< လုကာ 8 >
1 ၁ ကာလအနည်းငယ်ကြာသော်ကိုယ်တော်သည် မြို့ရွာများကိုဖြတ်ကြွလျက် ဘုရားသခင် နိုင်ငံတော်အကြောင်းသတင်းကောင်းကိုဟော ပြောတော်မူ၏။-
Él iba por ciudades y aldeas. Predicaba y proclamaba las Buenas Noticias del reino de Dios. Lo acompañaban los 12
2 ၂ တစ်ကျိပ်နှစ်ပါးသောတမန်တော်တို့သည်ကိုယ်တော် နှင့်အတူလိုက်ပါလာကြ၏။ အနာရောဂါဘေး၊ နတ်မိစ္ဆာဘေးမှကိုယ်တော်ကင်းလွတ်စေခဲ့သော အမျိုးသမီးအချို့တို့လည်းလိုက်ပါလာကြ၏။ ထိုသူတို့အနက်နတ်မိစ္ဆာခုနစ်ဖော်စွန့်ခွာသွား သောမာဂဒလမြို့သူမာရိ၊-
y algunas mujeres que habían sido sanadas de espíritus malignos y de enfermedades: María Magdalena, de quien habían salido siete demonios,
3 ၃ ဟေရုဒ်မင်း၏အိမ်ထောင်အုပ်ချုပ်ရေးမှူးခုဇ၏ ဇနီးယောဟန္န၊ ရှုရှန္နနှင့်အခြားအမျိုးသမီး များပါ၏။ ဤအမျိုးသမီးများသည်မိမိတို့ စရိတ်ဖြင့်ကိုယ်တော်နှင့်တပည့်တော်တို့အား လုပ်ကျွေးသမှုပြုကြ၏။
Juana, esposa de Chuza, mayordomo de Herodes, Susana y muchas otras que les servían de sus propiedades.
4 ၄ အမြို့မြို့မှလာကြသောလူအပေါင်းတို့သည် အထံတော်တွင်စုရုံးလျက်နေကြစဉ်ကိုယ် တော်သည်ပုံဥပမာဆောင်၍၊-
Cuando se reunió una gran multitud que acudió a Él de cada ciudad, les habló por medio de una parábola.
5 ၅ ``မျိုးကြဲသူသည်မျိုးကြဲရန်ထွက်သွား၏။ မျိုးကြဲ သောအခါအချို့မျိုးစေ့များသည်လမ်းတွင်ကျ၏။ ထိုမျိုးစေ့တို့ကိုလူများကျော်နင်း၍ငှက်များ ကောက်စားကြ၏။-
El sembrador salió a sembrar su semilla. Una [parte] cayó junto al camino, fue pisoteada, y las aves del cielo la comieron.
6 ၆ အချို့မျိုးစေ့များသည်ကျောက်မြေပေါ်တွင်ကျ ၏။ အပင်များပေါက်ပြီးနောက်ရေမရသဖြင့် ညှိုးနွမ်းခြောက်သွေ့ကုန်၏။-
Otra [parte] cayó sobre la roca, y al brotar se secó por no tener humedad.
7 ၇ အချို့မျိုးစေ့များသည်ဆူးတောတွင်ကျ၏။ ဆူးပင် များသည်အပင်ငယ်များနှင့်အတူကြီးထွားလာ ပြီးလျှင်ထိုအပင်ငယ်တို့ကိုလွှမ်းမိုးသွား၏။-
Otra [parte] cayó en medio de las espinas, y cuando creció juntamente con las espinas, la ahogaron.
8 ၈ အချို့မျိုးစေ့များကားမြေကောင်းမြေသန့်တွင်ကျ သဖြင့်အပင်ပေါက်၍အဆတစ်ရာသီးနှံများကို ဖြစ်ပွားစေ၏'' ဟုမိန့်တော်မူ၏။ ထိုနောက် ``ကြား တတ်သောနားရှိသူတို့ကြားကြကုန်လော့'' ဟု ကြွေးကြော်တော်မူ၏။
Otra [parte] cayó en la buena tierra, y cuando creció, produjo fruto a ciento por uno. Al decir estas cosas, exclamaba: ¡El que tiene oídos para oír, escuche!
9 ၉ တပည့်တော်တို့သည်ဤပုံဥပမာ၏အနက် အဋ္ဌိပ္ပါယ်ကိုကိုယ်တော်အားမေးလျှောက်ကြ၏။-
Sus discípulos le preguntaban el significado de esta parábola.
10 ၁၀ ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သောနက်နဲသည့်အကြောင်း အရာများကိုသိနားလည်ရကြ၏။ အခြား သူတို့မူကားကြည့်လျက်နှင့်မမြင်၊ ကြားလျက် နှင့်နားမလည်၊ ပုံဥပမာများအားဖြင့်ဟောရ၏။
Él contestó: A ustedes les fue dado conocer los misterios del reino de Dios, pero a los demás, por parábolas, para que al ver no miren y al oír no entiendan.
11 ၁၁ ``ဤပုံဥပမာ၏အနက်အဋ္ဌိပ္ပါယ်ကားဤသို့ တည်း။ မျိုးစေ့သည်ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဆိုလို၏။-
Esta es, pues, la parábola: La semilla es la Palabra de Dios.
12 ၁၂ လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသူများကိုဆိုလို၏။ သို့ ရာတွင်မာရ်နတ်သည်ထိုသူတို့ယုံကြည်၍ ကယ် တင်ခြင်းခံရကြမည်စိုးသဖြင့်လာ၍ သူတို့၏ စိတ်နှလုံးထဲမှနှုတ်ကပတ်တရားတော်ကို နုတ်ယူသွား၏။-
La parte que cayó junto al camino son los que oyeron. Luego viene el diablo y quita la Palabra de sus corazones para que no crean y sean salvos.
13 ၁၃ ကျောက်မြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသောအခါ ဝမ်းမြောက်စွာ ယုံကြည်ခံယူသူများကိုဆိုလိုသည်။ သို့ရာတွင် သူတို့၏စိတ်နှလုံးတွင်နှုတ်ကပတ်တော်သည် အမြစ်မစွဲ။ ကာလအနည်းငယ်သာယုံကြည် လက်ခံ၏။ သို့ရာတွင်စုံစမ်းနှောင့်ယှက်ခြင်းတွေ့ သောအခါသူတို့သည်ဖောက်ပြန်သူများ ဖြစ်ကြ၏။-
La parte que cayó sobre la roca son los que, cuando oyen, reciben la Palabra con gozo, pero no tienen raíz. Creen por un tiempo, pero cuando llega la prueba [se] apartan.
14 ၁၄ ဆူးတောတွင်ကျသည့်မျိုးစေ့ကားနှုတ်ကပတ် တရားတော်ကိုကြားပြီးနောက်စိုးရိမ်ကြောင့် ကြမှု၊ ချမ်းသာကြွယ်ဝမှု၊ ကာမဂုဏ်ခံစားမှု များကလွှမ်းမိုးသဖြင့်အောင်မြင်သောအသီး မသီးနိုင်သူများကိုဆိုလို၏။-
La [parte] que cayó entre las espinas son los que oyeron, pero al seguir su camino, son ahogados por preocupaciones, riquezas y placeres de la vida, y no producen fruto.
15 ၁၅ မြေကောင်းမြေသန့်တွင်ကျသောမျိုးစေ့မူကား နှုတ်ကပတ်တော်ကိုကြားပြီးနောက် ရိုးဖြောင့် ကောင်းမွန်သောစိတ်နှလုံးတွင်စွဲမြဲစွာခံယူ ကာအသီးသီးသူများကိုဆိုလိုသတည်း။
Pero la [parte] que cae en la buena tierra son los que oyeron la Palabra con corazón recto y bueno, y producen fruto con perseverancia.
16 ၁၆ ``ဆီမီးကိုထွန်းပြီးလျှင်တောင်းဖြင့်အုပ်ထား ခြင်း၊ ခုတင်အောက်မှာထားခြင်းကိုအဘယ်သူ မျှမပြုတတ်။ အခန်းထဲသို့ဝင်လာသူများ အလင်းကိုမြင်စေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။
El que enciende una lámpara no la cubre con una vasija ni [la] mete debajo de la cama, sino la pone sobre un candelero para que los que entran tengan luz.
17 ၁၇ ``ကွယ်ဝှက်ထားသောအရာဟူသမျှသည်ပေါ် လာရမည်။ ဖုံးအုပ်ထားသောအရာဟူသမျှ သည်ပေါ်လွင်ထင်ရှားလာရမည်။
Porque no hay secreto que no se revele, ni [algo] escondido que de ningún modo sea conocido y salga a la luz.
18 ၁၈ ``သို့ဖြစ်၍သင်တို့မည်သို့မည်ပုံကြားနာသည် ကိုသတိပြုကြလော့။ ရှိသူအားထပ်၍ပေး လိမ့်မည်။ မရှိသူထံမှရှိသည်ဟုထင်ရသော အရာရှိသမျှကိုပင်သိမ်းယူလိမ့်မည်'' ဟု မိန့်တော်မူ၏။
Consideren, pues, lo que oyen, porque al que tenga, le será dado, y al que no tenga, aun lo que supone tener le será quitado.
19 ၁၉ ကိုယ်တော်၏မယ်တော်နှင့်ညီတော်များသည် အထံတော်သို့လာကြ၏။ သို့ရာတွင်လူပရိ သတ်တိုးမပေါက်သဖြင့်ကိုယ်တော်အားတွေ့ ခွင့်မရနိုင်ကြ။-
Entonces llegaron la madre y los hermanos de Jesús, pero no podían acercarse a Él por causa de la multitud.
20 ၂၀ လူတို့က ``မယ်တော်နှင့်ညီတော်များသည်အရှင့် ကိုတွေ့လိုသဖြင့်အပြင်တွင်စောင့်နေကြပါ သည်'' ဟုလျှောက်ကြ၏။
Y le informaron: Tu madre y tus hermanos están afuera y desean verte.
21 ၂၁ ထိုအခါကိုယ်တော်က ``ဘုရားသခင်၏နှုတ် ကပတ်တော်ကိုကြား၍လိုက်လျှောက်သူတို့ကား ငါ၏အမိ၊ ငါ၏ညီများပေတည်း'' ဟုမိန့်တော် မူ၏။
Él respondió: Mi madre y mis hermanos son los que oyen y practican la Palabra de Dios.
22 ၂၂ တစ်နေ့သ၌ကိုယ်တော်နှင့်တပည့်တော်တို့သည် လှေပေါ်ကိုတက်ကြ၏။ ထိုနောက်ကိုယ်တော်က ``အိုင် တစ်ဖက်ကိုကူးကြကုန်အံ့'' ဟုမိန့်တော်မူသဖြင့် တပည့်တော်တို့သည်ရွက်လွှင့်ကြ၏။-
Un día Él entró en una barca con sus discípulos y les dijo: Pasemos al otro lado del lago. Y salieron al mar.
23 ၂၃ သို့ရွက်လွှင့်ကြစဉ်ကိုယ်တော်သည်အိပ်စက်လျက် နေတော်မူ၏။ ထိုအချိန်၌အိုင်တွင်လေမုန်တိုင်း ကျသဖြင့်လှေသည်ရေနှင့်ပြည့်လုမတတ်ရှိ လေ၏။ တပည့်တော်တို့သည်ရေနစ်မည့်ဘေးနှင့် တွေ့ကြုံရကြ၏။-
Pero mientras navegaban, se quedó dormido. Una tempestad de viento descendió sobre el lago. Eran anegados y tenían peligro.
24 ၂၄ သူတို့သည်ကိုယ်တော်ကိုနှိုးပြီးလျှင် ``အရှင်၊ အရှင်၊ အကျွန်ုပ်တို့သေကြပါတော့မည်'' ဟု ဆိုကြ၏။ ကိုယ်တော်သည်အိပ်စက်ရာကထတော်မူ၍ လေနှင့်လှိုင်းများကိုဟန့်တားတော်မူသဖြင့် လေနှင့်လှိုင်းများသည်ငြိမ်သက်သွားလေ၏။-
Entonces lo despertaron y le dijeron: ¡Maestro, Maestro! ¡Perecemos! Y Él reprendió el viento y las olas. Cesaron y hubo calma.
25 ၂၅ ကိုယ်တော်က ``သင်တို့သည်ယုံကြည်ခြင်း မရှိကြသလော'' ဟုတပည့်တော်တို့အား မေးတော်မူ၏။ တပည့်တော်တို့သည်ကြောက်ရွံ့အံ့သြလျက် ``ဤ သူကားအဘယ်သူနည်း။ လေနှင့်လှိုင်းများကို ပင်အမိန့်ပေး၍သူတို့သည်လိုက်နာကြပါ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။
Les preguntó: ¿Dónde está su fe? Atemorizados y asombrados, se preguntaban unos a otros: ¿Quién es Éste que aun manda a los vientos y al agua, y le obedecen?
26 ၂၆ ကိုယ်တော်နှင့်တပည့်တော်တို့သည်ဂါရစနယ် သို့ရွက်လွှင့်ကြ၏။ ဂါရစသည်ဂါလိလဲပြည် အိုင်တစ်ဖက်ကမ်းတွင်ရှိ၏။-
Navegaron hacia la región de los gerasenos, en la ribera opuesta a Galilea.
27 ၂၇ ကိုယ်တော်သည်ကမ်းပေါ်သို့တက်သောအခါ မြို့သားတစ်ဦးသည်ကိုယ်တော်ကိုလာရောက် တွေ့ဆုံ၏။ ထိုသူကိုနတ်မိစ္ဆာပူးကပ်နေသည် မှာကာလကြာလေပြီ။ သူသည်အဝတ်ကို မဝတ်၊ အိမ်တွင်လည်းမနေ၊ သင်္ချိုင်းဂူများ တွင်သာနေ၏။-
Llegaron a la tierra. De la ciudad les salió al encuentro un varón que tenía demonios, y por mucho tiempo no llevaba ropa ni vivía en una casa, sino entre las tumbas.
28 ၂၈ သခင်ယေရှုကိုမြင်လျှင်သူသည်အော်ဟစ်ပြီး လျှင်ရှေ့တော်မှာပျပ်ဝပ်လျက် ``အမြင့်မြတ်ဆုံး သောဘုရား၏သားတော်ယေရှု၊ အရှင်သည် အကျွန်ုပ်အားညှဉ်းဆဲတော်မမူပါနှင့်'' ဟု ကျယ်စွာလျှောက်ထား၏။-
Cuando vio a Jesús, se postró ante Él y clamó con gran voz: ¿Qué tienes conmigo, Jesús, Hijo del Dios Altísimo? Te ruego que no me atormentes.
29 ၂၉ သို့လျှောက်ထားရသည့်အကြောင်းမှာကိုယ်တော် သည်ညစ်ညမ်းသောနတ်အားထိုသူ၏အထဲမှ ထွက်ခဲ့ရန်အမိန့်ပေးလိုက်သောကြောင့်ဖြစ်၏။ နတ်မိစ္ဆာသည်ထိုသူကိုကြိမ်ဖန်များစွာပူးကပ် ခဲ့၏။ သူ၏ခြေလက်တို့ကိုသံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်စောင့်ကြပ်ထားသော်လည်း သူသည်သံကြိုးများကိုချိုးဖြတ်၍တော ကန္တာရသို့ထွက်ပြေးတတ်၏။
Porque mandaba al espíritu impuro que saliera del hombre, pues por mucho tiempo se había apoderado de él violentamente. Lo ataban con cadenas y grillos, y lo mantenían bajo guardia. Al romper las cadenas era impulsado por el demonio hacia los lugares desolados.
30 ၃၀ သခင်ယေရှုကနတ်မိစ္ဆာအား ``သင့်နာမည် ကားအဘယ်နည်း'' ဟုမေးတော်မူ၏။ ``အကျွန်ုပ်နာမည်မှာလေဂေါင်ဖြစ်ပါသည်'' ဟု ပြန်၍လျှောက်၏။ ဤသို့လျှောက်ရသည့်အကြောင်း မှာထိုသူအားနတ်မိစ္ဆာများစွာပူးကပ်နေသော ကြောင့်ဖြစ်၏။-
Jesús le preguntó: ¿Cómo te llamas? Y él respondió: Legión, porque muchos demonios entraron en él.
31 ၃၁ နတ်မိစ္ဆာတို့သည် ``အကျွန်ုပ်တို့အားတွင်းနက်ကြီး ထဲသို့လားစေရန်အမိန့်ပေးတော်မမူပါနှင့်'' ဟုတောင်းပန်ကြ၏။ (Abyssos )
Le rogaban que no los mandara al abismo. (Abyssos )
32 ၃၂ ထိုအချိန်၌ဝက်အုပ်ကြီးတစ်အုပ်သည်တောင်ကုန်း ပေါ်တွင်ကျက်စားလျက်ရှိ၏။ နတ်မိစ္ဆာများသည် ထိုဝက်များကိုပူးဝင်ခွင့်ပြုရန်ကိုယ်တော်အား တောင်းပန်ကြ၏။-
Había allí una piara de muchos cerdos que eran atendidos en la colina. Y le rogaron que les permitiera entrar en ellos, y les permitió.
33 ၃၃ ကိုယ်တော်ခွင့်ပြုတော်မူသဖြင့်နတ်မိစ္ဆာများသည် လူမှခွာ၍ဝက်များကိုပူးဝင်ကြ၏။ ထိုအခါ ဝက်အုပ်တစ်အုပ်လုံးသည်အိုင်ကမ်းစောက်ကို တစ်ဟုန်တည်းပြေးဆင်းပြီးလျှင်ရေနစ်သေ ဆုံးကြကုန်၏။
Entonces, al salir los demonios del hombre, entraron en los cerdos. La piara salió precipitada por el despeñadero al lago y se ahogó.
34 ၃၄ ဤသို့ဖြစ်ပျက်သည့်အခြင်းအရာကိုဝက်ထိန်း တို့မြင်သောအခါထွက်ပြေးကြ၏။ သူတို့သည် မြို့နှင့်ကျေးလက်တောရွာများတွင်ထိုအဖြစ် အပျက်အကြောင်းကိုအနှံ့အပြားပြောကြား ကြ၏။-
Al ver lo sucedido, los que cuidaban los cerdos huyeron e informaron en la ciudad y por las granjas.
35 ၃၅ လူတို့သည်ထိုအဖြစ်အပျက်ကိုကြည့်ရန်လာ ကြ၏။ သခင်ယေရှု၏ထံတော်သို့ရောက်ကြသော် နတ်မိစ္ဆာများစွန့်ခွာသွားသူသည်အဝတ်ဝတ် လျက် သခင်ယေရှု၏ခြေတော်ရင်းမှာအကောင်း ပကတိထိုင်လျက်နေသည်ကိုမြင်ကြလျှင် ကြောက်ရွံ့ကြ၏။-
Salieron a ver lo sucedido y fueron a Jesús. Hallaron al hombre de quien salieron los demonios vestido y en su juicio cabal, sentado a los pies de Jesús. Y se llenaron de temor.
36 ၃၆ မျက်မြင်သက်သေများကလည်းထိုသူနတ်မိစ္ဆာ ဘေးမှကင်းလွတ်လာပုံကိုလူတို့အားပြောပြ ကြ၏။-
Los que vieron les contaron cómo el endemoniado fue sanado.
37 ၃၇ ထိုအခါဂါရစနယ်ကလူအပေါင်းတို့ သည်လွန်စွာကြောက်လန့်ကြသဖြင့် မိမိတို့ အရပ်မှထွက်ခွာသွားတော်မူပါရန်ကိုယ်တော် အားတောင်းပန်ကြ၏။ သို့ဖြစ်၍ကိုယ်တော်သည် လှေပေါ်သို့တက်၍ထိုအရပ်မှထွက်ခွာတော် မူ၏။-
Pero todos los de la región de los gerasenos le rogaron a Jesús que se fuera de su región, pues estaban atemorizados. Él entró en la barca y regresó.
38 ၃၈ နတ်မိစ္ဆာများစွန့်ခွာသွားသူသည်မိမိအား ကိုယ်တော်နှင့်အတူလိုက်ခွင့်ပြုရန်ပန်ကြား၏။-
El hombre de quien salieron los demonios le rogaba [que le permitiera ]estar con Él. Pero lo despidió y le dijo:
39 ၃၉ သို့ရာတွင်ကိုယ်တော်က ``အိမ်သို့ပြန်၍ဘုရား သခင်သည် သင့်အားမည်မျှကျေးဇူးပြုတော် မူကြောင်းကိုပြောကြားလော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်အထံတော်မှထွက်သွားပြီးလျှင် မိမိအားသခင်ယေရှုမည်သို့ကျေးဇူးပြု တော်မူကြောင်းကိုတစ်မြို့လုံးအနှံ့အပြား ပြောကြားလေသည်။
Regresa a tu casa y anuncia cuán grandes cosas te hizo Dios. Salió y proclamaba por toda la ciudad las grandes cosas que Jesús le hizo.
40 ၄၀ သခင်ယေရှုပြန်လည်ကြွလာတော်မူသောအခါ လူပရိသတ်တို့သည်ကိုယ်တော်ကိုစောင့်မျှော်နေ ကြသည့်အလျောက်ခရီးဦးကြိုပြုကြ၏။-
Al regresar Jesús, la multitud le dio la bienvenida, pues todos lo esperaban.
41 ၄၁ ထိုအခါယာဣရုဆိုသူသည်ထံတော်သို့ရောက် လာ၏။ သူသည်တရားဇရပ်အုပ်ချုပ်ရေးမှူးဖြစ် ၏။ ကိုယ်တော်၏ခြေတော်ရင်းမှာပျပ်ဝပ်ကာသူ ၏အိမ်သို့ကြွတော်မူရန် ကိုယ်တော်အားတောင်း ပန်၏။-
Llegó un hombre llamado Jairo quien era un oficial de la congregación. Se postró a los pies de Jesús y le rogaba que fuera a su casa,
42 ၄၂ ဤသို့တောင်းပန်ရသည့်အကြောင်းမှာသူ၏ တစ်ဦးတည်းသောတစ်ဆယ့်နှစ်နှစ်အရွယ် သမီးသည်သေအံ့ဆဲဆဲရှိနေသောကြောင့် ဖြစ်၏။ ကိုယ်တော်သည်သူနှင့်အတူလိုက်သွားသော အခါလူအပေါင်းတို့သည်ကိုယ်တော်ကို တိုးဝှေ့မိကြ၏။-
porque su única hija, como de 12 años, estaba a punto de morir. Cuando Él iba, la multitud lo apretujaba.
43 ၄၃ အမျိုးသမီးတစ်ယောက်သည်တစ်ဆယ့်နှစ် နှစ်ပတ်လုံးသွေးသွန်ရောဂါစွဲခဲ့၏။ မိမိတွင် ရှိသမျှကြေးငွေများကိုအကုန်ခံ၍ဆေး ဆရာများနှင့်ကုသသော်လည်း အဘယ် ဆေးဆရာမျှရောဂါကိုမပျောက်စေနိုင်။-
Una mujer que había tenido flujo de sangre por 12 años, quien no pudo ser sanada por alguno,
44 ၄၄ ထိုအမျိုးသမီးသည်ကိုယ်တော်၏နောက်က ကပ်လိုက်လျက်အဝတ်တော်ပန်းဖွားကိုတို့ထိ လေ၏။ ထိုခဏ၌သွေးသွန်နာပျောက်သွား၏။-
se acercó por detrás y tocó el borde de la ropa de Jesús. De inmediato cesó su flujo de sangre.
45 ၄၅ သခင်ယေရှုက ``ငါ့ကိုအဘယ်သူတို့ထိ သနည်း'' ဟုမေးမြန်းတော်မူ၏။ လူအပေါင်း တို့ကမိမိတို့မတို့မထိရကြကြောင်းငြင်း ဆိုကြသောအခါပေတရုနှင့်အပေါင်းအဖော် များက ``အရှင်၊ လူပရိသတ်တို့သည်အရှင့်ကို တိုးဝှေ့နေကြပါ၏။ သို့ပါလျက်ငါ့ကိုအဘယ် သူတို့ထိသနည်းဟုအရှင်မိန့်တော်မူပါ သလော'' ဟုမေးလျှောက်ကြ၏။
Y Jesús preguntó: ¿Quién me tocó? Y al negar todos, Pedro dijo: Maestro, la multitud te apretuja y te oprime.
46 ၄၆ သို့ရာတွင်သခင်ယေရှုက ``လူတစ်စုံတစ်ယောက် သည်အမှန်ပင်ငါ့ကိုတို့ထိလေပြီ။ ငါ၏ကိုယ်မှ တန်ခိုးထွက်သွားသည်ကိုငါသိ၏'' ဟုမိန့်တော် မူ၏။-
Pero Jesús contestó: Alguien me tocó, porque Yo comprendí que salió poder de Mí.
47 ၄၇ အမျိုးသမီးသည်မိမိပြုသည့်အမှုပေါ်သွား ကြောင်းသိရှိသောအခါ တုန်လှုပ်လျက်ရှေ့တော် သို့လာ၍ပျပ်ဝပ်၏။ ထိုနောက်ကိုယ်တော်အား အဘယ်ကြောင့်တို့ထိရသည့်အကြောင်းကို လည်းကောင်း၊ ချက်ချင်းပင်မိမိ၏ရောဂါ ပျောက်ကင်းသွားကြောင်းကိုလည်းကောင်းလူ အပေါင်းတို့၏ရှေ့တွင်လျှောက်၏။-
Entonces la mujer, cuando entendió que la había descubierto, fue temblorosa y se postró ante Él. Confesó delante de todo el pueblo por qué lo tocó, y que fue sanada al instante.
48 ၄၈ ကိုယ်တော်က ``ငါ့သမီး၊ သင်၏ယုံကြည်ခြင်း သည်သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာ သွားပေတော့'' ဟုမိန့်တော်မူ၏။
Entonces Él le dijo: Hija, tu fe te sanó. Vé en paz.
49 ၄၉ ယင်းသို့ကိုယ်တော်မိန့်တော်မူချိန်၌တရားဇရပ် အုပ်ချုပ်ရေးမှူး၏အိမ်မှလူတစ်ယောက်ရောက်လာ ၏။ ``အရှင်၏သမီးသေဆုံးပါပြီ။ အဘယ်ကြောင့် ဆရာတော်ကိုနှောင့်ယှက်ပါတော့မည်နည်း'' ဟု ပြော၏။
Mientras Él aún hablaba, apareció uno de parte del oficial de la congregación quien dijo: Tu hija murió. Ya no molestes al Maestro.
50 ၅၀ ထိုစကားကိုသခင်ယေရှုကြားတော်မူလျှင် တရားဇရပ်မှူးအား ``မစိုးရိမ်နှင့်။ သင့်မှာ ယုံကြည်ခြင်းသာရှိစေလော့။ သူငယ်မသည် ကျန်းမာလာပေအံ့'' ဟုမိန့်တော်မူ၏။
Pero al oírlo, Jesús le dijo: No temas. Solo cree y será sanada.
51 ၅၁ ကိုယ်တော်သည်တရားဇရပ်မှူး၏အိမ်သို့ဝင် သောအခါ ပေတရု၊ ယာကုပ်၊ ယောဟန်နှင့်သူငယ် မ၏မိဘများမှတစ်ပါးမည်သူကိုမျှ မိမိ နှင့်အတူဝင်စေတော်မမူ။-
Al entrar en la casa, a ninguno permitió entrar con Él, sino a Pedro, Juan, Jacobo y los padres de la joven.
52 ၅၂ သူငယ်မသေသည့်အတွက် လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းလျက်နေကြ၏။ ကိုယ်တော် က ``မငိုကြွေးကြနှင့်။ သူငယ်မသေသည် မဟုတ်၊ အိပ်လျက်နေ၏'' ဟုမိန့်တော်မူ၏။
Todos lloraban y se lamentaban por ella. Pero Él dijo: No lloren, porque no murió, sino duerme.
53 ၅၃ ထိုအခါလူတို့သည်သူငယ်မသေဆုံးပြီး ကြောင်းကိုသိသဖြင့်ကိုယ်တော်ကိုပြောင်လှောင် ကြ၏။-
[Como estaban ]convencidos de que murió, se burlaban de Él.
54 ၅၄ ကိုယ်တော်သည်သူငယ်မ၏လက်ကိုဆုပ်ကိုင် ကာ ``ကလေးမ၊ ထလော့'' ဟုမိန့်တော်မူ၏။-
Pero Él tomó la mano de la niña y clamó: ¡Niña, levántate!
55 ၅၅ သူငယ်မသည်အသက်ပြန်ဝင်လာ၍ချက်ချင်း ပင်ထလေ၏။ ကိုယ်တော်သည်သူငယ်မအား အစားအစာကျွေးမွေးရန်မိန့်မှာတော်မူ၏။-
El espíritu volvió a ella, y en seguida [se] levantó. [Jesús] ordenó que se le diera de comer.
56 ၅၆ မိဘတို့သည်များစွာအံ့သြကြ၏။ သို့ရာတွင် ကိုယ်တော်သည်ဤအဖြစ်အပျက်အကြောင်းကို မည်သူအားမျှမပြောရန်သူတို့အားပညတ် တော်မူ၏။
Los padres de la niña quedaron asombrados, pero Él les ordenó que a nadie dijeran lo sucedido.