< လုကာ 4 >
1 ၁ သခင်ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက်ယော်ဒန်မြစ်မှပြန်လာတော်မူစဉ် ဝိညာဉ်တော်သည်ကိုယ်တော်ကိုတောကန္တာရသို့ ခေါ်ဆောင်သွားတော်မူ၏။ ထိုအရပ်တွင်အရက် လေးဆယ်ပတ်လုံးမာရ်နတ်၏စုံစမ်းသွေးဆောင် ခြင်းကိုခံတော်မူ၏။-
Men Jesus vendte tilbage fra Jordan fuld af den Helligaand og blev ført af Aanden i Ørkenen
2 ၂ ထိုနေ့ရက်များအတွင်းမည်သည့်အစားအစာ ကိုမျှသုံးဆောင်တော်မမူ။ ထိုနေ့ရက်များ ကုန်လွန်သွားသောအခါကိုယ်တော်သည် မွတ်သိပ်တော်မူ၏။
i fyrretyve Dage, medens han blev fristet af Djævelen. Og han spiste intet i de Dage; og da de havde Ende, blev han hungrig.
3 ၃ ထိုအခါမာရ်နတ်က ``အရှင်သည်ဘုရားသခင် ၏သားတော်ဖြစ်ပါလျှင်ဤကျောက်ခဲကိုမုန့် ဖြစ်စေရန်အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
Og Djævelen sagde til ham: „Dersom du er Guds Søn, da sig til denne Sten, at den skal blive Brød.‟
4 ၄ သခင်ယေရှုက ``လူသည်အစားအစာအားဖြင့် သာအသက်ရှင်ရမည်မဟုတ်ဟုကျမ်းစာတော် တွင်ပါရှိ၏'' ဟုပြန်လည်မိန့်ကြားတော်မူ၏။
Og Jesus svarede ham: „Der er skrevet: Mennesket skal ikke leve af Brød alene.‟
5 ၅ ထိုအခါမာရ်နတ်သည်ကိုယ်တော်ကိုတောင်ထိပ် ပေါ်သို့ခေါ်ဆောင်သွားပြီးနောက်လောကနိုင်ငံ ရှိသမျှကိုတစ်ခဏချင်းတွင်ညွှန်ပြလျက်၊-
Og han førte ham op og viste ham alle Verdens Riger i et Øjeblik.
6 ၆ ``ဤတန်ခိုးအာဏာဘုန်းစည်းစိမ်ရှိသမျှ တို့ကိုကိုယ်တော်အားငါပေးပါအံ့။ ဤအရာ များကိုငါ့လက်ဝယ်အပ်နှင်းထားပြီးဖြစ် သဖြင့်ငါပေးလိုသူအားပေးနိုင်၏။-
Og Djævelen sagde til ham: „Dig vil jeg give hele denne Magt og deres Herlighed; thi den er mig overgiven, og jeg giver den, til hvem jeg vil.
7 ၇ သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားဦးညွှတ် ရှိခိုးလျှင် ဤတန်ခိုးအာဏာအလုံးစုံတို့ ကိုကိုယ်တော်အားပေးမည်'' ဟုလျှောက်၏။
Dersom du altsaa vil tilbede mig, skal den helt tilhøre dig.‟
8 ၈ သခင်ယေရှုက ``သင်၏ဘုရားသခင်ထာဝရ ဘုရားကိုသာလျှင် ဦးညွှတ်ရှိခိုးရမည်ဟု ကျမ်းစာတော်တွင်ဖော်ပြပါရှိ၏'' ဟုပြန် လည်မိန့်တော်မူ၏။
Og Jesus svarede ham og sagde: „Der er skrevet: Du skal tilbede Herren din Gud og tjene ham alene.‟
9 ၉ မာရ်နတ်သည်သခင်ယေရှုကိုယေရုရှလင်မြို့သို့ ခေါ်ဆောင်၍သွားပြီးလျှင် ဗိမာန်တော်ထိပ်ဖျားတွင် နေစေပြီးလျှင် ``ကိုယ်တော်သည်ဘုရားသခင်၏ သားတော်ဖြစ်လျှင်ဤနေရာမှအောက်သို့ခုန်ချ ပါလော့။-
Og han førte ham til Jerusalem og stillede ham paa Helligdommens Tinde og sagde til ham: „Dersom du er Guds Søn, da kast dig ned herfra;
10 ၁၀ ကျမ်းစာတော်တွင် `သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည်ကောင်းကင်တမန်များအား အမိန့်ပေးတော်မူမည်' ဟူ၍လည်းကောင်း၊-
thi der er skrevet: Han skal give sine Engle Befaling om dig, at de skulle bevare dig,
11 ၁၁ `သင်၏ခြေသည်ကျောက်နှင့်မထိခိုက်စေခြင်း ငှာ ကောင်းကင်တမန်တို့သည်လက်ဖြင့်သင့်ကို ပွေ့ချီကြလိမ့်မည်' ဟူ၍လည်းကောင်းပါရှိ၏'' ဟုလျှောက်၏။
og at de skulle bære dig paa Hænderne, for at du ikke skal støde din Fod paa nogen Sten.‟
12 ၁၂ သခင်ယေရှုက ``သင်သည်ဘုရားသခင်ထာဝရ ဘုရားအားစစ်ဆေးစမ်းသပ်မှုမပြုရဟု ကျမ်းစာလာ၏'' ဟုပြန်လည်ဖြေကြားတော် မူ၏။
Og Jesus svarede og sagde til ham: „Der er sagt: Du maa ikke friste Herren din Gud.‟
13 ၁၃ မာရ်နတ်သည်ဤသို့စုံစမ်းသွေးဆောင်မှုအလုံးစုံ ကိုပြုပြီးသောအခါ ကိုယ်တော်၏ထံတော်မှ ထွက်ခွာ၍အခါအခွင့်ကောင်းကိုစောင့်နေ၏။
Og da Djævelen havde endt al Fristelse, veg han fra ham til en Tid.
14 ၁၄ သခင်ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးနှင့်ပြည့်ဝလျက်ဂါလိလဲပြည်သို့ပြန် လာတော်မူ၏။ သတင်းတော်သည်ထိုဒေသ တစ်လျှောက်လုံးတွင်ပျံ့နှံ့သွား၏။-
Og Jesus vendte i Aandens Kraft tilbage til Galilæa, og Rygtet om ham kom ud i hele det omliggende Land.
15 ၁၅ ကိုယ်တော်သည်တရားဇရပ်များမှာဟောပြော သွန်သင်တော်မူရာလူအပေါင်းတို့သည်ကိုယ် တော်ကိုချီးမွမ်းကြ၏။
Og selv lærte han i deres Synagoger og blev prist af alle.
16 ၁၆ ကိုယ်တော်သည်နာဇရက်မြို့သို့ကြွတော်မူ၏။ နာဇရက်မြို့ကားကိုယ်တော်ကြီးပြင်းရာမြို့ ဖြစ်၏။ ဥပုသ်နေ့၌ကိုယ်တော်သည်အလေ့တော် ရှိသည်အတိုင်းတရားဇရပ်သို့ဝင်တော်မူ၏။ ကျမ်းစာကိုဖတ်ရန်ထတော်မူလျှင်၊-
Og han kom til Nazareth, hvor han var opfødt, og gik efter sin Sædvane paa Sabbatsdagen ind i Synagogen og stod op for at forelæse.
17 ၁၇ တရားဇရပ်မှူးသည်ပရောဖက်ဟေရှာယကျမ်း ကိုကိုယ်တော်အားလှမ်း၍ပေး၏။ ကိုယ်တော်သည် ကျမ်းစာလိပ်ကိုဖွင့်၍၊
Og man gav ham Profeten Esajas's Bog, og da han slog Bogen op, fandt han det Sted, hvor der stod skrevet:
18 ၁၈ ``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊
„Herrens Aand er over mig, fordi han salvede mig til at forkynde Evangelium for fattige; han har sendt mig for at forkynde fangne, at de skulle lades løs, og blinde, at de skulle faa deres Syn, for at sætte plagede i Frihed,
19 ၁၉ ထာဝရဘုရားသည်မိမိလူစုတော်အား ကယ်တင်ရာကာလရောက်လာပြီ ဖြစ်ကြောင်းကိုလည်းကောင်း ကြေညာရန်ငါ့ကိုစေလွှတ်တော်မူ၏'' ဟူသောကျမ်းပိုဒ်ကိုဖတ်တော်မူ၏။
for at forkynde et Herrens Naadeaar.‟
20 ၂၀ ထိုနောက်ကျမ်းစာတော်ကိုလိပ်၍ဇရပ်မှူးအား ပြန်ပေးပြီးနောက်ထိုင်တော်မူ၏။ တရားဇရပ် ထဲမှာရှိသောလူအပေါင်းတို့သည်ကိုယ်တော် အားစိုက်ကြည့်နေကြ၏။-
Og han lukkede Bogen sammen og gav Tjeneren den igen og satte sig; og alles Øjne i Synagogen stirrede paa ham.
21 ၂၁ ကိုယ်တော်က ``ဤကျမ်းစာပါအမှုအရာများ သည်သင်တို့ကြားနာရသည့်အတိုင်းယနေ့ အကောင်အထည်ပေါ်ပြီ'' ဟုမိန့်တော်မူ၏။
Men han begyndte at sige til dem: „I Dag er dette Skriftord gaaet i Opfyldelse for eders Øren.‟
22 ၂၂ လူအပေါင်းတို့ကကိုယ်တော်၏အကြောင်းကို ချီးကူးပြောဆိုကြ၏။ နှုတ်တော်ထွက်စကား များကိုအံ့သြလျက် ``ဤသူသည်ယောသပ် ၏သားမဟုတ်လော'' ဟုဆိုကြ၏။
Og de berømmede ham alle og undrede sig over de livsalige Ord, som udgik af hans Mund, og de sagde: „Er dette ikke Josefs Søn?‟
23 ၂၃ ကိုယ်တော်က ``သင်တို့သည် `အချင်းဆရာဝန်၊ သင့်ရောဂါကိုသင်ပျောက်အောင်ကုလော့' ဟူ သောဆိုရိုးစကားကိုအသုံးပြုကာငါ့ အားဆိုလိမ့်မည်။ ကပေရနောင်မြို့တွင်အရှင် ပြုခဲ့သည်ဟုအကျွန်ုပ်တို့ကြားသိရသည့် အမှုအရာများကို အရှင့်နေရင်းမြို့တွင် လည်းပြုတော်မူပါဟုငါ့အားမုချပြော ဆိုကြလိမ့်မည်။-
Og han sagde til dem: „I ville sikkerlig sige mig dette Ordsprog: Læge! læg dig selv; gør ogsaa her i din Fædreneby saa store Ting, som vi have hørt ere skete i Kapernaum.‟
24 ၂၄ အမှန်အကန်သင်တို့အားငါဆိုသည်ကား အဘယ်ပရောဖက်မျှမိမိနေရင်းမြို့တွင် မျက်နှာမရတတ်။-
Men han sagde: „Sandelig, siger jeg eder, at ingen Profet er anerkendt i sit Fædreland.
25 ၂၅ ဧလိယလက်ထက်၌ဣသရေလနိုင်ငံတွင် သုံး နှစ်နှင့်ခြောက်လပတ်လုံးမိုးခေါင်၍အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ခဲ့၏။-
Men jeg siger eder i Sandhed: Der var mange Enker i Israel i Elias's Dage, da Himmelen var lukket i tre Aar og seks Maaneder, den Gang der var en stor Hunger i hele Landet;
26 ၂၆ ဣသရေလအမျိုးဖြစ်သောမုဆိုးမအများရှိ သော်လည်း မည်သူ့ထံသို့မျှဘုရားသခင်သည် ပရောဖက်ဧလိယကိုစေလွှတ်တော်မမူ။ ဇိဒုံ ပြည်၊ ဇရတ္တမြို့သူမုဆိုးမထံသို့သာလျှင်စေ လွှတ်တော်မူ၏။-
og til ingen af dem blev Elias sendt uden til Sarepta ved Sidon til en Enke.
27 ၂၇ ပရောဖက်ဧလိရှဲလက်ထက်၌လည်းဣသရေလ အမျိုးသားတို့တွင် အရေဖျားရောဂါသည် အများရှိသော်လည်းမည်သူမျှသန့်စင်ခွင့် မရ။ ရှုရိပြည်သားနေမန်သာလျှင်ရ၏'' ဟုမိန့်တော်မူ၏။
Og der var mange spedalske i Israel paa Profeten Elisas Tid, og ingen af dem blev renset, uden Syreren Naman.‟
28 ၂၈ တရားဇရပ်ရှိလူအပေါင်းတို့သည်ထိုစကား ကိုကြားသောအခါပြင်းစွာအမျက်ထွက်ကြ၏။-
Og alle, som vare i Synagogen, bleve fulde af Harme, da de hørte dette.
29 ၂၉ ထိုနောက်ကိုယ်တော်အားတောင်ကမ်းပါးမှတွန်းချ အံ့သောငှာမြို့တည်ရာတောင်ထိပ်စွန်းသို့ခေါ် ဆောင်သွားကြ၏။-
Og de stode op og stødte ham ud af Byen og førte ham hen til Skrænten af det Bjerg, paa hvilket deres By var bygget, for at styrte ham ned.
30 ၃၀ သို့ရာတွင်ကိုယ်တော်သည်လူပရိသတ်အလယ် မှလျှောက်၍ကြွသွားတော်မူ၏။
Men han gik igennem, midt imellem dem, og drog bort.
31 ၃၁ ကိုယ်တော်သည်ဂါလိလဲပြည်၊ ကပေရနောင်မြို့ သို့ရောက်တော်မူ၏။ ဥပုသ်နေ့၌တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူ၏။-
Og han kom ned til Kapernaum, en By i Galilæa, og lærte dem paa Sabbaterne.
32 ၃၂ ကိုယ်တော်၏သွန်သင်ချက်တွင်တန်ခိုးအာဏာ ပါသဖြင့်လူတို့သည်အံ့သြကြ၏။-
Og de bleve slagne af Forundring over hans Lære, thi hans Tale var med Myndighed.
33 ၃၃ တရားဇရပ်ထဲတွင်ညစ်ညမ်းသောနတ်ပူးဝင် နေသူတစ်ယောက်ရှိ၏။-
Og i Synagogen var der et Menneske, som havde en uren ond Aand, og han raabte med høj Røst:
34 ၃၄ ညစ်ညမ်းသောနတ်က ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ်တို့နှင့်အဘယ်သို့သက်ဆိုင် တော်မူပါသနည်း။ အကျွန်ုပ်တို့အားသေကြေ ပျက်စီးစေရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူဖြစ်ပါသည်'' ဟုကျယ်စွာ ဟစ်အော်၏။
„Ak! hvad have vi med dig at gøre, Jesus af Nazareth? Er du kommen for at ødelægge os? Jeg kender dig, hvem du er, du Guds hellige.‟
35 ၃၅ သခင်ယေရှုက ``တိတ်တိတ်နေလော့။ သူ့အထဲမှ ထွက်ခဲ့လော့'' ဟုမိန့်တော်မူ၏။ နတ်မိစ္ဆာသည်ထို သူကိုလူအများရှေ့မှာလှဲချလိုက်၏။ ထိုနောက် ဘေးအန္တရာယ်မပြုဘဲသူ့အထဲမှထွက်သွား၏။
Og Jesus truede ham og sagde: „Ti, og far ud af ham!‟ Og den onde Aand kastede ham ind imellem dem og for ud af ham uden at have gjort ham nogen Skade.
36 ၃၆ လူအပေါင်းတို့သည်အံ့သြလျက် ``ဤသူ၏ အမိန့်စကားကားအဘယ်သို့နည်း။ သူသည် ညစ်ညမ်းသောနတ်များအားထွက်သွားရန် တန်ခိုးအာဏာဖြင့်အမိန့်ပေး၍ သူတို့သည် ထွက်သွားကြပါသည်တကား'' ဟုအချင်း ချင်းပြောဆိုကြ၏။-
Og der kom en Rædsel over alle; og de talte med hverandre og sagde: „Hvad er dog dette for et Ord; thi han byder over de urene Aander med Myndighed og Kraft, og de fare ud?‟
37 ၃၇ ကိုယ်တော်၏သတင်းတော်သည်ပတ်ဝန်းကျင် ဒေသတွင်ပျံ့နှံ့သွားတော့၏။
Og Rygtet om ham udbredtes alle Vegne i det omliggende Land.
38 ၃၈ ကိုယ်တော်သည်တရားဇရပ်မှထွက်ခွာ၍ရှိမုန် ၏အိမ်သို့ဝင်တော်မူ၏။ ရှိမုန်၏ယောက္ခမဖြစ်သူ သည်ပြင်းစွာဖျားနေ၏။-
Men han stod op og gik fra Synagogen ind i Simons Hus; og Simons Svigermoder plagedes af en stærk Feber; og de bade ham for hende.
39 ၃၉ သို့ဖြစ်၍တပည့်တော်တို့သည်ထိုအကြောင်း ကိုကိုယ်တော်အားလျှောက်ထားကြ၏။ ကိုယ်တော် သည်ထိုအမျိုးသမီးကြီး၏အနားတွင်ရပ် လျက် ``အဖျားပျောက်စေ'' ဟုအမိန့်ပေးတော် မူ၏။ အမျိုးသမီးကြီးသည်အဖျားပျောက် သဖြင့် ချက်ချင်းထ၍ကိုယ်တော်နှင့်တပည့် တော်တို့အားဧည့်သည်ဝတ်ကိုပြုလေ၏။
Og han stillede sig hen over hende og truede Feberen, og den forlod hende. Men hun stod straks op og vartede dem op.
40 ၄၀ နေဝင်ချိန်၌ရောဂါအမျိုးမျိုးစွဲကပ်သူ အပေါင်းတို့ကိုအထံတော်သို့ခေါ်ဆောင်ခဲ့ ကြ၏။ ကိုယ်တော်သည်ထိုလူနာအသီးသီး တို့အပေါ်မှာ လက်တော်ကိုတင်၍သူတို့၏ ရောဂါများကိုပျောက်ကင်းစေတော်မူ၏။-
Men da Solen gik ned, førte alle de, som havde syge med alle Haande Svagheder, dem til ham; og han lagde Hænderne paa hver enkelt af dem og helbredte dem.
41 ၄၁ နတ်မိစ္ဆာများသည် ``အရှင်သည်ဘုရားသခင် ၏သားတော်ဖြစ်၏'' ဟုဟစ်အော်လျက်မိမိတို့ ပူးဝင်နေသူများထံမှထွက်ခွာသွားကြ၏။ ကိုယ်တော်သည်နတ်မိစ္ဆာများထိုသို့ဟစ်အော် သည်ကိုဟန့်တားတော်မူပြီးလျှင် သူတို့အား စကားပြောခွင့်ပေးတော်မမူ။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ကိုယ်တော်မေရှိယဖြစ် ကြောင်းကိုသိကြသောကြောင့်ဖြစ်သည်။
Ogsaa onde Aander fore ud af mange, raabte og sagde: „Du er Guds Søn; ‟ og han truede dem og tillod dem ikke at tale, fordi de vidste, at han var Kristus.
42 ၄၂ မိုးလင်းသောအခါကပေရနောင်မြို့မှထွက်ခွာ ၍ဆိတ်ငြိမ်ရာအရပ်သို့ကြွတော်မူ၏။ လူတို့သည် ကိုယ်တော်ကိုရှာကြ၏။ ရှာ၍တွေ့သောအခါမိမိ တို့ထံမှထွက်ခွာသွားတော်မမူစေရန်ကြိုးစား ကြ၏။-
Men da det var blevet Dag, gik han ud og drog til et øde Sted; og Skarerne ledte efter ham; og de kom hen til ham, og de holdt paa ham, for at han ikke skulde gaa fra dem.
43 ၄၃ သို့ရာတွင်ကိုယ်တော်က ``ငါသည်အခြားမြို့ များတွင်လည်းဘုရားသခင်၏နိုင်ငံတော် အကြောင်းသတင်းကောင်းကိုဟောပြောကြေညာ ရမည်။ ထိုသို့ဟောပြောကြေညာရန်အတွက်ငါ့ ကိုဘုရားသခင်စေလွှတ်တော်မူသည်'' ဟု မိန့်တော်မူ၏။
Men han sagde til dem: „Ogsaa for de andre Byer bør jeg forkynde Evangeliet om Guds Rige; thi dertil blev jeg udsendt.‟
44 ၄၄ သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တရား ဇရပ်များတွင်ဟောတော်မူ၏။
Og han prædikede i Galilæas Synagoger.