< မာလခိ 1 >
1 ၁ ဤဗျာဒိတ်တော်သည်ဣသရေလအမျိုး သားတို့အားပြန်ကြားရန်အတွက် မာလခိ အားထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ဖြစ်၏။
Carga. Palabra de Yahvé a Israel por boca de Malaquías:
2 ၂ ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်သင်တို့အားအစဉ်အမြဲ ချစ်မြတ်နိုးပါ၏'' ဟုမိန့်တော်မူသော် လည်း၊ သူတို့က``ကျွန်တော်မျိုးအတွက်မေတ္တာတော် ကိုအဘယ်သို့ကိုယ်တော်ရှင်ပြတော်မူခဲ့ ပါသနည်း'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားကလည်း``ဧသောနှင့် ယာကုပ်သည်ညီအစ်ကိုတော်သော်လည်း ငါ သည်ယာကုပ်နှင့်သားမြေးများကိုချစ်၍၊-
“Os he amado, dice Yahvé, mas vosotros decís: «¿En qué nos amaste?» ¿No era acaso Esaú hermano de Jacob? dice Yahvé, y Yo he amado a Jacob;
3 ၃ ဧသောနှင့်သားမြေးတို့ကိုမုန်း၏။ ငါသည် ဧသော၏တောင်ကုန်းနယ်မြေကိုပျက်ပြုန်း စေ၍ တောတိရစ္ဆာန်များအတွက်စွန့်ပစ် လျက်ထားလေပြီ'' ဟုပြန်လည်မိန့်ကြား တော်မူ၏။
a Esaú, empero, he aborrecido, y he convertido sus montañas en soledad, (abandonando) su herencia a los chacales del desierto.
4 ၄ အကယ်၍ဧသော၏သားမြေးများဖြစ် သောဧဒုံပြည်သားတို့က``ငါတို့မြို့များ သည်ပြိုပျက်၍သွားပြီဖြစ်သော်လည်းယင်း တို့ကိုငါတို့ပြန်လည်တည်ထောင်မည်'' ဟု ဆိုခဲ့သော်အနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ``သူတို့ပြန်လည်တည်ထောင် ကြပါလေစေ။ ထိုမြို့များကိုငါတစ်ဖန် ပြန်၍ဖြိုချမည်။ လူတို့သည်ထိုသူတို့ အား `ဒုစရိုက်ပြည်သားများ' ဟူ၍လည်း ကောင်း၊ ထာဝရဘုရား၏အမျက်တော် ထာဝစဉ်သင့်သောအမျိုးသားများဟူ ၍လည်းကောင်းခေါ်ဆိုကြလတ္တံ့'' ဟုမိန့် တော်မူလိမ့်မည်။
Si Edom dice: «Aunque hemos sido destruidos, volveremos a edificar las ruinas»; así dice Yahvé de los ejércitos: Ellos edificarán, mas Yo derribaré, y se les llamará: ‘Tierra de impiedad’, y: ‘Pueblo contra el cual Yahvé está indignado para siempre’.
5 ၅ ဣသရေလအမျိုးသားတို့သည်ဤအဖြစ် အပျက်ကို မိမိတို့ကိုယ်တိုင်တွေ့မြင်ရကြ သဖြင့်``ထာဝရဘုရားသည်ဣသရေလ ပြည်အပြင်အပ၌ပင်လျှင် ဘုန်းတန်ခိုး ကြီးတော်မူပါပေသည်'' ဟုဆိုကြလိမ့် မည်။
Vuestros ojos lo verán; y diréis: «Grande es Yahvé, aún más allá del país de Israel».
6 ၆ အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယဇ် ပုရောဟိတ်တို့အား``သားသည်ဖခင်အား လည်းကောင်း၊ အစေခံသည်သခင်အားလည်း ကောင်းရိုသေလေးစား၏။ ငါသည်သင်တို့၏ ဖခင်ဖြစ်ပေသည်။ အဘယ်ကြောင့်သင်တို့ ငါ့အားမရိုသေကြပါသနည်း။ ငါသည် သင်တို့၏သခင်ဖြစ်ပေသည်။ အဘယ်ကြောင့် သင်တို့ငါ့အားမလေးစားကြပါသနည်း။ သင်တို့သည် ငါ့အားမထီမဲ့မြင်ပြုပြီး လျှင်``ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ အဘယ်သို့မထီမဲ့မြင်ပြုမိကြပါသ နည်း'' ဟုမေးလျှောက်ကြ၏။-
El hijo honra al padre, y el siervo a su amo. Ahora bien, si Yo soy Padre, ¿dónde queda mi honra? y si soy Señor, ¿dónde está el temor que me corresponde? dice Yahvé de los ejércitos a vosotros, sacerdotes, que despreciáis mi Nombre. Vosotros diréis: «¿En qué hemos despreciado tu Nombre?»
7 ၇ သင်တို့မထီမဲ့မြင်ပြုပုံမှာငါ၏ယဇ် ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်အစားအစာ များကိုတင်လှူပူဇော်ခြင်းအားဖြင့်ဖြစ် ၏။ ထိုနောက်သင်တို့က``ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်အားအဘယ်သို့မရို မသေပြုခဲ့ကြပါသနည်း'' ဟုမေးကြ ပြန်၏။ သင်တို့မရိုမသေပြုပုံကားငါ ၏ယဇ်ပလ္လင်ကိုမထီမဲ့မြင်ပြုခြင်းဖြစ် ပေသည်။-
Ofrecéis en mi altar pan inmundo y decís: «¿Cómo te hemos profanado?» Con vuestro decir: «La mesa de Yahvé es despreciable».
8 ၈ သင်တို့သည်မျက်စိကန်းဖျားနာသို့မဟုတ် ခြေကျိုးသည့်ယဇ်ကောင်တို့အားတင်လှူပူ ဇော်ရန် ယူဆောင်လာကြသောအခါသင် တို့တွင်အပြစ်မရှိဟုထင်မှတ်ကြပါ သလော။ ဤကဲ့သို့သောသိုးနွားမျိုးကို ဘုရင်ခံအားဆက်သကြည့်ပါသလော။ သူသည်သင်တို့အားနှစ်သက်ပါမည်လော။ အခွင့်ထူးများကိုသော်လည်းပေးပါလိမ့် မည်လော'' ဟုမိန့်တော်မူ၏။
Si ofrecéis un (animal) ciego, ¿no es cosa mala? y si ofrecéis una (res) coja o enferma, ¿no es malo? ¡Preséntalo a tu gobernador! ¿a ver si te lo agradecerá, y te será favorable? dice Yahvé de los ejércitos.
9 ၉ အချင်းယဇ်ပုရောဟိတ်တို့၊ ငါတို့ကို ကျေးဇူးပြုတော်မူရန်ဘုရားသခင်အား ယခုစမ်းသပ်လျှောက်ထားကြည့်ကြလော့။ ကိုယ်တော်သည်သင်တို့၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူလိမ့်မည်မဟုတ်။ ယင်း သို့ဖြစ်ရသည်မှာလည်း သင်တို့၏အပြစ် များကြောင့်ပင်ဖြစ်ပါ၏။-
Ahora, rogad a Dios que se apiade de nosotros, pues obra de vuestra mano han sido estas cosas. Quizás os será propicio, dice Yahvé de los ejércitos.
10 ၁၀ အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ ၏ယဇ်ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်မီးများ ကိုသင်တို့မထည့်နိုင်စေရန် ဗိမာန်တော် တံခါးများကိုပိတ်ထားမည့်သူရှိလျှင် အဘယ်မျှကောင်းလိမ့်မည်နည်း။ ငါသည် သင်တို့ကိုမနှစ်သက်။ ငါ့ထံသို့သင်တို့ ယူဆောင်လာသောပူဇော်သကာကိုလည်း လက်မခံလို။-
¡Oh si alguno de entre vosotros cerrase las puertas, para que no encendierais en vano (el juego de) mi altar! No tengo complacencia en vosotros, dice Yahvé de los ejércitos, y no me agrada la ofrenda de vuestras manos.
11 ၁၁ ကမ္ဘာမြေကြီးတစ်စွန်းမှအခြားတစ်စွန်း တိုင်အောင်လူတို့သည် ငါ၏ဂုဏ်တော်ကို ချီးကူးကြပေသည်။ သူတို့သည်အရပ် တကာတွင်နံ့သာပေါင်းကိုမီးရှို့၍ နှစ် သက်ဖွယ်ကောင်းသည့်ယဇ်များကိုငါ့ အားပူဇော်ကြ၏။ သူတို့အားလုံးပင် ငါ၏နာမတော်ကိုချီးကူးကြ၏။-''
Porque desde el orto del sol hasta el ocaso es grande mi Nombre entre las naciones; y en todo lugar se ofrece a mi Nombre incienso y ofrenda pura, pues grande es mi Nombre entre las naciones, dice Yahvé de los ejércitos.
12 ၁၂ ``သို့ရာတွင်သင်တို့မူကားငါ၏ယဇ် ပလ္လင်ကိုညစ်ညမ်းသည်ဟုဆိုကာ မိမိတို့ တင်လှူသည့်ဘောဇဉ်ပူဇော်သကာကို လည်းမထီမဲ့မြင်ပြုလျက်ငါ့အားရှုတ် ချကြပေသည်။-
Pero vosotros lo profanáis cuando decís: «La mesa del Señor es inmunda, y lo que en ella se ofrece, es un manjar despreciable».
13 ၁၃ သင်တို့က`ဤအမှုများပြုရသည်ကိုငါ တို့ငြီးငွေ့လှပါပြီ' ဟုဆိုကာနှာခေါင်း ရှုတ်၍ငါ့အားမလေးမခန့်ပြုကြ၏။ သင် တို့သည်မိမိတို့ခိုးယူရရှိသည့်ယဇ်ကောင် ကိုသော်လည်းကောင်း၊ ခြေကျိုးသို့မဟုတ် ဖျားနာသည့်ယဇ်ကောင်ကိုသော်လည်းကောင်း ငါ၏အတွက်ပူဇော်သကာအဖြစ်နှင့်ယူ ဆောင်ခဲ့ကြ၏။ ငါသည်ဤပူဇော်သကာ များကိုလက်ခံလိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။-''
Decís “¡Qué fastidio!”, y la colmáis de desprecio, dice Yahvé de los ejércitos; ofreciéndome lo robado, lo cojo y lo enfermo. ¡Esto me ofrecéis en sacrificio! ¿Acaso lo puedo aceptar de vuestra mano? dice Yahvé.
14 ၁၄ ``မိမိ၏သိုးအုပ်တွင်အပြစ်အနာကင်း သည့်သိုးများရှိပါလျက် ငါ့အားလိမ်လည် လှည့်စား၍အသုံးမကျသည့်ယဇ်ကောင် ကိုပူဇော်ဆက်သသူသည်ကျိန်စာသင့်ပါ စေသတည်း။ အဘယ်ကြောင့်ဆိုသော်ငါသည် ကြီးမြတ်သည့်ဘုရင်ဖြစ်တော်မူ၍ ငါ၏ နာမတော်ကိုလူမျိုးတကာတို့ကြောက်ရွံ့ ရိုသေရသောကြောင့်တည်း'' ဟုအနန္တတန် ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။
¡Maldito el fraudulento que tiene en su rebaño un macho, y habiendo hecho un voto, ofrece a Yahvé una res defectuosa! Porque Yo soy un rey grande, dice Yahvé de los ejércitos; y temible es mi Nombre entre las naciones.