< မာလခိ 3 >
1 ၁ အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
“Tarirai, ndichatuma nhume yangu, uyo achagadzira nzira pamberi pangu. Ipapo Ishe wamunotsvaka, achasvika pakarepo patemberi yake; mutumwa wesungano, wamunoshuva, achauya,” ndizvo zvinotaura Jehovha Wamasimba Ose.
2 ၂ သို့ရာတွင်အဘယ်သူသည်ကိုယ်တော်ရှင်ကြွ လာတော်မူမည့်နေ့ရက်ကာလကိုတိမ်းရှောင် နိုင်ပါမည်နည်း။ ကိုယ်တော်ရှင်ပေါ်ထွန်းတော် မူရာကာလ၌အဘယ်သူသည်ကျန်ရစ်လိမ့် မည်နည်း။ ကိုယ်တော်သည်အစွမ်းထက်သည့် ဆပ်ပြာနှင့်လည်းကောင်း၊ သတ္တုချွတ်သည့် မီးနှင့်လည်းကောင်းတူလိမ့်မည်။-
Asi ndiani angatsunga pazuva rokuuya kwake? Ndiani angamira paanoonekwa? Nokuti achava somoto womunatsi kana sipo yomusuki.
3 ၃ ကိုယ်တော်သည်ချေးညှော်ကင်းစင်စေရန်ငွေ ကိုချွတ်သောသူကဲ့သို့ကြွလာ၍ တရား စီရင်တော်မူလိမ့်မည်။ ရွှေထည်ငွေထည်အလုပ် သမားသည်ရွှေနှင့်ငွေကိုချွတ်သကဲ့သို့ ထာဝရ ဘုရား၏ကောင်းကင်တမန်သည်လေဝိယဇ် ပုရောဟိတ်တို့အားသန့်စင်အောင်ပြုလိမ့်မည်။ ယင်းသို့ပြုရသည့်အကြောင်းမှာယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရားထံတော်သို့ လျောက်ပတ်သည့်ပူဇော်သကာများကို ယူဆောင်လာနိုင်ကြစေရန်ဖြစ်ပေသည်။-
Iye achagara somunatsi nomuchenesi wesirivha; achachenesa vaRevhi uye achavanatsa segoridhe nesirivha. Ipapo Jehovha achava navanhu vachamuvigira zvipiriso mukururama,
4 ၄ ထိုအခါ၌ယုဒပြည်သူများနှင့်ယေရုရှ လင်မြို့သားတို့ထာဝရဘုရား၏ထံတော် သို့ ယူဆောင်လာသည့်ပူဇော်သကာများသည် ရှေးကာလမှာကဲ့သို့ပင်ထာဝရဘုရား နှစ်သက်တော်မူဖွယ်ရာဖြစ်လိမ့်မည်။
uye zvipiriso zveJudha neJerusarema zvichagamuchirwa naJehovha, sapamazuva akapfuura, sapamakore akare.
5 ၅ ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
“Saka ndichaswedera kwamuri kuzotonga. Ndichakurumidza kupupura ndichipikisa varoyi, mhombwe uye navanopika nhema, navaya vanobiridzira vashandi migove yavo, vanodzvinyirira chirikadzi nenherera uye vasingaruramisiri vatorwa, uye vasingandityi,” ndizvo zvinotaura Jehovha Wamasimba Ose.
6 ၆ ``ငါသည်ထာဝရဘုရားဖြစ်တော်မူ၍ ပြောင်းလဲတော်မမူ။ ထိုကြောင့်ယာကုပ်၏ သားမြေးဖြစ်သူသင်တို့သည်လုံးဝ ဆုံးရှုံးမှုမဖြစ်ကြသေးပေ။-
“Ini Jehovha handishanduki. Saka imi, rudzi rwaJakobho, hamuna kuparadzwa.
7 ၇ သင်တို့သည်မိမိတို့၏ဘိုးဘေးများနည်း တူ ငါ၏ပညတ်တော်တို့ကိုမစောင့်ထိန်း ဘဲလွှဲရှောင်လျက်နေခဲ့ကြလေပြီ။ သင် တို့သည်ငါ့ထံသို့ပြန်လာကြလော့။ ငါ သည်လည်းသင်တို့ထံသို့ပြန်လာမည်။'' ``သို့ ရာတွင်သင်တို့က`အထံတော်သို့ပြန်လာ နိုင်ရန်ကျွန်တော်မျိုးတို့အဘယ်သို့ပြုရ ကြပါမည်နည်း' ဟုမေးလျှောက်ကြ၏။-
Kubva pamazuva amadzitateguru enyu makatsauka pamitemo yangu uye hamuna kuichengeta. Dzokerai kwandiri, uye neni ndichadzokera kwamuri,” ndizvo zvinotaura Jehovha Wamasimba Ose. “Asi munobvunza muchiti, ‘Tichadzoka pazvinhu zvipiko?’
8 ၈ လူသည်ဘုရားသခင်ကိုလိမ်လည်လှည့်စား အပ်ပါသလောဟု သင်တို့အားငါမေးပါ ၏။ ဤသို့မပြုအပ်သော်လည်းသင်တို့သည် ငါ့အားလိမ်လည်လှည့်စားလျက်နေပေ သည်။ သင်တို့က`ကျွန်တော်မျိုးတို့သည် အဘယ်သို့လိမ်လည်လှည့်စားကြပါ သနည်း' ဟုဆိုပါမူဆယ်ဖို့တစ်ဖို့အလှူ နှင့်ပူဇော်သကာများဆက်သမျှဟူ၍ ဖြေရပေမည်။-
“Ko, munhu angabire Mwari here? Kunyange zvakadaro munondibira. “Asi munobvunza muchiti, ‘Tinokubirai pane zvipi?’ “Pazvegumi nezvipiriso.
9 ၉ တစ်နိုင်ငံလုံးပင်ငါ့အားလိမ်လည်လှည့် စားလျက်နေသဖြင့် သင်တို့အားလုံးသည် ကျိန်စာသင့်လျက်ရှိကြ၏။-
Makatukwa, rudzi rwenyu rwose, nokuti muri kundibira.
10 ၁၀ ဗိမာန်တော်တွင်စားနပ်ရိက္ခာအမြောက် အမြားရှိစေရန် သင်တို့၏ဆယ်ဖို့တစ်ဖို့ အလှူကိုအပြည့်အဝယူဆောင်ခဲ့ကြ လော့။ ငါ၏အကဲကိုစမ်း၍ကြည့်ကြလော့။ ထိုအခါငါသည်ကောင်းကင်ပြူတင်းပေါက် များကိုဖွင့်၍ သင်တို့အပေါ်သို့ကောင်းချီး မင်္ဂလာအမျိုးမျိုးသွန်းလောင်းတော်မူ သည်ကိုသင်တို့တွေ့မြင်ကြရလိမ့်မည်။-
Uyai nezvegumi zvose kudura, kuti mumba mangu mugova nezvokudya. Ndiedzei muna izvozvi,” ndizvo zvinotaura Jehovha Wamasimba Ose, “muone kana ndisingakuzarurirei mawindo okudenga, uye ndigokudururirai maropafadzo mazhinji zvokuti muchashayiwa pokuaisa.
11 ၁၁ ငါသည်ပိုးမွှားများအားသင်တို့အသီး အနှံများကိုဖျက်ဆီးခွင့်ပြုလိမ့်မည် မဟုတ်။ သင်တို့၏စပျစ်နွယ်များသည် လည်းအသီးများနှင့်ပြည့်လျက်နေလိမ့် မည်။-''
Ndichadzivisa udyi pakuparadza zvirimwa zvenyu, uye mizambiringa yeminda yenyu haingadonhedzi zvibereko zvayo,” ndizvo zvinotaura Jehovha Wamasimba Ose.
12 ၁၂ ``ထိုအခါသင်တို့ပြည်သည်နေထိုင်ဖွယ် ကောင်းသည့်အရပ်ဖြစ်လိမ့်မည်။ သို့ဖြစ်၍ လူမျိုးတကာတို့သည်သင်တို့အားမင်္ဂလာ ရှိသူများဟုခေါ်ဝေါ်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
“Ipapo ndudzi dzose dzichati makaropafadzwa, nokuti nyika yenyu ichava inofadza,” ndizvo zvinotaura Jehovha Wamasimba Ose.
13 ၁၃ ထာဝရဘုရားက``သင်တို့သည်ငါ့အကြောင်း မကောင်းသတင်းများကိုပြောဆိုကြလေပြီ။ သို့သော်လည်းသင်တို့က`ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်၏အကြောင်းကိုအဘယ် သို့ပြောဆိုခဲ့ကြပါသနည်း' ဟုမေးကြ၏။-
Jehovha anoti, “Makataura zvinhu zvikukutu pamusoro pangu.” “Kunyange zvakadaro munoti, ‘Takataureiko pamusoro penyu?’
14 ၁၄ သင်တို့သည်`ဘုရားသခင်အားဝတ်ပြု ကိုးကွယ်ရသည်မှာအချည်းနှီးပင်ဖြစ်၏။ ကိုယ်တော်မိန့်တော်မူသည့်အတိုင်းလိုက်နာ ဆောင်ရွက်သော်လည်းကောင်း၊ ငါတို့သည် မိမိတို့ပြုမိသည့်အပြစ်များအတွက် ဝမ်းနည်းကြောင်းအနန္တတန်ခိုးရှင်ထာဝရ ဘုရားအားကြိုးစားဖော်ပြ၍သော်လည်း ကောင်းအဘယ်အကျိုးရှိပါမည်နည်း။-
“Imi makati, ‘Hazvina maturo kushumira Mwari. Takawaneiko nokuita zvaakarayira uye zvatakafamba savachemi pamberi paJehovha Wamasimba Ose?
15 ၁၅ ငါတို့တွေ့မြင်ရကြသည့်အတိုင်းမာန်မာန ကြီးသူများသည်မင်္ဂလာရှိကြ၏။ သူယုတ်မာ တို့သည်ကောင်းစားကြ၏။ ထိုမျှမကသူတို့ သည်ဘုရားသခင်၏ခန္တီပါရမီတော်ကို အကဲစမ်းကြသော်လည်းအဘယ်ဒုက္ခနှင့် မျှမတွေ့ရကြ' ဟုဆိုကြ၏'' ဟုမိန့်တော် မူ၏။
Asi zvino tinoti vanozvikudza vakaropafadzwa. Zvirokwazvo vaiti vezvakaipa vanobudirira uye naivo vaya vanoedza Mwari vanopunyuka.’”
16 ၁၆ ထိုအခါမိမိအားကြောက်ရွံ့ရိုသေသော သူတို့အချင်းချင်းပြောဆိုနေကြသည့် စကားများကို ထာဝရဘုရားသည်နား ထောင်လျက်နေတော်မူသဖြင့်ကြားတော် မူ၏။ ထာဝရဘုရားအားကြောက်ရွံ့ရိုသေ သူများ၏စားရင်းကို ရှေ့တော်တွင်စာစောင် တစ်ခု၌ရေးမှတ်ထားရှိ၏။-
Ipapo vaya vaitya Jehovha vakataurirana, uye Jehovha akateerera akanzwa. Bhuku rechirangaridzo rakanyorwa pamberi pake pamusoro pavanotya Jehovha uye nevanoremekedza zita rake.
17 ၁၇ အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဤ သူတို့သည်ငါ၏လူစုဖြစ်လိမ့်မည်။ သူ တို့သည်ငါစီရင်ချက်ချမှတ်ရာနေ့၌ ငါ၏ကိုယ်ပိုင်လူစုဖြစ်ကြလိမ့်မည်။ အဖ သည်မိမိ၏အစေအပါးကို ခံသည့်သား အပေါ်တွင် ကရုဏာထားသကဲ့သို့ငါ သည်လည်းသူတို့အပေါ်တွင်ကရုဏာ ထားတော်မူမည်။-
“Vachava vangu,” ndizvo zvinotaura Jehovha Wamasimba Ose, “pazuva randichaunganidza pfuma yangu inokosha. Ndichavanzwira tsitsi, somunhu anonzwira tsitsi mwanakomana wake anomushandira.
18 ၁၈ တစ်ဖန်တုံငါ၏လူစုသည်သူတော်ကောင်း နှင့် သူယုတ်မာတို့တွေ့ကြုံခံစားရမှုမတူ ပုံကိုလည်းကောင်း၊ ငါ့အားဝတ်ပြုကိုးကွယ် သူနှင့်ဝတ်မပြုမကိုးကွယ်သူတို့ တွေ့ကြုံ ခံစားရမှုမတူပုံကိုလည်းကောင်းသိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Uye muchaonazve musiyano pakati pavakarurama navakaipa, pakati pavaya vanoshumira Mwari navaya vasingamushumiri.