< လုကာ 9 >
1 ၁ သခင်ယေရှုသည်တမန်တော်တစ်ဆယ့်နှစ်ပါးတို့ ကိုအထံတော်သို့ခေါ်တော်မူပြီးလျှင် နတ်မိစ္ဆာ အပေါင်းကိုနှင်ထုတ်နိုင်သောတန်ခိုးအာဏာ နှင့် အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးအာဏာကိုပေးအပ်တော်မူ၏။-
Akawaita wale kumi na wawili pamoja, akawapa uwezo na mamlaka juu ya mapepo yote na kuponya magonjwa.
2 ၂ ထိုနောက်ဘုရားသခင်၏နိုင်ငံတော်အကြောင်း ကိုဟောပြောရန်လည်းကောင်း၊ ဖျားနာသူများ ကိုကျန်းမာအောင်ကုသပေးရန်လည်းကောင်း စေလွှတ်တော်မူ၏။-
Akawatuma waende kuhubiri ufalme wa Mungu na kuponya wagonjwa.
3 ၃ ကိုယ်တော်က ``လမ်းခရီးအတွက်သင်တို့သည် အဘယ်အရာကိုမျှမယူကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ ရိက္ခာ၊ ကြေးငွေတို့ကိုမယူရကြ။ လူတစ်ကိုယ်လျှင်အင်္ကျီအပိုတစ်ထည်ပင် မပါရ။-
Akawaambia, “Msichukue chochote kwa ajili ya safari yenu wala fimbo, wala mkoba, wala mkate, wala pesa wala msichukue kanzu mbili.
4 ၄ မည်သည့်အိမ်မဆိုသင်တို့ကိုဝင်ခွင့်ပြုလျှင် မြို့မှထွက်ခွာသည်တိုင်အောင်ထိုအိမ်မှာပင် တည်းခိုကြလော့။-
Nyumba yoyote mtakayo iingia, kaeni humo mpaka mtakapo ondoka mahali hapo.
5 ၅ သင်တို့အားလက်မခံသူများကိုမူသတိ ပေးသည့်အနေဖြင့် ထိုမြို့မှထွက်ခွာချိန်၌ သင်တို့ခြေဖဝါးမှမြေမှုန့်ကိုခါချခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။
Na kwa wale wasio wapokea, mtakapo ondoka mji huo, jikung'uteni vumbi katika miguu yenu kwa ushuhuda juu yao”.
6 ၆ တမန်တော်တို့သည်အထံတော်မှထွက်သွား ပြီးလျှင် အရပ်ရပ်သို့လှည့်လည်လျက်သတင်း ကောင်းကိုဟောပြောကြေညာ၍အနာရောဂါ များကိုပျောက်ကင်းစေကြ၏။
Wakaondoka na kwenda kupitia vijijini, wakitangaza habari njema na kuponya watu kila mahali.
7 ၇ ဂါလိလဲဘုရင်ခံမင်းကြီးဟေရုဒ်မင်းသည် ကိုယ် တော်ပြုတော်မူသောအမှုအရာများအကြောင်း ကိုကြား၏။ လူအချို့က ``ဗတ္တိဇံဆရာယောဟန် သေရာမှရှင်ပြန်လေပြီ'' ဟူ၍လည်းကောင်း၊-
Sasa Herode, mtawala, alisikia yote yaliyo kuwa yakitokea alitaabika sana, kwa sababuu ilisemekana na baadhi kwamba Yohana mbatizaji amefufuka kutoka wafu,
8 ၈ အချို့က ``ဧလိယကြွလာလေပြီ'' ဟူ၍ လည်းကောင်း၊ အချို့ကမူ ``ရှေးပရောဖက်တစ် ပါးအသက်ပြန်၍ရှင်လာလေပြီ'' ဟူ၍လည်း ကောင်းပြောဆိုနေကြသည်ကိုဟေရုဒ်သည် ကြားသဖြင့်စိတ်ရှုပ်ထွေးလျက်၊-
na baathi kwamba Elia amekwisha tokea, na kwa wengine kwamba mmoja wa manabii wa zamani amefufuka katika wafu tena.
9 ၉ ``ငါသည်ယောဟန်၏ဦးခေါင်းကိုဖြတ်ခဲ့၏။ ငါ သတင်းကြားနေရသောဤသူကားအဘယ်သူ နည်း'' ဟုဆို၍သခင်ယေရှုကိုတွေ့မြင်ရန်ကြိုး စားလျက်နေ၏။
Herode alisema, “nilimchinja Yohana, lakini huyu ni nani ninae sikia habari zake? Na Herode alitafuta njia ya kumwona Yesu.
10 ၁၀ တမန်တော်တို့သည်ကိုယ်တော်ထံသို့ပြန်လာကြ လျက် မိမိတို့လုပ်ဆောင်ခဲ့သမျှတို့ကိုလျှောက် ထားကြ၏။ ကိုယ်တော်သည်သူတို့ကိုခေါ်၍ ဗက်ဇဲဒနာမည်တွင်သောမြို့သို့ကြွတော်မူ၏။-
Wakati waliporudi wale waliotumwa, wakamwamwambia kila kitu walicho fanya. Akawachukua pamoja naye, akaenda peke yake katika mji uitwao Bethsadia.
11 ၁၁ လူပရိသတ်တို့သည်ထိုသို့ကြွသွားကြောင်းကို ကြားသိကြသောအခါနောက်တော်သို့လိုက် ကြ၏။ ကိုယ်တော်သည်ထိုသူတို့အားကြိုဆို လက်ခံပြီးလျှင် ဘုရားသခင်၏နိုင်ငံတော် အကြောင်းကိုဟောပြောသွန်သင်တော်မူ၏။ မကျန်းမာသူကိုလည်းကျန်းမာစေတော်မူ၏။
Lakini makutano wakasikia kuhusu hili wakamfuata, na aliwakaribisha, na akaongea nao kuhusu ufalme wa Mungu, na aliwaponya wale waliohitaji uponyaji.
12 ၁၂ မိုးချုပ်စပြုသောအခါတစ်ကျိပ်နှစ်ပါးသော တမန်တော်တို့သည်ကိုယ်တော်၏ထံသို့လာ၍ ``ဤ လူပရိသတ်ကိုပတ်ဝန်းကျင်ကျေးလက်နှင့်တော ရွာများသို့သွား၍ တည်းခိုရန်နေရာနှင့်အစား အစာကိုရှာစေတော်မူပါ။ ဤအရပ်သည်လူ သူနှင့်ဝေးရာအရပ်ဖြစ်ပါ၏'' ဟုလျှောက် ထားကြ၏။
Siku ikaanza kuisha, na wale kumi na wawili wakaenda kwake na kusema, “Watawanye makutano kwamba waende katika vijiji vya karibu na mijini wakatafute mapumziko na chakula, kwa sababu tupo eneo la nyikani.”
13 ၁၃ ကိုယ်တော်က ``သင်တို့ပင်ထိုသူတို့အားစား စရာကိုကျွေးမွေးကြလော့'' ဟုမိန့်တော်မူ၏။ တပည့်တော်တို့က ``အကျွန်ုပ်တို့သည်ဤလူထု အတွက်အစားအစာများကိုသွား၍ဝယ်ရ ပါမည်လော။ အကျွန်ုပ်တို့ထံမှာမုန့်ငါးလုံး နှင့်ငါးနှစ်ကောင်သာရှိပါ၏'' ဟုပြန်လည် လျှောက်ထားကြ၏။-
Lakini akawaambia, “Nyie wapeni kitu cha kula.” Wakasema “Hatuna zaidi ya vipande vitano vya mikate na samaki wawili, isipokuwa tungeenda na kununua chakula kwa ajili ya kusanyiko hili la watu.”
14 ၁၄ (အဘယ်ကြောင့်ဤသို့လျှောက်ထားရသနည်း ဆိုသော်လူပရိသတ်ဦးရေငါးထောင်ခန့်ရှိ သောကြောင့်ဖြစ်၏။) ကိုယ်တော်က ``ဤသူတို့ကိုငါးဆယ်ခန့်စီ အစုလိုက်ထိုင်စေကြလော့'' ဟုမိန့်တော်မူ သည်။-
Kulikua na wanaume wapatao elfu tano pale. Akawambia wanafunzi wake. “Wakalisheni chini katika makundi ya watu wapatao hamsini kwa kila kundi.
15 ၁၅ တပည့်တော်တို့သည်အမိန့်တော်အတိုင်း ဆောင်ရွက်ကြ၏။-
Kwa hiyo wakafanya hivyo na watu wa wakaketi chini.
16 ၁၆ ကိုယ်တော်သည်မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကို ယူတော်မူ၏။ ထိုနောက်ကောင်းကင်သို့မျှော်ကြည့် လျက်ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ မုန့်နှင့်ငါးကိုဖဲ့တော်မူပြီးလျှင်လူတို့အား ဝေငှရန်အတွက်တပည့်တော်တို့အားပေးအပ် တော်မူ၏။-
Akachukua mikate mitano na samaki wawili na akatazama mbinguni, akavibariki, na kuvimega katika vipande, akawapa wanafunzi wake ili waviweke mbele ya makutano.
17 ၁၇ လူအပေါင်းတို့သည်အဝစားရကြ၏။ သူတို့ ၏စားကြွင်းစားကျန်များကိုကောက်သိမ်းရာ တောင်းတစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
Wote wakala na wakashiba, na vipande vya chakula vilivyo baki viliokotwa na kujaza vikapu kumi na viwili.
18 ၁၈ အခါတစ်ပါး၌ကိုယ်တော်သည်တစ်ကိုယ်တည်း ဆုတောင်းပတ္ထနာပြုလျက်နေတော်မူသောအခါ တပည့်တော်တို့သည်ကိုယ်တော်၏ထံတော်သို့လာ ကြ၏။ ကိုယ်တော်က ``လူတို့သည်ငါ့ကိုအဘယ် သူဟုဆိုကြသနည်း'' ဟုမေးတော်မူ၏။
Nayo ikawa kwamba, alipokuwa akiomba peke yake, wanafunzi wake walikuwa pamoja naye, na akawauliza akisema, “watu husema mimi ni nani?”
19 ၁၉ တပည့်တော်တို့က ``ဗတ္တိဇံဆရာယောဟန်ဟု အချို့ဆိုကြပါသည်။ အချို့ကဧလိယဟူ၍ လည်းကောင်း၊ အချို့ကမူပြန်လည်အသက်ရှင်လာ သောရှေးပရောဖက်တစ်ပါးဟူ၍လည်းကောင်း ပြောဆိုကြပါသည်'' ဟုလျှောက်ထားကြ၏။
Wakijibu, wakasema, “Yohana mbatizaji, lakini wengine husema Eliya, na wengine husema mmoja wa manabii wa nyakati za zamani amefufuka tena.”
20 ၂၀ ထိုအခါကိုယ်တော်က ``သင်တို့ကမူငါ့ကို အဘယ်သူဟုဆိုကြသနည်း'' ဟုမေးတော် မူ၏။ ပေတရုက ``အရှင်သည်ဘုရားသခင်စေလွှတ် တော်မူသည့်မေရှိယဖြစ်ပါသည်'' ဟုဖြေဆို လျှောက်ထား၏။
Akawambia, “Lakini ninyi mwasema mimi ni nani?” Akijibu Petro akasema, “Kristo kutoka kwa Mungu.”
21 ၂၁ ကိုယ်တော်က ``ဤအကြောင်းကိုမည်သူမျှ မသိစေနှင့်'' ဟုကြပ်တည်းစွာပညတ်တော် မူ၏။-
Lakini kwa kuwaonya, Yesu akawaelekeza kutomwambia yeyote juu ya hili,
22 ၂၂ ထိုနောက်ဆက်လက်၍ ``လူသားသည်ဝေဒနာများ စွာခံတော်မူရမည်။ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်သူ့ကိုပစ်ပယ်ကြလိမ့်မည်။ လူသား သည်အသေခံရမည်။ သုံးရက်မြောက်သောနေ့ ၌ရှင်ပြန်ထမြောက်လိမ့်မည်'' ဟုတပည့်တော် တို့အားမိန့်တော်မူ၏။
akasema kwamba mwana wa Adamu lazma ateseke kwa mambo mengi na kukataliwa na wazee na Makuhani wakuu na waandishi, na atauawa, na siku ya tatu atafufuka.
23 ၂၃ ထိုနောက်ကိုယ်တော်ကလူအပေါင်းတို့အား ``ငါ့ တပည့်ဖြစ်လိုသူသည်ကိုယ်ကျိုးကိုစွန့်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင်ကိုနေ့စဉ်ထမ်း၍ငါ့ နောက်သို့လိုက်ရမည်။-
Akawambia wote, “kama mtu yeyote akitaka kunifuata, lazima ajikane mwenyewe, achukue msalaba wake kila siku, na anifuate.
24 ၂၄ မိမိအသက်ကိုကယ်ဆယ်လိုသူသည်အသက် ဆုံးရှုံးရလိမ့်မည်။ ငါ့ကြောင့်အသက်ဆုံးရှုံး သူသည်မိမိအသက်ကိုကယ်ဆယ်လိမ့်မည်။-
Yeyote ajaribuye kuyaokoa maisha yake atayapoteza, lakini yeyote apotezae maisha yake kwa faida yangu, atayaokoa.
25 ၂၅ လူသည်တစ်လောကလုံးကိုစိုးပိုင်ခွင့်ရသော် လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ် အကျိုးရှိမည်နည်း။-
Je kitamfaidia nini mwanadamu, kama akiupata ulimwengu wote, lakini akapoteza au akapata hasara ya nafsi yake?
26 ၂၆ မည်သူမဆိုငါနှင့်ငါ၏သြဝါဒကြောင့်ရှက် လျှင်လူသားသည်မိမိ၏ဘုန်းအသရေ၊ ခမည်း တော်၏ဘုန်းအသရေ၊ သန့်ရှင်းသောကောင်းကင် တမန်များ၏ဘုန်းအသရေကိုဆောင်လျက် ကြွလာသောအခါထိုသူကြောင့်ရှက်တော်မူ လတ္တံ့။-
Yeyote atakaye nionea aibu mimi na maneno yangu, kwake yeye mwana wa Adam atamuonea aibu atakapo kuwa katika utukufu wake, na utukufu wa Baba na malaika watakatifu.
27 ၂၇ သင်တို့အားအမှန်အကန်ငါဆိုသည်ကား ဤ အရပ်ရှိလူအချို့တို့သည်ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်မီမသေရကြ'' ဟု မိန့်တော်မူ၏။
Lakini ninawaambia ukweli, kuna baadhi yenu wasimamao hapa, hawata onja umauti mpaka wauone ufalme wa Mungu.”
28 ၂၈ ဤသို့မိန့်တော်မူပြီးနောက်ရှစ်ရက်ခန့်ကြာသော အခါကိုယ်တော်သည်ပေတရု၊ ယောဟန်၊ ယာကုပ် တို့ကိုခေါ်၍ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် သို့ကြွတော်မူ၏။-
Ikatokea yapata siku nane baada ya Yesu kusema maneno haya kwamba akawachukua pamoja nae Petro, Yohana na, Yakobo, wakapanda mlimani kuomba.
29 ၂၉ ဆုတောင်းပတ္ထနာပြုလျက်နေတော်မူစဉ်မျက်နှာ တော်၏အဆင်းအရောင်သည်ထူးခြားလာလျက်၊ အဝတ်တော်သည်ဖြူဖွေးတောက်ပလာ၏။-
Na alipokuwa katika kuomba, muonekano wa uso wake ulibadilika, na mavazi yake yakawa meupe na ya kung'aa.
30 ၃၀ လူနှစ်ယောက်တို့သည်ရုတ်တရက်ပေါ်လာ၍ ကိုယ်တော်နှင့်စကားပြောလျက်နေ၏။ ထိုသူ တို့သည်ကားမောရှေနှင့်ဧလိယဖြစ်ကြ၏။-
Na tazama, walikuwepo wanaume wawili wakiongea naye! Walikuwa Musa na Elia,
31 ၃၁ သူတို့သည်ဘုန်းအသရေနှင့်တကွပေါ်လာ ၍ဘုရားသခင်၏အလိုတော်အရမကြာမီ ယေရုရှလင်မြို့တွင်ကိုယ်တော်အသေခံတော် မူရမည့်အကြောင်းကိုကိုယ်တော်နှင့်ပြောဆို နေကြသတည်း။-
walionekana katika utukufu. Waliongea kuhusu kuondoka kwake, jambo ambalo alikaribia kulitimiza Yerusalem.
32 ၃၂ ပေတရုနှင့်အဖော်များသည်ငိုက်မြည်း အိပ်ပျော်လျက်နေကြ၏။ သို့ရာတွင်သူတို့ နိုးလာသောအခါကိုယ်တော်၏ဘုန်းအသ ရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူ ရပ်နေသူနှစ်ဦးကိုလည်းကောင်းမြင်ကြ၏။-
Sasa Petro na wale waliokua pamoja naye walikuwa katika usingizi mzito. Lakini walipokuamka, waliuona utukufu wake na wanaume wawili waliokuwa wamesimama pamoja nae.
33 ၃၃ ထိုသူနှစ်ဦးတို့ကိုယ်တော်၏ထံမှထွက်ခွာသွား နေကြစဉ်ပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ ကိုယ်တော်အတွက်တဲ တစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ် တို့ဆောက်ပါရစေ'' ဟုပြောမိပြောရာပြောဆို လျှောက်ထား၏။
Ikatokea kwamba, walipokuwa wakiondoka kwa Yesu, Petro akamwambia, “Bwana, ni vizuri kwetu kukaa hapa na inatupasa tutengeneze makazi ya watu watatu. Tutengeneze moja kwa ajili yako, moja kwa ajili ya Musa, na moja kwa ajili ya Eliya.” Hakuelewa alichokuwa akiongelea.
34 ၃၄ ဤသို့လျှောက်ထားစဉ်မိုးတိမ်တိုက်တစ်ခုသည် ပေါ်လာ၍သူတို့အပေါ်မှာတိမ်ရိပ်ကျလေ၏။-
Alipokuwa akisema hayo, likaja wingu na likawafunika; na waliogopa walipoona wamezunguwa na wamezungukwa na wingu.
35 ၃၅ မိုးတိမ်တိုက်သူတို့အပေါ်သို့ရောက်လာသော အခါသူတို့သည်ကြောက်လန့်ကြ၏။ မိုးတိမ် ထဲက ``ဤသူကားငါ၏သားတော်ဖြစ်၏။ သူ့ အားငါရွေးကောက်တော်မူပြီ။ သူ၏စကား ကိုနားထောင်ကြလော့'' ဟုအသံတော်ထွက် ပေါ်လာ၏။
Sauti ikatoka kwenye wingu ikasema, “Huyu ni Mwanangu mteule. Msikilizeni yeye.”
36 ၃၆ အသံတော်ထွက်ပေါ်ပြီးသည့်နောက်သခင်ယေရှု တစ်ပါးတည်းကိုသာလျှင်တပည့်တော်တို့မြင် ရကြ၏။ သူတို့သည်မိမိတို့တွေ့မြင်ရသည့် အကြောင်းအရာကိုထိုစဉ်အခါကမည်သူ့ ကိုမျှမပြောဘဲဆိတ်ဆိတ်နေကြ၏။
Sauti iliponyamaza, Yesu alikuwa peke yake. walikaa kimya, na katika siku hizo hawakumwambia yeyote lolote miongoni mwa waliyoyaona.
37 ၃၇ နောက်တစ်နေ့၌ကိုယ်တော်နှင့်တပည့်တော်တို့သည် တောင်ပေါ်မှဆင်းလာကြ၏။ ထိုအခါများစွာ သောလူပရိသတ်တို့သည်ကိုယ်တော်ကိုခရီးဦး ကြိုဆိုကြ၏။-
Siku iliyofuata, baada ya kutoka mlimani, kusanyiko kubwa la watu lilikutana naye.
38 ၃၈ ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်၏သားကိုကြည့်ရှုတော်မူရန်တောင်း ပန်ပါ၏။ သူသည်အကျွန်ုပ်၏တစ်ဦးတည်းသော သားဖြစ်ပါ၏။-
Tazama, mwanaume kutoka kwenye kusanyiko alilia kwa sauti, akisema, “Mwalimu ninakuomba umtazame mwanangu, kwa kuwa ni mwanangu wa pekee.
39 ၃၉ နတ်ပူးဝင်သဖြင့်ရုတ်တရက်အော်ဟစ်တတ် ပါ၏။ နတ်သည်သူ့ကိုတုန်တက်စေသဖြင့်သူ့ ပါးစပ်မှအမြှုပ်ထွက်တတ်ပါ၏။ နတ်သည် သူ့အားပင်ပန်းမောဟိုက်နာကျင်စေပြီးမှ ခက်ခက်ခဲခဲနှင့်သာလျှင်ထွက်ခွာတတ်ပါ၏။-
Unaona roho chafu humshika, na mara hupiga kelele, na pia humfanya achanganyikiwe na kutokwa povu kinywani. Nayo humtoka kwa shida, ikimsababshia maumivu makali.
40 ၄၀ အကျွန်ုပ်သည်အရှင်၏တပည့်များအားထို နတ်ကိုနှင်ထုတ်ပေးရန်တောင်းပန်ပါသော် လည်းသူတို့သည်မတတ်နိုင်ကြပါ'' ဟု လျှောက်ထား၏။
Naliwasihi wanafunzi wako kuikea itoke. lakini hawakuweza.”
41 ၄၁ သခင်ယေရှုက ``ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန် တတ်သောခေတ်လူတို့၊ ငါသည်သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍သည်းခံရမည်နည်း'' ဟု မိန့်တော်မူ၏။ ထိုနောက်ထိုသူအား ``သင်၏သား ကိုခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။
Yesu akajibu akasema, “Enyi kizazi kisichoamini na kilichopotoka, mpaka lini nitkaa nanyi na kuchukuliana nanyi? Mlete mwanao hapa.”
42 ၄၂ သူငယ်လာနေစဉ်ပင်နတ်မိစ္ဆာသည်သူ့အားမြေ ပေါ်သို့လှဲ၍တုန်တက်စေ၏။ သခင်ယေရှုသည် နတ်မိစ္ဆာအားအမိန့်ပေး၍သူငယ်ကိုကျန်းမာ စေတော်မူပြီးနောက်ဖခင်အားပြန်လည်ပေး အပ်တော်မူ၏။-
Kijana aliokuwa anakuja, roho cha ikamuangusha chini na kumtikisa kwa fujo. Lakini Yesu aliikemea ile roho chafu, alimponya mvulana, na kamkabidhi kwa baba yake.
43 ၄၃ လူအပေါင်းတို့သည်ဘုရားသခင်၏မဟာ တန်ခိုးတော်ကိုမြင်ရ၍အံ့သြကြကုန်၏။ လူတို့သည်ကိုယ်တော်ပြုတော်မူသောအမှု အရာများကြောင့်အံ့သြနေကြစဉ်၊ ကိုယ်တော် က၊-
Wote walishangazwa na ukuu wa Mungu. Lakini walipokuwa wakistaajabu wote kwa mambo yote aliyo yaliyotedeka, akasema kwa wanafunzi wake,
44 ၄၄ ``လူသားသည်လူတို့၏လက်သို့အပ်နှံခြင်းကို ခံရလိမ့်မည်။ ဤစကားကိုသင်တို့သတိပြု၍ မှတ်ထားကြလော့'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။-
“Maneno yawakae masikioni mwenu, kwa kuwa Mwana wa Adamu atatolewa mikononi mwa wanadamu.”
45 ၄၅ သို့ရာတွင်တပည့်တော်တို့သည်ထိုစကားကို နားမလည်ကြ။ ယင်းသို့နားမလည်ကြစေရန် အနက်အဋ္ဌိပ္ပါယ်ကွယ်ဝှက်လျက်ရှိသတည်း။ သူ တို့သည်လည်းကိုယ်တော်အားမမေးမလျှောက် ဝံ့ကြ။
Lakni hawakuelewa maana ya maneno hayo, na yalifichwa machoni pao, ili wasije wakalielewa. Waliogopa kumuuliza kuhusu neno hilo.
46 ၄၆ တပည့်တော်တို့သည်မိမိတို့တွင်အဘယ်သူ သည်အကြီးမြတ်ဆုံးနည်းဟုအချင်းချင်း အခြေအတင်ပြောဆိုနေကြ၏။-
Kisha mgogoro ulianza ulizuka miongoni mwao i juu ya nani angekuwa mkuu.
47 ၄၇ သခင်ယေရှုသည်ထိုသို့ငြင်းခုံနေကြသည် ကိုသိတော်မူသဖြင့် ကလေးသူငယ်တစ်ယောက် ကိုခေါ်၍မိမိအနီးတွင်ရပ်စေတော်မူ၏။-
Lakini Yesu alipotambua walichokuwa wakihojiana mioyoni mwao, alimchukua mtoto mdogo, na kumuweka upande wake,
48 ၄၈ ထိုနောက်ကိုယ်တော်က ``ငါ၏နာမကိုထောက် ၍ဤကလေးသူငယ်ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ ၏။ သင်တို့တွင်အသိမ်ငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးဖြစ်၏'' ဟုမိန့်တော်မူ၏။
na akasema, “kama mtu yeyote akimpokea mtoto mdogo kama huyu kwa jina langu, anipokea mimi pia, na yeyote akinipokea mimi, ampokea pia aliyenituma, kwa kuwa aliye mdogo kati yenu wote ndiye alie mkuu”
49 ၄၉ ယောဟန်က ``အရှင်ဘုရား၊ လူတစ်ယောက်သည် အရှင်၏နာမတော်ကိုအမှီပြု၍နတ်မိစ္ဆာတို့ ကိုနှင်ထုတ်နေသည်ကိုအကျွန်ုပ်တို့တွေ့မြင် ခဲ့ပါသည်။ သူသည်အကျွန်ုပ်တို့ဘက်သား မဟုတ်။ ထို့ကြောင့်အကျွန်ုပ်တို့သည်သူ့အား အရှင်၏နာမတော်ကိုအသုံးမပြုရန် တားမြစ်ခဲ့ပါ၏'' ဟုလျှောက်ထား၏။
Yohana akajibu akasema, “Bwana, tulimuona mtu akifukuza pepo kwa jina lako na tukamzuia, kwa sababu haambatani na sisi.”
50 ၅၀ သခင်ယေရှုက ``ထိုသူကိုမတားမြစ်ကြ နှင့်။ သင်တို့ကိုမဆန့်ကျင်သူသည်သင်တို့ ဘက်သားဖြစ်၏'' ဟုမိန့်တော်မူ၏။
Lakini Yesu akamwambia, “Msimzuie, kwa kuwa asiye kinyume na ninyi ni wa kwenu”
51 ၅၁ ကောင်းကင်ဘုံသို့တက်ကြွရန်အချိန်နီးလာ သောအခါ ကိုယ်တော်သည်ယေရုရှလင်မြို့သို့ ကြွတော်မူရန်စိတ်ပိုင်းဖြတ်လျက်-
Ikatokea kwamba, kulinga na siku zilivyokua zikikaribia zsiku zake za kwenda mbinguni, kwa uimara alielekeza uso wake Yerusalemu.
52 ၅၂ စေတမန်များကိုကြိုတင်စေလွှတ်တော်မူ၏။ သူတို့သည်သွား၍ကိုယ်တော်၏အတွက်ပြင် ဆင်မှုများကိုပြုရန်ရှမာရိရွာတစ်ရွာသို့ ဝင်ကြ၏။-
Akatuma wajumbe mbele yake, nao wakaenda na kuingia katika kijiji cha Wasamaria ili wamtayarishie mahali.
53 ၅၃ သို့ရာတွင်ကိုယ်တော်သည်ယေရုရှလင်မြို့သို့ ခရီးပြုလျက်နေတော်မူသည်ကိုထောက်၍ ရွာသားတို့သည်ကိုယ်တော်ကိုလက်မခံကြ။-
Lakini watu huko hawakumpokea, kwasababu alikua ameelekeza uso wake Yerusalemu.
54 ၅၄ ဤအခြင်းအရာကိုကိုယ်တော်၏တပည့်တော် များဖြစ်ကြသောယာကုပ်နှင့်ယောဟန်တို့မြင် ကြသောအခါ ``အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျ၍ထိုသူတို့အားလောင် ကျွမ်းစေရန်အလိုရှိတော်မူသလော'' ဟုမေး လျှောက်ကြ၏။
Wanafunzi wake Yakobo na Yohana walipo liona hili, wakasema, “Bwana unahitaji tuamuru moto ushuke chini kutoka mbinguni uwateketeze?”
55 ၅၅ ကိုယ်တော်သည်လှည့်၍သူတို့အားဆုံးမတော် မူ၏။-
Lakini aliwageukia akawakemea.
56 ၅၆ ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် အခြားရွာတစ်ရွာသို့ထွက်သွားကြ၏။
Kisha walikwenda kijiji kingine.
57 ၅၇ ယင်းသို့ခရီးပြုနေကြစဉ်လူတစ်ယောက် က ``အကျွန်ုပ်သည်အရှင်ကြွတော်မူရာသို့ လိုက်ပါမည်'' ဟုသခင်ယေရှုအားလျှောက် ထား၏။
Walipokuwa wakienda katika njia yao, mtu mmoja akamwambia, “Nitakufuata popote uendapo.”
58 ၅၈ သခင်ယေရှုက ``မြေခွေးမှာတွင်းရှိ၏။ ငှက်မှာ အသိုက်ရှိ၏။ လူသားမှာမူကားခေါင်းချစရာ နေရာမျှမရှိ'' ဟုမိန့်တော်မူ၏။
Yesu akamwambia, “Mbweha wanamashimo, ndege wa angani wana viota, lakini mwana wa Adamu hana pakulaza kichwa chake.”
59 ၅၉ ကိုယ်တော်သည်အခြားလူတစ်ယောက်အား ``ငါ့ နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။ သို့ရာတွင်ထိုသူက ``အကျွန်ုပ်အဖ၏အလောင်း ကိုဦးစွာသွား၍သင်္ဂြိုဟ်ခွင့်ပေးတော်မူပါ'' ဟု လျှောက်၏။
Ndipo akamwambia mtu mwingine, “Nifuate.” Lakini yeye akasema, “Bwana, niruhusu kwanza niende nikamzika baba yangu,”
60 ၆၀ ကိုယ်တော်က ``လူသေတို့သည်အချင်းချင်း သင်္ဂြိုဟ်ကြပါစေ။ သင်မူကားသွား၍ဘုရား သခင်၏နိုင်ငံတော်အကြောင်းဟောပြော လော့'' ဟုမိန့်တော်မူ၏။
Lakini yeye akamwambia, “Waache wafu wawazike wafu wao, lakini wewe nenda ukautangaze ufalme wa Mungu kila mahali.”
61 ၆၁ အခြားသောသူတစ်ယောက်က ``အရှင်၊ အကျွန်ုပ် သည်နောက်တော်သို့လိုက်ပါမည်။ သို့ရာတွင် အကျွန်ုပ်၏အိမ်သူအိမ်သားများအားဦး စွာသွား၍နှုတ်ဆက်ခွင့်ပြုတော်မူပါ'' ဟု လျှောက်၏။
Pia mtu mwingine akasema. “Nitakufuata, Bwana, lakini niruhusu kwanza nikawaage walio katika nyumba yangu.”
62 ၆၂ သခင်ယေရှုက ``ထွန်ကိုင်းကိုကိုင်လျက်နောက် သို့လှည့်ကြည့်သူသည်ဘုရားသခင်၏နိုင်ငံ တော်အတွက်အသုံးမဝင်'' ဟုမိန့်တော်မူ၏။
Laki Yesu akamwambia hakuna mtu, atiaye mkono wake kulima na kuangalia nyuma atakayefaa kwa ufalme wa Mungu.”