< လုကာ 24 >
1 ၁ တနင်္ဂနွေနေ့မိုးလင်းစအချိန်၌ထိုအမျိုး သမီးတို့သည် မိမိတို့အသင့်ပြင်ဆင်ထားသော နံ့သာပေါင်းကိုယူ၍ အခြားသူများနှင့်အတူ သင်္ချိုင်းတော်သို့သွားကြ၏။-
Մէկշաբթի օրը՝ առտուն շատ կանուխ՝ եկան գերեզմանը, ու բերին այն բոյրերը՝ որ պատրաստած էին. ուրիշ ոմանք ալ եկան անոնց հետ:
2 ၂ သင်္ချိုင်းဂူဝကကျောက်တုံးကိုလှိမ့်ဖယ်ထား သည်ကိုတွေ့သဖြင့်၊-
Գտան քարը՝ գերեզմանէն մէկդի գլորուած,
3 ၃ ဂူထဲသို့ဝင်ကြ၏။ သို့ရာတွင်အလောင်းတော် ကိုမတွေ့ရကြ။-
ու ներս մտնելով՝ հոն չգտան Տէր Յիսուսի մարմինը:
4 ၄ ဤအခြင်းအရာနှင့်ပတ်သက်၍စိတ်ဇဝေဇဝါ ဖြစ်လျက်နေကြစဉ် ပြောင်လက်သည့်အဝတ်ကို ဝတ်ဆင်ထားသူလူနှစ်ယောက်သည်သူတို့၏ အရှေ့တွင်ရုတ်တရက်ပေါ်လာ၏။-
Երբ մեծ տարակոյսի մէջ էին այս մասին, ահա՛ երկու մարդիկ՝ լուսափայլ տարազով՝ հասան անոնց:
5 ၅ အမျိုးသမီးများသည်ကြောက်ရွံ့၍ပျပ်ဝပ် လျက်နေကြ၏။ ထိုသူနှစ်ယောက်က``သင်တို့သည် အဘယ်ကြောင့်အသက်ရှင်သူကိုသေသူများ ရှိရာအရပ်တွင်ရှာကြသနည်း။-
Քանի վախցած ըլլալով՝ խոնարհեցուցին իրենց երեսները դէպի գետին, այդ մարդիկը ըսին անոնց. «Ինչո՞ւ ողջը կը փնտռէք մեռելներուն մէջ:
6 ၆ ကိုယ်တော်သည်ဤအရပ်တွင်မရှိ။ ရှင်ပြန်ထမြောက် တော်မူပြီ။ ကိုယ်တော်သည်ဂါလိလဲပြည်မှာရှိ တော်မူခဲ့စဉ်က၊-
Ան հոս չէ, հապա յարութիւն առաւ. յիշեցէ՛ք թէ ի՛նչպէս խօսեցաւ ձեզի, երբ դեռ Գալիլեայի մէջ էր, ըսելով.
7 ၇ `လူသားသည်အပြစ်ကူးသူတို့၏လက်သို့ အပ်ခြင်းခံရလိမ့်မည်။ လက်ဝါးကပ်တိုင်မှာတင် ၍အသတ်ခံရလိမ့်မည်။ ထိုနောက်တတိယနေ့၌ သေခြင်းမှရှင်ြုပန်ထမြောက်တော်မူလိမ့်မည်' ဟူ၍ သင်တို့အားပြောကြားခဲ့သည်ကိုသတိရကြ လော့'' ဟုဆို၏။
“Մարդու Որդին պէտք է որ մատնուի մեղաւոր մարդոց ձեռքը, խաչուի, եւ յարութիւն առնէ երրորդ օրը”»:
8 ၈ ထိုအခါအမျိုးသမီးများသည်ကိုယ်တော် မိန့်တော်မူခဲ့သောစကားများကိုပြန်သတိရ ၍၊-
Այն ատեն յիշեցին անոր խօսքերը,
9 ၉ သင်္ချိုင်းတော်မှမိမိတို့အိမ်သို့ပြန်ပြီးလျှင်တစ် ကျိပ်တစ်ပါးနှင့်တပည့်တော်အပေါင်းတို့အား ထိုအကြောင်းအရာအလုံးစုံကိုပြောကြား ကြ၏။-
ու վերադառնալով գերեզմանէն՝ պատմեցին այս բոլորը տասնմէկին եւ ուրիշներու:
10 ၁၀ တမန်တော်တို့အားဤသို့ပြောကြားသူများ ကားမာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင် ဖြစ်သူမာရိမှစ၍အခြားသောအမျိုးသမီး များဖြစ်သတည်း။-
Այս կիներն էին՝ Մարիամ Մագդաղենացին, Յովհաննա, Յակոբոսի մայրը՝ Մարիամ, եւ անոնց հետ ուրիշներ ալ, որոնք պատմեցին այս բաները առաքեալներուն:
11 ၁၁ သူတို့ပြောကြားသည့်စကားများသည်တမန် တော်တို့အတွက်ယုတ္တိမရှိသောကြောင့်တမန် တော်တို့သည်မယုံကြ။-
Սակայն ասոնց առջեւ զառանցանք թուեցան անոնց խօսքերը, ու չէին հաւատար անոնց:
12 ၁၂ သို့ရာတွင်ပေတရုသည်သင်္ချိုင်းတော်သို့ပြေး သွားပြီးလျှင်ငုံ့၍ကြည့်၏။ ပိတ်များမှတစ်ပါး အခြားအဘယ်အရာကိုမျှမတွေ့ရ။ သူသည် ထိုအခြင်းအရာကိုအံ့သြလျက်အိမ်သို့ပြန် လေသည်။
Բայց Պետրոս կանգնեցաւ եւ վազեց դէպի գերեզմանը. ծռելով՝ տեսաւ թէ լաթերը առանձին դրուած էին, ու գնաց՝ ինքնիրեն զարմանալով այդ պատահածին վրայ:
13 ၁၃ ထိုနေ့၌ပင်တပည့်တော်နှစ်ယောက်တို့သည် ဧမောက်ဟုခေါ်သောရွာသို့သွားကြ၏။ ထိုရွာ သည်ယေရုရှလင်မြို့နှင့်ခုနစ်မိုင်ခန့်ဝေး၏။-
Եւ ահա՛ նոյն օրը աշակերտներէն երկուքը կ՚երթային Էմմաւուս անունով գիւղ մը, որ Երուսաղէմէն վաթսուն ասպարէզ հեռու էր:
14 ၁၄ ထိုသူနှစ်ယောက်တို့သည်ဖြစ်ပျက်ခဲ့သမျှ သောအမှုအရာများအကြောင်းကိုပြောဆို လျက်လာကြ၏။-
Անոնք կը խօսէին իրարու հետ այս բոլոր պատահարներուն մասին:
15 ၁၅ ယင်းသို့ပြောဆိုဆွေးနွေးနေကြစဉ်သခင် ယေရှုကိုယ်တော်တိုင်သူတို့ထံသို့ချဉ်းကပ် ၍သူတို့နှင့်အတူကြွတော်မူ၏။-
Մինչ անոնք կը խօսակցէին ու կը վիճաբանէին, Յիսուս ինք ալ՝ մօտենալով՝ կ՚երթար անոնց հետ.
16 ၁၆ သို့ရာတွင်သူတို့သည်အကြောင်းတစ်စုံတစ်ခု ကြောင့်ကိုယ်တော်မှန်းမသိကြ။-
բայց անոնց աչքերը ծածկուած էին, որպէսզի չճանչնան զինք:
17 ၁၇ ကိုယ်တော်က ``သင်တို့သည်ခရီးသွားစဉ် အဘယ်အကြောင်းအရာများကိုဆွေးနွေး နေကြသနည်း'' ဟုမေးတော်မူ၏။ ထိုအခါသူတို့သည်မျက်နှာညှိုးငယ်စွာဖြင့် ထိုနေရာတွင်ရပ်လျက်နေ၏။-
Եւ ըսաւ անոնց. «Ինչի՞ մասին կը խօսակցիք՝ իրարու հետ քալելով, ու տրտում ալ էք»:
18 ၁၈ သူတို့အနက်ကလောဖဆိုသူက ``ယေရုရှလင် မြို့သို့လာရောက်သောဧည့်သည်များအနက်သင် တစ်ဦးတည်းသာလျှင် ဤရက်များအတောအတွင်း ၌ယေရုရှလင်မြို့တွင်ဖြစ်ပျက်သည့်အမှုအရာ များအကြောင်းကိုမသိဘဲနေပါသလော'' ဟု ဆို၏။
Անոնցմէ մէկը՝ որուն անունը Կղէովպաս էր, պատասխանեց անոր. «Միայն դո՞ւն ես որ՝ Երուսաղէմի մէջ պանդխտացած ըլլալով՝ չես գիտեր թէ ինչե՜ր պատահեցան հոն, այս օրերս»:
19 ၁၉ ကိုယ်တော်က ``အဘယ်အမှုအရာများနည်း'' ဟုမေးတော်မူ၏။ ထိုသူနှစ်ဦးက ``နာဇရက်မြို့သားယေရှုနှင့် သက်ဆိုင်သောအမှုအရာများပင်ဖြစ်ပါ၏။ ထိုသူသည်ဘုရားသခင်နှင့်လူအပေါင်း တို့၏ရှေ့တွင်လက်သတ္တိ၊ နှုတ်သတ္တိနှင့်ပြည့်စုံ သောပရောဖက်ဖြစ်ပါ၏။-
Ան ալ ըսաւ անոնց. «Ի՞նչ»: Անոնք ալ ըսին անոր. «Ինչ որ կը վերաբերի Նազովրեցի Յիսուսի, որ գործով ու խօսքով եղաւ զօրաւոր մարգարէ մը՝ Աստուծոյ եւ ամբողջ ժողովուրդին առջեւ.
20 ၂၀ ငါတို့၏ယဇ်ပုရောဟိတ်ကြီးများနှင့်အကြီး အကဲများသည်သူ့အားသေဒဏ်စီရင်ရန် ပိလတ်မင်း၏လက်သို့အပ်နှံခဲ့ကြ၏။ လက် ဝါးကပ်တိုင်မှာတင်၍သတ်ခဲ့ကြပါ၏။-
ի՜նչպէս քահանայապետներն ու մեր պետերը մահուան մատնեցին զայն, եւ խաչեցին:
21 ၂၁ ထိုအရှင်သည်ဣသရေလလူမျိုးကိုလွတ်မြောက် စေတော်မူမည့်အရှင်ဖြစ်သည်ဟု ငါတို့မျှော်လင့် ခဲ့ကြပါ၏။ အဆိုပါအမှုအရာများဖြစ်ပျက် ခဲ့သည်မှာယခုသုံးရက်ရှိပါပြီ။-
Իսկ մենք կը յուսայինք թէ ի՛նքն էր որ պիտի ազատագրէր Իսրայէլը: Բացի այս բոլորէն՝ այս երրորդ օրն է, որ այս բաները պատահեցան:
22 ၂၂ ငါတို့၏အပေါင်းအဖော်များဖြစ်သောအမျိုး သမီးအချို့တို့သည်နံနက်စောစောသင်္ချိုင်း တော်သို့သွားခဲ့ကြ၏။-
Նոյնիսկ մեր մէջէն քանի մը կիներ շշմեցուցին մեզ. անոնք առտու կանուխ գացին գերեզմանը,
23 ၂၃ သူတို့သည်အလောင်းတော်ကိုမတွေ့ရကြပါ။ ကောင်းကင်တမန်များကိုရူပါရုံတွင်မြင်ရ ကြသည်ဟုငါတို့အားပြောကြားကြပါ၏။ ကောင်းကင်တမန်များကသခင်ယေရှုသည် အသက်ရှင်လျက်ရှိတော်မူကြောင်းကိုပြော ကြသည်ဟုလည်းဆိုကြ၏။ သို့ဖြစ်၍ငါ တို့သည်မိန်းမောတွေဝေသွားကြပါ၏။-
ու չգտնելով անոր մարմինը՝ եկան եւ ըսին թէ հրեշտակներու տեսիլք ալ տեսան, որոնք ըսեր են թէ “ան ողջ է”:
24 ၂၄ ငါတို့အထဲမှလူအချို့တို့သည်လည်းသင်္ချိုင်း တော်သို့သွားကြရာအမျိုးသမီးများဖော် ပြခဲ့သည်အတိုင်းပင်တွေ့မြင်ရကြပါ၏။ ကိုယ်တော်ကိုမူကားမတွေ့မမြင်ရကြပါ'' ဟုဆိုကြ၏။
Մեզմէ ոմանք ալ գացին գերեզմանը, ու ա՛յնպէս գտան՝ ինչպէս ըսին այդ կիները. սակայն չտեսան զինք»:
25 ၂၅ ထိုအခါကိုယ်တော်က ``ပရောဖက်များဟော ကြားခဲ့သမျှကိုယုံကြည်ရန်အလွန်နှေး ကွေးသောအိုလူမိုက်တို့၊-
Ան ալ ըսաւ անոնց. «Ո՛վ յիմարներ եւ դանդաղամիտներ՝ հաւատալու այն բոլոր բաներուն, որ մարգարէները խօսեցան:
26 ၂၆ မေရှိယသည်ဘုန်းအသရေတော်ကိုမခံမ ယူမီ ဤသို့သောဒုက္ခဝေဒနာများကိုခံစား ရန်လိုအပ်သည်မဟုတ်ပါလော'' ဟုမိန့်တော် မူ၏။-
Միթէ Քրիստոս պէտք չէ՞ր այսպէս չարչարուէր, ու մտնէր իր փառքը»:
27 ၂၇ ထိုနောက်သခင်ယေရှုသည်မောရှေကျမ်းမှ အစပြု၍ပရောဖက်ကျမ်းအားလုံးတွင် ကိုယ်တော်အကြောင်းနှင့်ပတ်သက်သည့်ကျမ်း ပိုဒ်များကိုထိုသူနှစ်ယောက်တို့အားရှင်လင်း ၍ပြတော်မူ၏။
Եւ սկսելով Մովսէսէն ու բոլոր Մարգարէներէն՝՝, կը մեկնէր անոնց՝ ի՛նչ որ գրուած էր իր մասին բոլոր Գիրքերուն մէջ:
28 ၂၈ ထိုသူတို့သွားသည့်ရွာအနီးသို့ရောက်ကြ လျှင်ကိုယ်တော်သည်ရှေ့သို့ဆက်၍သွားမည့် ဟန်ပြု၏။-
Երբ մօտեցան այն գիւղին՝ ուր կ՚երթային, ինք կը ձեւացնէր թէ պիտի երթար աւելի՛ հեռաւոր տեղ մը:
29 ၂၉ သို့ရာတွင်သူတို့က ``ယခုမိုးချုပ်စပြုပါပြီ။ နေ့အချိန်ကုန်ပါတော့မည်။ သို့ဖြစ်၍အကျွန်ုပ် တို့နှင့်အတူတည်းခိုပါ'' ဟုဆို၍ကိုယ်တော် အားဖိတ်ခေါ်ကြ၏။ ကိုယ်တော်သည်သူတို့နှင့် အတူတည်းခိုရန်လိုက်သွားတော်မူ၏။-
Բայց ստիպեցին զինք՝ ըսելով. «Մնացի՛ր մեր քով, որովհետեւ իրիկունը մօտ է եւ օրը՝ մթնցած»: Ու մտաւ՝ մնալու անոնց հետ:
30 ၃၀ စားပွဲတွင်သူတို့နှင့်အတူထိုင်တော်မူလျက် မုန့်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍သူတို့အားပေး တော်မူ၏။-
Երբ սեղան նստաւ՝՝ անոնց հետ, առաւ հացը, օրհնեց, եւ կտրելով տուաւ անոնց:
31 ၃၁ ထိုအခါ၌သူတို့သည်မျက်စိပွင့်လာကြ သဖြင့်ကိုယ်တော်မှန်းသိကြလေသည်။ သို့ရာ တွင်ကိုယ်တော်သည်သူတို့၏မျက်မှောက်မှ ကွယ်ပျောက်သွားလေသည်။-
Այն ատեն անոնց աչքերը բացուեցան ու ճանչցան զինք, իսկ ինք աներեւոյթ եղաւ անոնցմէ:
32 ၃၂ သူတို့က ``လမ်းခရီးတွင်ကိုယ်တော်သည်ငါတို့ အားစကားပြောတော်မူသောအခါ၌လည်းကောင်း၊ ကျမ်းစာတော်၏အနက်ကိုဖွင့်ပြတော်မူသော အခါ၌လည်းကောင်း၊ ငါတို့၏စိတ်နှလုံးတွင် မီးလျှံထသကဲ့သို့ဖြစ်နေခဲ့သည်မဟုတ် ပါလော'' ဟုအချင်းချင်းပြောဆိုကြ၏။
Անոնք ալ ըսին իրարու. «Մեր սիրտերը չէի՞ն բորբոքեր մեր ներսը՝ երբ ինք կը խօսէր ճամբան մեզի հետ, ու Գիրքերը կը բացատրէր մեզի»:
33 ၃၃ သူတို့သည်ချက်ချင်းထ၍ယေရုရှလင်မြို့သို့ ပြန်ကြ၏။ ထိုအရပ်တွင်တစ်ကျိပ်တစ်ပါးနှင့် အခြားတပည့်တော်များသည်စုရုံးလျက်နေ ကြသည်ကိုတွေ့ကြ၏။-
Եւ կանգնեցան, նոյն ժամուն վերադարձան Երուսաղէմ, ու համախմբուած գտան տասնմէկը եւ անոնց հետ եղողները,
34 ၃၄ စုရုံးလျက်နေသောသူတို့က ``အကယ်ပင်သခင် ဘုရားသေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ ကိုယ်တော်သည်ပေတရုအားကိုယ်ထင်ပြတော် မူပြီ'' ဟုဆိုကြ၏။
որոնք կ՚ըսէին. «Ի՛րապէս Տէրը յարութիւն առաւ ու երեւցաւ Սիմոնի»:
35 ၃၅ ထိုနောက်ထိုသူနှစ်ယောက်တို့သည်လမ်းတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကိုလည်း ကောင်း၊ မုန့်ကိုဖဲ့တော်မူစဉ်တွင်ကိုယ်တော်မှန်း သိရှိလာကြောင်းကိုလည်းကောင်းပြောကြ၏။
Իրենք ալ պատմեցին ինչ որ պատահեցաւ ճամբան, եւ թէ ի՛նչպէս ինքզինք ճանչցուց իրենց՝ հացը կտրած ատեն:
36 ၃၆ ထိုအကြောင်းအရာများကိုတပည့်တော်နှစ်ယောက် တို့ပြောပြနေစဉ်သခင်ယေရှုသည်သူတို့၏အလယ် ၌ပေါ်လာတော်မူ၍ ``သင်တို့တွင်ငြိမ်သက်ခြင်းရှိ စေသတည်း'' ဟုမိန့်တော်မူ၏။
Մինչ անոնք այսպէս կը խօսէին, Յիսուս ինք կայնեցաւ անոնց մէջտեղ ու ըսաւ անոնց. «Խաղաղութի՜ւն ձեզի»:
37 ၃၇ သူတို့သည်တစ္ဆေခြောက်သည်ဟုထင်မှတ်သဖြင့် ထိတ်လန့်တုန်လှုပ်နေကြ၏။-
Բայց անոնք՝ սարսափած եւ վախցած՝ կը կարծէին թէ ոգի՛ մը կը տեսնեն:
38 ၃၈ ကိုယ်တော်က ``အဘယ်ကြောင့်ကြောက်လန့်နေကြ သနည်း။ အဘယ်ကြောင့်ယုံမှားသံသယဖြစ် နေကြသနည်း။ ငါ၏လက်များ၊ ခြေများကို ကြည့်ကြလော့။-
Ըսաւ անոնց. «Ինչո՞ւ վրդոված էք, եւ ինչո՞ւ մտածումներ կը ծագին ձեր սիրտերուն մէջ:
39 ၃၉ သင်တို့မြင်ရသူကားငါကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ ကိုယ်ကိုစမ်းသပ်ကြည့်ကြလော့။ သင်တို့မြင်သည် အတိုင်းငါ့မှာအသားအရိုးများရှိ၏။
Տեսէ՛ք ձեռքերս ու ոտքերս, որ ես ինքս եմ. շօշափեցէ՛ք զիս եւ տեսէ՛ք, որովհետեւ ոգին մարմին ու ոսկորներ չ՚ունենար, ինչպէս կը տեսնէք զիս՝ որ ունիմ»:
40 ၄၀ ထိုနောက်လက်တော်ခြေတော်တို့ကိုတပည့်တော် တို့အားပြတော်မူ၏။-
Ասիկա ըսելով՝ ցուցուց անոնց ձեռքերն ու ոտքերը:
41 ၄၁ သို့ရာတွင်သူတို့သည်အလွန်အံ့သြလျက်နေ ကြသဖြင့်မယုံနိုင်သေးဘဲရှိကြစဉ်ကိုယ်တော် က ``သင်တို့မှာစားစရာတစ်စုံတစ်ခုရှိသလော'' ဟုမေးတော်မူ၏။-
Երբ իրենց ուրախութենէն՝ տակաւին չէին հաւատար եւ զարմանքի մէջ էին, ըսաւ անոնց. «Կերակուր մը ունի՞ք հոս»:
42 ၄၂ သူတို့သည်ငါးကင်တစ်ပိုင်းကိုပေးကြ၏။
Անոնք ալ կտոր մը խորոված ձուկ ու մեղրախորիսխ տուին իրեն:
43 ၄၃ ကိုယ်တော်သည်ယူ၍သူတို့၏ရှေ့တွင်သုံးဆောင် တော်မူ၏။
Առաւ, կերաւ անոնց առջեւ,
44 ၄၄ ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
եւ ըսաւ անոնց. «Ահա՛ւասիկ այն խօսքերը՝ որ ըսի ձեզի, երբ դեռ ձեզի հետ էի. “Պէտք է որ իրագործուին բոլոր բաները՝ որոնք գրուած են իմ մասիս Մովսէսի Օրէնքին մէջ, Մարգարէներուն մէջ եւ Սաղմոսներուն մէջ”»:
45 ၄၅ ထိုနောက်တပည့်တော်တို့ကျမ်းစာတော်ကိုနား လည်ကြစေရန်သူတို့၏အသိဉာဏ်ကိုဖွင့်တော် မူ၏။-
Այն ատեն բացաւ անոնց միտքերը՝ որպէսզի հասկնան Գիրքերը,
46 ၄၆ ကိုယ်တော်က ``ကျမ်းစာတော်တွင်မေရှိယသည် အသေခံတော်မူရမည်။ ထိုနောက်သုံးရက်ကြာ သော်သေခြင်းမှထမြောက်တော်မူမည်။-
ու ըսաւ անոնց. «Ա՛յս գրուած է, եւ ա՛յսպէս պէտք էր որ Քրիստոս չարչարուէր, ու մեռելներէն յարութիւն առնէր երրորդ օրը.
47 ၄၇ နာမတော်ကိုအမှီပြု၍အပြစ်လွှတ်ခြင်းတရား နှင့်နောင်တတရားကိုလည်း ယေရုရှလင်မြို့မှ အစပြု၍လူမျိုးတကာတို့အားဟောပြော ရမည်။-
եւ անոր անունով ապաշխարութիւն ու մեղքերու ներում քարոզուէր բոլոր ազգերուն մէջ՝ սկսելով Երուսաղէմէն:
48 ၄၈ သင်တို့အားထိုအဖြစ်အပျက်များနှင့် ပတ်သက်၍မျက်မြင်သက်သေများဖြစ်ကြ၏။-
Դո՛ւք էք այս բաներուն վկաները:
49 ၄၉ ငါ၏ခမည်းတော်ကတိထားတော်မူရာကို သင်တို့အပေါ်မှာငါသက်ရောက်စေမည်။ သို့ ရာတွင်သင်တို့သည်ကောင်းကင်ကတန်ခိုးကို မခံမယူရမီတိုင်အောင် ယေရုရှလင်မြို့၌ စောင့်နေကြလော့'' ဟုမိန့်တော်မူ၏။
Եւ ահա՛ ես կը ղրկեմ ձեր վրայ իմ Հօրս խոստումը. բայց դուք կեցէ՛ք Երուսաղէմ քաղաքին մէջ, մինչեւ որ բարձրէն ղրկուած զօրութիւն հագնիք»:
50 ၅၀ ကိုယ်တော်သည်တပည့်တော်တို့အားဗေသနိရွာ သို့ခေါ်ဆောင်သွားတော်မူပြီးလျှင်လက်တော်ကို ချီ၍ကောင်းချီးပေးတော်မူ၏။-
Ու դուրս հանեց զանոնք՝ մինչեւ Բեթանիա, եւ իր ձեռքերը վերցնելով՝ օրհնեց զանոնք:
51 ၅၁ ဤသို့ကောင်းချီးပေးတော်မူစဉ်ကိုယ်တော်သည် တပည့်တော်တို့ထံမှထွက်ခွာလျက်ကောင်းကင် ဘုံသို့ယူဆောင်ခြင်းကိုခံတော်မူ၏။-
Մինչ կ՚օրհնէր զանոնք՝ զատուեցաւ անոնցմէ, ու վերացաւ երկինք:
52 ၅၂ တပည့်တော်တို့သည်ကိုယ်တော်အားရှိခိုးပြီး လျှင်အလွန်ဝမ်းမြောက်ရွှင်လန်းစွာယေရုရှလင် မြို့သို့ပြန်သွား၍။-
Անոնք ալ երկրպագելով անոր՝ վերադարձան Երուսաղէմ մեծ ուրախութեամբ:
53 ၅၃ ဗိမာန်တော်တွင်အမြဲမပြတ်ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းလျက်နေကြ၏။ ရှင်လုကာခရစ်ဝင်ပြီး၏။
Եւ ամէն ատեն տաճարին մէջ էին, ու կը գովաբանէին եւ կ՚օրհնէին Աստուած: Ամէն: