< မာကု 14 >
1 ၁ ပသခါပွဲနှင့်တဆေးမဲ့မုန့်ပွဲတော်ကျရောက် ရန် နှစ်ရက်မျှအလိုတွင်ယဇ်ပုရောဟိတ်မင်း များနှင့်ကျမ်းတတ်ဆရာများသည် ကိုယ်တော် ကိုတိတ်တဆိတ်ဖမ်းဆီး၍သတ်ရန်နည်း လမ်းရှာကြံလျက်နေကြ၏။-
Zyali nsiku zibhili afume iPasaka nama Bumunda gasa gaponyeziwe Amila. Achungaji agosi nsimbi wabha hanzaga isha hukhate uYesu huhila nahugoje.
2 ၂ သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်စရာရှိသဖြင့် ပွဲတော်ရက်အတွင်း၌ မဖမ်းဆီးကြနှင့်'' ဟုဆိုကြ၏။
Pipo bhayanjile, “Haga wabhuuwishi kulukulu, abhantu bhasihinze elete itaka.”
3 ၃ သခင်ယေရှုသည်ဗေသနိရွာ၌ အရေပြား ရောဂါစွဲကပ်ဖူးသူရှိမုန်၏အိမ်တွင်ရှိ၍ အစားအစာသုံးဆောင်တော်မူစဉ်အမျိုး သမီးတစ်ယောက်သည် အလွန်အဖိုးထိုက် သောနာဒုဆီမွှေးအစစ်ကျောက်ဖြူဘူး ကို ကိုယ်တော်၏ခေါင်းတော်ထက်တွင်သွန်း လောင်းလေသည်။-
Ulyo uYesu pali Bethania hukhaya wa Simoni umukoma, palije awelekela pameza, ushi umo ahenza wa mwene nisupa malashi ya nardo amiza agigalama ingosi sana, abojola isupa nasulule pamwanya iyitwe lyakwe.
4 ၄ လူအချို့တို့သည်ဒေါသထွက်၍ ``အဘယ် ကြောင့်ဆီမွှေးကိုဤသို့အကျိုးမဲ့ဖြုန်းတီး ပါသနည်း။-
Lelo kati yabho bhavitwa. Bhabhulana bhibho wabhibho bhahayanga, “Nayenu isababu uwateje uhuu?
5 ၅ ဤဆီမွှေးကိုဒေနာရိအပြားသုံးရာကျော်နှင့် ရောင်း၍ ဆင်းရဲသူများအားပေးကမ်းသင့်၏'' ဟု အချင်းချင်းပြောဆိုကာအမျိုးသမီးကို အပြစ်တင်ကြ၏။
Manukato iga gewezyanga eguziwe winali miazitatu twabha panag asikini.” Na hadamila.
6 ၆ သခင်ယေရှုက ``ထိုအမျိုးသမီးကိုရှိစေတော့။ အဘယ်ကြောင့်သူ့ကိုနှောင့်ယှက်ကြသနည်း။ ငါ့ အားသူပြုသောအမှုသည်လျောက်ပတ်ပေ၏။-
Lelo uYesu ahayanga, “Leshi yuyo mwene. Yenu musubula? Abhombile linza hu lini.
7 ၇ ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေကြ ၏။ သင်တို့အလိုရှိသည့်အခါတိုင်းသူတို့အား ကျေးဇူးပြုနိုင်ကြ၏။ ငါမူကားသင်တို့နှင့် အမြဲရှိနေသည်မဟုတ်။-
Isiku zyunti amasikini munabho, umuda gwa gundti pamusungwa mugawenza abhombe aminza wabhene, lelo saga munzabhe nane uwakati waundti.
8 ၈ ဤအမျိုးသမီးသည်သူတတ်နိုင်သမျှငါ့ အားပြုစုလေပြီ။ ငါ၏ရုပ်အလောင်းကိုသင်္ဂြိုဟ် ရန် ကြိုတင်၍ဆီမွှေးနှင့်လိမ်းကျံလေပြီ။-
Ambombile shila ishawezya: abhombe agupashile ubhili gwani amafuta kwa ajili yasyile.
9 ၉ အမှန်အကန်သင်တို့အားငါဆိုသည်ကားသတင်း ကောင်းကြေညာရာ ကမ္ဘာအရပ်ရပ်တွင်ဤအမျိုး သမီးကိုအောက်မေ့သတိရကြစေရန် သူပြု ခဲ့သောကောင်းမှုကိုပြောကြားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
Lyoli imbabhula, shila mahali izyo palumbililwa insi yundti, lila ilibhambile ushi unu shaiyangwa akubhuwe wakwe.
10 ၁၀ တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သောယုဒ ရှကာရုတ်သည် ကိုယ်တော်ကိုရန်သူ့လက်သို့ အပ်ရန်ယဇ်ပုရောဟိတ်ကြီးများထံသို့သွား၏။-
Pipo uYuda Iskariote, umo uwabhala ilongo na bhabhili, abhalile wagosi uwachungaji ili apate hutwale wa bhene.
11 ၁၁ ထိုသူတို့သည်သူလာရသည့်အကြောင်းကို ကြားသိသောအခါ ဝမ်းမြောက်သဖြင့်သူ့အား ငွေပေးရန်ကတိပြုကြ၏။ သို့ဖြစ်၍ယုဒ သည်ကိုယ်တော်အားရန်သူ့လက်သို့အပ်ရန် အခွင့်ကောင်းကိုရှာလျက်နေ၏။
Uwakati agosi Abhachungaji pabha hu vha isho, bhamojile bhahaidi hupele ihela. Andile awanze inafasi iyapele abhene.
12 ၁၂ ပသခါသိုးသူငယ်ကိုသတ်၍ပူဇော်ရသော နေ့တည်းဟူသော တဆေးမဲ့မုန့်ပွဲတော်ပထမ နေ့၌တပည့်တော်တို့က ``အရှင့်အတွက်ပသခါ ပွဲညစာကို အကျွန်ုပ်တို့အဘယ်အရပ်သို့သွား ၍ပြင်ဆင်ရပါမည်နည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။
Isiku ilya wande ilibumunda ilyasaliponyeziwe imila, uwakati uwabhafumia inyama ingole ipasaka, wanafunzi wake walimwambia, “Unataka twende wapi tukaandae ili upate kula mlo wa Pasaka?”
13 ၁၃ ကိုယ်တော်ကတပည့်တော်နှစ်ယောက်အား ``သင်တို့ သည်မြို့ထဲသို့သွားကြ။ ရေအိုးထမ်းလာသူလူ တစ်ယောက်သည် သင်တို့ကိုကြိုဆိုလိမ့်မည်။-
Atuma asundwa bhakwe bhabhili nabhabhule, “Aje bhalaji hujini, na ulume uwanza tangane namwi akhente ulusai lyiminzi. Dagaji.
14 ၁၄ ထိုသူ၏နောက်သို့လိုက်သွားကြလော့။ သူဝင်သော အိမ်မှအိမ်ရှင်အား ``ဆရာတော်နှင့်တပည့်များ ပသခါပွဲညစာကိုစားရန်အခန်းကားအဘယ် မှာနည်း'' ဟုဆရာတော်ကမေးကြောင်းပြော ကြလော့။-
Inyumba yanza winjile, dagaji nahubhule umwani nyumba iyo, 'Mwalimo ayanga, “Shi ibuba ishajenyu ailye iPasaka umwo pandwimo na asundwa bhakwe?”
15 ၁၅ သူသည်အထက်ထပ်ရှိအသင့်ပြင်ဆင်ခင်းကျင်း ထားသောအခန်းကြီးကိုသင်တို့အားပြလိမ့်မည်။ ယင်းအခန်းတွင်ငါတို့အတွက်ညစာကိုပြင် ကြလော့'' ဟုမိန့်မှာ၍စေလွှတ်တော်မူ၏။
Wope yuyo abhalanje igolofa ingosi isimbilwe tayali. Umwo tayalisyaji.”
16 ၁၆ ထိုတပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး လျှင် မြို့တွင်းသို့ဝင်ကြ၏။ မြို့ထဲသို့ရောက်သော အခါကိုယ်တော်မိန့်မှာတော်မူလိုက်သည့်အတိုင်း တွေ့၍ ပသခါညစာကိုအသင့်ပြင်ကြ၏။
Asundwa bhahabhala hujini; bhaga kila handu haisha yangaga, bhatayalisya iPasaka.
17 ၁၇ ညချမ်းအချိန်ရောက်သော် ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးနှင့်အတူကြွလာတော်မူ၏။-
Pawahafiha ulyebhela, ahinza na bhala humi na bhabhili.
18 ၁၈ သူတို့သည်စားပွဲမှာထိုင်လျက်စားနေကြစဉ် သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား သင်တို့အနက်ငါနှင့်အတူစားနေ သူတစ်ဦးသည်ငါ့ကိုသစ္စာဖောက်လိမ့်မည်'' ဟု မိန့်တော်မူ၏။
Pabhanga bhaibhelela imeza naje bhalye uYesu ayanga, “Lyoli imbaula, umo kati yenyu abhanenelele.”
19 ၁၉ တပည့်တော်တို့သည်စိတ်မချမ်းမသာဖြစ်ကြ လျက် ``ထိုသူသည်အကျွန်ုပ်ပေလော'' ဟုတစ်ဦး နောက်တစ်ဦးကိုယ်တော်အားမေးလျှောက်ကြ၏။
Bhanda asononeshe, bhaha bhala umo umo, “Lelo nine?”
20 ၂၀ ကိုယ်တော်က ``ထိုသူသည်တစ်ကျိပ်နှစ်ပါးတွင် အပါအဝင်ဖြစ်၏။ ငါနှိုက်သောပန်းကန်တွင် နှိုက်၍စားသူဖြစ်၏။-
U Yesu ahajibu ihubhula, “Ali umo ulilongo nabhabhili muhati yinyu, umo ambaye ishi atovhela uluntonji mubhakuli palushimo nane.
21 ၂၁ ကျမ်းစာလာသည်အတိုင်းလူသားသည်အသေခံ ရမည်။ သို့ရာတွင်လူသားအားရန်သူ့လက်သို့ အပ်သူသည်အမင်္ဂလာရှိ၏။ မွေးဖွားခြင်းကို မခံရလျှင်သူ့အဖို့သာ၍ကောင်းသေး၏'' ဟု မိန့်တော်မူ၏။
Pipo Umwana wa Adamu abha bhale nishi amasimbo ishaga yanag pamwanya yakwe. Lelo ole wa mwene umuntu ula uwanza hu nenelele Umwana wa Adamu washinza! umuntu uyo gabhe haga apapwaga.”
22 ၂၂ ကိုယ်တော်နှင့်တပည့်တော်တို့သည်ညစာစား နေကြစဉ်ကိုယ်တော်သည်မုန့်ကိုယူ၍ ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍ ``ဤမုန့်ကားငါ၏ကိုယ် ခန္ဓာဖြစ်၏။ ယူ၍စားကြလော့'' ဟုမိန့်တော်မူ ပြီးလျှင်တပည့်တော်တို့အားဝေပေးတော် မူ၏။
Pali bhalya, uYesu ahega ibumunda, alisaya na limesule. Apela nayanje, “Chukueni. Ugu ubile gwani.
23 ၂၃ စပျစ်ရည်ခွက်ကိုလည်းယူ၍ဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက် သူတို့ အားပေးတော်မူလျှင်သူတို့အားလုံးသည် သောက်ကြ၏။-
Ahega ishikombe, akasarifwa, apela, bhamwelela.
24 ၂၄ ကိုယ်တော်က ``ဤစပျစ်ရည်ကားလူအများ အတွက်သွန်းသော ဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်နှိပ်သောငါ၏သွေးဖြစ်၏။-
Abhabhulile, “Ili idada lyane ililagana, idada ilya liwitiha kwaajili yabhinji.
25 ၂၅ သင်တို့အားငါဆိုသည်ကားဘုရားသခင်၏ နိုင်ငံတော်တွင် စပျစ်ရည်သစ်ကိုသောက်ရသည့် နေ့မတိုင်မီ ငါသည်ဤစပျစ်ရည်ကိုနောက်တစ် ဖန်သောက်တော့မည်မဟုတ်'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
Lyoli imbabhula, sigaihamwela nantele paka pisiku lila paimwala ipha hutawala ula uwa Ngulubhi.”
26 ၂၆ ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် ဋ္ဌမ္မ သီချင်းဆိုပြီးလျှင်သံလွင်တောင်သို့ထွက် သွားကြ၏။
Pabha habha bhamalile atele ulyimbo, bhahashilainje Igamba ili Mizeituni.
27 ၂၇ သခင်ယေရှုက ``ကျမ်းစာတော်တွင် `ငါသည်သိုး ထိန်းကိုရိုက်သတ်သဖြင့် သိုးတို့သည်ကစဥ့်ကရဲ ဖြစ်ကြလိမ့်မည်' ဟုပါရှိသည်နှင့်အညီသင်တို့ သည်ငါ့ကိုစွန့်၍ထွက်ပြေးကြလိမ့်မည်။-
U Yesu abhabhula, “Amwe mwinthe munza wibangule huhutari kwaajili ya yane, phepo isimbilwe, 'Aikhoma umchungaji naingole zinza nyabhane.'
28 ၂၈ သို့ရာတွင်ငါသည်သေခြင်းမှထမြောက်ပြီး နောက် ဂါလိလဲပြည်သို့သင်တို့အလျင်သွား နှင့်မည်'' ဟုတပည့်တော်တို့အားမိန့်တော်မူ၏။
Lelo baada yazyushe wani, aibha tangula witazi lyinyu wi Galilaya.”
29 ၂၉ ပေတရုက ``အခြားသူအပေါင်းတို့အရှင့်ကို စွန့်ပစ်ကြသော်လည်း အကျွန်ုပ်မစွန့်ပစ်ပါ'' ဟု ကိုယ်တော်အားလျှောက်ထား၏။
Petulo ahabhula, “Hata kama bhundti bhaileha, aani sihaileha.”
30 ၃၀ သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား ယနေ့ည၌ပင်ကြက်နှစ်ကြိမ်မတွန်မီ သင်သည်သုံးကြိမ်တိုင်တိုင်ငါ့ကိုမသိဟုငြင်း ဆိုလိမ့်မည်'' ဟုပေတရုအားမိန့်တော်မူ၏။
U Yesu abhabulile, “Lyoli ihubhula, usiku hubhu ihanda shazili akuje habhili, uhanile mala hatatu.”
31 ၃၁ သို့ရာတွင်ပေတရုက ``အကျွန်ုပ်သည်အရှင် နှင့်အတူပင်သေရသော်လည်း အရှင့်ကိုမသိ ဟုငြင်းဆိုမည်မဟုတ်ပါ'' ဟုအလေးအနက် လျှောက်ထား၏။ အခြားတပည့်တော်တို့သည်လည်း ဤနည်း အတိုင်းလျှောက်ထားကြ၏။
Lelo u Petulo ayanjile, “Ibhadazimisye afwe nawesaga imba hu lyije bhunti bhafumia ihadi ile ile.
32 ၃၂ ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂေသရှေမန် ဟုနာမည်တွင်သောအရပ်သို့ရောက်ကြ၏။ ကိုယ် တော်သည် ``ငါဆုတောင်းနေစဉ်သင်တို့ဤနေရာ ၌ထိုင်နေကြလော့'' ဟုတပည့်တော်တို့အားမှာ ကြားပြီးနောက်၊-
Bhahinzele kwenye ieneo ilyaitwaga Gethsemane, uYesu ahabhula asundwa bhakwe, “Khalaji ipa uwakati ilabha.”
33 ၃၃ ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့ကိုမိမိနှင့် အတူခေါ်ဆောင်သွားတော်မူ၏။ ကိုယ်တော်သည် ပြင်းစွာပူပင်သောကဖြစ်တော်မူသဖြင့်၊-
Abhega Petulo, Yakobo, na Yohana pandwemo nawo, nahanda asononeshe hata miwe sana.
34 ၃၄ ``ငါသည်သေလုနီးပါးစိတ်ဒုက္ခရောက်လှ၏။ သင်တို့ဤအရပ်တွင်သတိနှင့်စောင့်နေကြ လော့'' ဟုတပည့်တော်တို့သုံးဦးတို့အားမိန့် တော်မူ၏။
Ahabhula, “Inafsi yani yani isoneneha sana, hata afwe. Sagalaji phepa nabhemaso.”
35 ၃၅ ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍ မြေပေါ် တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အဖခမည်းတော်၊ ကိုယ်တော်သည်အမှုအရာခပ်သိမ်းကိုတတ်နိုင် တော်မူပါ၏။ ဤဒုက္ခဝေဒနာခွက်ကိုအကျွန်ုပ် ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင်အကျွန်ုပ် ၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော်၏အလို တော်အတိုင်းဖြစ်စေတော်မူပါ'' ဟူ၍မိမိ ခံရမည့်ဝေဒနာကိုလွှဲဖယ်ရန်ဖြစ်နိုင်ပါ က လွှဲဖယ်ပေးတော်မူပါမည့်အကြောင်းဆု တောင်းတော်မူ၏။
U Yesu abhala witanzi hashe, ahagwa paka panzi, ahalabha, ghashiwezena, huje isaili linepushe.
Ahayanga, “Aba, Baba, Amambo gunte huliwe gawezehana. Unefenzwe ishikombe ishi. Lelo saga hu mapenzi gane, ila amapenzi gaho.”
37 ၃၇ ထိုနောက်ကိုယ်တော်သည်တပည့်တော်သုံးဦးတို့ ထံသို့ပြန်လာတော်မူရာ သူတို့အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူ၏။ သို့ဖြစ်၍ကိုယ်တော် က ``ရှိမုန်၊ သင်သည်အိပ်ပျော်နေသလော။ မအိပ်ဘဲ တစ်နာရီမျှပင်စောင့်၍မနေနိုင်သလော'' ဟု ပေတရုအားမိန့်တော်မူ၏။-
Abhuya abhaga shabha gonile, abhula aPetro, “Simoni, we ulishugonile? Hagauwezizya abhe maso hata isaa hatalimo?
38 ၃၈ ထို့နောက်ကိုယ်တော်က ``သင်တို့သည်စုံစမ်း သွေးဆောင်ရာသို့မလိုက်မပါအံ့သောငှာ ဆု တောင်းလျက်စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော် လည်းကိုယ်ခန္ဓာကားအားနည်းသည်'' ဟုသူတို့ အားမိန့်တော်မူ၏။
Khalaji maso mulabhaje musahenze. Agwile mujelo. Lyoli roho ili tayali, lelo ubhele dhaifu.”
39 ၃၉ ကိုယ်တော်သည်တစ်ဖန်ကြွတော်မူပြန်၍ အထက်နည်းအတိုင်းဆုတောင်းတော်မူ၏။-
Ahashila nantele alabhe, atumila zinongwa zyazila.
40 ၄၀ ထို့နောက်တပည့်တော်သုံးဦးတို့ထံသို့ကြွ လာတော်မူသောအခါ သူတို့သည်မျက်စိ လေးလံသဖြင့် တစ်ဖန်အိပ်ပျော်နေကြသည် ကိုတွေ့မြင်တော်မူ၏။ သူတို့သည်ကိုယ်တော် အားအဘယ်သို့လျှောက်ထားရမည်ကို မသိကြ။
Ahenza nantele ahega shagonile, pipo amaso goo galimamwamu nahamenye henu ahabhule.
41 ၄၁ ကိုယ်တော်သည်သူတို့ထံသို့တတိယအကြိမ် ကြွလာတော်မူ၍ ``သင်တို့သည်ယခုတိုင်အိပ် ပျော်လျက်၊ နားလျက်နေကြသေးသလော။ တော် လောက်ပြီ။ လူသားကိုဆိုးယုတ်သူများလက် သို့အပ်နှံသောအချိန်ယခုရောက်လာပြီ။-
Ahenza mala hatatu shabhabhula, “Muli sha mugonile na tuyaji? Muyile! Saa ifishile. Enya! Mwana wa Adamu bhanza hutake wilenga makhono agabhibhivhi.
42 ၄၂ လာကြ။ ငါတို့သွားကြကုန်အံ့။ ငါ့အားရန်သူ့ လက်သို့အပ်မည့်သူသည်ရောက်လာပြီ'' ဟု မိန့်တော်မူ၏။
Bhuhaji, sali. Enya, ola uwantake wilenga alipipi.”
43 ၄၃ ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်တွင် တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်သောယုဒရောက်ရှိလာ၏။ သူနှင့်အတူတုတ်၊ ဋ္ဌားကိုင်သူလူအမြောက် အမြားပါ၏။ ထိုသူတို့သည်ယဇ်ပုရောဟိတ် ကြီးများ၊ ကျမ်းတတ်ဆရာများနှင့်ဘာသာ ရေးခေါင်းဆောင်များကစေလွှတ်၍ရောက်ရှိ လာကြခြင်းဖြစ်သည်။-
Enya alishanga uYuda uwalipadwimo na abhilongo na bhabhile, afiha, nimbuga ingosi afume wagosi bhachungaji, asimbi agosi napanga na madugu.
44 ၄၄ ကိုယ်တော်အားရန်သူ့လက်သို့အပ်မည့်သူ က ``ငါနမ်းရှုပ်နှုတ်ဆက်သူသည်ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီး၍အစောင့်နှင့်ခေါ်သွားကြ လော့'' ဟုသူတို့အားအမှတ်ပေးခဲ့၏။
Umuda gwugwo uhutake wilenga wakwe ali apile ishimanyilo, ayagaula uhbinza hununile yuyo khataji nahutwale nabhe chini alidwaje.”
45 ၄၅ သူသည်ရောက်လာပြီးလျှင်ချက်ချင်းပင် ကိုယ်တော်ထံသို့ချဉ်းကပ်ကာ ``အရှင်ဘုရား'' ဟုဆို၍ကိုယ်တော်ကိုနမ်းရှုပ်လေသည်။-
Lelo uYuda pahafiha, moja kwa moja ahabhala wa Yesu nayanje, “Mwalimo!” Anunila.
46 ၄၆ လူတို့သည်ကိုယ်တော်ကိုဖမ်းဆီးချုပ်ကိုင် ထားကြ၏။-
Pipo uwaponye panzi yagulye nahukhatwe.
47 ၄၇ ထိုအခါအနီးတွင်ရပ်နေသူလူတစ်ဦးသည် ဋ္ဌားကိုဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏ကျွန် တစ်ယောက်ကိုခုတ်လိုက်ရာထိုသူနားရွက် ပြတ်လေ၏။-
Lelo umo muhati yao amenlela paphephe nao achomola ipanga lyakwe akhoma utumishi uwa chunga ugosi nahudumule ikutu.
48 ၄၈ သခင်ယေရှုက ``သင်တို့သည်ဋ္ဌားပြကို ဖမ်းဆီးသကဲ့သို့ ငါ့ကိုဖမ်းဆီးရန်တုတ်၊ ဋ္ဌားများနှင့်လာကြသလော။-
U Yesu abhabhulile, “Mwenzele ahate namapanga nadugu nishi uwafula?
49 ၄၉ ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင် သင်တို့ ရှေ့မှာဟောပြောသွန်သင်ခဲ့၏။ သင်တို့ငါ့ကို မဖမ်းမဆီးခဲ့ကြ။ သို့ရာတွင်ကျမ်းစာလာ သည်အတိုင်းဖြစ်ပျက်ရမည်'' ဟုထိုသူတို့ အားမိန့်တော်မူ၏။
Uwakati shilasiku nabha namwe shimbamanyizya, mushibhanza. Sagamwahataga. Lelo ili libhobishe ili amasimbo gatimile.
50 ၅၀ ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်၍ထွက်ပြေးကြ၏။
Bhala bhunti bhali nu Yesu bhaleha nahunyile.
51 ၅၁ ပိတ်ပိုင်းလွှာတစ်ခုကိုသာဝတ်ထားသည့်လူငယ် လူရွယ်တစ်ယောက်သည် ကိုယ်တော်၏နောက်တော် ကလိုက်လာ၏။ လူအချို့တို့သည်သူ့ကိုဖမ်း ဆီးမည်ပြုကြသောအခါ၊-
Usaha umo ahakunya, uwali akwite ishuka lyene awikwishile hu zyugule; bhakhata lelo
52 ၅၂ သူသည်ပိတ်ပိုင်းလွှာကိုစွန့်၍အဝတ်မပါဘဲ ထွက်ပြေးလေ၏။
apulumuha alileha ishuka pala ahanyila bhululu.
53 ၅၃ ထိုသူတို့သည်သခင်ယေရှုကို ယဇ်ပုရောဟိတ် မင်း၏ကျောင်းတော်သို့ခေါ်ဆောင်သွားကြ၏။ ယဇ်ပုရောဟိတ်ကြီးများ၊ ဘာသာရေးခေါင်း ဆောင်များနှင့်ကျမ်းတတ်ဆရာများသည် ထိုကျောင်းတော်တွင်စုရုံးလျက်ရှိနေကြ သည်။-
Bhahalongola uYesu wachungaji ugosi pala paungene padwemo nao nabha chungaji agosi bhunti nashi gosi nasimbi.
54 ၅၄ ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းအတွင်းသို့တိုင် အောင် ကိုယ်တော်၏နောက်တော်ကလိုက်လာခဲ့၏။ သူသည်ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူ မီးလှုံလျက်နေ၏။-
U Petulo wope ahadaga uYesu shahutali, awelekele wizyala wachungaji ugosi. Akhala pandwemo nabhagula bhali bheline numwoto bhahotaga ili apate ilyoto.
55 ၅၅ ယဇ်ပုရောဟိတ်ကြီးများနှင့်တကွ ယုဒ တရားလွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည် သခင်ယေရှုအားသေဒဏ်ပေးနိုင်ရန်သက်သေ ကိုရှာသော်လည်းမတွေ့ကြ။-
Umuda ugwo achungaji agosi bhunti ni balaza lyundti bhanzaga uketi zaidi ya mwene uYesu ili bhapate hugoje. Lelo habhamwaga.
56 ၅၆ လူအများပင်လိမ်လည်သက်သေခံကြ၏။ သို့ရာတွင်သူတို့၏ထွက်ဆိုချက်များကိုက် ညီမှုမရှိ။
Huje abhantu ambinji bha haleta ilenga ashile umwene, lelo uketi wabho hawalinganaga.
57 ၅၇ လူအချို့တို့သည်ထ၍ ``လူ့လက်ဖြင့်တည်ဆောက် သော ဤဗိမာန်ကိုငါဖြိုဖျက်မည်။ ထိုနောက်သုံးရက် ကြာသောအခါ လူ့လက်ဖြင့်မတည်မဆောက်သည့် ဗိမာန်တော်ကိုငါတည်ဆောက်မည်ဟု သူပြောဆို သည်ကိုအကျွန်ုပ်တို့ကိုယ်တိုင်ကြားပါသည်'' ဟု မဟုတ်မမှန်ထွက်ဆိုကြ၏။-
Bhamo bhahemelye lyanelete uketi uwilenga ashe wa mwene; bhayanga,
“Tumamwuvha ayanag, 'Iha inanganya ishibhanza ishi ilyaliganiziwe humakhono, nahuku zitatu ihaizenga ilyta mwao ilyasa linganiziwe humakhono.”'
59 ၅၉ သို့ရာတွင်ထိုသူတို့ထွက်ဆိုချက်များပင်လျှင် ကိုက်ညီမှုမရှိ။
Lelo hata uketi wao hali nganaga.
60 ၆၀ ယဇ်ပုရောဟိတ်မင်းသည်လူပရိသတ်တို့အလယ် တွင်ရပ်လျက် သခင်ယေရှုအား ``ထိုသူတို့သင့်အား စွပ်စွဲပြောဆိုနေကြသည်ကို သင်သည်မည်သို့မျှ မဖြေဘဲနေသလော'' ဟုမေး၏။-
Uchungaji ugosi amelila pahati yao abhuzwa uYesu, “We, hagaulinijibu? Aa hantu ibha bhayanga yenu kwaji yaliwe?”
61 ၆၁ သို့ရာတွင်ကိုယ်တော်သည်ဆိတ်ဆိတ်နေတော်မူ၏။ စကားတစ်ခွန်းကိုမျှပြန်၍ပြောတော်မမူ။ တစ် ဖန်ယဇ်ပုရောဟိတ်မင်းက ``သင်သည်မင်္ဂလာရှိ တော်မူသောဘုရားသခင်၏သားတော်မေရှိယ လော'' ဟုမေး၏။
Lelo ahapuma mee hagajibula nalimo. Pipo uchungaji ugosi ahabhuzya nantele awe wi Kilisti, umwana Uwasaiwa?”
62 ၆၂ သခင်ယေရှုက ``မှန်၏။ လူသားသည်အနန္တ တန်ခိုးရှင်၏လက်ယာဘက်၌ထိုင်လျက်နေသည် ကိုလည်းကောင်း၊ မိုးတိမ်စီး၍ကြွလာသည်ကို လည်းကောင်းသင်တို့မြင်ရကြလတ္တံ့'' ဟုမိန့် တော်မူ၏။-
U Yesu ayanje, “Huje ani nini. Uhailola Umwana wa Damu akhele hukhono ulilo ugwikhone awinza na mabhingo aga humwanya.”
63 ၆၃ ထိုအခါယဇ်ပုရောဟိတ်မင်းသည် မိမိ၏ အဝတ်ကိုဆွဲဆုတ်ပြီးလျှင် ``ငါတို့အဘယ်မှာ လျှင်သက်သေများထပ်၍လိုပါတော့မည်နည်း။-
Uchungaji ugosi azembula amenda gakwe nayanje, “Lelo tuli shatu wanza aketi?
64 ၆၄ ဘုရားသခင်အားထိုသူပြစ်မှားပြောဆိုသည် ကိုသင်တို့ကြားရကြပြီ။ သင်တို့မည်သို့စီရင် ချက်ချမှတ်ကြမည်နည်း'' ဟုဆို၏။ ထိုသူအားလုံးတို့က ``ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ပေးထိုက်သည်'' ဟုစီရင်ချက်ချမှတ် ကြ၏။-
Muhuvha amatusi. Uwamuzi winyu vhulihu?” Na bhunti vhalongaga nishi iyabhajile ufwe.
65 ၆၅ အချို့သောသူတို့သည်ကိုယ်တော်ကိုတံတွေး နှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် ရိုက်ပုတ်ကြ၏။ ``အရှင်အားမည်သူရိုက်ပုတ် သည်ကိုဟောတော်မူပါ'' ဟုဆိုကြ၏။ ယဇ် ပုရောဟိတ်မင်း၏ကိုယ်ရံတော်တပ်သားတို့ သည်ပါးတော်ကိုလက်ဖြင့်ရိုက်ကြ၏။
Bhamo bhahanda huswile amate nahu kwishile amaso nahukhome nahu bhule, “Loto!” Maafisa bhamwega na hukhome.
66 ၆၆ ပေတရုသည်ကျောင်းတော်ဝင်းအတွင်း၌ရှိနေ စဉ် ယဇ်ပုရောဟိတ်မင်း၏အစေခံမကလေး တစ်ယောက်သည်ရောက်ရှိလာ၏။-
U Petulo pahali bado panzi pizyala, utumishi umo uwalindu uwa chungaji ugosi ahizile wamwene.
67 ၆၇ ပေတရုမီးလှုံနေသည်ကိုမြင်သောအခါ သူ့ ကိုစေ့စေ့ကြည့်၍ ``သင်သည်လည်းနာဇရက် မြို့သားယေရှု၏အပေါင်းအဖော်ဖြစ်၏'' ဟု ဆို၏။
Ahalola uPetulo pahiminlele awota umwoto, ahamwenya nahubhelele. Ipo ahayanga na wewe uhali nawa Mnazareti, uYesu”.
68 ၆၈ ပေတရုက ``သင်ပြောသည့်အရာကိုငါမသိ၊ နားမလည်'' ဟုငြင်းဆို၏။ ထိုနောက်သူသည် ဝင်း၏အဝင်ဝဆီသို့သွား၏။ ထိုအချိန်၌ ကြက်တွန်လေ၏။
Lelo akhana, ayanga, “Saga imenye wala siwelewa ahusu hala uhuyanga!” Ipo ahepa abhala huzi wizyala ihada ihakuga.
69 ၆၉ အစေခံမကလေးသည်ပေတရုကိုတစ်ဖန်မြင် ပြန်သဖြင့် အနား၌ရပ်နေသူတို့အား ``ဤသူ သည်ထိုသူတို့နှင့်အပေါင်းပါဖြစ်၏'' ဟုဆို ပြန်၏။-
Lelo utumishi uwishishi pala, ahalola ahandile hubhule na dtele bhala abha bhalivhimile pala, “Umuntu unu alipamoja anao!”
70 ၇၀ ပေတရုသည်လည်းမဟုတ်ကြောင်းငြင်းဆိုပြန်၏။ ထိုနောက်များမကြာမီအနီးတွင်ရပ်နေသူတို့ က ``သင်သည်ဂါလိလဲပြည်သားဖြစ်သဖြင့် အမှန်ပင်ထိုသူတို့နှင့်အပေါင်းပါဖြစ်၏'' ဟုသူ့အားဆိုကြ၏။
Lelo akhana natele ndtele pamandi hashe bhala abha hali himilile pala bhali bhahubhula uPetulo, lyali awe ulipamoja anao, “Maana na wewe uli mu Galilaya”
71 ၇၁ သို့ရာတွင်ပေတရုက ``သင်တို့ပြောသောသူ ကိုငါမသိ'' ဟုဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုလေ၏။
Lelo ahandile awibhishe pansi ishigune nawande alape, “Saga imenye umuntu unu uwanuhuyanga.”
72 ၇၂ ထိုခဏ၌ဒုတိယအကြိမ်ကြက်တွန်လေ၏။ ထိုအခါ ``ကြက်နှစ်ကြိမ်မတွန်မီသင်သည်ငါ့ ကိုမသိဟူ၍သုံးကြိမ်မြောက်အောင်ငြင်းဆို လိမ့်မည်'' ဟုသခင်ယေရှုမိန့်တော်မူခဲ့သည့် စကားကို ပေတရုသည်ပြန်လည်သတိရ သဖြင့်ငိုကြွေးလေ၏။
Ipo ihanda ihakuga ulwabhilye. Ipo Petulo ahizuha izya yangaga gala uYesu agali ahubhula: “Shasili ihanda shisili akuje malahabhili, uzahane mala hatatu.” Ahagwa paka pansi nalile.