< မာကု 13 >
1 ၁ ဗိမာန်တော်မှကိုယ်တော်ထွက်ကြွတော်မူစဉ် တပည့် တော်တစ်ဦးက ``အရှင်ဘုရား၊ ကြည့်တော်မူပါ။ ဤ ကျောက်တုံးများသည်ကြီးမားလှ၍ ဤအဆောက် အအုံများသည်လည်းကြီးကျယ်လှပါသည် တကား'' ဟုလျှောက်ထား၏။
Коли [Ісус] виходив із Храму, один з Його учнів сказав Йому: ―Учителю, поглянь, яке каміння і які будівлі!
2 ၂ သခင်ယေရှုက ``ဤအဆောက်အအုံကြီးများ ကို ယခုသင်မြင်သည်မဟုတ်လော။ ယင်းအဆောက် အအုံများမှကျောက်တုံးအားလုံးပင်ပြိုကျ ရလိမ့်မည်။ ကျောက်တစ်တုံးမျှမူလနေရာတွင် ကျန်ရစ်လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
Ісус сказав йому: ―Ти бачиш ці величезні споруди? Не залишиться тут каменя на камені, який не був би зруйнований.
3 ၃ ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်ဗိမာန်တော် ဖက်သို့မျက်နှာမူလျက် တစ်ကိုယ်တည်းထိုင်နေ တော်မူသောအခါ၊-
Потім, коли [Ісус] сидів на Оливній горі навпроти Храму, Петро, Яків, Іван та Андрій наодинці запитали Його:
4 ၄ ပေတရု၊ ယာကုပ်၊ ယောဟန်နှင့်အန္ဒြေ-တို့သည် ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအရာများ သည်အဘယ်ကာလ၌ဖြစ်ပျက်ပါမည်နည်း။ ဤအမှုအရာများဖြစ်ပျက်ချိန်၌အဘယ် နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ် တို့အားမိန့်တော်မူပါ'' ဟုမေးလျှောက်ကြ၏။
―Скажи нам, коли все це станеться і яка ознака того, що все це скоро здійсниться?
5 ၅ သခင်ယေရှုက ``သင်တို့အားသူတစ်ပါး မလှည့်စားစေရန်သတိပြုကြလော့။-
Ісус почав їм говорити: ―Дивіться, щоб ніхто не ввів вас в оману!
6 ၆ လူအများပင်ငါ၏အယောင်ဆောင်လျက်လာ ကြလိမ့်မည်။ သူတို့သည်မေရှိယဖြစ်သည်ဟု ဆို၍လူအများကိုလှည့်ဖြားကြလိမ့်မည်။-
Бо багато хто прийде в ім’я Моє й казатиме: «Це Я!» І багатьох введуть в оману.
7 ၇ သင်တို့သည်ရပ်နီးရပ်ဝေးမှစစ်မက်သတင်း များကိုကြားသောအခါ မထိတ်မလန့်ကြ နှင့်။ ဤအမှုအရာများသည်မုချဖြစ်ပျက် ရမည်။ သို့သော်လည်းကပ်ကမ္ဘာကုန်ဆုံးချိန် ကားမကျသေး။-
Коли почуєте про війни та чутки про війни, не лякайтеся: це має статися, але це ще не кінець.
8 ၈ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြား တွင်မြေငလျင်လှုပ်၍အစာငတ်မွတ်ခေါင်းပါး လိမ့်မည်။ ဤအမှုအရာများသည်ဆိုက်ရောက် လတ္တံ့သောဆင်းရဲဒုက္ခများ၏ရှေ့ပြေးဖြစ်၏။''
Повстане народ проти народу й царство проти царства. У різних місцях будуть землетруси та голод. Але це – лише початок страждань.
9 ၉ ``သင်တို့သည်သတိနှင့်နေကြလော့။ လူအချို့တို့ သည် သင်တို့ကိုတရားရုံးသို့ပို့အပ်ကြလိမ့်မည်။ တရားဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။ သင် တို့သည်ငါ့အတွက်ကြောင့် အာဏာပိုင်များနှင့် ရှင်ဘုရင်များ၏ရှေ့မှောက်သို့ရောက်၍ သတင်း ကောင်းကိုကြေညာရကြလိမ့်မည်။-
Будьте обережні! Адже видаватимуть вас до судів і в синагогах битимуть вас. Поведуть вас до правителів та царів заради Мене, на свідчення їм.
10 ၁၀ ကပ်ကမ္ဘာကုန်ဆုံးချိန်မရောက်မီသင်တို့သည် သတင်းကောင်းကိုလူအပေါင်းတို့အားဟော ပြောကြေညာရကြမည်။-
Але спочатку Добра Звістка має проповідуватись усім народам.
11 ၁၁ သင်တို့အားဖမ်းဆီး၍တရားရုံးခုံရုံးသို့ ပို့အပ်ကြသောအခါ မည်သို့ပြောဆိုရမည် ကိုကြိုတင်၍မစိုးရိမ်ကြနှင့်။ ထိုခဏ၌ မိမိတို့စိတ်တွင်ပေါ်လာသည့်စကားများကို သာလျှင် သင်တို့ပြောကြလော့။ ယင်းစကားများ သည်သင်တို့စကားများမဟုတ်ဘဲ သန့်ရှင်း သောဝိညာဉ်တော်၏စကားများဖြစ်လိမ့်မည်။-
Коли поведуть вас видавати [до суду], не турбуйтеся, як і що казати. Але говоріть те, що буде дано вам у той час. Адже не ви будете говорити, а Дух Святий.
12 ၁၂ လူတို့သည်ညီအစ်ကိုချင်းအားသေစေရန်အပ် ကြလိမ့်မည်။ အဖသည်လည်းသားအားသေစေ ရန်အပ်လိမ့်မည်။ သားသမီးတို့သည်မိဘများ ကိုတော်လှန်၍သတ်ဖြတ်စေကြလိမ့်မည်။-
Брат видасть на смерть брата, а батько – дитину. Повстануть діти проти батьків та вбиватимуть їх.
13 ၁၃ ငါ၏အတွက်ကြောင့်လူတိုင်းပင်သင်တို့ကိုမုန်း လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သောသူသည်ကယ်တင်ခြင်းကိုခံရလတ္တံ့။''
І всі будуть ненавидіти вас через ім’я Моє. Але хто витримає до кінця, той буде спасенний.
14 ၁၄ ``ထိတ်လန့်စက်ဆုပ်ဘွယ်ကောင်းသည့်အရာသည် မရှိအပ်သည့်အရပ်တွင်ရှိနေသည်ကို သင်တို့ မြင်ရကြလိမ့်မည်'' (စာဖတ်သူသည်ဤအချက် ကိုနားလည်ပါစေ) ``ထိုသို့မြင်ရကြသော အခါယုဒပြည်ရှိလူတို့သည်တောင်များ ပေါ်သို့ပြေးကြစေ။-
Коли побачите гидоту спустошення, що сидить там, де їй не слід, – хто читає, нехай зрозуміє, – тоді ті, що в Юдеї, нехай тікають у гори.
15 ၁၅ အိမ်မိုးပေါ်တွင်ရှိသူသည်အောက်သို့ဆင်း၍ အိမ်ထဲသို့ဝင်ပြီးလျှင်မည်သည့်အရာကို မျှမယူစေနှင့်။-
Той, що буде на даху, хай не сходить і не входить, аби взяти щось зі свого дому;
16 ၁၆ လယ်ထဲတွင်ရှိသူသည်လည်းဝတ်လုံကိုယူရန် အိမ်သို့မပြန်စေနှင့်။-
той, що в полі, хай не вертається взяти свою одежу.
17 ၁၇ ထိုနေ့ရက်ကာလ၌ကိုယ်ဝန်ဆောင်မိန်းမနှင့် သားသည်မိခင်တို့အတွက်အကျိုးနည်းပေ တော့မည်။-
Горе вагітним і тим, що будуть годувати грудьми в ті дні.
18 ၁၈ ထိုနေ့ရက်များသည်ဆောင်းဥတု၌မကျ ရောက်ပါစေနှင့်ဟုဆုတောင်းကြလော့။-
Моліться, щоб це не сталося взимку.
19 ၁၉ လောကကိုဘုရားသခင်ဖန်ဆင်းတော်မူချိန် မှစ၍ အဘယ်ကာလ၌မျှဤဆင်းရဲဒုက္ခမျိုးကို လူတို့မကြုံစဖူး။ နောင်ကာလ၌လည်းတွေ့ကြုံ ရကြလိမ့်မည်မဟုတ်။-
Бо в ті дні буде таке страждання, якого не було від початку світу, що його створив Бог, дотепер і ніколи не буде.
20 ၂၀ ထာဝရဘုရားသည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင် အဘယ်သူမျှအသက်ဘေးမှ ကင်းလွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ကိုယ်တော် သည်မိမိရွေးချယ်ထားတော်မူသောသူများ အဖို့အလို့ငှာထိုနေ့ရက်ကာလကိုတိုစေ တော်မူပြီ။
І якби Господь не скоротив [тих] днів, то жодна людина не була б врятована, але заради обраних, яких Він обрав, [Господь] скоротив [ті] дні.
21 ၂၁ ``ထိုကာလ၌လူတစ်စုံတစ်ယောက်က `ကြည့်လော့၊ ဤအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း၊ `ထိုအရပ်တွင်၊ မေရှိယရှိသည်' ဟူ၍လည်းကောင်း ဆိုသော်မယုံကြည်နှင့်။-
Якщо тоді хтось скаже вам: «Ось тут Христос!», «Ось [Він] там!» – не вірте.
22 ၂၂ မေရှိယအတုအယောင်များနှင့်ပရောဖက် အတုအယောင်များပေါ်လာလိမ့်မည်။ သူတို့ သည်ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ် ထားသူများကိုပင်လှည့်စားနိုင်ရန် အံ့သြဖွယ် အမှုအရာများနှင့်နိမိတ်လက္ခဏာများကို ပြကြလိမ့်မည်။-
Бо постануть лжехристи та лжепророки й робитимуть знамення та чудеса, щоб ввести в оману, якщо можливо, обраних.
23 ၂၃ သင်တို့သည်သတိနှင့်နေကြလော့။ ဤအမှု အရာအလုံးစုံတို့မဖြစ်ပေါ်မီသင်တို့ အားငါကြိုတင်ဖော်ပြပြီ။''
Ви ж стережіться. Я про все попередив вас!
24 ၂၄ ``ဆင်းရဲဒုက္ခများကျရောက်ပြီးသောကာလ၌ နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် အလင်းရောင်ကိုပေးလိမ့်မည်မဟုတ်။-
Але в ті дні, після того страждання, «сонце померкне, і місяць не буде світити;
25 ၂၅ ကြယ်များသည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ်များသည်လမ်းကြောင်းပြောင်း ကြလိမ့်မည်။-
зірки впадуть із неба, і сили небесні захитаються».
26 ၂၆ ထိုအခါမိုးတိမ်များထဲမှကြီးစွာသော တန်ခိုးတော်၊ ဘုန်းအသရေတော်တို့နှင့်လူ သားကြွလာသည်ကိုမြင်ရကြလိမ့်မည်။-
Тоді побачать Сина Людського, Який приходить на хмарах із великою силою та славою.
27 ၂၇ ထိုနောက်လူသားသည်ကောင်းကင်တမန်များ ကို မြေကြီးစွန်းမှကောင်းကင်စွန်းတိုင်အောင် အရပ်လေးမျက်နှာသို့စေလွှတ်၍ မိမိရွေး ချယ်ထားသူတို့ကိုစုသိမ်းတော်မူလိမ့်မည်။''
Тоді Він надішле ангелів, і вони зберуть Його обраних із чотирьох вітрів, від одного краю землі до краю неба.
28 ၂၈ ``သင်္ဘောသဖန်းပင်မှသင်ခန်းစာတစ်ရပ်ကို သင်ယူကြလော့။ ထိုအပင်တွင်အခက်အလက် နုထွက်၍ အရွက်နုထွက်သောအခါနွေကာလ နီးသည်ကိုသင်တို့သိကြ၏။-
Від смоковниці навчіться її притчі: коли гілка стає вже м’якою й пускає листя, ви знаєте, що літо близько.
29 ၂၉ ထိုနည်းတူစွာဖော်ပြခဲ့သောအမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ လူသားသည်သင်တို့အနီး၊ တံခါးဝသို့ပင် ရောက်ရှိနေပြီဟုသိမှတ်ကြလော့။-
Так і ви, коли побачите, що це збувається, знайте: [прихід] близько, [уже] біля дверей.
30 ၃၀ အမှန်အကန်ငါဆိုသည်ကားဤအမှုအရာ အလုံးစုံတို့မဖြစ်မပျက်မီ ယခုခေတ်လူတို့ သေလွန်ရကြလိမ့်မည်မဟုတ်။-
Істинно кажу вам: не мине цей рід, поки все це не станеться.
31 ၃၁ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ ၏စကားတည်လိမ့်မည်။''
Небо та земля проминуть, але слова Мої не проминуть.
32 ၃၂ ``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက်မည့် နေ့ရက်နာရီကို ခမည်းတော်မှတစ်ပါးအဘယ် သူမျှမသိ။ ကောင်းကင်ဘုံရှိကောင်းကင်တမန် များလည်းမသိ။-
А про той день і про ту годину ніхто не знає: ні ангели небесні, ні Син, а тільки Отець.
33 ၃၃ ထိုနေ့ရက်ကာလသည်အဘယ်အခါကျရောက် မည်ကို သင်တို့မသိကြသဖြင့်သတိနှင့်စောင့် နေကြလော့။ နိုးနိုးကြားကြားရှိကြလော့။-
Стережіться, пильнуйте, бо не знаєте, коли прийде той час.
34 ၃၄ ဥပမာဆိုသော်နိုင်ငံရပ်ခြားသို့သွားသူလူ တစ်ယောက်သည် မိမိ၏အိမ်ကိုငယ်သားများ လက်တွင်အပ်ထားခဲ့၏။ သူတို့အားကိုယ်စီ ကိုယ်ငှလုပ်ဆောင်ရန်တာဝန်ဝတ္တရားများ ကိုပေးအပ်ခဲ့၏။ တံခါးမှူးအားသတိနှင့် စောင့်နေရန်မှာထားခဲ့၏။-
Подібно як чоловік, який, вирушивши в подорож, залишив свій дім і дав своїм рабам владу, кожному своє доручення, а сторожеві наказав пильнувати.
35 ၃၅ သင်တို့သည်အိမ်ရှင်အဘယ်အခါကြွလာမည် ကိုမသိ။ ညဥ့်ဦးယံ၌ကြွကောင်းကြွလာပေမည်။ သို့မဟုတ်သန်းခေါင်ယံအချိန်၌သော်လည်းကောင်း ကြက်ဦးတွန်ချိန်၌သော်လည်းကောင်း၊ မိုးသောက် ယံ၌သော်လည်းကောင်းကြွလာနိုင်ပေသည်။-
Пильнуйте, бо не знаєте, коли господар дому прийде: увечері, опівночі, коли заспіває півень або вранці,
36 ၃၆ သို့ဖြစ်၍အိမ်ရှင်ရုတ်တရက်ကြွလာသောအခါ သင်တို့အိပ်ပျော်နေသည်ကိုမတွေ့စေရန်သတိ နှင့်စောင့်နေကြလော့။-
щоб, прийшовши несподівано, не знайшов вас уві сні.
37 ၃၇ ဤသို့သင်တို့အားသတိပေးသည်အတိုင်း ခပ် သိမ်းသောသူတို့အားလည်းငါသတိပေး၏။ သတိနှင့်စောင့်နေကြလော့'' ဟုမိန့်တော်မူ၏။
Те, що Я кажу вам, усім кажу: пильнуйте!