< မာလခိ 2 >

1 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ယဇ် ပု​ရော​ဟိတ်​တို့​အား``ဤ​ပ​ညတ်​သည်​သင်​တို့ အ​တွက်​ဖြစ်​၏။ သင်​တို့​သည်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​အား​ဖြင့် ငါ​၏​ဂုဏ်​တော်​ကို​ချီး ကူး​ရ​ကြ​မည်။ အ​ကယ်​၍​ငါ့​စ​ကား​ကို သင်​တို့​နား​မ​ထောင်​ပါ​မူ ငါ​သည်​သင်​တို့ အား​ကျိန်​စာ​သင့်​စေ​မည်။ သင်​တို့​မှီ​ခို အား​ထား​ရာ​များ​ကို​လည်း​ကျိန်​စာ​သင့် စေ​မည်။ အ​မှန်​စင်​စစ်​ထို​အ​ရာ​တို့​သည် ယ​ခု​ပင်​ကျိန်​စာ​သင့်​ကြ​လေ​ပြီ။ အ​ဘယ် ကြောင့်​ဆို​သော်​သင်​တို့​သည်​ငါ​၏​ပ​ညတ် ကို​လေး​လေး​စား​စား​မ​ခံ​မ​ယူ​ကြ​သည့် အ​တွက်​ဖြစ်​၏။-
And now, O ye priests, this commandment is for you.
2
If ye will not hear, and if ye will not lay it to heart, to give glory unto my name, saith Jehovah of hosts, then will I send the curse upon you, and I will curse your blessings; yea, I have cursed them already, because ye do not lay it to heart.
3 ငါ​သည်​သင်​တို့​၏​သား​မြေး​များ​အား အ​ပြစ်​ဒဏ်​ခတ်​မည်။ သင်​တို့​၏​မျက်​နှာ​ကို သင်​တို့​ပူ​ဇော်​သည့်​တိ​ရစ္ဆာန်​ချေး​ဖြင့်​သုတ် လိမ်း​၍ သင်​တို့​အား​ထို​ယဇ်​ကောင်​များ​နှင့် အ​တူ​ပစ်​ထုတ်​လိုက်​မည်။-
Behold, I will rebuke your seed, and will spread dung upon your faces, even the dung of your feasts; and ye shall be taken away with it.
4 ထို​အ​ခါ​ငါ​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့် ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​တည်​မြဲ​စေ လို​သ​ဖြင့် ဤ​ပ​ညတ်​ကို​သင်​တို့​အား​ပေး တော်​မူ​ခြင်း​ဖြစ်​ကြောင်း​သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်။''
And ye shall know that I have sent this commandment unto you, that my covenant may be with Levi, saith Jehovah of hosts.
5 ငါ​၏​ပ​ဋိ​ညာဉ်​တော်​တွင်​သူ​တို့​အား အ​သက်​ရှင်​မှု​နှင့် ချမ်း​မြေ့​သာ​ယာ​မှု​ကို က​တိ​ထား​ခဲ့​သည်​ဖြစ်​၍ ငါ​သည်​မိ​မိ အား​သူ​တို့​ရို​သေ​လေး​စား​စိမ့်​သော​ငှာ ထို​အ​ရာ​များ​ကို​ပေး​အပ်​ခဲ့​ပေ​သည်။ ထို နေ့​ရက်​ကာ​လ​များ​က​သူ​တို့​သည်​အ​ကယ် ပင်​ငါ့​အား​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​၏။-
My covenant was with him of life and peace; and I gave them to him that he might fear; and he feared me, and stood in awe of my name.
6 သူ​တို့​သည်​အ​မှန်​တ​ရား​ကို​ဟော​ပြော သွန်​သင်​ကြ​၏။ အ​မှား​ကို​မ​သွန်​သင်​ကြ။ သူ​တို့​သည်​ငါ​နှင့်​သ​ဟ​ဇာ​တ​ဖြစ်​အောင် နေ​ထိုင်​ကြ​လျက် မိ​မိ​တို့​ကိုယ်​တိုင်​သာ လျှင်​မှန်​ရာ​ကို​ပြု​ကျင့်​ကြ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​တို့​အား​လည်း​မ​ကောင်း​မှု​ကို ရှောင်​ကြဉ်​ရန်​အ​ထောက်​အ​ကူ​ပေး​ကြ ပေ​သည်။-
The law of truth was in his mouth, and unrighteousness was not found in his lips: he walked with me in peace and uprightness, and turned many away from iniquity.
7 ဘု​ရား​သ​ခင်​အ​ကြောင်း​တော်​ကို​မှန်​ကန် စွာ​သိ​ရှိ​နား​လည်​နိုင်​ရန်​ဟော​ပြော​သွန် သင်​မှု​မှာ ယဇ်​ပု​ရော​ဟိတ်​များ​၏​တာ​ဝန် ဖြစ်​ပေ​သည်။ သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏ တ​မန်​တော်​များ​ဖြစ် သ​ဖြင့် လူ​တို့​သည်​ငါ​၏​အ​လို​တော်​ကို သိ​ရှိ​နိုင်​ရန်​သူ​တို့​ထံ​သို့​သွား​ရ​ကြ​၏။
For the priest’s lips should keep knowledge, and they should seek the law at his mouth; for he is the messenger of Jehovah of hosts.
8 ``သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​အ​သင်​ပု​ရော​ဟိတ် တို့​သည်​လမ်း​မှန်​မှ​လွဲ​ဖယ်​၍​သွား​ကြ​လေ​ပြီ။ သင်​တို့​၏​ဟော​ပြော​သွန်​သင်​မှု​ကြောင့်​လူ​အ​များ ပင်​အ​မှား​ကို​ပြု​ကျင့်​လျက်​နေ​လေ​ပြီ။ သင်​တို့ သည်​ငါ​နှင့်​ချုပ်​ဆို​ထား​သည့်​ပ​ဋိ​ညာဉ်​တော် ကို​ချိုး​ဖောက်​ကြ​လေ​ပြီ။-
But ye are turned aside out of the way; ye have caused many to stumble in the law; ye have corrupted the covenant of Levi, saith Jehovah of hosts.
9 သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အား​ပ​ညတ် တော်​များ​ကို သွန်​သင်​ရာ​၌​မျက်​နှာ​ကြီး​ငယ် လိုက်​ကြ​သ​ဖြင့် ငါ​သည်​လည်း​သင်​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စက်​ဆုတ်​ရွံ​ရှာ အောင်​ပြု​မည်။
Therefore have I also made you contemptible and base before all the people, according as ye have not kept my ways, but have had respect of persons in the law.
10 ၁၀ ငါ​တို့​အား​လုံး​၌​ဖ​ခင်​တစ်​ဦး​တည်​ရှိ​သည် မ​ဟုတ်​ပါ​လော။ ဤ​ဘု​ရား​သ​ခင်​တစ်​ပါး​တည်း ပင်​လျှင် ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​သည်​မ ဟုတ်​ပါ​လော။ သို့​ဖြစ်​ပါ​မူ​ငါ​တို့​သည်​အ​ဘယ် ကြောင့် မိ​မိ​တို့​အ​ချင်း​ချင်း​ထား​ရှိ​သည့်​သစ္စာ က​တိ​ကို​ဖျက်​ကြ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​ဘု​ရား​သ​ခင်​ပြု တော်​မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​ထီ​မဲ့ မြင်​ပြု​ကြ​ပါ​သ​နည်း။-
Have we not all one father? hath not one God created us? why do we deal treacherously every man against his brother, profaning the covenant of our fathers?
11 ၁၁ ယု​ဒ​ပြည်​သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့် မိ​မိ​တို့​ထား​ရှိ​သည့်​သစ္စာ​က​တိ​ကို​ဖျက် လျက် ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​တစ် ခု​လုံး​၌​စက်​ဆုတ်​ဖွယ်​ကောင်း​သည့်​အ​မှု ကို​ပြု​ကြ​လေ​ပြီ။ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​မြတ်​နိုး​တော်​မူ​သည့်​ဗိ​မာန်​တော် ကို​ညစ်​ညမ်း​စေ​ကြ​လေ​ပြီ။ အ​မျိုး​သား တို့​သည်​လည်း​လူ​မျိုး​ခြား​ဘု​ရား​များ ကို​ကိုး​ကွယ်​သူ​အ​မျိုး​သ​မီး​များ​နှင့် စုံ​ဖက်​ကြ​လေ​ပြီ။-
Judah hath dealt treacherously, and an abomination is committed in Israel and in Jerusalem; for Judah hath profaned the holiness of Jehovah which he loveth, and hath married the daughter of a foreign god.
12 ၁၂ ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​သို့​ပြု​ကျင့်​သူ​မှန် သ​မျှ​အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​ပါ​စေ သော။ သူ​တို့​အား​အ​ဘယ်​အ​ခါ​၌​မျှ​ငါ​တို့ ၏​အ​မျိုး​သား​ဖြစ်​ပိုင်​ခွင့်​ကို​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သ​ကာ​များ​ဆက်​သ​သည့်​လူ​မျိုး​တော်​ဖြစ် ပိုင်​ခွင့်​ကို​လည်​ကောင်း​မ​ပေး​ဘဲ​နေ​တော်​မူ ပါ​စေ​သော။
Jehovah will cut off, to the man that doeth this, him that waketh and him that answereth, out of the tents of Jacob, and him that offereth an offering unto Jehovah of hosts.
13 ၁၃ သင်​တို့​ပြု​သော​အ​ခြား​အ​မှု​တစ်​ခု​ရှိ သေး​၏။ သင်​တို့​သည်​မိ​မိ​တို့​ယူ​ဆောင်​လာ သည့်​ပူ​ဇော်​သကာ​များ​ကို​ထာ​ဝ​ရ​ဘု​ရား လက်​ခံ​တော်​မ​မူ​သ​ဖြင့်​ငို​ကြွေး​မြည် တမ်း​လျက်​ကိုယ်​တော်​၏​ယဇ်​ပလ္လင်​တော်​ကို မျက်​ရည်​တွင်​နစ်​မြုပ်​စေ​ကြ​၏။-
And this again ye do: ye cover the altar of Jehovah with tears, with weeping, and with sighing, insomuch that he regardeth not the offering any more, neither receiveth it with good will at your hand.
14 ၁၄ ထို​နောက်​သင်​တို့​က​အ​ဘယ်​ကြောင့်​ဤ​သို့ ကိုယ်​တော်​လက်​မ​ခံ​တော့​ဘဲ​နေ​တော်​မူ​ပါ သ​နည်း​ဟု​မေး​ကြ​၏။ ကိုယ်​တော်​လက်​မ​ခံ တော့​သည့်​အ​ကြောင်း​မှာ​သင်​တို့​သည်​ငယ်​စဉ် အ​ခါ​က လက်​ထပ်​ထိမ်း​မြား​ခဲ့​သူ​ဇ​နီး အား​ပေး​အပ်​ခဲ့​သည့်​က​တိ​သစ္စာ​ကို​ချိုး ဖောက်​လိုက်​ကြ​ကြောင်း​ကိုယ်​တော်​သိ​မြင် တော်​မူ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​ဇ​နီး သည်​သင်​၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်​ပါ​၏။ သင် သည်​သူ​၏​အ​ပေါ်​တွင်​သစ္စာ​စောင့်​ပါ​မည် ဟု​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ ပြု​ခဲ့​ပါ​သော်​လည်း​ထို​က​တိ​သစ္စာ​ကို ချိုး​ဖောက်​ခဲ့​လေ​ပြီ။-
Yet ye say, Wherefore? Because Jehovah hath been witness between thee and the wife of thy youth, against whom thou hast dealt treacherously, though she is thy companion, and the wife of thy covenant.
15 ၁၅ ဘု​ရား​သ​ခင်​သည်​သင်​တို့​နှစ်​ဦး​အား​တစ် ကိုယ်​တည်း​တစ်​စိတ်​တည်း​ဖြစ်​စေ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။ ယင်း​သို့​ဖြစ်​စေ​တော်​မူ​ရာ ၌​အ​ဘယ်​ရည်​ရွယ်​ချက်​ဖြစ်​ပါ​သ​နည်း။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​အ​စစ်​အ​မှန် များ​ကို​မွေး​ထုတ်​ပေး​ရန်​ဖြစ်​ပေ​သည်။ သို့​ဖြစ် ၍​သင်​တို့​တွင်​အ​ဘယ်​သူ​မျှ​မိ​မိ​၏​ဇ​နီး နှင့်​ပြု​ထား​သည့် က​တိ​သစ္စာ​ကို​မ​ချိုး​မ ဖောက်​မိ​စေ​ရန်​အ​ထူး​သ​တိ​ပြု​ရ​ပေ​မည်။-
And did he not make one, although he had the residue of the Spirit? And wherefore one? He sought a godly seed. Therefore take heed to your spirit, and let none deal treacherously against the wife of his youth.
16 ၁၆ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လင်​မ​ယား​ကွာ ရှင်း​မှု​ကို​မုန်း​၏။ ဇ​နီး​ဖြစ်​သူ​ကို​သင်​တို့​ဤ သို့​ရက်​စက်​စွာ​ပြု​ကျင့်​မှု​ကို​ငါ​မုန်း​၏။ သင် တို့​၏​ဇ​နီး​များ​အား​သစ္စာ​စောင့်​ရန်​ပေး​အပ် ခဲ့​သည့်​က​တိ​ကို​မ​ချိုး​မ​ဖောက်​မိ​စေ​ရန် အ​ထူး​သ​တိ​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ ပါ​၏။
For I hate putting away, saith Jehovah, the God of Israel, and him that covereth his garment with violence, saith Jehovah of hosts: therefore take heed to your spirit, that ye deal not treacherously.
17 ၁၇ သင်​တို့​သည်​စ​ကား​များ​လွန်း​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​နား​ငြီး​တော်​မူ​လေ​ပြီ။ သို့​ရာ​တွင်​သင် တို့​က``ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင် နား​ငြီး​စေ​ရန်​အ​ဘယ်​သို့​ပြု​မိ​ကြ​ပါ သ​နည်း'' ဟု​ဆို​ကြ​၏။ ``ထာ​ဝ​ရ​ဘုရား​သည် ဒု​စ​ရိုက်​သ​မား​မှန်​သ​မျှ​ကို​လူ​ကောင်း​သူ ကောင်း​ဟု​ထင်​မှတ်​တော်​မူ​၏'' ဟူ​၍​ပြော ဆို​ခြင်း​အား​ဖြင့်​သော်​လည်း​ကောင်း``တ​ရား မျှ​တ​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​ကို​ခံ​ရ သော​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​ပြော​ဆို​ခြင်း​အား​ဖြင့်​သော် လည်း​ကောင်း​သင်​တို့​သည်​ကိုယ်​တော်​အား နား​ငြီး​စေ​ကြ​၏။
Ye have wearied Jehovah with your words. Yet ye say, Wherein have we wearied him? In that ye say, Every one that doeth evil is good in the sight of Jehovah, and he delighteth in them; or where is the God of justice?

< မာလခိ 2 >