< မာကု 11 >

1 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ အ​နီး​သို့​ချဉ်း​ကပ်​မိ​၍ ဗက်​ဖာ​ဂေ​နှင့်​ဗေ​သ​နိ ရွာ​များ​အ​နီး​ရှိ​သံ​လွင်​တောင်​သို့​ရောက်​ကြ​၏။-
Et cum appropinquarent Jerosolymæ et Bethaniæ ad montem Olivarum, mittit duos ex discipulis suis,
2 ထို​အ​ခါ​ကိုယ်​တော်​သည်​တ​ပည့်​တော်​နှစ်​ယောက် အား ``သင်​တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ​လော့။ ရွာ​ထဲ​သို့​ဝင်​လျှင် ဝင်​ချင်း​မည်​သူ​မျှ​မ​စီး​ဘူး သေး​သော​မြည်း​က​လေး​တစ်​ကောင်​ကို​တွေ့​လိမ့် မည်။ ထို​မြည်း​ကို​ကြိုး​ဖြင့်​လံ​ထား​၏။-
et ait illis: Ite in castellum, quod contra vos est, et statim introëuntes illuc, invenietis pullum ligatum, super quem nemo adhuc hominum sedit: solvite illum, et adducite.
3 ကြိုး​ဖြေ​၍​မြည်း​ကို​ယူ​ခဲ့​ကြ​လော့။ အ​ကယ်​၍ လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့​အား အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို​ဖြေ​သ​နည်း​ဟု​မေး​လျှင် ထို​မြည်း ကို​အ​ကျွန်ုပ်​တို့​သ​ခင်​အ​လို​ရှိ​ပါ​သည်။ ချက်​ချင်း ပြန်​ပို့​ပေး​ပါ​လိမ့်​မည်​ဟု​ပြော​ကြ​လော့'' ဟူ​၍ မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။
Et si quis vobis dixerit: Quid facitis? dicite, quia Domino necessarius est: et continuo illum dimittet huc.
4 ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​သွား​၍ မြည်း က​လေး​တစ်​ကောင်​ကို​လမ်း​တွင်​အိမ်​တစ်​အိမ်​၏ တံ​ခါး​အ​နီး​မှာ​လံ​ထား​သည်​ကို​တွေ့​သ​ဖြင့် မြည်း​ကြိုး​ကို​ဖြေ​ကြ​၏။-
Et abeuntes invenerunt pullum ligatum ante januam foris in bivio: et solvunt eum.
5 လမ်း​မှာ​ရပ်​နေ​သူ​အ​ချို့​က ``မြည်း​ကြိုး​ကို အ​ဘယ်​ကြောင့်​ဖြေ​ကြ​သ​နည်း'' ဟု​မေး​ကြ​၏။
Et quidam de illic stantibus dicebant illis: Quid facitis solventes pullum?
6 တ​ပည့်​တော်​တို့​က​သ​ခင်​ယေ​ရှု​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​ပြန်​ပြော​ကြ​သော​အ​ခါ ထို​သူ​တို့ သည်​မြည်း​ကြိုး​ကို​ဖြေ​ခွင့်​ပြု​ကြ​၏။-
Qui dixerunt eis sicut præceperat illis Jesus, et dimiserunt eis.
7 တ​ပည့်​တော်​တို့​သည်​မြည်း​က​လေး​ကို​သ​ခင် ယေ​ရှု​ထံ​တော်​သို့​ဆောင်​ခဲ့​ပြီး​လျှင် မြည်း​ကျော ပေါ်​မှာ​မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လွှမ်း​တင်​ကြ ၏။-
Et duxerunt pullum ad Jesum: et imponunt illi vestimenta sua, et sedit super eum.
8 ထို​နောက်​ကိုယ်​တော်​သည်​မြည်း​ကို​စီး​တော်​မူ​၏။ လူ​အ​များ​ပင်​မိ​မိ​တို့​၏​ဝတ်​လုံ​များ​ကို​လမ်း ပေါ်​မှာ​ဖြန့်​ခင်း​ကြ​၏။ အ​ချို့​သူ​များ​က​မူ​ကွင်း များ​မှ​ခုတ်​ယူ​ခဲ့​ကြ​သည့်​သစ်​ခက်​သစ်​ရွက်​များ ကို​လမ်း​မှာ​ဖြန့်​ခင်း​ကြ​၏။-
Multi autem vestimenta sua straverunt in via: alii autem frondes cædebant de arboribus, et sternebant in via.
9 ကိုယ်​တော်​၏​ရှေ့​တော်​မှ​လည်း​ကောင်း၊ နောက်​တော် မှ​လည်း​ကောင်း၊ လိုက်​ပါ​ကြ​သူ​လူ​အ​ပေါင်း​တို့ က ``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ လော့။ ဘု​ရား​သ​ခင်​၏​နာ​မ​တော်​နှင့်​ကြွ​လာ သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။-
Et qui præibant, et qui sequebantur, clamabant, dicentes: Hosanna: benedictus qui venit in nomine Domini:
10 ၁၀ တည်​လ​တ္တံ့​သော​ငါ​တို့​အ​ဖ​ဒါ​ဝိဒ်​၏​နိုင်​ငံ​တော် သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု ကြွေး​ကြော်​ကြ​၏။
benedictum quod venit regnum patris nostri David: hosanna in excelsis.
11 ၁၁ သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​တော် မူ​သော​အ​ခါ ဗိ​မာန်​တော်​သို့​ဝင်​တော်​မူ​၍​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​လှည့်​လည်​ကြည့်​ရှု​တော်​မူ​၏။ ထို နောက်​နေ​ဝင်​ခါ​နီး​ပြီ​ဖြစ်​သ​ဖြင့် တ​ပည့်​တော်​တစ် ဆယ့်​နှစ်​ဦး​နှင့်​အ​တူ​ဗေ​သ​နိ​ရွာ​သို့​ကြွ​တော် မူ​၏။
Et introivit Jerosolymam in templum: et circumspectis omnibus, cum jam vespera esset hora, exiit in Bethaniam cum duodecim.
12 ၁၂ နောက်​တစ်​နေ့​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့ သည် ဗေ​သ​နိ​ရွာ​မှ​ပြန်​လာ​ကြ​စဉ်​ကိုယ်​တော် သည်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​၏။-
Et alia die cum exirent a Bethania, esuriit.
13 ၁၃ အ​ရွက်​ဝေ​ဆာ​လျက်​ရှိ​သော​သင်္ဘော​သ​ဖန်း​ပင် ကို​အ​ဝေး​က​မြင်​တော်​မူ​လျှင် အ​သီး​တွေ့​လို တွေ့​ငြား​အ​ပင်​အ​နီး​သို့​ချဉ်း​ကပ်​တော်​မူ​၏။ သ​ဖန်း​သီး​ပေါ်​ချိန်​မ​ဟုတ်​၍​အ​ပင်​ပေါ်​တွင် အ​ရွက်​များ​သာ​တွေ့​တော်​မူ​၏။-
Cumque vidisset a longe ficum habentem folia, venit si quid forte inveniret in ea: et cum venisset ad eam, nihil invenit præter folia: non enim erat tempus ficorum.
14 ၁၄ ထို​အ​ခါ​ကိုယ်​တော်​က ``နောင်​အ​စဉ်​အ​ဆက် သင်​၏​အ​သီး​ကို​အ​ဘယ်​သူ​မျှ​မ​စား​စေ​ရ'' ဟု​သင်္ဘော​သ​ဖန်း​ပင်​အား​မိန့်​တော်​မူ​၏။ ထို​သို့​မိန့်​တော်​မူ​သည်​ကို​တ​ပည့်​တော်​တို့ ကြား​ကြ​၏။ (aiōn g165)
Et respondens dixit ei: Jam non amplius in æternum ex te fructum quisquam manducet. Et audiebant discipuli ejus. (aiōn g165)
15 ၁၅ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​ရောက်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ဗိ​မာန်​တော် သို့​ဝင်​တော်​မူ​၍ ဗိ​မာန်​တော်​အ​တွင်း​မှာ​ရောင်း​ဝယ်​နေ သူ​တို့​ကို​နှင်​ထုတ်​တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏ စား​ပွဲ​များ​နှင့်​ချိုး​ငှက်​ရောင်း​သူ​များ​၏​ထိုင်​ခုံ​များ ကို​မှောက်​လှန်​ပစ်​တော်​မူ​၏။-
Et veniunt in Jerosolymam. Et cum introisset in templum, cœpit ejicere vendentes et ementes in templo: et mensas numulariorum, et cathedras vendentium columbas evertit:
16 ၁၆ ဗိ​မာန်​တော်​ကို​ဖြတ်​၍​ကုန်​ပစ္စည်း​သယ်​ဆောင် ရန် မည်​သူ့​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။-
et non sinebat ut quisquam transferret vas per templum:
17 ၁၇ ကိုယ်​တော်​က `` `ငါ​၏​အိမ်​တော်​ကို​လူ​မျိုး​တ​ကာ​တို့ ဆု​တောင်း​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​ရ​လတ္တံ့' ဟု​ကျမ်း စာ​လာ​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​သင်​တို့​သည် ထို​အိမ်​တော်​ကို​ဋ္ဌား​ပြ​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ ပြီ​တ​ကား'' ဟု​လူ​တို့​အား​ဆုံး​မ​သွန်​သင်​တော် မူ​၏။
et docebat, dicens eis: Nonne scriptum est: Quia domus mea, domus orationis vocabitur omnibus gentibus? vos autem fecistis eam speluncam latronum.
18 ၁၈ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ကြား​၍ ကိုယ်​တော်​ကို​သတ်​ရန်​နည်း​လမ်း ရှာ​ကြ​၏။ လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ယင်း​သို့ သွန်​သင်​တော်​မူ​သည်​ကို​လွန်​စွာ​အံ့​သြ​လျက် ရှိ​ကြ​သော​ကြောင့် ထို​သူ​တို့​သည်​ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​၏။
Quo audito principes sacerdotum et scribæ, quærebant quomodo eum perderent: timebant enim eum, quoniam universa turba admirabatur super doctrina ejus.
19 ၁၉ နေ​စောင်း​လာ​သော​အ​ခါ​ကိုယ်​တော်​နှင့်​တ​ပည့် တော်​တို့​သည်​မြို့​မှ​ထွက်​သွား​ကြ​၏။
Et cum vespera facta esset, egrediebatur de civitate.
20 ၂၀ နောက်​တစ်​နေ့​နံ​နက်​စော​စော​အ​ချိန်​၌ ကိုယ်​တော် နှင့်​တ​ပည့်​တော်​တို့​သည်​လမ်း​တွင်​လျှောက်​သွား​ကြ စဉ် သင်္ဘော​သ​ဖန်း​ပင်​ကို​မြင်​ကြ​၏။ ထို​အ​ပင်​သည် အ​မြစ်​မှ​စ​၍​တစ်​ပင်​လုံး​ခြောက်​သွေ့​ညှိုး​နွမ်း လျက်​နေ​၏။-
Et cum mane transirent, viderunt ficum aridam factam a radicibus.
21 ၂၁ ပေ​တ​ရု​သည်​သ​တိ​ရ​၍ ``အ​ရှင်​ဘု​ရား၊ ကြည့် တော်​မူ​ပါ၊ အ​ရှင်​ဒဏ်​ခတ်​ခဲ့​သော​သင်္ဘော​သ​ဖန်း ပင်​သည် ညှိုး​နွမ်း​ခြောက်​သွေ့​သွား​ချေ​ပြီ'' ဟု လျှောက်​၏။
Et recordatus Petrus, dixit ei: Rabbi, ecce ficus, cui maledixisti, aruit.
22 ၂၂ သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​အား​ယုံ​ကြည် ကိုး​စား​ကြ​လော့။-
Et respondens Jesus ait illis: Habete fidem Dei.
23 ၂၃ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား မိ​မိ စိတ်​နှ​လုံး​အ​တွင်း​တွင်​ယုံ​မှား​ခြင်း​မ​ရှိ​ဘဲ မိ​မိ ပြော​ဆို​သည်​အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု​ယုံ​ကြည်​သော သူ​သည် ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ရွေ့​၍​ပင်​လယ် ထဲ​သို့​ဆင်း​သက်​လော့' ဟု​ဆို​လျှင်​ထို​သူ​ဆို​သည် အ​တိုင်း​ဖြစ်​လိမ့်​မည်။-
Amen dico vobis, quia quicumque dixerit huic monti: Tollere, et mittere in mare, et non hæsitaverit in corde suo, sed crediderit, quia quodcumque dixerit fiat, fiet ei.
24 ၂၄ သို့​ဖြစ်​၍​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့​သည် မိ​မိ​တို့​တောင်း​လျှောက်​သည့်​အ​ရာ​ကို​မု​ချ​ရ​မည် ဟု ယုံ​ကြည်​ကြ​လျှင်​တောင်း​လျှောက်​သ​မျှ​ကို ရ​ကြ​လိမ့်​မည်။-
Propterea dico vobis, omnia quæcumque orantes petitis, credite quia accipietis, et evenient vobis.
25 ၂၅ သင်​တို့​သည်​ရပ်​လျက်​ဆု​တောင်း​သော​အ​ခါ သူ တစ်​ပါး​တို့​၏​အ​ပြစ်​ဟူ​သ​မျှ​ကို​ဖြေ​လွှတ်​ရ ကြ​မည်။ သို့​မှ​သာ​လျှင်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော် မူ​သော​သင်​တို့​အ​ဖ​သည် သင်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-
Et cum stabitis ad orandum, dimittite si quid habetis adversus aliquem: ut et Pater vester, qui in cælis est, dimittat vobis peccata vestra.
26 ၂၆ (သင်​တို့​သည်​သူ​တစ်​ပါး​၏​အ​ပြစ်​များ​ကို မ​ဖြေ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ သော​သင်​တို့​အ​ဖ​သည်​သင်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်)'' ဟု​တ​ပည့် တော်​တို့​အား​ပြန်​လည်​မိန့်​ကြား​တော်​မူ​၏။
Quod si vos non dimiseritis: nec Pater vester, qui in cælis est, dimittet vobis peccata vestra.
27 ၂၇ ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​သို့​တစ်​ဖန်​ရောက်​ရှိ​ကြ​ပြန်​၏။ ကိုယ်​တော်​သည် ဗိ​မာန်​တော်​တွင်​စင်္ကြံ​ကြွ​တော်​မူ​စဉ် ယဇ်​ပု​ရော​ဟိတ် ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍၊-
Et veniunt rursus Jerosolymam. Et cum ambularet in templo, accedunt ad eum summi sacerdotes, et scribæ, et seniores:
28 ၂၈ ``အ​ရှင်​သည်​ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ် အ​ခွင့်​အာ​ဏာ​နှင့်​ပြု​တော်​မူ​ပါ​သ​နည်း။ ထို အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့်​အား​အ​ဘယ်​သူ​အပ် နှင်း​ပါ​သ​နည်း'' ဟု​လျှောက်​ထား​မေး​မြန်း ကြ​၏။
et dicunt ei: In qua potestate hæc facis? et quis dedit tibi hanc potestatem ut ista facias?
29 ၂၉ သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​ငါ​တစ်​ခု​မေး​မည်။ သင်​တို့​ဖြေ​ပြီး​မှ​ဤ​အ​မှု​အ​ရာ​များ​ကို အ​ဘယ် အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု​သည်​ကို​ပြော​မည်။-
Jesus autem respondens, ait illis: Interrogabo vos et ego unum verbum, et respondete mihi: et dicam vobis in qua potestate hæc faciam.
30 ၃၀ ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ယော​ဟန်​ပေး​သည်​မှာ​ဘု​ရား သ​ခင်​၏​အ​ခွင့်​အာ​ဏာ​အ​ရ​လော။ လူ​တို့​၏ အ​ခွင့်​အာ​ဏာ​အ​ရ​လော၊ ငါ့​အား​ဖြေ​ကြား ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
Baptismus Joannis, de cælo erat, an ex hominibus? Respondete mihi.
31 ၃၁ သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​အ​ရ​ဟု ငါ​တို့​ဆို​လျှင်​ယော​ဟန်​ကို​သင် တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ​သ​နည်း​ဟု မေး​လိမ့်​မည်။-
At illi cogitabant secum, dicentes: Si dixerimus: De cælo, dicet: Quare ergo non credidistis ei?
32 ၃၂ သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု​ငါ တို့​ဆို​မည်​လော'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။ (သူ​တို့​သည်​လူ​ပ​ရိ​သတ်​ကို​ကြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို​ပ​ရော​ဖက်​ဟု​ယုံ​ကြည်​ကြ​သော ကြောင့်​တည်း။)-
Si dixerimus: Ex hominibus, timemus populum: omnes enim habebant Joannem quia vere propheta esset.
33 ၃၃ သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု သ​ခင်​ယေ​ရှု​အား​ပြန်​လည်​လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ထို​နည်း​တူ​ဤ​အ​မှု အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု သည်​ကို​ငါ​မ​ပြော'' ဟု​မိန့်​တော်​မူ​၏။
Et respondentes dicunt Jesu: Nescimus. Et respondens Jesus ait illis: Neque ego dico vobis in qua potestate hæc faciam.

< မာကု 11 >