< မာလခိ 1 >
1 ၁ ဤဗျာဒိတ်တော်သည်ဣသရေလအမျိုး သားတို့အားပြန်ကြားရန်အတွက် မာလခိ အားထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ဖြစ်၏။
၁ထာဝရဘုရား သည် မာလခိ လက် တွင် ဣသရေလ အမျိုးသို့ ပေးလိုက်တော်မူသောဗျာဒိတ် နှုတ်ကပတ် တော်တည်းဟူသော၊
2 ၂ ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်သင်တို့အားအစဉ်အမြဲ ချစ်မြတ်နိုးပါ၏'' ဟုမိန့်တော်မူသော် လည်း၊ သူတို့က``ကျွန်တော်မျိုးအတွက်မေတ္တာတော် ကိုအဘယ်သို့ကိုယ်တော်ရှင်ပြတော်မူခဲ့ ပါသနည်း'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားကလည်း``ဧသောနှင့် ယာကုပ်သည်ညီအစ်ကိုတော်သော်လည်း ငါ သည်ယာကုပ်နှင့်သားမြေးများကိုချစ်၍၊-
၂ထာဝရဘုရား မိန့် တော်မူသောစကားဟူမူကား၊ သင် တို့ကို ငါချစ် လေပြီ။ အကျွန်ုပ် တို့ကို အဘယ်သို့ ချစ် တော်မူသနည်းဟု သင်တို့မေး ကြလျှင် ၊ ဧသော သည် ယာကုပ် ၏အစ်ကို ဖြစ်သည်မ ဟုတ်လော။ သို့သော်လည်း ယာကုပ် ကို ငါချစ် ၏။
3 ၃ ဧသောနှင့်သားမြေးတို့ကိုမုန်း၏။ ငါသည် ဧသော၏တောင်ကုန်းနယ်မြေကိုပျက်ပြုန်း စေ၍ တောတိရစ္ဆာန်များအတွက်စွန့်ပစ် လျက်ထားလေပြီ'' ဟုပြန်လည်မိန့်ကြား တော်မူ၏။
၃ဧသော ကို ငါမုန်း ၍ သူ နေသောတောင် တို့ကို လွင်ပြင် ဖြစ် စေပြီ။ သူ့ အမွေခံ ရာမြေကို မြေခွေး တို့၌ အပ်လေပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
4 ၄ အကယ်၍ဧသော၏သားမြေးများဖြစ် သောဧဒုံပြည်သားတို့က``ငါတို့မြို့များ သည်ပြိုပျက်၍သွားပြီဖြစ်သော်လည်းယင်း တို့ကိုငါတို့ပြန်လည်တည်ထောင်မည်'' ဟု ဆိုခဲ့သော်အနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ``သူတို့ပြန်လည်တည်ထောင် ကြပါလေစေ။ ထိုမြို့များကိုငါတစ်ဖန် ပြန်၍ဖြိုချမည်။ လူတို့သည်ထိုသူတို့ အား `ဒုစရိုက်ပြည်သားများ' ဟူ၍လည်း ကောင်း၊ ထာဝရဘုရား၏အမျက်တော် ထာဝစဉ်သင့်သောအမျိုးသားများဟူ ၍လည်းကောင်းခေါ်ဆိုကြလတ္တံ့'' ဟုမိန့် တော်မူလိမ့်မည်။
၄ဧဒုံ အမျိုးသားတို့က၊ ငါတို့သည် ပျက်စီး သော်လည်း ၊ ပျက်စီး သောအရပ်တို့ကို တဖန် တည်ဆောက် ဦးမည်ဟုဆို ရာတွင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူ တို့သည် တည်ဆောက် သော်လည်း ငါ ဖြိုဖျက် မည်။ သူ တို့ကို ဒုစရိုက် ပြည်သား ၊ ထာဝရဘုရား အစဉ် အမျက် ထွက်တော်မူသောလူမျိုး ဟူ၍သမုတ် ကြလိမ့်မည်။
5 ၅ ဣသရေလအမျိုးသားတို့သည်ဤအဖြစ် အပျက်ကို မိမိတို့ကိုယ်တိုင်တွေ့မြင်ရကြ သဖြင့်``ထာဝရဘုရားသည်ဣသရေလ ပြည်အပြင်အပ၌ပင်လျှင် ဘုန်းတန်ခိုး ကြီးတော်မူပါပေသည်'' ဟုဆိုကြလိမ့် မည်။
၅ထိုအမှုကို သင်တို့သည် မြင် သောအခါ၊ ထာဝရဘုရား သည် ဣသရေလ ပြည် ၏ပြင်မှာ ဘုန်းတန်ခိုးကြီး တော်မူသည်ဟု ဆို ကြလိမ့်မည်။
6 ၆ အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယဇ် ပုရောဟိတ်တို့အား``သားသည်ဖခင်အား လည်းကောင်း၊ အစေခံသည်သခင်အားလည်း ကောင်းရိုသေလေးစား၏။ ငါသည်သင်တို့၏ ဖခင်ဖြစ်ပေသည်။ အဘယ်ကြောင့်သင်တို့ ငါ့အားမရိုသေကြပါသနည်း။ ငါသည် သင်တို့၏သခင်ဖြစ်ပေသည်။ အဘယ်ကြောင့် သင်တို့ငါ့အားမလေးစားကြပါသနည်း။ သင်တို့သည် ငါ့အားမထီမဲ့မြင်ပြုပြီး လျှင်``ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ အဘယ်သို့မထီမဲ့မြင်ပြုမိကြပါသ နည်း'' ဟုမေးလျှောက်ကြ၏။-
၆သား သည် အဘ ကို ရိုသေ တတ်၏။ ကျွန် သည် သခင် ကို ကြောက်ရွံ့တတ်၏။ ငါ သည် အဘ မှန်လျှင် ၊ ငါ့ ကို အဘယ်သူ ရိုသေ သနည်း။ သခင် မှန်လျှင် ၊ အဘယ်သူ ကြောက်ရွံ့ သနည်းဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် နာမ တော်ကို မထီမဲ့မြင် ပြုသော ယဇ်ပုရောဟိတ် တို့အား မေး တော်မူ၏။ အကျွန်ုပ်တို့သည် နာမ တော်ကို အဘယ်သို့ မထီမဲ့မြင် ပြုပါသနည်းဟု သင်တို့ မေး ရာတွင် ၊
7 ၇ သင်တို့မထီမဲ့မြင်ပြုပုံမှာငါ၏ယဇ် ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်အစားအစာ များကိုတင်လှူပူဇော်ခြင်းအားဖြင့်ဖြစ် ၏။ ထိုနောက်သင်တို့က``ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်အားအဘယ်သို့မရို မသေပြုခဲ့ကြပါသနည်း'' ဟုမေးကြ ပြန်၏။ သင်တို့မရိုမသေပြုပုံကားငါ ၏ယဇ်ပလ္လင်ကိုမထီမဲ့မြင်ပြုခြင်းဖြစ် ပေသည်။-
၇ညစ်ညူး သောအစာ ကို ငါ့ ယဇ် ပလ္လင်သို့ ဆောင် ခဲ့ကြသည်တကား။ အကျွန်ုပ်တို့သည် ကိုယ်တော် ကို အဘယ်သို့ ရှုတ်ချ ပါသနည်းဟုမေး ရာတွင် ၊ ထာဝရဘုရား ၏စားပွဲ သည် ယုတ်မာ ၏ဟုဆိုသောကြောင့်ငါ့ကို ရှုတ်ချကြပြီ။
8 ၈ သင်တို့သည်မျက်စိကန်းဖျားနာသို့မဟုတ် ခြေကျိုးသည့်ယဇ်ကောင်တို့အားတင်လှူပူ ဇော်ရန် ယူဆောင်လာကြသောအခါသင် တို့တွင်အပြစ်မရှိဟုထင်မှတ်ကြပါ သလော။ ဤကဲ့သို့သောသိုးနွားမျိုးကို ဘုရင်ခံအားဆက်သကြည့်ပါသလော။ သူသည်သင်တို့အားနှစ်သက်ပါမည်လော။ အခွင့်ထူးများကိုသော်လည်းပေးပါလိမ့် မည်လော'' ဟုမိန့်တော်မူ၏။
၈မျက်စိ ကန်းသော အကောင်ကို ယဇ် ပူဇော်လျှင် အပြစ် ရှိသည် မဟုတ်လော။ ခြေ ဆွံ့သောအကောင်နှင့် နာ သော အကောင်ကို ယဇ် ပူဇော်လျှင် အပြစ် ရှိသည် မ ဟုတ်လော။ မြို့ဝန် မင်းအား ဆက် ပါလော့။ မင်း၏စိတ် နှင့် တွေ့လိမ့်မည်လော။ သင့် မျက်နှာ ကို ထောက်လိမ့်မည် လော ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
9 ၉ အချင်းယဇ်ပုရောဟိတ်တို့၊ ငါတို့ကို ကျေးဇူးပြုတော်မူရန်ဘုရားသခင်အား ယခုစမ်းသပ်လျှောက်ထားကြည့်ကြလော့။ ကိုယ်တော်သည်သင်တို့၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူလိမ့်မည်မဟုတ်။ ယင်း သို့ဖြစ်ရသည်မှာလည်း သင်တို့၏အပြစ် များကြောင့်ပင်ဖြစ်ပါ၏။-
၉ယခု မှာ ဘုရား သခင်သည် ငါ တို့ကို ကယ်မ သနားတော်မူမည်အကြောင်း ၊ ထာဝရဘုရားရှေ့ တော်၌ ဆုတောင်း ကြပါလော့။ သင် တို့လက်ခံသောကြောင့်ဤသို့ ပြုတတ်ကြ၏။ သင် တို့မျက်နှာ ကို ထောက်ရမည်လောဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
10 ၁၀ အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ ၏ယဇ်ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်မီးများ ကိုသင်တို့မထည့်နိုင်စေရန် ဗိမာန်တော် တံခါးများကိုပိတ်ထားမည့်သူရှိလျှင် အဘယ်မျှကောင်းလိမ့်မည်နည်း။ ငါသည် သင်တို့ကိုမနှစ်သက်။ ငါ့ထံသို့သင်တို့ ယူဆောင်လာသောပူဇော်သကာကိုလည်း လက်မခံလို။-
၁၀သင် တို့တွင် အဘယ်သူ သည် ငါ့တံခါး တို့ကို ပိတ် လိမ့်မည်နည်း။ သင်တို့သည် ငါ့ ယဇ် ပလ္လင်ပေါ်မှာ မီး ကို အချည်းနှီး မ ညှိရကြ။ သင် တို့ကို ငါ အလို မ ရှိ၊ သင် တို့ပြု သောပူဇော် သက္ကာကို ငါ လက်မ ခံဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
11 ၁၁ ကမ္ဘာမြေကြီးတစ်စွန်းမှအခြားတစ်စွန်း တိုင်အောင်လူတို့သည် ငါ၏ဂုဏ်တော်ကို ချီးကူးကြပေသည်။ သူတို့သည်အရပ် တကာတွင်နံ့သာပေါင်းကိုမီးရှို့၍ နှစ် သက်ဖွယ်ကောင်းသည့်ယဇ်များကိုငါ့ အားပူဇော်ကြ၏။ သူတို့အားလုံးပင် ငါ၏နာမတော်ကိုချီးကူးကြ၏။-''
၁၁နေ ထွက် ရာအရပ်မှ သည် နေဝင် ရာအရပ်တိုင်အောင် တပါးအမျိုးသား တို့တွင် ငါ ၏နာမ တော်သည် ကြီးမြတ် ရလိမ့်မည်။ ခပ်သိမ်း သော အရပ် တို့၌ နံ့သာ ပေါင်း ကို ငါ ၏နာမ တော်အား မီးရှို့၍ ၊ သန့်ရှင်း သော ပူဇော် သက္ကာကို ဆက်ကပ် ရကြလိမ့်မည်။ ငါ ၏နာမ တော်သည် တပါးအမျိုးသား တို့တွင် ကြီးမြတ် ရလိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
12 ၁၂ ``သို့ရာတွင်သင်တို့မူကားငါ၏ယဇ် ပလ္လင်ကိုညစ်ညမ်းသည်ဟုဆိုကာ မိမိတို့ တင်လှူသည့်ဘောဇဉ်ပူဇော်သကာကို လည်းမထီမဲ့မြင်ပြုလျက်ငါ့အားရှုတ် ချကြပေသည်။-
၁၂သင် တို့က၊ ထာဝရ ဘုရား၏ စားပွဲ တော်သည် ညစ်ညူး ၏။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ ၏ဟုဆို သောကြောင့် စားပွဲ တော်ကို ရှုတ်ချ ကြပြီ။
13 ၁၃ သင်တို့က`ဤအမှုများပြုရသည်ကိုငါ တို့ငြီးငွေ့လှပါပြီ' ဟုဆိုကာနှာခေါင်း ရှုတ်၍ငါ့အားမလေးမခန့်ပြုကြ၏။ သင် တို့သည်မိမိတို့ခိုးယူရရှိသည့်ယဇ်ကောင် ကိုသော်လည်းကောင်း၊ ခြေကျိုးသို့မဟုတ် ဖျားနာသည့်ယဇ်ကောင်ကိုသော်လည်းကောင်း ငါ၏အတွက်ပူဇော်သကာအဖြစ်နှင့်ယူ ဆောင်ခဲ့ကြ၏။ ငါသည်ဤပူဇော်သကာ များကိုလက်ခံလိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။-''
၁၃တဖန်သင်တို့က၊ အမှုတော်ကို ဆောင်ရွက်၍ ပင်ပန်း စွတကားဟုဆို လျက် ၊ ကဲ့ရဲ့ သံကို ပြုတတ်ကြသည် ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ လု ယူသောအကောင်၊ ခြေ ဆွံ့သောအကောင်၊ နာ သောအကောင်ကို ဆောင် ခဲ့ကြပြီ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင် ခဲ့ကြပြီတကား။ သင် တို့လက် မှ ငါခံရ မည် လောဟု ထာဝရဘုရား မေး တော်မူ၏။
14 ၁၄ ``မိမိ၏သိုးအုပ်တွင်အပြစ်အနာကင်း သည့်သိုးများရှိပါလျက် ငါ့အားလိမ်လည် လှည့်စား၍အသုံးမကျသည့်ယဇ်ကောင် ကိုပူဇော်ဆက်သသူသည်ကျိန်စာသင့်ပါ စေသတည်း။ အဘယ်ကြောင့်ဆိုသော်ငါသည် ကြီးမြတ်သည့်ဘုရင်ဖြစ်တော်မူ၍ ငါ၏ နာမတော်ကိုလူမျိုးတကာတို့ကြောက်ရွံ့ ရိုသေရသောကြောင့်တည်း'' ဟုအနန္တတန် ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။
၁၄သစ္စာ ဂတိထားပြီးမှ မိမိ သိုး စု၌ အထီး ရှိ လျက်ပင် လှည့်စား ၍ ၊ ထာဝရ ဘုရားအား ချို့တဲ့ သော အကောင်ကို ယဇ် ပူဇော်သောသူသည် အမင်္ဂလာ ရှိစေသတည်း။ ငါ သည် ကြီးမြတ် သော ရှင်ဘုရင် ဖြစ်၏။ ငါ ၏ နာမ တော်သည် လူ အမျိုးမျိုးတို့တွင် ကြောက်မက် ဖွယ်ဖြစ် ရမည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။