< လုကာ 5 >
1 ၁ တစ်နေ့သ၌ကိုယ်တော်သည်ဂင်နေသရက် အိုင်ကမ်းခြေတွင်ရပ်လျက်နေတော်မူစဉ် လူ တို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာရန်ကိုယ်တော်၏အနီးသို့တိုးကြိတ် လာကြ၏။-
Factum est autem, cum turbæ irruerunt in eum ut audirent verbum Dei, et ipse stabat secus stagnum Genesareth.
2 ၂ ထိုအခါကိုယ်တော်သည်ကမ်းနားမှာဆိုက်ထား သောလှေနှစ်စင်းကိုမြင်တော်မူ၏။ တံငါသည် တို့သည်ထိုလှေများပေါ်မှဆင်းပြီးနောက် မိမိ တို့၏ပိုက်ကွန်များကိုဆေးကြောလျက်နေ ကြ၏။-
Et vidit duas naves stantes secus stagnum: piscatores autem descenderant, et lavabant retia.
3 ၃ ကိုယ်တော်သည်ထိုလှေနှစ်စင်းအနက်ရှိမုန်၏ လှေသို့တက်တော်မူပြီးလျှင်လှေကိုကမ်းမှ အနည်းငယ်ခွာစေရန်ရှိမုန်အားစေခိုင်းတော် မူ၏။ ထိုနောက်ထိုင်၍လူပရိသတ်တို့အား ဟောပြောသွန်သင်တော်မူ၏။
Ascendens autem in unam navim, quæ erat Simonis, rogavit eum a terra reducere pusillum. Et sedens docebat de navicula turbas.
4 ၄ ထိုသို့ဟောပြောသွန်သင်ပြီးသောအခါ ``ရေ နက်ရာသို့ခွာထွက်လော့။ ငါးများဖမ်းမိစေ ရန်သင်နှင့်သင်တို့အဖော်တို့၏ကွန်များ ကိုချလော့'' ဟုရှိမုန်အားမိန့်တော်မူ၏။
Ut cessavit autem loqui, dixit ad Simonem: Duc in altum, et laxate retia vestra in capturam.
5 ၅ ရှိမုန်က ``သခင်၊ အကျွန်ုပ်တို့သည်တစ်ညလုံး ကြိုးစား၍ငါးများကိုဖမ်းပါသော်လည်း ငါးတစ်ကောင်ကိုမျှမမိကြပါ။ သို့ရာတွင် ကိုယ်တော်၏အမိန့်တော်အရကွန်များကို အကျွန်ုပ်ချပါမည်'' ဟုလျှောက်ထား၏။-
Et respondens Simon, dixit illi: Præceptor, per totam noctem laborantes nihil cepimus: in verbo autem tuo laxabo rete.
6 ၆ သူတို့သည်ကွန်များကိုချပြီးနောက်အုပ်မိ သောငါးများလှသဖြင့်ကွန်များပင်စုတ် လုမတတ်ရှိ၏။-
Et cum hoc fecissent, concluserunt piscium multitudinem copiosam: rumpebatur autem rete eorum.
7 ၇ သို့ဖြစ်၍လာရောက်ကူညီရန်အခြားလှေမှ မိမိတို့၏အဖော်တံငါသည်များကိုအချက် ပြ၍ခေါ်ကြ၏။ ထိုသူတို့သည်လာ၍လှေ နှစ်စင်းလုံးပြည့်အောင်ငါးများကိုထည့် ကြရာလှေများနစ်လုမတတ်ရှိတော့၏။-
Et annuerunt sociis, qui erant in alia navi, ut venirent, et adjuvarent eos. Et venerunt, et impleverunt ambas naviculas, ita ut pene mergerentur.
8 ၈ ထိုအခြင်းအရာကိုရှိမုန်ပေတရုမြင်လျှင် သခင်ယေရှု၏ခြေတော်ရင်းမှာပျပ်ဝပ် လျက် ``အရှင်ဘုရား၊ အကျွန်ုပ်သည်အြုပစ် သားဖြစ်သောကြောင့်အကျွန်ုပ်၏ထံမှ ကြွသွားတော်မူပါ'' ဟုလျှောက်၏။
Quod cum videret Simon Petrus, procidit ad genua Jesu, dicens: Exi a me, quia homo peccator sum, Domine.
9 ၉ ရှိမုန်နှင့်တကွပါလာသူအပေါင်းတို့သည် မိမိ တို့ဖမ်းမိသောငါးအရေအတွက်ကိုကြည့်၍ တအံ့တသြဖြစ်ကြ၏။-
Stupor enim circumdederat eum, et omnes qui cum illo erant, in captura piscium, quam ceperant:
10 ၁၀ ရှိမုန်နှင့်ငါးဖမ်းဘက်ဖြစ်ကြသောဇေဗေဒဲ ၏သားနှစ်ယောက်၊ ယာကုပ်နှင့်ယောဟန်တို့သည် လည်းထိုနည်းတူအံ့သြကြ၏။ သခင်ယေရှု ကရှိမုန်အား ``မကြောက်နှင့်၊ ယခုမှစ၍သင် တို့သည်လူဖမ်းတံငါများဖြစ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
similiter autem Jacobum et Joannem, filios Zebedæi, qui erant socii Simonis. Et ait ad Simonem Jesus: Noli timere: ex hoc jam homines eris capiens.
11 ၁၁ ထိုသူတို့သည်လှေများကိုကမ်းတွင်ဆိုက်ကပ် ပြီးနောက် ရှိသမျှတို့ကိုစွန့်၍နောက်တော် သို့လိုက်ကြ၏။
Et subductis ad terram navibus, relictis omnibus, secuti sunt eum.
12 ၁၂ တစ်နေ့သ၌ကိုယ်တော်သည်မြို့ကြီးတစ်မြို့တွင် ရှိနေတော်မူ၏။ ထိုမြို့တွင်တစ်ကိုယ်လုံးအရေ ပြားရောဂါစွဲကပ်နေသူတစ်ယောက်ရှိ၏။ သူ သည်သခင်ယေရှုကိုမြင်လျှင်ပျပ်ဝပ်လျက် ``အရှင် အလိုတော်ရှိလျှင်အကျွန်ုပ်ကိုသန့်စင်စေနိုင် ပါသည်'' ဟုလျှောက်၏။
Et factum est, cum esset in una civitatum, et ecce vir plenus lepra, et videns Jesum, et procidens in faciem, rogavit eum, dicens: Domine, si vis, potes me mundare.
13 ၁၃ ကိုယ်တော်သည်လက်တော်ကိုဆန့်၍ထိုသူ့ကို တို့ထိတော်မူ၏။ ထိုနောက် ``ငါအလိုရှိ၏။ သန့် စင်စေ'' ဟုမိန့်တော်မူ၏။ ထိုခဏ၌ထိုသူ သည်ရောဂါပျောက်လေ၏။-
Et extendens manum, tetigit eum dicens: Volo: mundare. Et confestim lepra discessit ab illo.
14 ၁၄ ``ဤအကြောင်းကိုမည်သူ့အားမျှမပြောနှင့်'' ဟု ထိုသူအားတားမြစ်တော်မူပြီးသော်ကိုယ်တော် က ``သင်သည်ယဇ်ပုရောဟိတ်ထံသို့သွား၍ကိုယ် ကိုပြလော့။ သင့်ရောဂါပျောက်ကင်းကြောင်းလူတို့ ရှေ့၌သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာသည့်ပူဇော်သကာကိုဆက်သ လော့'' ဟုမိန့်တော်မူ၏။
Et ipse præcepit illi ut nemini diceret: sed, Vade, ostende te sacerdoti, et offer pro emundatione tua, sicut præcepit Moyses, in testimonium illis.
15 ၁၅ သို့ရာတွင်ကိုယ်တော်၏သတင်းတော်သည်ပို၍ ပျံ့နှံ့သွားသဖြင့် လူပရိသတ်ကြီးများသည် ကိုယ်တော်၏တရားတော်ကိုကြားနာရန်နှင့် မိမိတို့၏အနာရောဂါများအကုအသ ခံရန်လာကြကုန်၏။-
Perambulabat autem magis sermo de illo: et conveniebant turbæ multæ ut audirent, et curarentur ab infirmitatibus suis.
16 ၁၆ သို့ရာတွင်ကိုယ်တော်သည်အလေ့တော်ရှိသည် အတိုင်းတောကန္တာရသို့ထွက်ခွာ၍ဆုတောင်း တော်မူ၏။
Ipse autem secedebat in desertum, et orabat.
17 ၁၇ တစ်နေ့သ၌ကိုယ်တော်ဟောပြောသွန်သင်လျက် နေတော်မူစဉ် ဂါလိလဲပြည်နှင့်ယုဒပြည်ရှိ ကျေးရွာအပေါင်းမှလည်းကောင်း၊ ယေရုရှလင် မြို့မှလည်းကောင်းလာရောက်သောဖာရိရှဲများ နှင့်ကျမ်းတတ်ဆရာများသည်အနီးတွင်ထိုင် လျက်ရှိကြ၏။ ရောဂါများကိုပျောက်ကင်း စေရန်ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။-
Et factum est in una dierum, et ipse sedebat docens. Et erant pharisæi sedentes, et legis doctores, qui venerant ex omni castello Galilææ, et Judææ, et Jerusalem: et virtus Domini erat ad sanandum eos.
18 ၁၈ ထိုအခါလူတို့သည်လေဖြတ်သူတစ်ယောက် ကိုထမ်းစင်နှင့်တင်၍ဆောင်ခဲ့ကြ၏။ ထိုသူနာ ကိုအိမ်ထဲသို့သယ်ဆောင်ကာသခင်ယေရှု၏ ရှေ့တော်တွင်ချထားရန်ကြိုးစားကြ၏။-
Et ecce viri portantes in lecto hominem, qui erat paralyticus: et quærebant eum inferre, et ponere ante eum.
19 ၁၉ သို့ရာတွင်လူပရိသတ်တိုးမပေါက်သဖြင့် အိမ်အမိုးပေါ်သို့တက်ပြီးလျှင်အုတ်ကြွပ် များကိုဖောက်၍ သူနာကိုထမ်းစင်နှင့်တကွ လူတို့အလယ်သခင်ယေရှု၏ရှေ့တော်သို့ လျောချကြ၏။-
Et non invenientes qua parte illum inferrent præ turba, ascenderunt supra tectum, et per tegulas summiserunt eum cum lecto in medium ante Jesum.
20 ၂၀ ကိုယ်တော်သည်ထိုသူတို့၌ယုံကြည်ခြင်းရှိပုံ ကိုမြင်တော်မူလျှင်လေဖြတ်သူအား ``အချင်း လူ၊ သင်၏အပြစ်ကိုဖြေလွှတ်ပြီ'' ဟုမိန့်တော် မူ၏။
Quorum fidem ut vidit, dixit: Homo, remittuntur tibi peccata tua.
21 ၂၁ ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများက ``ဤ သူကားအဘယ်သူနည်း။ သူသည်ဘုရားသခင် အားပြစ်မှားပြောဆိုပါသည်တကား။ ဘုရား သခင်မှတစ်ပါးအဘယ်သူသည်အပြစ်ကို ဖြေလွှတ်နိုင်ပါမည်နည်း'' ဟုတွေးတောကြ၏။
Et cœperunt cogitare scribæ et pharisæi, dicentes: Quis est hic, qui loquitur blasphemias? quis potest dimittere peccata, nisi solus Deus?
22 ၂၂ သခင်ယေရှုသည်ထိုသူတို့ယင်းသို့တွေးတော နေကြသည်ကိုသိတော်မူသဖြင့် ``သင်တို့သည် အဘယ်ကြောင့်တွေးတောနေကြသနည်း။-
Ut cognovit autem Jesus cogitationes eorum, respondens, dixit ad illos: Quid cogitatis in cordibus vestris?
23 ၂၃ `သင်၏အပြစ်ကိုဖြေလွှတ်ပြီ' ဟုပြောရန်ပို၍ လွယ်ကူသလော။ သို့တည်းမဟုတ်`နေရာမှထ ၍လှမ်းသွားလော့' ဟုပြောရန်ပို၍လွယ်ကူ သလော။-
Quid est facilius dicere: Dimittuntur tibi peccata: an dicere: Surge, et ambula?
24 ၂၄ သို့ရာတွင်လူသားသည်လောကတွင်အပြစ် ဖြေလွှတ်ပိုင်သည်ကိုသင်တို့အားသိစေအံ့'' ဟုဆိုလျက်လေဖြတ်သူအား ``သင့်အားငါ ဆိုသည်ကားထလော့။ သင့်ထမ်းစင်ကိုထမ်း ၍အိမ်ပြန်လော့'' ဟုမိန့်တော်မူ၏။
Ut autem sciatis quia Filius hominis habet potestatem in terra dimittendi peccata, (ait paralytico) tibi dico, surge, tolle lectum tuum, et vade in domum tuam.
25 ၂၅ ချက်ချင်းပင်ထိုသူသည်လူတို့ရှေ့တွင်ထ၍ မိမိလဲလျောင်းနေခဲ့သောထမ်းစင်ကိုထမ်း ပြီးလျှင် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော် ကိုချီးကူးလျက်အိမ်သို့ပြန်လေ၏။-
Et confestim consurgens coram illis, tulit lectum in quo jacebat: et abiit in domum suam, magnificans Deum.
26 ၂၆ လူအပေါင်းတို့သည်လွန်စွာအံ့သြကြောက်ရွံ့ လျက် ``အံ့ဖွယ်သောအရာများကိုငါတို့ ယနေ့တွေ့မြင်ရလေပြီ'' ဟုပြောဆို၍ဘုရား သခင်၏ဂုဏ်တော်ကိုချီးကူးကြ၏။
Et stupor apprehendit omnes, et magnificabant Deum. Et repleti sunt timore, dicentes: Quia vidimus mirabilia hodie.
27 ၂၇ ထိုနောက်ကိုယ်တော်သည်ကပေရနောင်မြို့မှ ထွက်ကြွတော်မူ၍ အကောက်ခွန်ရုံးခန်းတွင် လေဝိနာမည်ရှိသူအခွန်ခံထိုင်နေသည်ကို မြင်တော်မူလျှင် ``ငါ့နောက်သို့လိုက်လော့'' ဟု မိန့်တော်မူ၏။-
Et post hæc exiit, et vidit publicanum nomine Levi, sedentem ad telonium, et ait illi: Sequere me.
28 ၂၈ ထိုသူသည်ရှိသမျှတို့ကိုစွန့်ပြီးလျှင်ထ ၍နောက်တော်သို့လိုက်လေ၏။
Et relictis omnibus, surgens secutus est eum.
29 ၂၉ ထိုနောက်လေဝိသည်မိမိ၏အိမ်တွင်ကိုယ်တော် အတွက်ဧည့်ခံပွဲကြီးကျင်းပ၏။ ဧည့်သည်များ တွင်အခွန်ခံသူနှင့်အခြားသူအမြောက်အမြား ပါဝင်ကြ၏။-
Et fecit ei convivium magnum Levi in domo sua: et erat turba multa publicanorum, et aliorum qui cum illis erant discumbentes.
30 ၃၀ ဖာရိရှဲများနှင့်သူတို့၏အပေါင်းအဖော်ဖြစ် ကြသောကျမ်းတတ်ဆရာများက ``အဘယ် ကြောင့်သင်တို့သည်အခွန်ခံသူများ၊ အခြား အပယ်ခံသူများနှင့်စားသောက်ကြပါသနည်း'' ဟုတပည့်တော်တို့အားကဲ့ရဲ့ပြစ်တင်ကြ၏။
Et murmurabant pharisæi et scribæ eorum, dicentes ad discipulos ejus: Quare cum publicanis et peccatoribus manducatis et bibitis?
31 ၃၁ ထိုအခါသခင်ယေရှုက ``ကျန်းမာသူသည် ဆရာဝန်ကိုမလို။ ဖျားနာသူသာလျှင်လို၏။-
Et respondens Jesus, dixit ad illos: Non egent qui sani sunt medico, sed qui male habent.
32 ၃၂ ငါသည်ဂုဏ်အသရေရှိသူများနောင်တရ စေခြင်းငှာခေါ်ဖိတ်ရန်လာသည်မဟုတ်။ အပယ် ခံသူများကိုနောင်တရစေခြင်းငှာခေါ်ဖိတ် ရန်လာသတည်း'' ဟုမိန့်တော်မူ၏။
Non veni vocare justos, sed peccatores ad pœnitentiam.
33 ၃၃ လူအချို့က ``ယောဟန်၏တပည့်များနှင့်ဖာရိရှဲ တို့၏တပည့်များသည်အစာရှောင်ခြင်းနှင့် ဆု တောင်းခြင်းတို့ကိုမကြာခဏပြုလေ့ရှိကြ၏။ သို့ရာတွင်ကိုယ်တော်၏တပည့်များမူကားစား လျက်သောက်လျက်နေကြပါသည်တကား'' ဟု လျှောက်ထားကြ၏။
At illi dixerunt ad eum: Quare discipuli Joannis jejunant frequenter, et obsecrationes faciunt, similiter et pharisæorum: tui autem edunt et bibunt?
34 ၃၄ ကိုယ်တော်က ``မင်္ဂလာဆောင်ပွဲတွင်သတို့သား ရှိနေသည့်ကာလဧည့်သည်များအားအစာ ရှောင်ခိုင်းနိုင်ပါမည်လော။-
Quibus ipse ait: Numquid potestis filios sponsi, dum cum illis est sponsus, facere jejunare?
35 ၃၅ သို့ရာတွင်မင်္ဂလာဆောင်သတို့သားကိုသူတို့ ထံမှဆောင်ယူသွားမည့်နေ့ရက်ကာလရောက် ရှိလာပေအံ့။ ထိုအခါ၌သူတို့သည်အစာ ရှောင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Venient autem dies, cum ablatus fuerit ab illis sponsus: tunc jejunabunt in illis diebus.
36 ၃၆ ကိုယ်တော်သည်ပုံဥပမာဆောင်လျက် ``မည်သူမျှ အထည်သစ်မှအစတစ်စကိုဆုတ်၍အထည် ဟောင်းကိုဖာရိုးမရှိ။ ယင်းသို့ဖာခဲ့ပါမူ အထည်သစ်ပျက်စီးသွားသည်သာမက၊ အစသစ်နှင့်အထည်ဟောင်းတို့အဆင် အသွေးမတူဘဲရှိလိမ့်မည်။-
Dicebat autem et similitudinem ad illos: Quia nemo commissuram a novo vestimento immittit in vestimentum vetus: alioquin et novum rumpit, et veteri non convenit commissura a novo.
37 ၃၇ ထိုမှတစ်ပါးစပျစ်ရည်သစ်ကိုသားရေဘူး ဟောင်းတွင်ထည့်ရိုးမရှိ။ ထည့်ခဲ့ပါမူသား ရေဘူးသည်ပေါက်ကွဲ၍စပျစ်ရည်ယိုထွက် လိမ့်မည်။ သားရေဘူးလည်းပျက်စီးသွားလိမ့် မည်။-
Et nemo mittit vinum novum in utres veteres: alioquin rumpet vinum novum utres, et ipsum effundetur, et utres peribunt:
38 ၃၈ စပျစ်ရည်သစ်ကိုသားရေဘူးသစ်တွင်သာ ထည့်ရာ၏။-
sed vinum novum in utres novos mittendum est, et utraque conservantur.
39 ၃၉ ထို့အပြင်စပျစ်ရည်ဟောင်းကိုသောက်ပြီး သူသည်စပျစ်ရည်သစ်ကိုမသောက်လို။ စပျစ် ရည်ဟောင်းကသာ၍ကောင်းသည်ဟုဆိုတတ် ၏'' ဟုမိန့်တော်မူ၏။
Et nemo bibens vetus, statim vult novum: dicit enim: Vetus melius est.