< မာလခိ 4 >

1 အ​နန္တ​တန်​ခိုး​နှင့်​ထာ​ဝရ​ဘု​ရား​က``မာန် မာ​န​ထောင်​လွှား​သူ​နှင့်​ယုတ်​မာ​သူ​အ​ပေါင်း တို့​သည် ကောက်​ရိုး​သ​ဖွယ်​မီး​ကျွမ်း​လောင် ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ထို​နေ့​ရက်​ကာ​လ​၌​သူ​တို့​သည်​မီး ကျွမ်း​လောင်​၍​သွား​ကာ အ​မြစ်​အ​ကိုင်း အ​စ​အ​န​မျှ​ပင်​ကျန်​ရှိ​ကြ​လိမ့်​မည် မ​ဟုတ်။-
For behold the day shall come kindled as a furnace: and all the proud, and all that do wickedly shall be stubble: and the day that cometh shall set them on fire, saith the Lord of hosts, it shall not leave them root, nor branch.
2 ငါ​၏​စ​ကား​တော်​ကို​ရို​သေ​သူ​သင်​တို့ အ​ဖို့​မှာ​မူ​ကား ငါ​၏​ကယ်​တင်​ခြင်း​တန် ခိုး​သည်​နေ​မင်း​သ​ဖွယ် သူ​တို့​အ​ပေါ်​၌ ထွန်း​လင်း​လျက်​နေ​ရောင်​ခြည်​သ​ဖွယ် သင် တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​လိမ့်​မည်။ သင်​တို့​သည်​တင်း​ကုပ်​မှ​လွှတ် ထုတ်​လိုက်​သည့်​နွား​ငယ်​များ​ကဲ့​သို့​လွတ် လပ်​ပျော်​ရွှင်​စွာ​ခုန်​ပေါက်​လျက်​နေ​လိမ့်​မည်။-
But unto you that fear my name, the Sun of justice shall arise, and health in his wings: and you shall go forth, and shall leap like calves of the herd.
3 ငါ​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ ၌ သင်​တို့​သည်​သူ​ယုတ်​မာ​များ​ကို​အ​နိုင် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​ခြေ ဖ​ဝါး​အောက်​မှ​မြေ​မှုန့်​သ​ဖွယ်​ဖြစ်​လိမ့်​မည်။''
And you shall tread down the wicked when they shall be ashes under the sole of your feet in the day that I do this, saith the Lord of hosts.
4 ``ငါ​၏​အ​စေ​ခံ​မော​ရှေ​၏​ပ​ညတ်​တ​ရား များ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ကြ​ရန်​သိ​နာ​တောင်​ပေါ် တွင်​သူ့​အား​ငါ​ပေး​အပ်​ခဲ့​သည့်​နည်း​ဥ​ပ​ဒေ များ​နှင့်​ကျင့်​ထုံး​ကျင့်​နည်း​များ​ကို​လည်း ကောင်း​အောက်​မေ့​သ​တိ​ရ​ကြ​လော့။
Remember the law of Moses my servant, which I commanded him in Horeb for all Israel, the precepts, and judgments.
5 ``သို့​ရာ​တွင်​ယင်း​သို့​ကြောက်​မက်​ဖွယ်​ရာ နေ့​ကြီး မ​ကျ​မ​ရောက်​မီ​ငါ​သည်​ပ​ရော ဖက်​ဧ​လိ​ယ​ကို​သင်​တို့​ထံ​သို့​စေ​လွှတ် မည်။-
Behold I will send you Elias the prophet, before the coming of the great and dreadful day of the Lord.
6 ငါ​လာ​၍​ထို​ဒေ​သ​အား​ကျိန်​စာ​မ​သင့် စေ​ရန် သူ​သည်​အ​ဖ​များ​နှင့်​သား​သ​မီး တို့​ကို​ပြန်​လည်​စည်း​ရုံး​၍​ပေး​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဋ္ဌမ္မ​ဟောင်း​ကျမ်း​တို့​တွင်​နောက်​ဆုံး​ကျမ်း တည်း​ဟူ​သော၊ ပ​ရော​ဖက်​မာ​လ​ခိ​စီ​ရင်​ရေး ထား​သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
And he shall turn the heart of the fathers to the children, and the heart of the children to their fathers: lest I come, and strike the earth with anathema.

< မာလခိ 4 >