< မာကု 12 >
1 ၁ ထိုနောက်ကိုယ်တော်သည်သူတို့အား ပုံဥပမာ ဆောင်၍မိန့်ကြားတော်မူ၏။ ကိုယ်တော်က ``လူ တစ်ယောက်သည်စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍ ခြံဝင်းကာ၏။ စပျစ်သီးနယ်ရာကျင်းကိုတူး ၍မျှော်စင်ကိုဆောက်လုပ်၏။ ထိုနောက်သူသည် ဥယျာဉ်ကိုခြံသမားတို့အား သီးစားချ၍ နိုင်ငံရပ်ခြားသို့ထွက်သွား၏။-
Il se mit à leur parler en paraboles. « Un homme planta une vigne, l'entoura d'une haie, creusa une fosse pour le pressoir, construisit une tour, la loua à un fermier et s'en alla dans un autre pays.
2 ၂ အချိန်တန်သော်ကျွန်တစ်ယောက်ကိုခြံသမား များထံသို့စေလွှတ်၍ ဥယျာဉ်သီးခွန်ကိုတောင်း ခံစေ၏။-
Le moment venu, il envoya un serviteur chez le fermier pour lui demander sa part du fruit de la vigne.
3 ၃ ခြံသမားတို့သည်ထိုကျွန်ကိုဖမ်းဆီးရိုက်နှက် ပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်လိုက်ကြ၏။-
On le prit, on le battit et on le renvoya à vide.
4 ၄ ဥယျာဉ်ရှင်သည်အခြားကျွန်တစ်ယောက်ကိုတစ်ဖန် စေလွှတ်ပြန်၏။ ခြံသမားတို့သည်ထိုကျွန်၏ဦး ခေါင်းကိုရိုက်နှက်၍ အရှက်တကွဲအကျိုးနည်း အောင်ပြုကြ၏။-
Il leur envoya de nouveau un autre serviteur; ils lui jetèrent des pierres, le blessèrent à la tête et le renvoyèrent honteusement traité.
5 ၅ ဥယျာဉ်ရှင်သည်အခြားကျွန်တစ်ယောက်ကို စေလွှတ်ပြန်သော် ခြံသမားတို့သည်သူ့ကို သတ်ကြ၏။ အခြားများစွာသောကျွန်တို့ကို လည်း ဤနည်းတူပင်ရိုက်သူကိုရိုက်၊ သတ်သူ ကိုသတ်ကြ၏။-
Il en envoya encore un autre, et ils le tuèrent, ainsi que beaucoup d'autres, battant les uns et tuant les autres.
6 ၆ ဥယျာဉ်ရှင်မှာတစ်ဦးတည်းသောချစ်သားကို သာစေလွှတ်ရန်ကျန်တော့၏။ သို့ဖြစ်၍သူသည် `ငါ့သားကိုထိုသူတို့လေးစားကြရာ၏' ဟု ဆိုလျက်နောက်ဆုံးတွင်မိမိ၏သားကိုစေလွှတ် လိုက်၏။-
Il lui restait un fils bien-aimé, qu'il envoya le dernier, en disant: « Ils respecteront mon fils ».
7 ၇ သို့ရာတွင်သူတို့က ``ဤသူသည်ဥယျာဉ်ရှင် ၏အမွေစားအမွေခံဖြစ်၏။ လာကြ။ သူ့ကို သတ်ကြကုန်အံ့။ သို့မှသာဥယျာဉ်ကိုငါတို့ ရရှိကြလိမ့်မည်'' ဟုအချင်းချင်းပြောလျက်၊-
Mais les paysans dirent entre eux: « C'est lui l'héritier. Venez, tuons-le, et l'héritage sera à nous.
8 ၈ သူ့ကိုဖမ်း၍သတ်ပြီးလျှင်ဥယျာဉ်အပြင် သို့ထုတ်ပစ်လိုက်ကြ၏။
Ils le prirent, le tuèrent, et le chassèrent de la vigne.
9 ၉ ``ထိုအခါဥယျာဉ်ရှင်သည်အဘယ်သို့ပြုလိမ့် မည်နည်း။ သူသည်လာ၍ခြံသမားများကို သုတ်သင်ဖျက်ဆီးပြီးသော် စပျစ်ဥယျာဉ်ကို အခြားသူတို့အားပေးအပ်လိမ့်မည်။
Que fera donc le maître de la vigne? Il viendra faire périr les vignerons, et il donnera la vigne à d'autres.
10 ၁၀ `တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။
N'avez-vous même pas lu cette Écriture? « La pierre que les bâtisseurs ont rejetée a été nommé à la tête du coin.
11 ၁၁ ဤအမှုသည်ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏၊ ငါတို့မျက်မှောက်တွင်အံ့သြဖွယ်ရာဖြစ်လေစွ' ဟူသောကျမ်းစကားကိုသင်တို့မဖတ်ဖူးကြ ပါသလော'' ဟုမိန့်တော်မူ၏။
Cela vient de l'Éternel. C'est merveilleux à nos yeux »?
12 ၁၂ ယုဒအမျိုးသားခေါင်းဆောင်တို့သည်မိမိတို့ ကိုရည်ဆောင်၍ ဤပုံဥပမာကိုမိန့်တော်မူ ကြောင်းသိသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြ၏။ သို့ရာတွင်လူပရိသတ်ကို ကြောက်သောကြောင့်အထံတော်မှထွက်သွား ကြ၏။
Ils cherchaient à s'emparer de lui, mais ils craignaient la foule, car ils savaient qu'il avait prononcé la parabole contre eux. Ils le laissèrent et s'en allèrent.
13 ၁၃ ထိုနောက်သူတို့သည်ဖာရိရှဲအချို့နှင့် ဟေရုဒ် ပါတီဝင်အချို့တို့ကိုအထံတော်သို့စေလွှတ် ကြ၏။-
Ils envoyèrent vers lui quelques-uns des pharisiens et des hérodiens, afin qu'ils le piègent par des paroles.
14 ၁၄ ထိုသူတို့သည်အထံတော်သို့လာ၍ ``ဆရာတော်၊ အရှင်သည်မှန်သောစကားကိုသာပြောတတ် ပါ၏။ လူတို့အဘယ်သို့ထင်မှတ်ကြသည်ကို အရေးမစိုက်။ လူ့မျက်နှာကိုမထောက်ဘဲဘုရား သခင်၏တရားလမ်းကိုဟုတ်မှန်သည့်အတိုင်း သွန်သင်တော်မူကြောင်းအကျွန်ုပ်တို့သိပါ၏။ ရောမဧကရာဇ်မင်းအားအခွန်ဆက်အပ်ပါ သလော၊ မဆက်အပ်ပါသလော။ အကျွန်ုပ်တို့ သည်အခွန်ဆက်ရမည်လော၊ မဆက်ရမည် လော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
Lorsqu'ils furent arrivés, ils lui posèrent cette question: « Maître, nous savons que tu es honnête et que tu ne t'inclines devant personne; car tu n'as de parti pris pour personne, mais tu enseignes vraiment la voie de Dieu. Est-il licite de payer l'impôt à César, ou non?
15 ၁၅ ကိုယ်တော်သည်ထိုသူတို့၏ပရိယာယ်ကိုသိတော် မူသဖြင့် ``သင်တို့သည်ငါ့အားအဘယ်ကြောင့် အပြစ်ရှာလိုကြသနည်း။ ဒင်္ဂါးတစ်ပြားကိုငါ ကြည့်ဖို့ယူခဲ့ကြလော့'' ဟုမိန့်တော်မူ၏။
Doit-on donner, ou ne pas donner? » Mais lui, connaissant leur hypocrisie, leur dit: « Pourquoi m'éprouvez-vous? Apportez-moi un denier, que je le voie. »
16 ၁၆ သူတို့ယူခဲ့ကြလျှင်ကိုယ်တော်က ``ဤရုပ်ပုံ၊ ဤကမ္ပည်းလိပ်စာသည်မည်သူ့ရုပ်ပုံ၊ မည်သူ့ ကမ္ပည်းလိပ်စာဖြစ်သနည်း'' ဟုမေးတော်မူ၏။ သူတို့က ``ဧကရာဇ်မင်း၏ရုပ်ပုံ၊ ဧကရာဇ်မင်း၏ ကမ္ပည်းလိပ်စာဖြစ်ပါသည်'' ဟုပြန်၍လျှောက်ကြ၏။
Ils l'ont apporté. Il leur dit: « A qui appartient cette image et cette inscription? » Ils lui ont dit: « C'est à César. »
17 ၁၇ သခင်ယေရှုက ``ဧကရာဇ်မင်းပိုင်သည့်အရာကို ဧကရာဇ်မင်းအားဆက်ကြလော့။ ဘုရားသခင်ပိုင် သည့်အရာကိုဘုရားသခင်အားဆက်ကြလော့'' ဟုထိုသူတို့အားမိန့်တော်မူလျှင်သူတို့သည် အံ့သြကြ၏။
Jésus leur répondit: « Rendez à César ce qui est à César, et à Dieu ce qui est à Dieu. » Ils s'émerveillaient beaucoup devant lui.
18 ၁၈ သေခြင်းမှထမြောက်ရှင်ပြန်ခြင်းမရှိဟုအယူ ရှိသောဇဒ္ဒုကဲအချို့တို့သည် အထံတော်သို့ ချဉ်းကပ်၍၊-
Des sadducéens, qui disent qu'il n'y a pas de résurrection, vinrent le trouver. Ils l'interrogèrent en disant:
19 ၁၉ ``ဆရာတော်၊ `လူတစ်စုံတစ်ယောက်သည်သားသမီး မရဘဲသေဆုံးသွားလျှင် ကျန်ခဲ့သည့်ဇနီးကိုညီ ဖြစ်သူကဆက်ခံထိမ်းမြားရမည်။ အစ်ကို၏အမျိုး အနွယ်ကိုသူ၏ကိုယ်စားတိုးပွားစေရမည်' ဟု အကျွန်ုပ်တို့အားမောရှေမိန့်မှာခဲ့ပါသည်။-
« Maître, Moïse nous a écrit: 'Si le frère d'un homme meurt et laisse une femme derrière lui, sans laisser d'enfants, que son frère prenne sa femme et engendre une descendance pour son frère'.
20 ၂၀ အခါတစ်ပါး၌ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုကြီးသည်အိမ်ထောင်ကျသော်လည်းသား သမီးမရဘဲ၊-
Il y avait sept frères. Le premier prit une femme, et mourut sans laisser de descendance.
21 ၂၁ သေသွားသောအခါသူ့ညီအကြီးဆုံးသည် မရီး ဖြစ်သူကိုဆက်ခံသိမ်းပိုက်၏။ ထိုညီသည်လည်း သားသမီးမရဘဲသေပြန်၏။ ထိုနည်းတူဒုတိယ ညီသည်လည်းသားသမီးမရဘဲသေပြန်၏။-
Le second la prit, et mourut, ne laissant aucun enfant derrière lui. Le troisième fit de même;
22 ၂၂ ဤသို့လျှင်ညီအစ်ကိုခုနစ်ယောက်စလုံး သားသမီးမရဘဲသေကြ၏။ နောက်ဆုံး၌ အမျိုးသမီးလည်းသေ၏။-
et les sept autres la prirent et ne laissèrent pas d'enfants. La dernière de toutes les femmes mourut aussi.
23 ၂၃ ညီအစ်ကိုခုနစ်ယောက်စလုံးပင်သူနှင့်စုံဖက် ခဲ့ကြသည်ဖြစ်၍ရှင်ပြန်ထမြောက်ရာနေ့၌ ထိုအမျိုးသမီးသည်မည်သူ၏ဇနီးဖြစ်ပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။
A la résurrection, quand ils ressusciteront, de qui sera-t-elle la femme? Car les sept l'ont eue pour femme. »
24 ၂၄ သခင်ယေရှုက ``သင်တို့သည်ကျမ်းစာတော်ကို နားမလည်ကြ။ ဘုရားသခင်၏တန်ခိုးတော် အကြောင်းကိုလည်းမသိကြ။ သို့ဖြစ်၍အယူ လွဲလျက်နေကြ၏။-
Jésus leur répondit: « N'est-ce pas parce que vous êtes dans l'erreur, ne connaissant ni les Écritures ni la puissance de Dieu?
25 ၂၅ လူတို့သည်သေခြင်းမှထမြောက်ကြသောအခါ ထိမ်းမြားစုံဖက်ခြင်းကိုမပြုတော့ဘဲ ကောင်းကင် ဘုံရှိကောင်းကင်တမန်များကဲ့သို့ဖြစ်ကြလိမ့် မည်။-
Car, lorsqu'ils ressusciteront d'entre les morts, ils ne se marieront pas et ne seront pas donnés en mariage, mais ils seront comme des anges dans le ciel.
26 ၂၆ သေလွန်သူတို့ထမြောက်ရှင်ပြန်ရကြောင်းကို ဖော်ပြသော မောရှေကျမ်းကိုမဖတ်ဖူးကြပါ သလော။ အဆိုပါကျမ်းတွင်မီးလျှံထွက်သည့် ချုံအကြောင်းဆိုင်ရာစာပိုဒ်၌ ဘုရားသခင် က `ငါသည်အာဗြဟံ၏ဘုရား၊ ဣဇာက်၏ ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟု မောရှေအားမိန့်တော်မူကြောင်းပါရှိ၏။-
Mais pour ce qui est de la résurrection des morts, n'avez-vous pas lu dans le livre de Moïse, au sujet du buisson, comment Dieu lui a parlé en disant: « Je suis le Dieu d'Abraham, le Dieu d'Isaac et le Dieu de Jacob »?
27 ၂၇ ထိုအရှင်သည်သေလွန်သူတို့၏ဘုရားမဟုတ်။ အသက်ရှင်နေသူတို့၏ဘုရားဖြစ်တော်မူ၏။ သင်တို့သည်လွန်စွာမှအယူလွဲလျက်နေကြ လေပြီတကား'' ဟုမိန့်တော်မူ၏။
Il n'est pas le Dieu des morts, mais des vivants. Vous vous trompez donc lourdement. »
28 ၂၈ ယင်းသို့သခင်ယေရှုနှင့်ဇဒ္ဒုကဲတို့အခြေအတင် ပြောဆိုနေကြစဉ် ကျမ်းတတ်ဆရာတစ်ယောက်သည် အနီးအပါး၌ရှိနေ၏။ သူတို့အားသခင်ယေရှု လျောက်ပတ်စွာဖြေကြားတော်မူသည်ကိုကြား သဖြင့် ရှေ့တော်သို့လာ၍ကိုယ်တော်အား ``ပညတ် ရှိသမျှတို့တွင်အဘယ်ပညတ်သည်အကြီးမြတ် ဆုံးဖြစ်ပါသနည်း'' ဟုမေးလျှောက်ကြ၏။
Un des scribes, qui les entendait discuter ensemble, sachant qu'il leur avait bien répondu, lui demanda: « Quel est le plus grand de tous les commandements? »
29 ၂၉ သခင်ယေရှုက `အို ဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောဘုရား ဖြစ်တော်မူ၏။-
Jésus répondit: « La plus grande est: Écoute, Israël, le Seigneur notre Dieu, le Seigneur est unique.
30 ၃၀ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ကိုယ်စွမ်း ရှိသမျှဖြင့်ချစ်ရမည်' ဟူသောပညတ်သည် ပထမအကြီးမြတ်ဆုံးပညတ်ဖြစ်၏။-
Tu aimeras le Seigneur ton Dieu de tout ton cœur, de toute ton âme, de toute ta pensée et de toute ta force.' Tel est le premier commandement.
31 ၃၁ `အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ်ရမည်' ဟူ သောပညတ်သည်ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ဤပညတ်နှစ်ပါးထက်ပို၍ကြီး မြတ်သောပညတ်ကားမရှိ'' ဟုဖြေကြားတော် မူ၏။
Le second est ainsi conçu: « Tu aimeras ton prochain comme toi-même ». Il n'y a pas d'autre commandement plus grand que ceux-là. »
32 ၃၂ ကျမ်းတတ်ဆရာက ``ဆရာတော်၊ အရှင်မိန့်တော်မူ ချက်သည်သင့်မြတ်လှပါ၏။ ထာဝရဘုရားသည် တစ်ဆူတည်းသာရှိတော်မူ၏။ ထာဝရဘုရားမှ တစ်ပါးအခြားဘုရားမရှိ။-
Le scribe lui dit: « En vérité, maître, tu as bien dit qu'il est unique et qu'il n'y en a pas d'autre que lui;
33 ၃၃ ဘုရားသခင်အားစိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိ သမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့်ချစ်ရမည်။ အိမ်နီး ချင်းကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် နှစ်ပါးကိုလိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သည့်မီးရှို့ရာယဇ်နှင့်အခြားယဇ်အပေါင်း တို့ထက်ပို၍မြတ်ပါ၏'' ဟုကိုယ်တော်အား လျှောက်ထား၏။
et l'aimer de tout son cœur, de toute son intelligence, de toute son âme et de toute sa force, et aimer son prochain comme soi-même, est plus important que tous les holocaustes et tous les sacrifices. »
34 ၃၄ ထိုသူသည်ဤသို့အသိပညာနှင့်လျှောက်ထား သည့်အတွက် သခင်ယေရှုက ``သင်သည်ဘုရား သခင်၏နိုင်ငံတော်နှင့်မဝေးတော့ပြီ'' ဟု မိန့်တော်မူ၏။ ထိုနောက်မည်သူမျှကိုယ်တော်အားထပ်မံ၍ မမေးမလျှောက်ဝံ့ကြ။
Voyant qu'il répondait avec sagesse, Jésus lui dit: « Tu n'es pas loin du Royaume de Dieu. » Après cela, personne n'osa plus lui poser de questions.
35 ၃၅ သခင်ယေရှုသည်ဗိမာန်တော်တွင်ဟောပြော သွန်သင်လျက်နေတော်မူစဉ် ``မေရှိယသည် ဒါဝိဒ်၏သားမြေးဖြစ်သည်ဟုအဘယ် ကြောင့်ကျမ်းတတ်ဆရာတို့ဆိုကြသနည်း။
Jésus répondit, comme il enseignait dans le temple: Comment se fait-il que les scribes disent que le Christ est le fils de David?
36 ၃၆ `သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ငါရောက်စေမည်။ သို့မရောက်စေသေးမီကာလအတွင်း ငါ၏လက်ယာဘက်တွင်ထိုင်နေလော့ဟု ထာဝရဘုရားကငါ့အရှင်အားမိန့်တော်မူ၏' ဟုသန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ချက် ဖြင့်ဒါဝိဒ်မင်းမြွက်ဆိုခဲ့၏။
Car David lui-même a dit dans l'Esprit Saint, Le Seigneur a dit à mon Seigneur, « Assieds-toi à ma droite, jusqu'à ce que je fasse de vos ennemis le marchepied de vos pieds. »
37 ၃၇ ဤသို့ဆိုရာတွင်ဒါဝိဒ်မင်းကိုယ်တိုင်ပင် မေရှိယ ကို `အရှင်' ဟုခေါ်သည်ဖြစ်ရာ အသို့လျှင်မေရှိယ သည်ဒါဝိဒ်၏သားမြေးဖြစ်နိုင်ပါမည်နည်း'' ဟု မိန့်တော်မူ၏။ လူပရိသတ်ကြီးသည်ကိုယ်တော်၏ စကားတော်ကို အားရရွှင်လန်းစွာကြားနာကြ၏။
C'est pourquoi David lui-même l'appelle Seigneur, comment pourrait-il être son fils? » Les gens du peuple l'écoutaient avec plaisir.
38 ၃၈ ဤသို့ဟောပြောသွန်သင်လျက်နေတော်မူစဉ် ကိုယ်တော်က ``ကျမ်းတတ်ဆရာတို့ကိုသတိ နှင့်ရှောင်ကြလော့။ သူတို့သည်ဝတ်လုံများကို ဝတ်၍ပလွှားသွားလာလိုကြ၏။ စျေးရပ်ကွက် တွင်အလေးပြုခြင်းကိုခံလိုကြ၏။-
Dans son enseignement, il leur disait: « Méfiez-vous des scribes, qui aiment à se promener en longues robes, à se faire saluer sur les places publiques,
39 ၃၉ တရားဇရပ်များတွင်သီးသန့်ထားသောနေရာ များကိုလည်းကောင်း၊ ပွဲသဘင်များတွင်အကောင်း ဆုံးသောနေရာထိုင်ခင်းများကိုလည်းကောင်းနှစ် သက်ကြ၏။-
à avoir les meilleurs sièges dans les synagogues et les meilleures places dans les fêtes,
40 ၄၀ မုဆိုးမများ၏အိမ်များကိုမတရားသိမ်းယူ ပြီးလျှင် လူကြားကောင်းစေရန်ရှည်လျားစွာ ဆုတောင်းပတ္ထနာပြုတတ်ကြ၏။ သူတို့သည်ပို၍ ကြီးလေးသောအပြစ်ဒဏ်ကိုခံရကြလတ္တံ့'' ဟု မိန့်တော်မူ၏။
ceux qui dévorent les maisons des veuves, et qui, pour faire semblant, font de longues prières. Ceux-là recevront une plus grande condamnation. »
41 ၄၁ သခင်ယေရှုသည်ဗိမာန်တော်အလှူခံသေတ္တာရှေ့ တွင်ထိုင်လျက် ထိုသေတ္တာထဲသို့ လူတို့ငွေများ ထည့်ဝင်လှူဒါန်းကြသည်ကိုကြည့်ရှုတော်မူ၏။ များစွာသောသူဌေးသူကြွယ်တို့သည်ငွေ အမြောက်အမြားထည့်ဝင်လှူဒါန်းကြ၏။-
Jésus s'assit en face du trésor et vit comment la foule jetait de l'argent dans le trésor. Beaucoup de riches en jetaient beaucoup.
42 ၄၂ ဆင်းရဲသောမုဆိုးမတစ်ယောက်သည်လည်းလာ ၍ ဆယ်ပြားခန့်တန်သောကြေးပြားနှစ်ပြားကို အလှူခံသေတ္တာထဲသို့ထည့်၏။-
Une pauvre veuve vint, et elle jeta deux petites pièces d'airain, qui équivalent à une pièce de quadrans.
43 ၄၃ ထိုအခါကိုယ်တော်သည်တပည့်တော်တို့ကို ခေါ်တော်မူပြီးလျှင် ``ဤဆင်းရဲသောမုဆိုးမ သည်ဗိမာန်တော်အလှူခံသေတ္တာထဲသို့ထည့်ဝင် လှူဒါန်းကြသောသူအပေါင်းတို့ထက် ပို၍ ထည့်ဝင်လှူဒါန်းလေပြီဟုသင်တို့အား အမှန်အကန်ငါဆို၏။-
Il appela ses disciples et leur dit: « Je vous le dis en vérité, cette pauvre veuve a donné plus que tous ceux qui donnent au trésor,
44 ၄၄ ထိုသူတို့သည်မိမိတို့၏ငွေပိုငွေလျှံများကို လှူကြပေသည်။ ဤအမျိုးသမီးမူကားဆင်းရဲ လျက်နှင့်မိမိ၏ချွေးနှဲစာရှိသမျှကိုပေးလှူ သတည်း'' ဟုမိန့်တော်မူ၏။
car tous ont donné de leur superflu, mais elle, de sa pauvreté, a donné tout ce qu'elle avait pour vivre. »