joseph.
46 ၄၆ ယော​သပ်​သည်​ပိတ်​ချော​ကို​ဝယ်​ပြီး​လျှင် အ​လောင်း တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ​ချ​၍​ထို​ပိတ်​ဖြင့် ပတ်​၏။ ထို​နောက်​ကျောက်​ဆောင်​ကို​ထွင်း​ထား​သည့် သင်္ချိုင်း​ဂူ​တွင် သင်္ဂြိုဟ်​ကာ​ဂူ​ဝ​ကို​ကျောက်​တုံး ကြီး​လှိမ့်​၍​ပိတ်​ထား​လိုက်​၏။-
Joseph autem mercatus sindonem, et deponens eum involvit sindone, et posuit eum in monumento quod erat excisum de petra, et advolvit lapidem ad ostium monumenti.
47 ၄၇ အ​လောင်း​တော်​ကို​သင်္ဂြိုဟ်​သည့်​နေ​ရာ​ကို မာ​ဂ​ဒ​လ​ရွာ​သူ​မာ​ရိ​နှင့်​ယော​သေ​၏ အ​မိ​မာ​ရိ​တို့​တွေ့​မြင်​ရ​ကြ​၏။
Maria autem Magdalene et Maria Joseph aspiciebant ubi poneretur.

< မာကု 15 >